Thuma Coaching

Directions Website Contact the business

Thuma Coaching • Personal Branding
• Personal Development
• Marketing

Thuma Coaching is a 𝐜𝐨𝐚𝐜𝐡𝐢𝐧𝐠, 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐚𝐧𝐝 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 𝐟𝐢𝐫𝐦 supporting professionals, founders, entrepreneurs, and leaders in their professional and leadership development. We work with individuals and organisations to build clarity, confidence, and direction across personal development, personal branding, and marketing. To date, we’ve supported 𝟏,𝟓𝟎𝟎+ 𝐥𝐞𝐚𝐫𝐧𝐞𝐫𝐬 and worked with 𝟏𝟎𝟎+ 𝐜𝐥𝐢𝐞𝐧𝐭𝐬 through structured programmes, workshops, and tailored sessions. Alongside this, we’ve built an engaged 𝟏𝐌+ 𝐬𝐨𝐜𝐢𝐚𝐥 𝐦𝐞𝐝𝐢𝐚 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞, allowing us to combine learning with relevant, real-world insight. Backed by 𝟏𝟑+ 𝐲𝐞𝐚𝐫𝐬 𝐨𝐟 𝐡𝐚𝐧𝐝𝐬-𝐨𝐧 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 across corporate roles, entrepreneurship, and ongoing founder leadership and delivered by an experienced team, our work is grounded in practice, not theory. Our focus is simple: practical guidance, relevant skills, and long-term growth delivered with clarity, confidence, and purpose.

▪️Product/Service တစ်ခုမိတ်ဆက်လို့ရတဲ့အထိ၊▪️လက်ရှိ ကိုယ့်လုပ်ငန်းရဲ့ Sales ကိုတက်စေတဲ့အထိ၊▪️ကိုယ့် Market မှာ Thought Le...
17/10/2026

▪️Product/Service တစ်ခုမိတ်ဆက်လို့ရတဲ့အထိ၊
▪️လက်ရှိ ကိုယ့်လုပ်ငန်းရဲ့ Sales ကိုတက်စေတဲ့အထိ၊
▪️ကိုယ့် Market မှာ Thought Leadership Brand တစ်ခု ဖြစ်လာတဲ့အထိ _

စျေးကွက်ဝင်တဲ့ Personal Brand ကို ဒီ S သုံးလုံးနဲ့ အခြေခံပါတယ်။

👉 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲
👉 𝐒𝐲𝐬𝐭𝐞𝐦
👉 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞

ဒါကြောင့် Video Production ကို Personal Branding လို့ ရောပြီးခေါင်းစဉ် မတပ်ပါနဲ့။

#သူမ #အတူတူရှင်သန်ကြပါစို့

15/10/2026

Thuma Coaching ရဲ့ ဝန်ဆောင်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ?

Thuma Coaching မှာ Client တွေရဲ့ လုပ်ငန်း ပိုမို တိုးတက်လာအောင် နောက်ကွယ်ကနေ အစွမ်းကုန် အားဖြည့်ပေးနေတဲ့ Team Members တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နယ်ပယ်အသီးသီးက မတူညီတဲ့ လုပ်ငန်းတွေရဲ့ Brand ပုံရိပ် ပိုမို ပေါ်လွင်လာစေဖို့ ထိရောက်တဲ့ Strategy တွေ၊ စွဲမက်ထိမိတဲ့ Content တွေနဲ့ ဇာတ်ညွှန်းတွေ ဖန်တီးပေးနေသလို လုပ်ငန်းတိုင်းအတွက် ထိရောက်စေမယ့် Marketing Strategies နဲ့ ဝန်ဆောင်မှုတိုင်း စနစ်တကျ ရှိစေဖို့ Action Timeline တွေ ရေးဆွဲပေးပြီး Project တိုင်း အချိန်မီ ချောမွေ့စွာ ပြီးစီးအောင်လည်း အနီးကပ် ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။

