Good Football Idea

  • Home
  • Good Football Idea

Good Football Idea ibet789,555mix,moung556 ,batman688
အကောင့်သစ် ၁၀ % ဘောနပ် ယူနစ်ဖြည့် ၅%
ဘောနပ်

အမ်ဘာပေနဲ့ ဒီအတိုင်းသာ ဆက်သွားရင် ဖလားဆိုတာ ပြတိုက်မှာပဲ သွားကြည့်ရတော့မယ့် ရီးရဲမက်ဒရစ်ပရိသတ်များအားလုံးပဲ မင်္ဂလာပါ။ G...
15/05/2026

အမ်ဘာပေနဲ့ ဒီအတိုင်းသာ ဆက်သွားရင် ဖလားဆိုတာ ပြတိုက်မှာပဲ သွားကြည့်ရတော့မယ့် ရီးရဲမက်ဒရစ်
ပရိသတ်များအားလုံးပဲ မင်္ဂလာပါ။ Good Football Idea ချန်နယ်ကနေ ကြိုဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ အဝတ်လဲခန်းထဲက မီးတောက်တွေဟာ အခုဆိုရင် အာကာသထဲကနေတောင် မြင်ရလောက်တဲ့အထိ ဟုန်းဟုန်းတောက်နေပါပြီ။ အမ်ဘာပေက "ငါက စပိန်တီဗီမကြည့်ဘူး၊ ပြင်သစ်တီဗီပဲ ကြည့်တယ်" ဆိုပြီး ပြောလာခဲ့ပါတယ်။ အမ်ဘာပေရဲ့ ပြောပုံကတော့ တကယ့်ကို ရယ်ရပါတယ်။ "အာဘီလိုအာ ဘာပြောလဲ ငါမသိဘူး၊ ငါ့အိမ်မှာ စပိန်တီဗီ မရှိဘူး" တဲ့။ အဲဒါဆိုရင် ခင်ဗျား ရီးရဲလ်မက်ဒရစ်ကို ဘာလာလုပ်တာလဲ? ပြင်သစ်စာသင်တန်း လာဖွင့်တာလား? မက်ဒရစ်မြို့လယ်ခေါင်မှာ နေပြီး စပိန်တီဗီ မကြည့်ဘူးဆိုတာက "ငါကတော့ နည်းပြပြောတာကို ဖင်ပိတ်ငြင်းမယ်" လို့ ဗြောင်ကျကျ ကြေညာလိုက်တာပါပဲ။
ဒါဟာ အောက်တန်းစား စိတ်ဓာတ်ထက်တောင် ပိုဆိုးပါတယ်။ သူက နည်းပြကို "မလေးစားဘူး" ဆိုတာကို လူပုံအလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တာပါ။ အာဘီလိုအာက သတင်းစာရှင်းလင်းပွဲမှာ ဘယ်လောက်ပဲ အော်အော်၊ အမ်ဘာပေကတော့ အိမ်မှာ ပြင်သစ်ကာတွန်းကားကြည့်ရင်း "ငါမကြားဘူး... ငါမသိဘူး" လို့ လုပ်နေမယ့် မြင်ကွင်းကတော့ တကယ့်ကို ကလေးကလား ဆန်လွန်းလှပါတယ်။ ဘောလုံးအသင်းတစ်သင်း အောင်မြင်ဖို့ဆိုတာ နည်းပြနဲ့ ကစားသမားကြားမှာ နားလည်မှုရှိဖို့ လိုပါတယ်။ အခုတော့ အမ်ဘာပေက "ဆက်သွယ်ရေးလမ်းကြောင်း" ကို သူ့ဘက်ကနေ ဖြတ်တောက်လိုက်ပါပြီ။ နည်းပြက စပိန်လိုပြောရင် သူက ပြင်သစ်လိုပဲ နားထောင်မယ်ဆိုတဲ့ သဘောပါ။
ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ ကောင်မျိုး အသင်းမှာ ရှိနေသရွေ့ ရီးရဲလ်မက်ဒရစ်ဟာ ကွင်းထဲမှာ ၁၁ ယောက် ကစားနေတာ မဟုတ်ဘဲ ၁၀ ယောက်နဲ့ "စူပါစတား" တစ်ယောက် ကစားနေတဲ့ ပုံစံမျိုး ဖြစ်နေမှာပါ။ အသင်းအတွက် ကစားတာထက် ကိုယ့်ရဲ့ မာနကိုပဲ ရှေ့တန်းတင်နေတဲ့ အမ်ဘာပေကြောင့် ရီးရဲလ်ရဲ့ ချန်ပီယံ DNA တွေဟာ အခုဆိုရင် "အောက်တန်းစား DNA" တွေအဖြစ် အစားထိုးခံနေရပါပြီ။ ဒီလို အတ္တကြီးပြီး အသင်းကို ဂရုမစိုက်တဲ့ ကောင်တွေ ရှိနေရင် ရီးရဲလ်အတွက် ဖလားဆိုတာ "အိပ်မက်" ပဲ ဖြစ်နေပါလိမ့်မယ်။ အောင်မြင်မှုတွေဆိုတာ အတိတ်မှာပဲ ကျန်ခဲ့ပြီး၊ အနာဂတ်မှာတော့ ရီးရဲလ်ပရိသတ်တွေဟာ ဖလားတွေကို ကွင်းထဲမှာ မဟုတ်ဘဲ အသင်းပြတိုက်ထဲမှာပဲ သွားကြည့်ရမယ့် ဘဝကို ရောက်သွားမှာပါ။
အမ်ဘာပေကတော့ သူ့ရဲ့ ယူရို သန်းပေါင်းများစွာကို အိတ်ထဲထည့်၊ ပြင်သစ်တီဗီရှေ့မှာ ထိုင်ရင်း "ငါကတော့ အကောင်းဆုံးပဲ" လို့ ထပ်ပြီး ရူးနေဦးမှာပါ။ အသင်းက ရှုံးလို့ မြောင်းထဲရောက်နေတာတောင် သူကတော့ "တီဗီလိုင်း မတူလို့" ဆိုတဲ့ ဆင်ခြေနဲ့ အေးဆေး ဖြစ်နေတာကတော့ တကယ့်ကို အော့နှလုံးနာစရာပါပဲ။ ဟုတ်တယ် မဟုတ်လားခင်ဗျာ

