Myanmar Football Federation

Myanmar Football Federation The official page of Myanmar Football Federation Football was probably the first of the imported to reach Myanmar.

When the British finally occupied Myanmar in 1885, the game of football was introduced. The game soon began to gain the interest of the local population. The Football Federation was formed only in 1947. During the years between 1947 and 1950. The only leagues in the developed in regional. The first States and Divisions Football Tournament was held in 1952. Myanmar is one of the fonder member countries of AFC which was founded in 1954. Myanmar Football Federation was affiliated to FIFA in 1952. Myanmar were champions for five consecutive times at South East Asian Games, between 1965 and 1973.During this period, Myanmar also triumphed twice in the football tournament of Asian Games in 1966 and 1970 and finished runners up at the Asian Cup in 1968. Regional competitions like Park’s Cup (Korea President’s Cup), Independent Cup (Indonesia) and Merdeka Tournament (Malaysia) were also dominated by Myanmar during 60’s and 70’s.

AFC U20 Asian Cup China 2027 (Qualifiers)--------------------------------FULL TIMESRI LANKA U20 🇱🇰 0️⃣-4️⃣ 🇲🇻 MALDIVES U...
03/09/2026

AFC U20 Asian Cup China 2027 (Qualifiers)
--------------------------------
FULL TIME
SRI LANKA U20 🇱🇰 0️⃣-4️⃣ 🇲🇻 MALDIVES U20












AFC U20 Asian Cup China 2027 (Qualifiers)--------------------------------BRUNEI DARUSSALAM U20 0️⃣-7️⃣ MYANMAR U20 ပွဲပြ...
03/09/2026

AFC U20 Asian Cup China 2027 (Qualifiers)
--------------------------------
BRUNEI DARUSSALAM U20 0️⃣-7️⃣ MYANMAR U20 ပွဲပြီး ပုံရိပ်များ။












AFC U20 Asian Cup China 2027 (Qualifiers)--------------------------------FULL TIMEBRUNEI DARUSSALAM U20 0️⃣-7️⃣ MYANMAR ...
03/09/2026

AFC U20 Asian Cup China 2027 (Qualifiers)
--------------------------------
FULL TIME
BRUNEI DARUSSALAM U20 0️⃣-7️⃣ MYANMAR U20
Aung Thiha 24'
Thura Min Thant 37'
Mohamad Azri 72'(OG)
Thaw Zin Ko 74'(P), 83'
Sai Bo Bo Kyaw 81'
Kyaw Nyi Nyi 82'













AFC U20 Asian Cup China 2027 (Qualifiers)--------------------------------HALF TIMEBRUNEI DARUSSALAM U20 0️⃣-2️⃣ MYANMAR ...
03/09/2026

AFC U20 Asian Cup China 2027 (Qualifiers)
--------------------------------
HALF TIME
BRUNEI DARUSSALAM U20 0️⃣-2️⃣ MYANMAR U20
Aung Thiha 24'
Thura Min Thant 37'












AFC U20 Asian Cup China 2027 (Qualifiers)--------------------------------မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း ပွဲထွက်လူစာရင်းBR...
03/09/2026

AFC U20 Asian Cup China 2027 (Qualifiers)
--------------------------------
မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း ပွဲထွက်လူစာရင်း
BRUNEI DARUSSALAM U20 🇧🇳 (Vs) 🇲🇲 MYANMAR U20
📍 Date - 3 September 2026 (Thursday)
⏳ Time - 4:00 PM
🏟️ Venue - Thuwunna Stadium, Yangon
📺 TV Live - MRTV-4
▶️ YouTube - Pyone Play Sports












AFC Women’s Champions League အုပ်စု (A) ၌ မြန်မာကလပ် ဧရာဝတီအက်ဖ်စီ လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang FC နှင့...
03/09/2026

AFC Women’s Champions League အုပ်စု (A) ၌ မြန်မာကလပ် ဧရာဝတီအက်ဖ်စီ လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang FC နှင့် ယှဉ်ပြိုင်ရမည်
———
အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ဦးစီးကျင်းပသည့် AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ AFC House ၌ ကျင်းပခဲ့သည်။

အဆိုပါ မဲခွဲပွဲရလဒ်အရ မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang FC ပါဝင်သည့် အုပ်စု (A) ၌ ကျရောက်ခဲ့ပြီး၊ အဆိုပါ အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ် ပြိုင်ပွဲတွင် အာရှဒေသတွင်းမှ ထိပ်သီး ၁၂ သင်း ပါဝင်ပြီး အုပ်စု ၃ စု ခွဲခြားကာ ကျင်းပမည်ဖြစ်သည်။ မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီ ပါဝင်သည့် အုပ်စု (A) တွင် လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang Women’s FC၊ ဂျပန်ထိပ်သီးကလပ် INAC Kobe Leonessa၊ အီရန်ကလပ် Bam Khatoon FC နှင့် အိမ်ရှင် မြန်မာကလပ် ဧရာဝတီအက်ဖ်စီတို့ ပါဝင်နေသဖြင့် ပွဲစဉ်များ အပြိုင်အဆိုင် ပြင်းထန်မည်ဖြစ်သည်။

