Yangon United Football Club Fans

Yangon United Football Club Fans Yangon united fan များ၀င်​ရောက်နိုင်ပါသည်

15/03/2022

အားလုံးစောင့်မျှော်နေကြတဲ့ ရန်ကုန်ယူနိုက်တက်ဘောလုံးအကယ်ဒမီကို မကြာခင်မှာဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်!

ရန်ကုန်မြို့ရဲ့အဆင့်မြင့်အားကစားကွင်းကြီးမှာ သူငယ်ချင်းအသစ်တွေလည်းရ ဘောလုံးပညာတွေကိုပါ သင်ကြားနိုင်တဲ့ ဒီသင်တန်းမှာ အသက် ၁၃-၁၈ နှစ်နဲ့ အသက် ၁၂ အောက်ဆိုပြီးသီးခြား သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ Yangon United Sports Complex ကနေပြီးတော့ ကလေးတွေကို ဘေးအန္တရာယ်ကင်းစွာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ပတ်ဝန်းကျင်မှာ သင်ကြားနိုင်ဖို့အတွက် ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

YUFC Academy သင်တန်းမှူးအဖြစ် ဦးတင်မောင်ထွန်းကနေပြီးတော့ ဦးဆောင်သင်ကြားပြသပေးသွားမှာဖြစ်ပြီး အခြားအတွေ့အကြုံတွေရှိတဲ့နည်းပြတွေအပြင် ဧည့်နည်းပြအဖြစ် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းက ကစားသမားတွေနဲ့ပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အချိန် - အပတ်စဉ် စနေနေ့တိုင်း နံနက် ၇ နာရီ မှ ၉ နာရီ

သင်တန်းကြေး - တစ်လလျှင် ၆၀,၀၀၀ ကျပ် (တစ်လ ၄ ရက်) (ဝတ်စုံ ၁ စုံ)

ဒီနေ့ပဲကြိုတင်စာရင်းသွင်းထားလိုက်တော့နော်!

အခုပဲ ၀၉၇၆၅၀၃၇၃၇၀ (သို့) page messenger ကနေပြီးတော့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

Yangon United Football Club Academy will be back in operation soon!

Located at Yangon United Sports Complex, YUFC Academy provides a safe, interactive and fun environment for kids between 13-18 years old and below 12 to better themselves at footballing skills and have fun with new friends at Yangon's premier sports complex!

YUFC Academy will be led by U Tin Maung Tun, Academy Head Coach at YUFC, assisted by experienced coached featuring guest players from Yangon United Football Club.

Time - Every Saturday 7am - 9am

Fees - 60,000ks per month (4 times per month) with 1 free jersey

Contact us and book a place today! Just call us at 09 7650 37370 (or) page messenger.

09/10/2020

“ကျွန်တော်တို့အတူတူ တိုက်ပွဲဝင်ခဲ့ကြတယ်။

အောင်မြင်မှုအသီးအပွင့်တွေကို အတူတူစားသုံးခဲ့ကြတယ်။

ကျရှုံးတဲ့အခါအတူတူ နာကျင်ခံစားခဲ့ကြတယ်။

ရန်ကုန်ယူနိုက်တက်ဆိုတဲ့အသင်းအပေါ်မှာ သစ္စာရှိရှိအားလုံးပေးဆပ်ခဲ့ကြတယ်။

အခု ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်ရောက်လာတဲ့အချိန်မှာလည်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ရင်း မြန်မာနေရှင်နယ်လိဂ်ဖလား ၅ ကြိမ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ၂ ကြိမ်၊ ကွင်းဖွင့်ဖလား ၃ ကြိမ် နဲ့ ရှုံးထွက်ဖလားချန်ပီယံ ၁ ကြိမ် စတဲ့ဆုဖလားတွေ သိမ်းပိုက်ပြီး ကစားသမားဘဝကို အောင်မြင်မှုတွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။”

ရန်အောင်ကျော် (မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင်)

