M League

Call Directions Website Contact the business

M League The Official page of M League

AFC-MFF/ M League Committee တို့ပူးပေါင်းစီစဉ်သည့် AFC Media and Communication Workshop 2026 ပထမနေ့ ကျင်းပအာရှဘောလုံးအဖွ...
01/10/2026

AFC-MFF/ M League Committee တို့ပူးပေါင်းစီစဉ်သည့် AFC Media and Communication Workshop 2026 ပထမနေ့ ကျင်းပ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ မီဒီယာနှင့် ဆက်သွယ်ရေးကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချသည့် Media and Communication Workshop 2026 ၏ ပထမနေ့အစီအစဉ်ကို အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါ Workshop သို့ မြန်မာလိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Head of Audio Visual, AFC Communication မှ Mr. Alson Yue က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် Head of Content, AFC Communication Department မှ Mr. Vijesh Rai က “Introduction to AFC Website, Data & Photo Management” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Head of Social Media & CRM Operations, AFC Communication မှ Mr. Hafiz Idris က “Introduction to AFC Digital, Social Media and Digital Strategy” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Head of Audio Visual, AFC Communication မှ Mr. Alson Yue က “Introduction to AFC AV, Streaming Strategy, Content and Tools” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့ကြသည်။

သင်ကြားပို့ချသူများသည် နိုင်ငံတကာအတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များဖြစ်ကြပြီး ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ Digital Media၊ Social Media၊ AV Content၊ Matchday Content Production နှင့် Media & Communication လုပ်ငန်းများနှင့် ပတ်သက်သည့် နည်းလမ်းများနှင့် အတွေ့အကြုံများကို မျှဝေပို့ချခဲ့ကြသည်။

Workshop ပထမနေ့အစီအစဉ်တွင် AFC Website၊ Data နှင့် Photo Management၊ Digital Media နှင့် Social Media Strategy၊ AV နှင့် Live Streaming၊ Content Production စသည့် ကဏ္ဍများအပြင် ပြိုင်ပွဲကျင်းပရာနေရာများတွင် အချိန်နှင့်တပြေးညီ Content များ ထုတ်လုပ်တင်ဆက်နိုင်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်း လေ့လာဆွေးနွေးခဲ့ကြသည်။

အဆိုပါ Workshop သို့ M League၊ M League II၊ Myanmar Women’s League နှင့် ဖူဆယ်လိဂ် ပြိုင်ပွဲဝင်ကလပ်အသင်းများမှ Media & Communication တာဝန်ခံများအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ မီဒီယာတာဝန်ရှိသူများ၊ Host Broadcaster၊ Website Development Company နှင့် မီဒီယာနှင့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အားကစားကလောင်ရှင်များအပါအဝင် စုစုပေါင်း ၆၈ ဦး တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသူများအနေဖြင့် Workshop အတွင်း လုပ်ငန်းအတွေ့အကြုံများ၊ နည်းလမ်းများနှင့် အမြင်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

Media and Communication Workshop 2026 ၏ ဒုတိယနေ့အစီအစဉ်ကို အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

AFC မှ မီဒီယာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချမည့် Media and Communication Workshop ၂ ရက်ကြာ ကျင်းပမည်။ပြည်...
30/09/2026

AFC မှ မီဒီယာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချမည့် Media and Communication Workshop ၂ ရက်ကြာ ကျင်းပမည်။

ပြည်တွင်း ဘောလုံးလိဂ်ပြိုင်ပွဲများ၏ Media & Communication လုပ်ငန်းများ ပိုမိုစနစ်တကျနှင့် ထိရောက်ကောင်းမွန်လာစေရန်၊ Digital Media၊ Social Media၊ AV Content နှင့် Matchday Content Production ဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများ မြှင့်တင်ပေးရန် ရည်ရွယ်၍ AFC မှ မီဒီယာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ ပို့ချမည့် Media and Communication Workshop 2026 ကို အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အာရှဘောလုံးအဖွဲ့ချုပ် (AFC)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာလိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး AFC မှ Media & Communication ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများက ပြည်တွင်းလိဂ်ပြိုင်ပွဲများ၏ Media & Communication လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် လိုအပ်သည့် နည်းလမ်းများ၊ အတွေ့အကြုံများနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများကို မျှဝေပို့ချသွားမည်ဖြစ်သည်။

