Ü-Fit GYM

Ü-Fit GYM Ur Fit @ U-Fit

လာဆော့ကျအုန်း 🥹🥹
23/02/2023

လာဆော့ကျအုန်း 🥹🥹

ပါလို့လဲ့ Gym ဆြာကို အားကျလို့လား 😕🫡
18/02/2023

ပါလို့လဲ့ Gym ဆြာကို အားကျလို့လား 😕🫡

05/02/2023

ဘာကြောင့် ထိုင်ထကို လေ့ကျင့်ခန်းတို့ရဲ့
ဘုရင်လို့ တင်စားခေါ်ကြတာလဲ?
ထိုင်ထ လေ့ကျင့်ခန်း ရဲ့ အကျိုးကျေးဇူးများ 👌
Gymကစားသူတွေ
အညည်းဆုံးလေ့ကျင့်ခန်းတစ်ခုပေါ့
Squat = ထိုင်ထလေ့ကျင့်ခန်း
ထိုင်ထလုပ်ပြီးရင် ဒူးတွေတုန်နေပါပြီ လှေကားတောင်မဆင်းနိုင်တော့ပါဘူး လို့ ညည်းကြတဲ့သူတွေ အများသား. (အထူးသဖြင့်beginnerတွေ) ထိုင်ထလုပ်ရတာ တခြားလေ့ကျင့်ခန်းတွေထက်ပင်ပန်းပါတယ် ပင်ပန်းသလောက် အကျိုးထူးတာမို့ Gymကစားတဲ့အခါလုံးဝလက်လွှတ်လို့မရတဲ့လေ့ကျင့်ခန်းပါ။
ထိုင်ထလုပ် ဆိုတာနဲ့ တင်ကြီးမှာလား သေးမှာလား ပေါင်တုတ်မလား သေးသွားမလား အဲဒီ`လား´တွေဟာ သူ့အတွက်တော့ ပြည့်စုံတဲ့မေးခွန်းတွေ မဟုတ်ပါဘူး။ ထိုင်ထလေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးတွေက ဒါ့ထက်မက ကျယ်ပြန့်တာကိုး။
Gymကစားနည်းတွေထဲမှာ အလေးထမ်းထိုင်ထလုပ်တာ ကယ်လိုရီလောင်ကျွမ်းမှု အများဆုံးမို့ အဆီကျကျစ်လစ်တဲ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လေ့ကျင့်ခန်းပါ။
ထိုင်ထလုပ်တဲ့အခါ ခန္ဓာကိုယ်က စွမ်းအင်တွေ အများကြီးသုံးရလို့အဆီကျစေတဲ့အတွက်six packs ထွက်ချင်သူတွေအတွက်လည်း squatကအရေးကြီးတာပါပဲ။ အဆီဖုံးနေတဲ့ဗိုက်မှာ six packsကလည်း ပုန်းနေမှာပါ။
လက်မောင်းတက်ချင် ရင်တက်ချင်သူတွေအတွက်လည်း Squat လုပ်တာကောင်းပြန်ရော..။ ဟင် ရင်ဘတ်နဲ့တင် ကြွက်သားချင်းကတခြားစီ ဘာဆိုင်လဲလို့မထင်လိုက်ပါနဲ့။ ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုဖြစ်စဉ်မှာ squatကလည်း အရေးပါအရာရောက်နေလို့ပါ။
ထိုင်ထလေ့ကျင့်ခန်းဟာ ကြီးထွားဟော်မုန်းပိုထွက်စေလို့ weight gain သမားတွေ လုံးဝလက်မလွှတ်သင့်ပါဘူး။
ထိုင်ထလုပ်ခြင်းဟာ အရိုးရဲ့သိပ်သည်းဆကိုလည်း တိုးစေပါတယ်။ ကြွက်သား connective tissue နဲ့အရွတ်တွေ သန်မာစေလို့ အားကစားသမားတွေ ဒဏ်ရာရနိုင်ခြေနည်းဖို့ အထောက်အကူပေးပါသေးတယ်။ ခွန်အား(strength)လည်း တိုးစေတယ် ။ပိုပြီးမြင့်မြင်ခုန်နိုင်စေတယ်။ ပိုပြီးမြန်မြန်ပြေးနိုင်စေတယ်။
ကြွက်သားအုပ်စုတွေနဲ့ ဦးနှောက်ကြားကဆက်သွယ်မှုကို တိုးတက်စေခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းမှုကို အားကောင်းစေတယ်။
အားကစားစွမ်းရည်ကို မြှင့်ပေးရုံတင်မကပါဘူး ကိုယ့်ရဲ့လူနေမှုဘဝ လှုပ်ရှားမှုနိုင်မှာ ပေါ့ပါးသွက်လက်လာစေမှာမို့ တကယ့် special exercise ပါပဲ။(ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်သူတွေဟာ စောစီးစွာသေနှုန်းနည်းပါးတယ် ဆိုတဲ့ တွေ့ရှိချက်လည်းရှိပါသေးတယ်)
ထိုင်ထလုပ်ခြင်းရဲ့ အကျိုးရလဒ်တွေထဲမှာ ဝမ်းမှန်စေတာလည်းပါပါသေးတယ် ထိုင်ထလုပ်တဲ့အခါ အူတွေရဲ့လှုပ်ရှားမှုကို ပိုပြီးကောင်းစေတာကိုး။
တချို့က တင်ပါးမကြီးချင်ဘဲ ပေါင်ကြွက်သားဘဲကြီးထွားချင်ကြပါတယ်။
Half Squat တစ်ဝက်ထိုင်ထလုပ်ရင် ပေါင်ကြွက်သားကြီးထွားစေပါတယ်။ တစ်ဝက်ဆိုတာ ခြေထောက်နဲ့ ပေါင်တန်းက ကုလားထိုင်ပုံစံ(ထောင့်မှန်ကျ)အထိသာထိုင်ပြီး ပြန်ထတာကိုဆိုလိုတာပါ။
Full Squat အဆုံးထိုင်ထ(ခြေဖနှောင့်အထိ ထိုင်ထ) လုပ်ရင် တင်ပါးကြွက်သားကြီးစေပါတယ်။
ထိုင်ထလေ့ကျင့်ခန်းရဲ့အကျိုးတွေကိုသိပြီဆိုတော့ လိုက်လုပ်ဖို့လည်း မမေ့ပါနဲ့ .Gymလာဖို့အချိန်မရလည်း အိမ်မှာပဲ အလေးလွတ်ထိုင်ထလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်သွားရင် ကျန်းမာရေးအတွက် အထောက်အကူပြုမှာပါ။