၂၀၀၉ ခုနှစ်မှစတင်ပြီး ၂၀၂၀ ခုနှစ်အထိ ဆယ်စုနှစ်ကျော်အကြာ ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ တိုက်ပွဲဝင်ပြီး အောင်မြင်မှု ဆုဖလားများရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ရန်အောင်ကျော် အား ရန်ကုန်ယူနိုက်တက်အသင်း နှင့် အသင်းပရိသတ်များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။ နောက်လာမည့် အနာဂတ်တွင်လည်း အောင်မြင်သောဘဝကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ထို့အပြင် အသင်းနှင့်အတူ အောင်မြင်မှုများရရှိအောင် စွမ်း‌ဆောင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း ခေါင်းဆောင် ရန်အောင်ကျော် ဝတ်ဆင်ခဲ့သည့် နံပါတ် ၂၅ အား ရန်အောင်ကျော်ကို ဂုဏ်ပြုသည့်အနေဖြင့် အနားပေးသွားမည်ဖြစ်ပါသည်။

We fight together.

We earn the victory together.

We feel together.

We sacrifice for the logo that printed in our hearts.

And it is time to say goodbye to the fans after conquering the 5 times Champions in Myanmar National League, 2 times Champions in General Aung San Shield, Knockout Champions and 3 times Champions in Charity Cup.

𝐘𝐚𝐧 𝐀𝐮𝐧𝐠 𝐊𝐲𝐚𝐰 (𝐅𝐨𝐫𝐦𝐞𝐫 𝐂𝐚𝐩𝐭𝐚𝐢𝐧 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐞𝐚𝐦 & 𝐂𝐚𝐩𝐭𝐚𝐢𝐧 𝐨𝐟 𝐘𝐚𝐧𝐠𝐨𝐧 𝐔𝐧𝐢𝐭𝐞𝐝 𝐅𝐂)

Here is a wish for our Captain as well as the former Captain of the Myanmar National Team. On behalf of Yangon United and hardcore fans of Yangon United, we would like to express our sincere thanks that you have done for the team throughout your professional career making appearances with the team and let the team feel the victory.

Wish your future brighter ahead. Good Luck our Captain Ice.
The iconic number 25 which has been worn by Yangon United Legend Yan Aung Kyaw, is to be retired in honor of Yan Aung Kyaw’s “outstanding contribution” to the club.

09/10/2020
09/10/2020

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သွင်းဂိုး စုစုပေါင်း ၃၉ ဂိုးရရှိခဲ့ပြီး သွင်းဂိုးအများဆုံးရရှိခဲ့သည့် ၅ ဦး ကို ဖော်ပြပေးလိုက်ပါတယ်။

Lions earned 39 goals in total in Myanmar National League 2020. Here's top 5 goal scorers of Yangon United.

09/10/2020

ထူးဖောင်ဒေးရှင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရန်ကုန်မြို့သို့ COVID – 19 လူနာများကို ကုသရန် လာရောက်ကြသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ဆောင်ရွက်ထားရှိသော HTOO Foundation Lodge အတွက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် သောက်ရေသန့် (0.5 လီတာ) ၁၂ လုံးပါ (၁၀၀ ကဒ်) နှင့် Royal D ၁၂ လုံးပါ (၂၅ ကဒ်) လှူဒါန်းသော Yangon United Football Club ကို ထူးဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

25/04/2020
20/04/2020

မင်္ဂလာပါ...

