26/05/2026
အင်္ဂလန်ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်လုံးမှာ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်သစ်ကို အပိုင်သိမ်းပိုက်အပြီးမှာတော့ ကစားသမားအချင်းချင်း မဲပေးရွေးချယ်တဲ့ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကြီးကလည်း ဘရူနိုကလွဲလို့ အခြားဘယ်သူမှ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်ရှိလို့လာခဲ့ပါပြီ
ဒီဆုကြီးဟာ ပရီးမီးယားလိဂ်က ကစားသမားတွေကိုယ်တိုင် တရားဝင် မဲပေးရွေးချယ်ပေးအပ်တာ ဖြစ်တာကြောင့် တကယ့်ကို ဂုဏ်သိက္ခာကြီးမားလှတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ် ရာသီမကုန်ခင်ကတည်းက ကွင်းတွင်းအင်တာဗျူးတွေမှာ အခုရာသီရဲ့ အကောင်းဆုံးသူရဲကောင်းအဖြစ် ယူနိုက်တက်ရဲ့ ဘရူနိုကိုပဲ တစ်ခဲနက် ထုတ်ဖော်ပြောဆို ချီးကျူးထားခဲ့ကြပြီးပြီ ဖြစ်ပါတယ်
ဒါကြောင့်မို့လို့ ပြိုင်ဘက်တွေဆီက ဝေဖန်တိုက်ခိုက်မှုတွေ ဘယ်လောက်ပဲရှိရှိ စာရင်းအင်းမှတ်တမ်းတွေအရရော ပြိုင်ဘက်ကစားသမားအချင်းချင်းရဲ့ လေးစားအသိအမှတ်ပြုမှုတွေမှာပါ ဘရူနိုက အပြတ်အသတ်သာလွန်သွားခဲ့ပြီ