အဲ့လိုကြီးလား 😆😆😆
07/01/2023

အဲ့လိုကြီးလား 😆😆😆

06/10/2022

လပြည့်နေ့ တစ်ရက် Gym ပိတ်တယ်နော် အမျိုးတွေ

ပိန်အောင်ကစားသူ Weight Loss နဲ့ကြီးထွားအောင်းကစားသူWeight Gainဘယ်ဟာက ပိုလွယ်လည်း..❓ဘယ်ဟာက ပိုပင်ပန်းလည်း..❓↔️↔️↔️↔️↔️↔️↔...
14/09/2022

ပိန်အောင်ကစားသူ Weight Loss နဲ့
ကြီးထွားအောင်းကစားသူWeight Gain
ဘယ်ဟာက ပိုလွယ်လည်း..❓
ဘယ်ဟာက ပိုပင်ပန်းလည်း..❓
↔️↔️↔️↔️↔️↔️↔️↔️↔️↔️↔️↔️
ဟာ ..မေးခွန်းသတ်ပြီဟေ့..😄😄😄

ဒီနေ့မနက် ရုံးပိတ်ရက်ဆိုတော့
Gym ထဲမှာ အမှန်အကန် ကစားသူရော
အပလာ ကစားသူရော လူတော်တော်
စည်နေတယ် ...
လူစုံရင် ကျနော်ကလည်း Gym ကစား
ခြင်းနဲ့ပါတ်သက်တာ‌တွေ၊ကျန်းမာရေး
နဲ့ပါတ်သက်တဲ့ ဗဟုသုတအတိုအထွာ
လေးတွေ မျှဝေ ပြောပေးနေကြ...
ကစားသူတွေများရင်မေးခွန်းများတယ်
ဒီမေးခွန်းတွေထဲက အများလည်း
သိချင်မယ်ထင်တဲ့ မေးခွန်းတခုကို
မေးသူကိုပြောပြရင်းနဲ့ဆောင်ပါးတပုဒ်
အဖြစ်ရေးလိုက်ရပါတယ်

ဝိတ်ချသူတို့က အစားရှောင်ရတယ်
လျော့စားရတယ်
စားချင်တာ မစားရဘူး
ကစားရတာတွေများတယ်
နားရက်နည်းတယ်

Weight Gain ကစားသူတွေက
ကစားတာမြန်တယ် အစားတွေအများ
ကြီးစားရတယ် နားရက်တွေများတယ်
အဲ့တော့ Weight Gain ကစားရတာ
သက်သာတယ်လို့ထင်တယ်..
ပိန်ဖို့ကစားရတာက ပိုခက်ပြီး ပိုပင်ပန်း
တယ်လို့ထင်တယ်...

