02/09/2026
လက်ရွေးစင် ကစားသမားဘဝမှ အနားယူချင်နေတဲ့ ပါရာဒက်စ်
_________________________
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ လူဆိုးဖြစ်ခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်လူ ပါရာဒက်စ်တစ်ယောက် လက်ရွေးစင် ကစားသမားဘဝမှ အနားယူဖို့ အရိပ်အမြွတ် ဖွင့်ဟလာခဲ့ပါတယ်။
စပိန် ကွင်းလယ်လူ ဂါဗီကို တွန်းထိုးခဲ့တာကြောင့် ပါရာဒက်စ်ကို ၁၀ ပွဲအထိ ပွဲပယ်ချမှတ်ထားတာ ဖြစ်ပြီး အသက်အရွယ်လည်း ရလာပြီ ဖြစ်တာကြောင့် လက်ရွေးစင် ကစားသမားဘဝကို စောစော အနားယူချင်နေတာလည်း ဖြစ်ပါတယ်။
မက်ဆီ ရဲ့ လက်ရွေးစင် ကစားသမားဘဝမှ အနားယူမှုကလည်း ပါရာဒက်စ်ကို ယခုလို အနားယူဖို့ တစ်ထောင့်တစ်နေရာက တွန်းအားပေးနေခဲ့တာ ဖြစ်ပြီး အာဂျင်တီးနား အနေနဲ့ အဓိက အစုအဖွဲ့အချို့ကို လက်လွှတ်လိုက်ရဖို့ ရှိနေပါတယ်။
ပါရာဒက်စ်က " လက်ရွေးစင် အသင်းနဲ့ ဆက်ပူးပေါင်းဖို့က ကျွန်တော့်အတွက် အခုအချိန် အရမ်းခက်ခဲနေပါတယ်၊ ပွဲပယ်ခံထားရတာလည်း ပါသလို မက်ဆီရဲ့ အနားယူမှုလည်း ပါဝင်နေပါတယ်၊ သူမရှိတော့တဲ့နောက် အရင်လို စွမ်းဆောင်နိုင်ဖို့ ကျွန်တော်တို့ အားလုံးအတွက် ခက်ခဲမှာ အမှန်ပါပဲ၊ နည်းပြနဲ့တော့ ကျွန်တော် မပြောဆိုရသေးပါဘူး၊ ဒါပေမယ့် သေချာတဲ့ ဆုံးဖြတ်ချက် ချပြီးရင်တော့ နည်းပြကို သွားပြောမှာပါ " ဆိုပြီး မီဒီယာတွေကို အဖြေပေးသွားခဲ့ပါတယ်။
MyanmarGoal Application ရပါပြီ။
ဘောလုံးဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုရင်း၊ နေ့စဉ်ဘောလုံးသတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ Talk Show များကို ကြည့်ရှုခံစားနိုင်မှာပါ။
MyanmarGoal App Download Link:
https://play.google.com/store/apps/details?id=com.etm.myanmargoal&hl=en
https://myanmargoal.com/download