Workshop အတွင်း AFC Website၊ Data နှင့် Photo Management ဆိုင်ရာ စနစ်များ၊ Digital Media နှင့် Social Media Strategy များ၊ AV နှင့် Live Streaming ဆိုင်ရာ မဟာဗျူဟာများနှင့် Content Production ဆိုင်ရာ နည်းလမ်းများကို အဓိကထား လေ့လာဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲကျင်းပရာနေရာများတွင် အချိန်နှင့်တပြေးညီ Content များ ထုတ်လုပ်တင်ဆက်နိုင်ရေး၊ On-ground Content Capture နှင့် AV Content Production ဆိုင်ရာ လက်တွေ့နည်းလမ်းများကိုလည်း မျှဝေပို့ချသွားမည်ဖြစ်သည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲများ၏ Media & Communication လုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် အခွင့်အလမ်းများကို အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် Open Discussion & Forum ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ Workshop သို့ M League၊ M League II နှင့် Myanmar Women’s League ပြိုင်ပွဲဝင် ကလပ်အသင်းများမှ Media & Communication တာဝန်ခံများအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ မီဒီယာတာဝန်ရှိသူများ၊ Host Broadcaster၊ Website Development Company နှင့် မီဒီယာနှင့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံများ၊ နည်းလမ်းများနှင့် အမြင်များကို အပြန်အလှန် ဖလှယ်ဆွေးနွေးသွားမည်ဖြစ်သည်။

 /M League Club Licensing Workshop 2026 ကျင်းပပြုလုပ်ပရော်ဖက်ရှင်နယ် ကလပ်အသင်းများ မဖြစ်မနေ ဆောင်ရွက်ရမည့် ကလပ်အသင်းလိုင...
28/09/2026

/M League Club Licensing Workshop 2026 ကျင်းပပြုလုပ်

ပရော်ဖက်ရှင်နယ် ကလပ်အသင်းများ မဖြစ်မနေ ဆောင်ရွက်ရမည့် ကလပ်အသင်းလိုင်စင်နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်က သုဝဏ္ဏ‌ဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ Grand Royal M League 2026-27 ပြိုင်ပွဲဝင်အသင်းများ၊ M League II 2026-27 ပြိုင်ပွဲဝင်အသင်းများနှင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာလိဂ်ကော်မတီဒုတိယဥက္ကဋ္ဌ - ၂ နှင့် အကြံပေး ဦးစိုးမိုးကျော်နှင့် FIB ဥက္ကဋ္ဌ ဦးတင်အောင်(ဂိုး)တို့က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် MFF/ M League Club Licensing Manager ဦးသိန်းသန်းတိုးက လိုင်စင်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များ မေးမြန်းခဲ့သည်။

ဒေါ်သင်းသင်းဝေ (Financial Licensing Officer/ ရန်ကုန်ယူနိုက်တက်)က Financial အပိုင်း၊ ဦးရဲမင်းဝင်း (ရတနာပုံအက်ဖ်စီ)က Marketing & Media Strategy အပိုင်း၊ ဦးသက်ထူးနိုင်ဦး (ရှမ်းယူနိုက်တက်)က Journey From Challenges to Professionalism စသည့် ကဏ္ဍများနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ပရော်ဖက်ရှင်နယ်အသင်းများအနေဖြင့် ကလပ်လိုင်စင်နှင့်ပတ်သက်၍ မဖြစ်မနေ လုပ်ဆောင်ကြရန် M League က တိုက်တွန်းထားသည်။

 #ဟံသာဝတီယူနိုက်တက်အိမ်ကွင်း အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဆွေးနွေး ---------------------------...
28/09/2026

#ဟံသာဝတီယူနိုက်တက်အိမ်ကွင်း အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြဆွေးနွေး
----------------------------
Grand Royal M League 2026-27 ပြိုင်ပွဲဝင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်း၏ အိမ်ကွင်းအဖြစ် Grand Royal ကွင်းအား အသုံးပြုနိုင်ရေးအတွက် မြန်မာလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီဥက္ကဌ ဦးဝင်းသော်နှင့် M League မှတာဝန်ရှိသူများ၊ ဟံသာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးအောင်မိုးကျော်နှင့် ကလပ်အသင်းတာဝန်ရှိသူများသည် ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံ သွားရောက်တင်ပြဆွေးနွေးခဲ့သည်။