အုပ်စုအဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းနှင့် အကောင်းဆုံး တတိယရရှိသည့် ၂ သင်း (စုစုပေါင်း ၈ သင်း) နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ နောက်တစ်ဆင့်အတွက် မဲခွဲပွဲကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။

ကွာတားဖိုင်နယ် ပွဲစဉ်များကို လာမည့် မတ်လအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များကိုမူ လာမည့် မေလအတွင်း ကျင်းပသွားမည်ဖြစ်သည်။

အုပ်စု မဲခွဲမှု ရလဒ်များ

အုပ်စု (A) - (အိမ်ရှင် - မြန်မာ)
Naegohyang Women’s FC (မြောက်ကိုရီးယား)၊ INAC Kobe Leonessa (ဂျပန်)၊ Bam Khatoon FC (အီရန်)၊ ဧရာဝတီအက်ဖ်စီ (မြန်မာ)

အုပ်စု (B) - (အိမ်ရှင် - အိန္ဒိယ)
Hwacheon KSPO WFC (တောင်ကိုရီးယား)၊ Ho Chi Minh City Women’s FC (ဗီယက်နမ်)၊ East Bengal FC (အိန္ဒိယ)၊ 4.25 SC (မြောက်ကိုရီးယား)

အုပ်စု (C) - (အိမ်ရှင် - ဥဇဘက်ကစ္စတန်)
Melbourne City FC (ဩစတြေးလျ)၊ Beijing Jingtan FC (တရုတ်)၊ Kaya FC-Iloilo (ဖိလစ်ပိုင်)၊ PFC Nasaf (ဥဇဘက်ကစ္စတန်)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသမ...
03/09/2026

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသများမှ အရည်အချင်းရှိသည့် လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ FIFA/MFF Regional Training Center ဒေသအလိုက် လေ့ကျင့်ရေး စင်တာများ ဖွင့်လှစ်ကာ လူငယ်ဘောလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ မော်လမြိုင်၊ နေပြည်တော်၊ ကချင်၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီတို့တွင် Regional Training Center များ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် ပဲခူးနှင့် ဘားအံတို့ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဒေသအလိုက် လေ့ကျင့်ရေးစင်တာ စုစုပေါင်း (၈) ခုအထိ ရှိလာမည်ဖြစ်ပါသည်။

ယခုနှစ် Regional Training Center များအတွက် အသက် (၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမား ရွေးချယ်ပွဲများကို သတ်မှတ်ထားသည့် ဒေသများတွင် ကျင်းပခဲ့ပြီး ရွေးချယ်ခံရသည့် ကစားသမားများကို သက်ဆိုင်ရာ Regional Training Center များတွင် လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ ရွေးချယ်ခံရသည့် ကစားသမားများ၏ စာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်။ မန္တလေးတိုင်းဒေသကြီး (မန္တလေး) အမျိုးသား၊ ကချင်ပြည်နယ် (မြစ်ကြီးနား) အမျိုးသမီးနှင့် မွန်ပြည်နယ် (မော်လမြိုင်) အမျိုးသမီး ကစားသမား ရွေးချယ်ပွဲများမှာ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပါ၍ ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဒေသအသီးသီးမှ အရည်အချင်းရှိသည့် လူငယ်ကစားသမားများကို ဆက်လက်ရှာဖွေဖော်ထုတ်ကာ မြန်မာ့ဘောလုံး အနာဂတ်အတွက် အရည်အသွေးပြည့်ဝသည့် လူငယ်မျိုးဆက်များ ပေါ်ထွက်လာစေရန် Regional Training Center အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

⚽ MATCHDAY!AFC U20 Asian Cup China 2027 (Qualifiers)--------------------------------BRUNEI DARUSSALAM U20 🇧🇳 (Vs) 🇲🇲 MYA...
03/09/2026

⚽ MATCHDAY!
AFC U20 Asian Cup China 2027 (Qualifiers)
--------------------------------
BRUNEI DARUSSALAM U20 🇧🇳 (Vs) 🇲🇲 MYANMAR U20
📍 Date - 3 September 2026 (Thursday)
⏳ Time - 4:00 PM
🏟️ Venue - Thuwunna Stadium, Yangon
📺 TV Live - MRTV-4
▶️ YouTube - Pyone Play Sports