Content ရိုက်ကူးရေးတွေမှာဆိုရင်လည်း Market & Competitor Research ပြုလုပ်ပေးခြင်း၊ Brand နဲ့ ကွက်တိကျမယ့် Short Video, Script နဲ့ Content Plan များ စီစဉ်ပေးခြင်းတို့အပြင် ရိုက်ကူးရေးနေ့မှာ Studio ပြင်ဆင်မှု၊ Professional Lighting၊ Audio နဲ့ Camera Setup များကို စနစ်တကျ ပြင်ဆင်၍ အကောင်းဆုံး ရိုက်ကူးပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရိုက်ကူးရေးတစ်လျှောက် စကားပြောဟန်၊ Posture နှင့် Camera Facing စသည်တို့အတွက် အစအဆုံး အနီးကပ် Coaching ပေးပြီး၊ နောက်ဆုံး Brand ပုံရိပ်ကို ပိုမို ထင်ဟပ်စေမယ့် High-Quality Editing တွေအထိ အစအဆုံး တာဝန်ယူ ဖန်တီးပေးလျက် ရှိပါတယ်။ 🎥

အခုလို ဆန်းသစ်တဲ့ အိုင်ဒီယာတွေ၊ စနစ်ကျတဲ့ Strategies တွေနဲ့အတူ လုပ်ငန်းတိုင်းရဲ့ ရည်ရွယ်ချမှတ်ထားသော ပန်းတိုင်တွေဆီ အတူတကွ အရောက်သွားနိုင်ဖို့ Thuma Coaching Team က အမြဲတမ်း အသင့်ရှိနေပါတယ်နော်။ 🤝

📩 Thuma Coaching ရှိ ဝန်ဆောင်မှုတွေ အကြောင်း သိရှိချင်တယ်ဆိုရင်တော့ အောက်ပါ link များမှတဆင့် ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။
https://www.facebook.com/share/p/196Nhf7nvZ/
https://www.facebook.com/share/p/1LdwwZj8fW/

💬 အသေးစိတ်ကို Admin ဆီမှာစုံစမ်းမေးမြန်းနိုင်ပါတယ်။
http://m.me/thumacoaching

#သူမ #အတူတူရှင်သန်ကြပါစို့

“လုပ်ရည်ကိုင်ရည်ရှိတယ် ဒါပေမယ့် နေရာမရဘူး”လုပ်ငန်းခွင်မှာ ကြိုးစားပမ်းစား အလုပ်‌တွေလုပ်နေပေမဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ရည်တွေ...
13/10/2026

“လုပ်ရည်ကိုင်ရည်ရှိတယ် ဒါပေမယ့် နေရာမရဘူး”

လုပ်ငန်းခွင်မှာ ကြိုးစားပမ်းစား အလုပ်‌တွေလုပ်နေပေမဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ရည်တွေကို အသိမှတ်ပြုမခံရတာ၊ ‌ပြောဆိုတင်ပြမှု‌တွေ လျစ်လျူရူခံရတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်မရတာမျိုး ဖြစ်ဖူးပါသလား?

ဒါဟာ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်မှာ အားနည်းချက်ရှိနေလို့ ဆိုတာထက် အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်နဲ့ Client တွေရဲ့ ယုံကြည်မှုကို ရယူနိုင်မယ့် Credibility & Influence Building စွမ်းရည်ကို စနစ်တကျ မတည်ဆောက်ရသေးလို့ပါ။

Credibility & Influence Building ဆိုတာ အမိန့်ပေး ခိုင်းစေတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ စကားပြောဆိုပုံနဲ့ ယုံကြည်စိတ်ချရမှုကို အခြေခံပြီး လူအများက ကိုယ့်အကြံဉာဏ်ကို လိုလိုလားလား လိုက်ပါလက်ခံလာအောင် သိက္ခာရှိရှိ ဩဇာညောင်းညောင်း လွှမ်းမိုးနိုင်တဲ့ အရည်အချင်းတစ်ခုပါ။

Forbes ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ လေ့လာချက်များအရ Credibility နဲ့ Influence စွမ်းရည် မြင့်မားတဲ့ Professional တွေဟာ အဖွဲ့အစည်းအတွင်းမှာ ပိုမိုခိုင်မာတဲ့ စည်းလုံးမှုကို တည်ဆောက်နိုင်ရုံတင်မကဘဲ Key Decision-Making နေရာတွေဆီ ကြိုဆိုခံရနိုင်ခြေ ပိုများတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုမျိုး ကိုယ့်ရဲ့ Credibility ကို တည်ဆောက်ပြီး လူအများကို ကောင်းမွန်စွာ လွှမ်းမိုး ဦးဆောင်ချင်သူတွေအတွက် “ပြတ်ပြတ်သားသား၊ ပေါက်ပေါက်ရောက်ရောက်” Decide & Influence Online Webinar ကို ကျွန်မတို့ Thuma Coaching မှာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