ပျော်ရွှင်စရာမြန်မာနှစ်သစ်ကူးအခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခင်နှစ်တွေနဲ့မတူဘဲ မိမိတို့အိမ်မှာသာ ကျော်ဖြတ်ရတဲ့ သင်္ကြန်ချိန်ခါဖြစ်ခဲ့ပေမယ့် မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာ သင်္ကြန် ပျော်ရွှင်မှု၊ ချစ်ခင်နှစ်သက်မှုတွေကို ဖျောက်ဖျက်လို့မရခဲ့ပါဘူး။ သင်္ကြန်ဆိုတာကတော့
နှစ်ဟောင်း က အညစ်အကြေးတွေကို အတာရေနဲ့အတူ ဆေးကြောပြီး နှစ်သစ်ကူးပြောင်းကြတဲ့အချိန်ကာလကိုခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့နှစ်သစ်ကူးအချိန်အခါမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်များနှင့်တကွ နိုင်ငံသူနိုင်ငံသားအားလုံးပဲ ကိုယ်စိတ်နှလုံးရွှင်ပြုံးချမ်းသာပြီး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ဖြစ်ပေါ်နေချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့ လိုအပ် တဲ့ဆောင်ရွက်ချက်မှုများကို ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေဘောလုံးပွဲတွေကို ပြန်လည်ကြည့်ရှုခံစားနိုင်ဖို့အတွက် ဒီကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ထုတ်ရာမှ အားလုံးနဲ့အတူ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်။ ပရိသတ်တွေရဲ့ လုံခြုံစိတ်ချမှုရှိရေးနဲ့ ကစားသမားများ၊ ဝန်ထမ်းများ၊ ဘောလုံးအသိုင်းအဝိုင်းမှာရှိကြတဲ့သူများရဲ့ ဘေးအန္တရာယ်ကင်းရေးကို အလေးထားလျက် COVID-19 ရောဂါပျံ့နှံ့မှုများကို အားလုံးနဲ့ လက်တွဲပြီး ထိန်းချုပ်သွားမှာဖြစ်တဲ့အပြင် ဘောလုံးပွဲများပြန်လည်သက်ဝင်လာစေဖို့ တစ်ဖက်တစ်လမ်းကနေ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ တွေအားလုံး ပူးပေါင်းဆောင်ရွက်ပြီး ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အတူတကွဖြတ်ကျော်ရင်း နှစ်သစ်မှာ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိကြပါစေ။ ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင်၊ ဥက္ကဌနှင့် အသင်းတာဝန်ရှိသူများက အသင်းရဲ့ ပရိသတ်များ၊ မိသားစုဝင်များ နှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးပြီး ကျန်းမာကြပါစေ​ေကြာင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဦးပြည့်ဖြိုးတေဇ
ဥက္ကဌ
ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း

Dear Beloved Fans, Partners, Staffs, Players and their Families,

Mingalabar! Please accept my warmest wishes and regards on the very special occasion of Thingyan and Myanmar New Year. Unlike ever year, this year celebrations have had to be largely indoor, but it cannot steal from us the spirit of water festival and neither our resilience. Thingyan symbolizes the washing away of the ills and sins of the previous year in preparation for the goodness for the New Year. The goodness of the Myanmar New Year that brings new hope, new happiness and new wellbeing. I take this opportunity to wish all the members of the YUFC community, the well-wishers and friends a very Happy Myanmar New Year.

In the given unprecedented situation with the COVID-19 pandemic, YUFC is taking necessary measures and we are confident that we will beat the pandemic in true YUFC spirit to bring back the joy of football into our lives. As the safety and well-being of our fans, players, staff, and the football community continues to be our primary concern, we will continue to monitor the status of COVID-19 nationally and within our community and keep you up-to-date regarding our plans to reopen for business as usual.
We hope that all our contribution and even compliance to the set rules will help stop the spread of the Virus. Above all it is our hope for the new year to be stronger, healthier and happier for Myanmar that will keep us in good shape and help us achieve victory over the current times. At YUFC our Chairman, Myself and all our Management team shall stay committed to the cause of supporting our fans, family members, and any fellow citizen in every way possible.

Sincerely,

U Pye Phyo Tay Za
President
Yangon United Football Club

YUFC
17/04/2020

YUFC

၁၃၈၂ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ဘေးဘယာဝေးကွာ၍ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြာင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုမွန်ကောင...
17/04/2020

၁၃၈၂ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယမှာ ဘေးဘယာဝေးကွာ၍ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြာင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Wishing everyone safe and a happy Myanmar New Year.

#2020

Address

Hlaing
Yangon
YANGONUNITED

Website

Alerts

Be the first to know and let us send you an email when Yangon United Football Club Fans posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category