14/05/2026
အယ်ဟီလယ်ကိုသရေကျလို့ ရော်နယ်ဒိုကို လှောင်ပြောင်ချင်တဲ့သူတွေ ဒု-က္ခရောက်ဖို့သာ ပြင်ထားလိုက်တော့ပရိသတ်များအားလုံးပဲ မင်္ဂလ...
13/05/2026

အယ်ဟီလယ်ကိုသရေကျလို့ ရော်နယ်ဒိုကို လှောင်ပြောင်ချင်တဲ့သူတွေ ဒု-က္ခရောက်ဖို့သာ ပြင်ထားလိုက်တော့
ပရိသတ်များအားလုံးပဲ မင်္ဂလာပါ။ Good Football Idea ချန်နယ်ကနေ ကြိုဆိုပါတယ်။
မနေ့ညက အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဘောလုံးလောကရဲ့ ရက်စက်လွန်းတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ ပွဲချိန် ၉၀ ပြည့်လို့ နာကျင်အချိန်ပို နောက်ဆုံးစက္ကန့်အထိ အယ်လ်နာဆာတို့ ပထမပိုင်းက ဆီမာကန်ရဲ့ သွင်းဂိုးနဲ့ ချန်ပီယံဆုကို လက်တစ်ကမ်းအကွာအထိ ဆုပ်ကိုင်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ လှောင်ပြောင်မှုက ၁၀ စက္ကန့်အလို ဂိုးသမားရဲ့ အမှားကနေတစ်ဆင့် ရောက်လာခဲ့ပြီး ချေပဂိုးပြန်ပေးလိုက်ရတာကြောင့် ရော်နယ်ဒိုအတွက်တော့ "နာကျင်အချိန်ပိုမှာ တကယ်ပဲ နာကျင်ခဲ့ရတဲ့" ညတစ်ည ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ တစ်ခုတော့ သတိထားပါ။ အရန်ခုံပေါ်မှာ ကြေကွဲဝမ်းနည်းနေတဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်ဟာ ခဏတာပါပဲ။ သူဟာ အရှုံးကို လက်ခံပြီး ခေါင်းငိုက်စိုက်ချမယ့်သူ မဟုတ်ဘူးဆိုတာကို ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်က သူ့ရဲ့ စာသားတွေက သက်သေပြနေပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့ ကိုယ်ပိုင်တွစ်တာမှာ "အိပ်မက်က နီးကပ်နေပါပြီ။ အားတင်းထားကြပါ။ ငါတို့ နောက်ထပ် တစ်ဆင့်ပဲ ထပ်လှမ်းဖို့ လိုတော့တာပါ" လို့ ရေးသားခဲ့ပါတယ်။ ဒါဟာ သူ့ကို လှောင်ပြောင်နေတဲ့ ဝေဖန်ရေးသမားတွေရဲ့ ပါးစပ်ကို ပိတ်ပစ်ဖို့ ပြင်ဆင်လိုက်တဲ့ "စစ်ကြေညာချက်" ပါပဲ။ ရော်နယ်ဒိုဆိုတာ အဲဒါပါပဲ။ သူဟာ လဲကျသွားတိုင်း အရင်ကထက် ပိုပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ ပြန်ထလာတတ်တဲ့သူပါ။ အခု ဖလားကိုင်မြှောက်ဖို့ကို နောက်ဆုံးပွဲအထိ ခဏလေး ရွှေ့ဆိုင်းလိုက်ရတာဟာ ပိုပြီး ခမ်းနားတဲ့ အောင်ပွဲအတွက် ဇာတ်ရှိန်မြှင့်လိုက်တာလို့ပဲ မြင်ပါတယ်။
အခုအချိန်မှာ ရော်နယ်ဒိုကို ကံဆိုးသူကြီးအဖြစ် လှောင်ပြောင်နေကြသူတွေ၊ "ရော်နယ်ဒို ခေတ်ကုန်ပြီ" လို့ ပြောနေကြသူတွေဟာ တစ်ခုတော့ မေ့နေပုံရပါတယ်။ ရော်နယ်ဒိုဟာ သူ့ကို ဝေဖန်လေလေ၊ ပိုပြီး ပေါက်ကွဲလေလေ ဖြစ်တတ်တဲ့ "မီးတောင်" တစ်လုံးပါ။ သူဟာ အခုပွဲက နာကျင်မှုတွေကို လောင်စာအဖြစ် ပြောင်းလဲပြီး နောက်ဆုံးပွဲမှာ အသည်းပေါက်မတတ် ကစားပြပါလိမ့်မယ်။ သူ့ရဲ့ အသက် ၄၁ နှစ်ဆိုတဲ့ ခန္ဓာကိုယ်ဟာ အသက်အရွယ်အရသာ အိုမင်းချင်ရင် အိုမင်းမယ်၊ သူ့ရဲ့ နိုင်လိုစိတ်ကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ထက်တောင် ပိုပြီး ပြင်းပြနေဆဲပါ။
တကယ်တော့ ကံကြမ္မာက ရော်နယ်ဒိုကို စမ်းသပ်နေတာပါ။ အလွယ်တကူ ရတဲ့ အောင်မြင်မှုထက် ခုလို ခက်ခက်ခဲခဲ ရုန်းကန်ပြီးမှ ရတဲ့ ချန်ပီယံဆုက ပိုပြီး တန်ဖိုးရှိပါတယ်။ နောက်ဆုံးပွဲမှာ ရော်နယ်ဒို ဖလားကိုင်မြှောက်တဲ့အခါမှာ အခု ကြုံခဲ့ရတဲ့ နာကျင်မှုတွေအားလုံးဟာ အောင်ပွဲရဲ့ အရသာကို ပိုပြီး ချိုမြိန်စေမယ့် အရသာတွေ ဖြစ်သွားပါလိမ့်မယ်။ သူဟာ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်သလို၊ သူ့ကို လှောင်ပြောင်သူတွေကိုလည်း သူ့ရဲ့ ခြေထောက်အောက်မှာ နင်းချေပြဖို့ အသင့်ဖြစ်နေပါပြီ။

#

အကောင့်ဖွင့်ကစားမယ်ဆို👇👇Viber / Telegram 09777883359 ဆက်သွယ်လိုက်နော် 😍
16/08/2025