💻 Online Webinar ဖြစ်တာကြောင့် မည်သည့်နေရာမှမဆို အလွယ်တကူ တက်ရောက်နိုင်ပြီး လက်တွေ့အသုံးဝင်မယ့် Framework များ၊ Case Studies များအပြင် Webinar ပြီးနောက် ၂ ပတ်ခြားတစ်ခါ ပြုလုပ်ပေးမယ့် Follow-up Online Group Coaching (၂ ချိန်) ပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။

📌 ပါဝင်မယ့် ခေါင်းစဉ်များ
🖇️ Clarity - ဆုံးဖြတ်ချက်ချခါနီး အတွေးလွန်တာတွေ ရှင်းလင်းပြီး ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်ဖို့။
🖇️ Communication - အတွေးတွေကို ရှင်းရှင်းလင်းလင်း တင်ပြပြီး လူအမျိုးမျိုးနဲ့ ဆက်ဆံတတ်ဖို့။
🖇️ Presentation - ပေးချင်တဲ့ Message ကို အများက မှတ်မိလိုက်နာအောင် ပြောဆိုတင်ပြတတ်ဖို့။
🖇️ Influence - Credibility တည်ဆောက်ပြီး လူအများကို ကောင်းမွန်စွာ လွှမ်းမိုးနိုင်ဖို့။
🖇️ Community & Culture - မိမိ Team အတွင်း Growth Mindset ရှိတဲ့ Culture တည်ဆောက်နိုင်ဖို့။

💡 ဒီ Webinar က ဘယ်သူတွေအတွက်လဲ?
🔹 အများကို လွှမ်းမိုးဖို့ လိုအပ်တဲ့ Professional တွေ
🔹 တာဝန်ယူထားတဲ့ Role အရ ဆုံးဖြတ်ချက်များ နိစ္စဓူဝ ချနေရသူတွေ
🔹 Team Culture တည်ဆောက်လိုတဲ့ ခေါင်းဆောင်များကို ရည်ရွယ် Design ချထားပါတယ်။

အလုပ်မှာ Presentation လုပ်ဖို့လိုအပ်သူတွေ၊ အရောင်းနဲ့ ပတ်သက်သူ၊ client-relation တည်ဆောက်ရသူတွေ၊ coaching လုပ်ရသူတွေ၊ personal brand တည်ဆောက်ရသူတွေအတွက် လက်တွေ့အသုံးဝင်ပါလိမ့်မယ်။

📅 ရက်စွဲ: ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (စနေနေ့) ၊ နိုဝင်ဘာ ၁၅ ရက် (တနင်္ဂနွေနေ့)
🕰️ အချိန်: 8:00 PM
📍 နေရာ: Zoom Platform

🎁 Promotion လေးတွေလည်း ပေးထားတာမို့ အချိန်မီ တက်ရောက်ချင်တယ်ဆိုရင် အသေးစိတ်ကို Chat box သို့မဟုတ် Thuma Coaching Messenger ကနေ မေးမြန်းပြီး Register ပြုလုပ်နိုင်ပါတယ်။
🔗 http://M.me/thumacoaching

#သူမ #အတူတူရှင်သန်ကြပါစို့

📢 Paid Internship အခွင့်အလမ်းပါ။⏰ အလုပ်ချိန် (Working Hours)တနင်္လာမှ သောကြာ: 9:00 AM – 5:00 PMစနေနေ့: 9:00 AM – 1:00 PM...
13/10/2026

📢 Paid Internship အခွင့်အလမ်းပါ။

⏰ အလုပ်ချိန် (Working Hours)
တနင်္လာမှ သောကြာ: 9:00 AM – 5:00 PM
စနေနေ့: 9:00 AM – 1:00 PM / Half Day