ထိုနည်းတူ Weight Gain ကစားသူက
လည်း ပိန်ဖို့ကစားသူတွေဟာ ခုန်ပေါက်
လိုက် တေးဂီတနဲ့ ကချင် က လိုက်
စက်တွေနဲ့အလေးတွေနဲ့ ဟိုစပ်စပ်ဒီစပ်
ကစားလိုက် အစားအသောက်ကြဝော့ာ
လည်း ဟုတ်တိပတ်တိ ဘာမှစားရတာ
မဟုတ်..ရေသောက်ပြီး ကစားလို့ရတဲ့
အနေအထား ငါတို့မှာတော့ စားလိုက်
ရတာ အန်ထွက်ချင်လည်းစားရတာပဲ

များများစားရတာလည်း ဒုက္ခတမျိုး
များများစားရင် များများပြန်ထွက်ဖို့
ဝမ်းမချုပ်အောင် ဂရုစိုက်ရတဲ့ ဒုက္ခ
ကလည်းတမျိုး ..
1kgလောက်တက်ဖို့ အသားကုန်ကစား
အသားကုန်စား အဆိုးဆုံးကတော့
ပိုက်ဆံအကုန်အကျများတာပဲ..

ပိန်ဖို့ဝိတ်ချကစားသူက အလုံးစုံအကုန်
အကျသက်သာပြီး အေးဆေးကစားလို့
တဲ့အတွက် ပိန်ဖို့ကစားရတာ ပိုလွယ်
တယ်လို့ထင်ကြတယ်...

တချို့က စာတွေဖတ်ပြီး
ကြီးဖို့အတွက်ပဲ ကစားစားWeight Gain
ပိန်ဖို့ပဲကစားကစား Weight Loss
2 မျိုးလုံး သက်သက်သာသာပဲထင်ကြ
တယ်
ဆရာကြီးတွေရဲ့ အာဘော်တွေကြောင့်
ဝိတ်ချ၊ဝိတ်တင် တာကို လွယ်လွယ်ပဲ
ထင်ကြတယ်..
အဲ့လို လွယ်လွယ်ထင်ပြီး Gym မှာ
သွားပြီး တကယ်ကစားကြည့်တဲ့အခါ
ကြားတာ ထင်တာနဲ့ တခြားစီဆိုတာ
ကွဲကွဲပြားပြားသိသွားကြတယ်..

ဝိတ်ချ၊ဝိတ်တင် ဆိုတာ ဘုရားစင်ရှေ့
မှာထိုင်ပြီး သက်သက်သာသာ
ဆုတောင်းလို့ရတဲ့ အရာမဟုတ်ပါဘူး

Gym ထဲမှာ အလေးတွေ စက်တွေနဲ့
နဖူးကချွေး ခြေမတင်မက ကြမ်းပြင်
မှာ အိုင်ထွန်းနေအောင် ကစားမှ ဖြစ်
ချင်တဲ့ ရည်မှန်းချက်ကိုရောက်မှာပါ

ဝိတ်ချ၊ဝိတ်တင် ဆိုတာကြားနေကြ
သီအိုရီတွေဖြစ်တဲ့..
ဝိတ်ချရင် အလေးနည်းနည်းနဲ့
အကြိမ်ရေများများကစား၊
ညစာ မစားနဲ့၊
ဝိတ်တက်ချင်ရင် အစား များများစား
အလေးများနဲ့ အကြိမ်ရေ နည်းနည်း
ကစား ဆိုတဲ့ စကားတွေဟာ
လွယ်လွယ်လေးပါလို့ထင်ထားသလို
မရိုးရှင်းပါဘူး..
ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှု့တွေ
လေ့ကျင့်ခန်းပေါင်း မြောက်များစွာရဲ့
လှို့ဝှက်ချက်တွေဟာ လူတဦးချင်းတိုင်း
အပေါ်မှာ တပြေးညီ မသက်ရောက်ပါဘူး
တယောက်နဲ့တယောက် ခြားနားချက်
တွေရှိပါတယ်..

ဒါကြောင့် ဝိတ်တင်တင်၊ဝိတ်ချချ
ဘယ်အရာမှ မလွယ်ပါဘူး
ဘယ်ဟာကမှ ပိုပြီး သက်သာတယ်လို့
မရှိပါဘူး...
မိမိရဲ့ ရည်မှန်းချက်ကြီးရင် ကြီးသလို
ပိုပြီး ရင်းနှီးရပါတယ် ပိုပြီးပေးဆပ်ရပါ
တယ်..

