28/08/2026
✨ Advanced Level အတွက် အသုံးဝင်မည့် ယောဂကျင့်စဉ် ၄ မျိုး ✨
ယောဂကျင့်စဉ် အဆင့်မြင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ကြွက်သားသန်မာမှု၊ ဟန်ချက်ညီမှုနှင့် အကြောဆန့်ထုတ်နိုင်မှုတို့သည် ပိုမို အရေးပါလာပါတယ်။
ဒီနေ့မှာတော့ ခန္ဓာကိုယ်အရှေ့ပိုင်းနှင့် လက်မောင်း၊ ပုခုံးစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် Advanced Poses ၄ မျိုး၏ အဓိက အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ် -
၁။ Purvottanasana (Upward Plank Pose)
လက်မောင်းနှင့် ပုခုံးကို သန်မာစေပြီး ဝမ်းဗိုက်လေ့ကျင့်ခန်းများအပြီး အကြောပြန်လျော့ပေးရန် (Counter-load) သင့်တော်သည်။
၂။ Urdhva Hastasana (Upward Salute / Backbend variation)
ရင်ဘတ်နှင့် ပုခုံးများကို ပွင့်ထွက်အောင် ဆန့်ထုတ်ပေးပြီး ခန္ဓာကိုယ်အရှေ့ပိုင်း စွမ်းအင်ကို မြှင့်တင်ပေးသည်။
၃။ Vasisthasana (Side Plank Pose)
လက်မောင်း၊ ပုခုံးနှင့် ကိုယ်ထည် (Core) ကြွက်သားများ၏ ကြံ့ခိုင်မှုကို ပိုမိုအားကောင်းစေသည်။
၄။ Marjariasana (Cat/Cow Flow variation)
အသက်ရှူစနစ်ကို ကောင်းမွန်စေပြီး ထိုင်ရများ၍ ဖြစ်သော ခါးနာခြင်းကို သက်သာစေကာ Posture ကို မတ်မတ်မှန်ကန်စေသည်။