📍 Work from home ဖြစ်သော်လည်း လိုအပ်ပါက ရုံးချိန်/shooting ရှိသည့် ရန်ကုန်မြို့တွင်း နေရာများတွင် အလုပ်ဆင်းပေးနိုင်ရပါမည်။

🏠 နေရပ်: ရန်ကုန် ဦးစားပေးပါမည်။
⏳ ကာလ: 6 Months Internship
📌 မှတ်ချက် - အလုပ်ချိန်အတွင်း Online အပြည့်အဝ ရှိပြီး လျှင်မြန်စွာ အဆက်အသွယ် မိနေရပါမည်။

🎯 ဘယ်လိုလူတွေ လျှောက်သင့်လဲ?

📂 Administration & Marketing Operations ပိုင်းကို စနစ်တကျ လေ့လာလိုပြီး အသေးစိတ် ကိစ္စရပ်များကို သေချာ ဂရုစိုက် စီမံခန့်ခွဲနိုင်သူ ဖြစ်ရမည်။

📝 Document များ၊ Data များကို စနစ်တကျ သိမ်းဆည်း၊ ပြင်ဆင်၊ စီစစ်ပေးနိုင်သူ ဖြစ်ရမည်။

🗓️ သင်တန်း/Project များ၏ တက်ရောက်သူစာရင်း၊ Schedule များနှင့် လိုအပ်သည်များကို Coordination ကောင်းကောင်း လုပ်ပေးနိုင်ပြီး သေသေချာချာ Follow-up လိုက်နိုင်သူ ဖြစ်ရမည်။

🤝 စိတ်ရှည်၊ တိကျသည့် Customer Service & Administrative Mindset ရှိပြီး တာဝန်ယူမှု (Accountability) အပြည့်ရှိသူ ဖြစ်ရမည်။

💬 Communication Skill ကောင်းမွန်ပြီး Teamwork နှင့် အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

💡 ပြဿနာများကို အပြုသဘောဆောင်သည့် စိတ်ဓာတ်ဖြင့် ဖြေရှင်းတတ်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲ လေ့လာလိုသူ ဖြစ်ရမည်။

💻 Workstation & System Requirements

🖥️ ကိုယ်ပိုင် Laptop သို့မဟုတ် Computer ရှိရပါမည်။

🌐 လိုင်းမပြတ်ဘဲ စိတ်ချရသည့် Stable Internet Connection ရှိရပါမည်။

🛠️ Zoom, Google Workspace (Google Docs, Sheets, Drive, Slides, Form) နှင့် Online Collaboration Tools များကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ရပါမည်။

🎁 ဒီ 6-Month Internship ကနေ ဘာတွေ ပြန်ရနိုင်လဲ?

👤 Direct Mentorship: Real-world Business Operations & Admin Services များနှင့် ပတ်သက်၍ အနီးကပ် လမ်းညွှန်သင်ကြားမှုများ ရရှိမည်။

💼 Real-world Administrative Experience: Professional ဆန်သည့် Team နှင့်အတူ Project Operations များနှင့် Admin Workflow များကို လက်တွေ့ ပါဝင်လုပ်ကိုင်ခွင့် ရမည်။

🚀 Skill Upgrades: Project Coordination, Document Management, Client Support နှင့် Operational Logistics Skills များကို အောက်ခြေမှစ၍ စနစ်တကျ တိုးတက်လာမည်။

📈 Business & Operational Insights: Business Operations, Training Management နှင့် Client Operations များ၏ အလုပ်လုပ်ပုံကို လက်တွေ့ လေ့လာခွင့် ရမည်။

📜 Career Boost: ၆ လ Internship အောင်မြင်စွာ ပြီးဆုံးသည့်အခါ အနာဂတ် Assessment များနှင့် Job Applications များတွင် အထောက်အကူပြုမည့် Ma Shwe Su Hlaing ကိုယ်တိုင် လက်မှတ်ရေးထိုးပေးမည့် Detailed & Comprehensive Recommendation Letter ကို ရရှိမည်။

🎓 Thuma Coaching ရဲ့ recorded videos နှင့် zoom class များကို free access ရပါမည်။