Fire Dragon International Futsal Cup 2026 ပြိုင်ပွဲဝင် ပြည်ပကလပ်အသင်း(၃)သင်း🔹၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ MFF ...
01/09/2026

Fire Dragon International Futsal Cup 2026 ပြိုင်ပွဲဝင် ပြည်ပကလပ်အသင်း(၃)သင်း🔹

၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ MFF Futsal Indoor Stadium တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီမှ ဦးစီးကျင်းပမည့် Fire Dragon International Futsal Cup 2026 ပြိုင်ပွဲသို့ အင်ဒိုနီးရှားနိုင်ငံမှ Black Steel Papua FC၊ ထိုင်းနိုင်ငံမှ Black Pearl United နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Lucky FC တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၁။ 🇮🇩Black Steel Papua FC (အင်ဒိုနီးရှား - အုပ်စု က)

🔶အင်ဒိုနီးရှား ပရိုဖူဆယ်လိဂ်၏ ထိပ်တန်းကလပ်တစ်ခုဖြစ်ပြီး ၂၀၁၆ နှင့် ၂၀၂၀ ခုနှစ်များတွင် ချန်ပီယံဆု ရရှိခဲ့ဖူးသည်။

🔶၂၀၂၅- ၂၀၂၆ ရာသီ Regular Season တွင် အမှတ်ပေးဇယား အဆင့် (၂) နေရာဖြင့် Final Four အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် Bintang Timur အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။

🔶 အသင်းတွင် ဘရာဇီး🇧🇷ကစားသမား ၃ ဦး ပါဝင်သည်။ အင်ဒိုနီးရှားလိဂ်၏ ပြည်ပကစားသမား ခေါ်ယူမှုစည်းမျဉ်းအရ AFC အဖွဲ့ဝင်နိုင်ငံမှ ၁ ဦးနှင့် အခြားနိုင်ငံမှ ၂ ဦး ခေါ်ယူခွင့်ရှိသော်လည်း အသင်း၏ ဘရာဇီးကစားသမား Rodrigo Matheus (Tocha) မှာမူ ၂၀၂၃-၂၄ ရာသီကတည်းက အသက် ၂၀ အောက်ကစားသမားအဖြစ် ၅ နှစ်စာချုပ် ချုပ်ဆိုထားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်။

🇹🇭 Black Pearl United (ထိုင်း - အုပ်စု ခ)

🔷၂၀၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် ထိုင်းဖူဆယ်လိဂ်၏ ထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်သည်။

🔷၂၀၂၃ ထိုင်းဖူဆယ်လိဂ်တွင် ဒုတိယဆု ရရှိခဲ့ပြီး၊ လက်ရှိ ၂၀၂၆ ရာသီတွင် ၁၆ ပွဲ ကစားပြီးချိန်၌ အဆင့် (၄) နေရာ၌ ရပ်တည်လျက်ရှိသည်။

🔷အသင်းတွင် ဘရာဇီးကစားသမား ၂ ဦး ပါဝင်ကစားလျက်ရှိသည်။

🇰🇭Lucky FC (ကမ္ဘောဒီးယား - အုပ်စု က)

🔶၂၀၂၄ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော်လည်း အချိန်တိုအတွင်း ကမ္ဘောဒီးယားဖူဆယ်လောက၏ အင်အားကြီးအသင်း တစ်သင်းအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

🔶Cambodian Futsal Championship 2025၊ MSFL 2024-25 ချန်ပီယံဆုနှင့် RJS Pre-Season Cup 2024 ဆုများကို ရရှိထားသည်။

🔶ယခု Fire Dragon International Futsal
Cup 2026 ပြိုင်ပွဲသည် ၎င်းတို့အတွက် ပထမဆုံး ယှဉ်ပြိုင်မည့် နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာသည်။

✅ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ Black Steel Papua FC နှင့် ကမ္ဘောဒီးယားနိုင်ငံမှ Lucky FC တို့သည် အုပ်စု (က) တွင် တစ်အုပ်စုတည်း ကျရောက်နေကြပြီး၊ ထိုင်းနိုင်ငံမှ Black Pearl United ကမူ အုပ်စု (ခ) တွင် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

➡️အုပ်စု ခွဲဝေထားမှု

အုပ်စု(က)
▪️🇲🇲YCDC Dream Team FC
▪️🇮🇩Black Steel FC Papua
▪️🇰🇭Lucky FC
▪️🇲🇲TG United FC

အုပ်စု(ခ)
​▪️🇲🇲YRG FC
▪️🇹🇭Black Pearl United FC
▪️🇲🇲MIU FC
▪️🇲🇲M2K FC

01/09/2026

Address

355 N Section
Yangon
THINGANGYUN

Alerts

Be the first to know and let us send you an email when Myanmar Football Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category