09/09/2026
Ballon d'Or သမိုင်းမှာ ပထမဆုံးအကြိမ် ကစားသမား ၁၀ ယောက်အထိ စကာတင်စာရင်းဝင်ပြီး သမိုင်းသစ်စိုက်ထူလိုက်တဲ့ PSG
PSG အသင်းဟာ ဒီနှစိ Ballon d'Or ဆုအတွက် နောက်ဆုံးစကာတင် အယောက် ၃၀ စာရင်းမှာ သူတို့ရဲ့ ကစားသမား ၁၀ ယောက်အထိ ပါဝင်လာခဲ့တာကြောင့် Ballon D’Or သမိုင်းမှာ စကာတင်အများဆုံး ပါဝင်နိုင်ခဲ့တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် သမိုင်းသစ် စိုက်ထူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလို မကြုံစဖူး စံချိန်သစ် တင်နိုင်ခဲ့ပေမဲ့လည်း PSG အသင်းနဲ့ နည်းပြဖြစ်သူ လူးဝစ် အန်နရီကေးကတော့ ကစားသမား တစ်ဦးတည်းအတွက် မဲထည့်ပေးဖို့ လှုံ့ဆော်တာမျိုးတွေ လုံးဝပြုလုပ်မှာ မဟုတ်ဘူးလို့ L’Equipe သတင်းဌာနက အတည်ပြုဖော်ပြထားပါတယ်။
ဆုရရှိဖို့ ရေပန်းစားနေတဲ့ စကာတင်စာရင်းထဲမှာ ပီအက်စ်ဂျီ စတားတွေ ဖြစ်တဲ့ အူစမန် ဒမ်ဘီလီ၊ ကဗီချာ ကဗာရာစခီလီယာနဲ့ ဖာဘီယန် ရူးဝဇ် အစရှိတဲ့ အဓိကကစားသမားတွေ ပါဝင်နေတာပါ။