📩 လျှောက်ထားရန် လိုအပ်ချက်များ

စိတ်ဝင်စား၍ လျှောက်ထားချင်ပါက အောက်ပါ အချက်အလက်များကို ပေးပို့ပေးရပါမည်။

📄 Resume / CV
✉️ Cover Letter (ဒီ Position ကို ဘာကြောင့် စိတ်ဝင်စားတာလဲဆိုတာ ရေးပေးပါ)
💰 Expected Stipend

🌟 အတွေ့အကြုံမရှိသော်လည်း စနစ်တကျ လုပ်ကိုင်လိုသည့် Mindset ကောင်းပြီး၊ Teamwork နှင့် အလုပ်လုပ်နိုင်ခြင်းကို ပိုမို ဦးစားပေးပါမည်။

✨ အလုပ်လည်းသင်၊ ဝင်ငွေလည်းရရင်း Professional Environment တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် Administrative & Operational Skills ပိုင်း Level Up လုပ်ချင်တယ်ဆိုရင်တော့ [email protected] သို့ အောက်တိုဘာလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

⏰ Deadline မရောက်ခင်တွင်လည်း Application များကို စိစစ်ပြီး Interview ခေါ်ယူမည်ဖြစ်၍ စောစောလျှောက်ထားသူများကို ဦးစားပေး စဉ်းစားပါမည်။ Application တိုင်းအတွက် Reply ပြန်မည်မဟုတ်ဘဲ Interview အတွက် ရွေးချယ်ခံရသူများကိုသာ ဆက်သွယ်ပေးပါမည်။

#သူမ #အတူတူရှင်သန်ကြပါစို့

Marketing Webinar Batch 4 အတန်း တက်ရောက်ခဲ့တဲ့ Ma Win Win ရဲ့ review လေး ဖြစ်ပါတယ်။ “သင်တန်းမှာ Participate လုပ်ဖို့အမြဲ...
13/10/2026

Marketing Webinar Batch 4 အတန်း တက်ရောက်ခဲ့တဲ့ Ma Win Win ရဲ့ review လေး ဖြစ်ပါတယ်။

“သင်တန်းမှာ Participate လုပ်ဖို့အမြဲအားပေးတိုက်တွန်းတဲ့ ကျေးဇူးတင်ပါတယ်။ သင်တန်းမှာ real life အတွေ့အကြုံတွေနဲ့ သင်ပြပေးခဲ့လို့ နားလည်မှုပိုပြီးထိရောက်ခဲ့ပါတယ်။ Trainer ဆရာမရဲ့ သင်ပြမှု၊ တိုက်တွန်းမှုတွေကြောင့်ပိုပြီးအားတိုက်ပါဝင်လာခဲ့ပါတယ်။ အစတုန်းက မှားမှာကိုကြောက်လို့မပြောခဲ့ပေမဲ့၊ ဆရာမက ''မှားတယ်၊ မှန်တယ် မရှိဘူး။ ပြောလိုက် " အားပေးမှုတွေကြောင့် နောက်ပိုင်း သတ္တိရှိရှိ ကိုယ့် idea တွေကို ပြောရဲလာပါတယ်။ နောက်လဲ ဆရာမရဲ့ အတန်းတွေ join ချင်ပါသေးတယ်။”

Review ရေးပေးပါသော Ma Win Win အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

13/10/2026

မနက်ဖြန်အတွက် coaching session ၁ နာရီစာ တစ်ချိန်လွတ်နေပါသေးတယ်။ Admin ဆီမှာ book လုပ်နိုင်ပါတယ်။

🌟 Video editor (full-time)📌 အလုပ်ချိန် (Working Hours)တနင်္လာမှ သောကြာ: 1:00 PM – 9:00 PMစနေနေ့: 1:00 PM – 5:00 PMWork F...
12/10/2026

🌟 Video editor (full-time)

📌 အလုပ်ချိန် (Working Hours)
တနင်္လာမှ သောကြာ: 1:00 PM – 9:00 PM
စနေနေ့: 1:00 PM – 5:00 PM

Work From Home (WFH) position ဖြစ်ပါတယ်။

📍 နေရပ်: ရန်ကုန်မြို့တွင် နေထိုင်သူများကို ဦးစားပေးပါမည်။

မှတ်ချက်:အလုပ်ချိန်အတွင်း Online ရှိပြီး အဆက်အသွယ်မပြတ် ရှိနိုင်ရပါမည်။

👩‍💻ဘယ်လိုလူတွေလျှောက်သင့်လဲ?