တချို့လူတွေအတွက် ဝိတ်ချ၊ဝိတ်တင်
တာဟာ ခက်ပြီး ပင်ပန်းလွန်းတယ်
တချို့အတွက်ကြပြန်တော့လည်း လွယ်
လွယ်လေးပါဆိုတဲ့ နှစ်မျိူးနှစ်စားရှိပါ
တယ်...
ဘာကြောင့် အဲ့လို ကွဲပြားခြားနားသွား
ရတယ်ဆိုဝာကတော့ ..

ရန်ကုန်နဲ့ မန္တလေးခရီးသွားတာနဲ့
ဥပမာပေးပါမယ်
အခေါက်ခေါက်အခါခါ သွားနေသူဟာ
လမ်းကြောင်းပိုသိပါတယ်
ခရီးလမ်းကြောင်းသိသူဟာ ဘယ်မြို့
ပြီးရင် ဘယ်မြို့ရောက်မယ်
ဘယ်နားမှာ ကုန်းဆင်းရှိတယ်
ဘယ်နားမှာ ကုန်းတက်ရှိတယ်
ဘယ်နားမှာ တံတားရှိတယ်
ဆီဆိုင်ဘယ်နား၊စားသောက်ဆိုင် က
ဘယ်နားမှာကအစဆိုတဲ့ လမ်းကြောင်း
ကျွမ်းကျင်သူတွေဟာ ခရီးပိုတွင်ပါတယ်
လမ်းကြောင်းမသိသူကတော့ ဘယ်နား
ဘာရှိမသိတော့ စမ်းတဝါးဝါးနဲ့ ခရီး
ဆက်နေရတာနဲ့တူပါတယ်..

လူတယောက်ဟာ သူတသက်မှာ ဝိတ်
တင်တာ၊ဝိတ်ချတာကို အလုပ်တခု
အနေနဲ့ လုပ်ကိုင်ရတာမရှိပါဘူး
နောက်ပြီး မိမိအသက်နဲ့ မိမိအရပ် က
အလေးချိန် ဘယ်လောက်ပဲရှိသင့်တယ်
ဆိုတဲ့ ကျန်းမာရေးအသိလည်း မရှိပါဘူး

ဒါပေမယ့် ဝိတ်တင်တာ၊ဝိတ်ချတာကို
အလုပ်တခုလို သဘောထားပြီး
ထမင်းစားရေသောက်သလို လွယ်လွယ်
လုပ်နေ၊လုပ်လို့ ရတဲ့ အားကစားတမျိုး
ရှိပါတယ်..အဲ့ အားကစားနည်းကတော့
ကာယဗလနဲ့၊ကာယကြံ့ခိုင်မှု့ မောင်/မယ်
တွေပါပဲ..

လူတယောက်ဟာ သူတသက်တာမှာ
တကြိမ်တခါလောက်တော့ ဝိတ်တင်
ဝိတ်ချ လုပ်ဘူးပါလိမ့်မယ် ရေရှည်စွဲ
မြဲ လေ့ကျင့်စားသောက်ရမယ့် စည်း
ကမ်းတွေကို အလေးမထားတာကြောင့်
အောင်မြင်မှု့ရတာ နည်းပါးကြပါတယ်
ဒါပေမယ့်
ပြိုင်ပွဲဝင်နေကြတဲ့ ကာယဗလမောင်
မယ်တွေဟာ တနှစ်မှာ 2-3 ကြိမ်လောက်
ကို အမြဲတမ်း ဝိတ်တင်၊ဝိတ်ချ ပြုလုပ်
ကြပါတယ်
သူတို့အတွက်မှာ ဝိတ်တင်၊ဝိတ်ချတာကို
တကယ်ပဲ ထမင်းစားရေသောက်သလို
လွယ်ကူနေတာကို တွေ့ရပါမယ်...

ပြိုင်ပွဲဝင်အဆင့်မဟုတ်တဲ့ သာမာန်လူ
တွေအဖို့မှာ ဝိတ်တင်၊ဝိတ်ချတာက
အရမ်းခက်ခဲ ပင်ပန်းလွန်တယ်လို့
ပြောရမှာဖြစ်ပါတယ်...