ယင်းသို့တင်ပြဆွေးနွေးမှုအတွင်း ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း M League ပွဲစဉ်များ ကျင်းပခြင်းအတွက် ကြိုဆို‌ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်သော လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက မြန်မာ‌လိဂ်၏ ပြောင်းလဲလာသော အခြေအနေနှင့် ယခုနှစ်မြန်မာလိဂ်ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားမှုများအား လည်းကောင်း၊ ဟံသာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်က အိမ်ကွင်းနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ၊ ပွဲစဉ်များအဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ဘောလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လှူဒါန်းသော ဘောလုံး ၁၀၀၊ မြန်မာ့လက်‌ရွေးစင်အသင်းဂျာစီနှင့် မြန်မာလိဂ်အမှတ်တရလက်ဆောင်များကို ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးအောင်မိုးကျော်ကလည်း အသင်းဂျာစီများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

ဟံသာဝတီယူနိုက်တက်၏ Grand Royal ကွင်း အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ဒုတိယပတ်တွင်
ရှမ်းယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

🗲 MATCHDAY FIFA ASEAN Cup™ 2026Myanmar 🇲🇲 (Vs) 🇰🇭 Cambodia 📅 Date - 27 September 2026, ⏳ Time - 4:30 PM (MMT)🏟️ Venue - ...
27/09/2026

🗲 MATCHDAY
FIFA ASEAN Cup™ 2026
Myanmar 🇲🇲 (Vs) 🇰🇭 Cambodia
📅 Date - 27 September 2026,
⏳ Time - 4:30 PM (MMT)
🏟️ Venue - KAI TAK Stadium, Hong Kong

စက်တင်ဘာ ၂၆ ရက်(ယနေ့) ညနေက တောင်ဥက္ကလာ၊ မြသီတာကွင်းတွင် ရန်ကုန်စီးတီးအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ခြေစမ်းကစားခဲ...
26/09/2026

စက်တင်ဘာ ၂၆ ရက်(ယနေ့) ညနေက တောင်ဥက္ကလာ၊ မြသီတာကွင်းတွင် ရန်ကုန်စီးတီးအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ခြေစမ်းကစားခဲ့ကြပြီး တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ FIFA ASEAN ဖလားပြိုင်ပွဲရှိသဖြင့် ခေတ္တရပ်နားထားသည့် Grand Royal M League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-3) ပွဲစဉ်များကို လာမည့် အောက်တိုဘာ ၉ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

(Week-3) တွင် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် Chinland အသင်း၊ဧရာဝတီယူနိုက်အသင်းနှင့် သစ္စာအားမာန်အသင်း( ပုသိမ်၊ ကျောက်တိုင်ကွင်း) ၊ မြဝတီအသင်းနှင့် ရတနာပုံအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း(ပဲခူးမြို့၊ Grand Royal)တို့ အသီးသီး ကစားကြမည်ဖြစ်သည်။


26/09/2026
🇲🇲🆚🇰🇭
26/09/2026

🇲🇲🆚🇰🇭

25/09/2026
ဝင်းနိုင်ထွန်း၊သန်းပိုင်တို့၏ သွင်းဂိုးများဖြင့် အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်းFIFA ASEAN Cup™ 2026......
24/09/2026

ဝင်းနိုင်ထွန်း၊သန်းပိုင်တို့၏ သွင်းဂိုးများဖြင့် အရှေ့
တီမောအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာအသင်း

FIFA ASEAN Cup™ 2026.....................
FULL TIME
Myanmar 🇲🇲 2️⃣-0️⃣ 🇹🇱 Timor-Leste
Win Naing Tun 20'
Than Paing 75'

Address

Thuwana Stadium
Yangon
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

951 577366

Alerts

Be the first to know and let us send you an email when M League posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M League:

Shortcuts

Share

Category