✅ Communication Skill ကောင်းမွန်ပြီး Teamwork နဲ့ အလုပ်လုပ်နိုင်သူ။
✅ Storytelling Skill ကောင်းမွန်ပြီး ဗီဒီယို ကြည့်ရှုသူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည့် visual & sound အသွင်အပြင်များကို ဖန်တီးနိုင်သူ။
✅ Short-form content များ (Reels / TikTok / Shorts) ၏ trend များ၊ သီချင်းစဥ်များနှင့် တည်းဖြတ်မှုပုံစံများကို အမြဲမပြတ် လေ့လာကြည့်ရှုနေသူ။
✅ တာဝန်ယူစိတ် ရှိပြီး သတ်မှတ်ထားသော Deadlines များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သူ။
✅ Video Editing ပိုင်းဆိုင်ရာ Graphic, Transition, Color Grading နှင့် Audio Polish စသည်တို့ကို သေချာဂရုစိုက် ပြင်ဆင်နိုင်သူ။
✅ Feedback ကို လက်ခံနိုင်ပြီး video များကို အရည်အသွေးကောင်းအောင် အကြိမ်ကြိမ် ပြင်ဆင်တိုးတက်အောင် လုပ်နိုင်သူ။
✅ ပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ဖြေရှင်းတတ်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ချင်သူ။

💼Workstation Requirements

✅ ကိုယ်ပိုင် Laptop သို့မဟုတ် Computer ရှိရပါမယ်။
✅ Stable Internet Connection ရှိရပါမယ်။
✅ Cupcut နဲ့အဓိကထား တည်းဖြတ်ရမှာဖြစ်ပြီး Adobe software များ ဥပမာ - Premiere Pro စသည့် Editing Application များ ကို အသုံးပြုနိုင်ပါက ပိုမိုဦးစားပေးပါမည်။
✅ Zoom, Google Meet, Google Workspace နှင့် Online Collaboration Tools များကို အသုံးပြုနိုင်ရပါမယ်။

📩 လျှောက်ထားလိုပါက အောက်ပါအချက်များကို [email protected] သို့ အောက်တိုဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

* Resume / CV
* Cover Letter
* Video Portfolio (ရှိပါက)
* Expected Salary
* Email Subject: Video Editor Application

📌 Deadline မရောက်ခင်မှာလည်း သင့်လျော်သော Candidate များကို Interview ခေါ်ယူသွားမည်ဖြစ်သည့်အတွက် စောစောလျှောက်ထားရန် အကြံပြုအပ်ပါသည်။

Application အားလုံးကို Reply ပြန်လည်ပေးမည် မဟုတ်ဘဲ Interview အတွက် ရွေးချယ်ခံရသူများကိုသာ ဆက်သွယ်ပေးပါမည်။

*Expected Salary မပါရင် application ကို ထည့်သွင်းမစဉ်းစားပါ။

#သူမ #အတူတူရှင်သန်ကြပါစို့

12/10/2026

စနစ်ကျတဲ့ Content တစ်ပုဒ်က Data Result ဘယ်လောက်ထိ ပြောင်းလဲနိုင်လဲ? 📊

Content တွေ ပုံမှန် တင်နေပေမဲ့_
📊 View Count နဲ့ Engagement က ထင်သလောက် မတက်တာ၊
👤ကိုယ် ဆွဲခေါ်ချင်တဲ့ Audience၊ လိုချင်တဲ့ Customer တွေဆီကို မရောက်ဘူးဖြစ်နေတာ၊
🪫အချိန်‌တွေကုန်၊ လူသာပင်ပန်းသွားတယ် Result တွေက အားရစရာမရှိတာ
ဒါတွေအားလုံးရဲ့ ပြဿနာက Content တွေမှာ ရှင်းလင်းပြတ်သားတဲ့ Strategy နဲ့ စနစ်ကျတဲ့ ပြင်ဆင်မှုတွေလိုအပ်နေလို့ဖြစ်ပါတယ်။ 🙌🏼

