29/08/2026
စပါး 0 - 0 နယူးကာဆယ် HT
ရလဒ်က ဂိုးမရှိသရေ၊ ပွဲအနေအထားက ဝိုးခနဲဝါးခနဲ ဖြစ်ရလောက်တဲ့အထိ မမြိုင်ပေမဲ့လည်း မဆိုးပါဘူး၊ လက်ခံပေးလို့ရတဲ့ အနေအထားလို့ ပြောရမယ်။ နှစ်သင်းလုံးက ကွင်းလယ်မှာ Battle ဆိုင်ကြတာများတယ်။
ဒီဇာဘီရဲ့ စပါးကတော့ တိုက်စစ်သွားတဲ့နေရာမှာ ဘယ်ညာ Balance ဖြစ်ပြီး ရင်ဖိုအောင် ကိုင်လှုပ်နိုင်တဲ့ အခိုက်အတန့်လေးတွေရှိခဲ့တယ်။ ကစားပုံကလည်း ပိုပြီးတော့ ကောင်းခဲ့တယ်။
ဒီအတိုင်းဆိုရင် ကြက်ဖကြီးဟာ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေတွေ့နိုင်ခြေ အများကြီး ရှိနေပါတယ်...