ဝိတ်တင်၊ဝိတ်ချ ကစားခြင်းတွေမှာ
စားသောက်တဲ့နည်းစနစ်၊ လေ့ကျင့်တဲ့
နည်းစနစ်တွေဆိုတာ နည်းပညာတွေ
ဘယ်လောက်တိုးတက်တိုးတက်
အခြေခံစည်းမျဉ်းတွေရှိပါတယ်

လိုက်နာရမယ့်စည်းမျဉ်းတွေကို
မျက်ကွယ်ပြုပြီး ရည်ရွယ်ချက်က
ကြီးမား၊ကစားနေတာနဲ့စားတာက
တခြားဆိုရင်တော့ ရလဒ်ကလည်း
မထူးခြားပဲဖြစ်နေပြီး ပေးရတဲ့အချိန်က
ပိုကြာမှာဖြစ်သလို ပိုပြီးလည်း ပင်ပန်း
နေကြဦးမှာပဲဖြစ်ပါတယ်..

ဒီတော့ဝိတ်ပဲတင်တင်၊ဝိတ်ပဲချချ
ဘယ်အရာကမှမလွယ်လို့ လွယ်လွယ်
နဲ့မရေး၊လွယ်လွယ်နဲ့မပြောကြပါနဲ့
ပင်ပန်းတာကလည်း ခံနိုင်ရည်နည်းပါး
ရင် ပိုပြီးပင်ပန်းပါတယ်
လူတယောက်ချင်းဆီမှာ ခံနိုင်ရည်နဲ့
လုပ်နိုင်စွမ်းက တယောက်နဲ့တယောက်
မတူညီကြပါဘူး
ဒါကြောင့်ဇွဲရှိရှိနဲ့ ရေရှည်လေ့ကျင့်မှု့
ကသာ မိမိရည်မှန်းချက်နဲ့ ကျန်းမာရေး
ကို အထောက်အကူဖြစ်မှာဖြစ်ပါကြောင်းရေးသားလိုက်ရပါတယ်
⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐
Crd With Love ❤️ Sir MyintNaungHtooAung

အသက် ၆၀ တဲ့နော် ✌ညီလေးတို့, ညီမလေးတို့ အမြဲတမ်း Gym ကစားပြီးခန္ဓာကိုယ် ထိမ်းသိမ်းနေသူတွေ ဆိုရင်သူ့ထက် လန်းတဲ့ အနေအထား ဖြ...
09/08/2022

အသက် ၆၀ တဲ့နော် ✌

ညီလေးတို့, ညီမလေးတို့

အမြဲတမ်း Gym ကစားပြီး
ခန္ဓာကိုယ် ထိမ်းသိမ်းနေသူတွေ ဆိုရင်
သူ့ထက် လန်းတဲ့ အနေအထား ဖြစ်နိုင်ပါတယ် နော် 💪

U-Fit ကိုအပြေးလာဖို့ပဲလုပ်
ကျန်တာ မင်မင့်ကို ပုံအပ်လိုက်တော့
Promotion ကလဲရှိတယ်ဆိုတော့ ကွက်တိပဲပေါ့
For more Info ☎️ 01578826

အစစအရာရာ ဈေးတွေ တက်နေပေမဲ့ U-Fit မှာတော့ Promotion တွေပေးနေပါတယ် 🙄✅တစ်လမှ ⭐၂၃၀၀၀ ⭐ ကျပ်ထဲပါPromotion ကာလကတော့ August လကု...
09/08/2022

အစစအရာရာ ဈေးတွေ တက်နေပေမဲ့ U-Fit မှာတော့ Promotion တွေပေးနေပါတယ် 🙄✅
တစ်လမှ ⭐၂၃၀၀၀ ⭐ ကျပ်ထဲပါ
Promotion ကာလကတော့ August လကုန်အထိပါ 🙋
For More - ☎️ 01578826
UrFit@Ufit

Chat Box မှာ သင်တန်းစုံစမ်းပြီးရင် လာအပ်နော် မင်မင်က အပြလဲတော်တယ် သဘောလဲ ကောင်းတယ် ရုပ်ချောရင် Discount ပါပေးတယ် 🥲For Mo...
01/08/2022

Chat Box မှာ သင်တန်းစုံစမ်းပြီးရင် လာအပ်နော် မင်မင်က အပြလဲတော်တယ် သဘောလဲ ကောင်းတယ် ရုပ်ချောရင် Discount ပါပေးတယ် 🥲
For More ☎️ 01578826

Address

No. 1152 Corner Of Waithandayar Street & Gantgaw Avenue Street, 16/4, Thingangyun
Yangon
11111

Telephone

01578826

Website

Alerts

Be the first to know and let us send you an email when Ü-Fit GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category