အခုပြထားတဲ့ Data တွေကတော့ Thuma Coaching ရဲ့ "Your Identity" Package နဲ့ လက်တွဲပြီး အချိန်တိုအတွင်းမှာပဲ သိသိသာသာ တိုးတက်ပြောင်းလဲသွားခဲ့တဲ့ Client တွေရဲ့Social Media Channels တွေရဲ့ ရလဒ် အစစ်အမှန်တွေ ဖြစ်ပါတယ်။ 👇🏼✨

ဘာကြောင့် ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရလဒ်တွေကို မြင်ရလဲ ❓

"Your Identity Service" မှာဆိုရင် Client တစ်ဦးချင်းစီအလိုက်_
🎯 ရှင်းလင်းပြတ်သားတဲ့ Strategy နဲ့ Brand တစ်ခုချင်းစီအလိုက် ဘယ်လို ထိုးဖောက်၊ နေရာယူ၊ တင်ဆက်ရမလဲဆိုတာကို ကျွမ်းကျင်တဲ့ Team Members တွေက စနစ်တကျ ပုံဖော်ပေးတယ်။

📝 သတ်မှတ်ထားတဲ့ Audience တွေကို ထိထိမိမိဆွဲဆောင်နိုင်မယ့် Content (၁၅) ပုဒ်စာ Script တွေကို သေချာ Research လုပ် အချက်အလက်‌ေတွ စုဆောင်းပြီးမှ စနစ်တကျ ရေးပေးတယ်။

🎥 Brand ပုံရိပ်တစ်ခုကို အဆင့်ရှိရှိမြှင့်တင်ပေးနိုင်ဖို့ Studio မှာ က‌ျကျနန ပြင်ဆင် ရိုက်ကူးပေးပြီး၊ Professional ဆန်တဲ့ Editing တွေနဲ့ သပ်ရပ်လှပပြီး စွဲဆောင်မှုအပြည့်ရှိတဲ့ Video တွေကို ဖန်တီးပေးပါတယ်။

ဒီလို Content Creation အဆင့်ဆင့်တိုင်းမှာ စနစ်တကျနဲ့ အသေးစိတ်ပြင်ဆင်ပေး‌မှုတွေကြောင့်မို့ Client တွေရဲ့ Social Media တွေမှာ ချပြလိုက်တဲ့အခါ Video တစ်ခု၊ Content တစ်ပုဒ်ကနေ ဒီလိုသိသာတဲ့ ရလဒ်တွေကို ရရှိလာတာ ဖြစ်ပါတယ်။

Engagement တက်ဖို့ဆိုပြီး Content တွေကို စမ်းတဝါးဝါးလုပ်ရင်း အချိန်ကုန်မခံပါနဲ့တော့။ ⏰

အချိန်တိုအတွင်းမှာပဲ သိသာထင်ရှားတဲ့ Social Media Results တွေ ရရှိလာအောင် ကူညီပေးနိုင်တဲ့ Thuma Coaching Team က လက်တစ်ကမ်းမှာ ရှိနေပါပြီ။ 🤝

☎️ စိတ်ဝင်စားတယ်ဆိုရင် အခုဘဲ (၁၅) မိနစ် အခမဲ့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှု အသေးစိတ်ကို မေးမြန်းနိုင်ပါတယ်။

📥 အသေးစိတ် သိလိုပါက အောက်ပါ Link ကနေတစ်ဆင့် Admin ထံ မေးမြန်းနိုင်ပါတယ်။
👉 m.me/thuma-coaching

"Personal Brand မှာ ရင်းနှီးမြှုပ်နှံပါ။"

#သူမ #အတူတူရှင်သန်ကြပါစို့

Marketing Webinar Batch 4 အတန်း တက်ရောက်ခဲ့တဲ့ Ma Su Su Hlaing ရဲ့ review လေး ဖြစ်ပါတယ်။ “သူမရဲ့ video တွေဟာဘာလုပ်ရမယ်၊ ...
12/10/2026

Marketing Webinar Batch 4 အတန်း တက်ရောက်ခဲ့တဲ့ Ma Su Su Hlaing ရဲ့ review လေး ဖြစ်ပါတယ်။

