29/08/2026
၁။ Motivation ရလာမှ စလုပ်မယ်ဆိုပြီး စောင့်နေတာမျိုး
တကယ်တော့ စလုပ်လိုက်မှ Motivation က နောက်ကလိုက်လာတာပါ။
ငါအဆင်သင့်ဖြစ်မှ စမယ် ဆိုပြီး စောင့်နေတဲ့သူတွေကတော့…. နှစ်တွေကြာသွားတဲ့အထိ စောင့်နေရတုန်းပါပဲ။
၂။ ကိုယ့်ရဲ့လက်ရှိအခြေအနေကို တခြားလူတွေရဲ့ အကောင်းဆုံးအချိန်တွေနဲ့ လိုက်နှိုင်းယှဉ်နေတာမျိုး
သူများနဲ့ အမြဲနှိုင်းယှဉ်နေရင်
ကိုယ့်ဘဝကိုယ် တိုးတက်အောင်လုပ်ဖို့ လိုအပ်တဲ့ energy တွေကိုပဲ ဆုံးရှုံးစေပါတယ်။
သူများတွေ ဘယ်ရောက်နေပြီလဲ လိုက်ကြည့်နေမယ့်အစား ကိုယ်သွားရမယ့်လမ်းကိုပဲ အာရုံစိုက်ပါ။
၃။ နားထောင်ရတာ မသက်မသာဖြစ်လို့ အကြံပေးဝေဖန်မှုတွေကို ရှောင်နေတာ
တစ်ခါတလေ ကိုယ်မကြားချင်ဆုံး စကားတွေကပဲ ကိုယ်ဘဝ အခြေအနေ တိုးတက်ဖို့ အလိုအပ်ဆုံးအရာတွေ ဖြစ်နေတတ်ပါတယ်။
တိုးတက်ချင်ရင် နားဝင်မချိုတဲ့ အမှန်တရားတွေကိုလည်း လက်ခံတတ်ဖို့လိုပါမယ်။
၄။ အသက် ၂၀၊ ၃၀ အရွယ်တုန်းက အတွေးအခေါ်တွေနဲ့ပဲ ဆက်ပြီးနေထိုင်နေတာမျိုး
ဒီနေ့အထိ နေရာတစ်နေရာ ရောက်လာအောင် လုပ်ပေးခဲ့တဲ့ အလေ့အကျင့်တွေက
နောက်တစ်ဆင့်ကို ရောက်အောင် လုပ်ပေးနိုင်မယ်လို့ မဆိုလိုပါဘူး။
အသက်ကြီးလာတာနဲ့အမျှ
အတွေးအခေါ်နဲ့ အကျင့်တွေကိုပါ update လုပ်သွားဖို့ လိုပါတယ်။
မပြောင်းလဲဘဲ နေနေရင်တော့
ကိုယ်တိုင်မသိလိုက်ခင်မှာပဲ တိုးတက်မှုတွေ ရပ်တန့်သွားနိုင်တယ်။
၅။ ကိုယ့်အတွက်တစ်ကယ်ကောင်းလို့ မဟုတ်ဘဲ နေသားကျနေလို့ Comfort Zone ထဲမှာပဲ ဆက်နေနေတာမျိုး
နေသားကျနေတာနဲ့ ကိုယ့်အတွက်တိုးတက်မှုရှိတာနဲ့က မတူပါဘူး။
အဲ့ဒီနှစ်ခုကို မခွဲခြားနိုင်ရင် ကိုယ်တိုင်မသိလိုက်ခင်မှာပဲ နှစ်တွေအများကြီး ဆုံးရှုံးသွားနိုင်တယ်။
တိုးတက်ချင်ရင် နေသားကျနေတဲ့အရာတချို့ကို စွန့်လွှတ်ရဲဖို့တော့လိုပါမယ်။