“သူမရဲ့ video တွေဟာဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို တိုက်ရိုက်ပြောပြပေးတာထက် ကိုယ်တိုင်တွေးခေါ်တတ်လာအောင်၊ ကိုယ့်အမြင်နဲ့ ကိုယ်တိုင်အဖြေရှာတတ်လာအောင် လမ်းပြပေးတယ်အဲ့ဒါကြောင့်သဘောကျမိပါတယ်။ ခုသင်တန်းကိုဝင်joinလိုက်တဲ့ချိန်မှာ ကိုယ်တိုင်မေးခွန်းထုတ်တတ်လာခြင်း၊ စဉ်းစားတွေးခေါ်တတ်လာခြင်းနဲ့ ကိုယ်ဘာလုပ်သင့်တယ်၊ ဘယ်လမ်းကို ရွေးချယ်သင့်တယ်ဆိုတာကို ပိုမိုရှင်းလင်းစွာ သိမြင်လာတယ်လို့ ခံစားမိပါတယ်။ ဆရာမရဲ့ သင်ကြားပေးမှုတွေက Marketing ပညာရပ်အတွက်သာမက အနာဂတ်မှာ ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး လက်တွေ့အကောင်အထည်ဖော်ရမယ့်အရာတွေအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ အသိပညာတွေ မျှဝေပေးရုံသာမက ကိုယ်တိုင်တွေးခေါ်နိုင်စွမ်းနဲ့ ကိုယ့်လမ်းကိုယ်ရှာဖွေနိုင်စွမ်းတွေ တိုးတက်လာအောင် လမ်းပြပေးတဲ့အတွက် ဆရာမကို အထူးကျေးဇူးတင်ပါတယ်။”

Review ရေးပေးပါသော Ma Su Su Hlaing အားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

Marketing Webinar Batch 4 အတန်း တက်ရောက်ခဲ့တဲ့ သင်တန်းသူ/သားရဲ့  suggestion လေးတွေ ဖြစ်ပါတယ်။ အားလုံးရဲ့ တိုးတက်မှုနဲ့ အ...
12/10/2026

Marketing Webinar Batch 4 အတန်း တက်ရောက်ခဲ့တဲ့ သင်တန်းသူ/သားရဲ့ suggestion လေးတွေ ဖြစ်ပါတယ်။

အားလုံးရဲ့ တိုးတက်မှုနဲ့ အောင်မြင်မှုတွေက Thuma Coaching ရဲ့ ခွန်အားနဲ့ ဂုဏ်ယူမှုပါပဲ။ Thuma Coaching အနေနဲ့ သင်တန်းသားတိုင်းရဲ့ Feedback နဲ့ Suggestion တိုင်းကို တန်ဖိုးထား နားထောင်လျက်ရှိပါတယ်။ ခုဆိုရင်တော့ Marketing Webinar Batch 4 မှာ တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား ၂ ဦးရဲ့ တန်ဖိုးရှိလှတဲ့ Suggestion နဲ့ ကျေနပ်ပီတိစကားသံလေးတွေကို ဂုဏ်ယူစွာဖြင့် မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီ့ထက်မက ပိုမိုကောင်းမွန်ပြီး ထိရောက်တဲ့ သင်တန်းအစီအစဉ်များစွာနဲ့ ပြန်လာခဲ့ပါဦးမယ်။ 🤍

Suggestion ရေးပေးပါသော သင်တန်းသူ/သားအားလည်း မရွှေစုလှိုင်နှင့်တကွ Thuma Coaching Team မှကျေးဇူးအထူးတင်ပါတယ်ရှင်။

#သူမ #အတူတူရှင်သန်ကြပါစို့

Address

Leeds
LS168HL

Opening Hours

Monday 6:30am - 2:30pm
Tuesday 6:30am - 2:30pm
Wednesday 6:30am - 2:30pm
Thursday 6:30am - 2:30pm
Friday 6:30am - 2:30pm
Saturday 6:30am - 2:30pm
Sunday 6:30am - 2:30pm

Alerts

Be the first to know and let us send you an email when Thuma Coaching posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thuma Coaching:

Shortcuts

Share

Category