အကောင့်ဖွင့်ကစားမယ်ဆို👇👇

Viber / Telegram

09777883359 ဆက်သွယ်လိုက်နော် 😍

၂၀၁၈ တုန်းကပါ။ ဇာဗီ 🗣 “ဘာစီလိုနာအတွက် ဘယ်လိုမျိုးကစားပေးရမလဲဆိုတာကို မသိတဲ့ ကက်စ်မဲရိုးလို ကွင်းလယ်လူတွေ ရှိပါတယ်”ကက်စ်မ...
03/05/2025

၂၀၁၈ တုန်းကပါ။

ဇာဗီ 🗣 “ဘာစီလိုနာအတွက် ဘယ်လိုမျိုးကစားပေးရမလဲဆိုတာကို မသိတဲ့ ကက်စ်မဲရိုးလို ကွင်းလယ်လူတွေ ရှိပါတယ်”

ကက်စ်မဲရိုး 🗣 “သူ ပြောချင်တာပြောပါစေ၊ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာ ကျနော် ၄ နှစ်ကြာကစားပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၄ ကြိမ်ကစားခဲ့ပြီးပါပြီ”

လာမယ့်ရာသီမှာ လီဂူးကို ပဲရစ်အက်ဖ်စီတို့ တန်းတက်နိုင်ခဲ့ပါပြီ။ ဒီအသင်းက ပဲရစ်မြို့အခြေစိုက်အသင်းဖြစ်လို့ လာမယ့်ရာသီမှာ ပီ...
03/05/2025

လာမယ့်ရာသီမှာ လီဂူးကို ပဲရစ်အက်ဖ်စီတို့ တန်းတက်နိုင်ခဲ့ပါပြီ။ ဒီအသင်းက ပဲရစ်မြို့အခြေစိုက်အသင်းဖြစ်လို့ လာမယ့်ရာသီမှာ ပီအက်စ်ဂျီရဲ့ မြို့ခံပြိုင်ဘက်ဖြစ်လာတော့မှာပါ။

တန်းတက်ပြီးတဲ့နောက် ပဲရစ်အက်ဖ်စီက သူတို့ရဲ့ အိမ်ကွင်းကို ပြောင်းကစားမှာပါ။ ပီအက်စ်ဂျီကွင်းနဲ့ ဘေးချင်းကပ်က ကွင်းကို ပြောင်းရွှေ့ကစားမှာဖြစ်ပြီး အဲဒီကွင်းနှစ်ခုက လမ်းပဲခြားပါတယ်။

ကိုယ့်ကွင်းက အဝတ်လဲခန်း ကိုယ်သုံးလို့ရပါတယ်။ ပွဲစခါနီးမှ လမ်းကူးပြီး သွားကစားရုံပဲမို့ အဆင်ပြေလွန်းပါတယ်။ :D

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ နောက်ထပ်နိုင်ပွဲကို မန်စီးတီးတို့ ရယူနိုင်ခဲ့ပါတယ်။ ဝံပုလွေတွေကို ဒီဘရိုင်းရဲ့ ဂိုးန...
03/05/2025

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ နောက်ထပ်နိုင်ပွဲကို မန်စီးတီးတို့ ရယူနိုင်ခဲ့ပါတယ်။ ဝံပုလွေတွေကို ဒီဘရိုင်းရဲ့ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၃ နေရာအထိ တက်လာခဲ့ပါပြီ။ အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာတော့တဲ့ အနေအထားဖြစ်ပြီး ချန်ပီယံလိဂ်ကြောင့် ဗျာများနေတဲ့ အာဆင်နယ်ရဲ့ အဆင့် ၂နေရာကိုပါ ပစ်မှတ်ထားနိုင်လာပါပြီ။

ဂွါဒီယိုလာရဲ့ အသင်းဟာ ၆ ပွဲဆက်အနိုင်ရခဲ့ပြီး ရာသီနှောင်းပိုင်းမှာ အစွမ်းကုန်တိုက်ပွဲဝင်နေခဲ့တာပါ။ မန်စီးတီးအတွက် နောက်ဆုံးသောပွဲတွေကို ကစားပေးနေတဲ့ အသင်းခေါင်းဆောင်ဒီဘရိုင်းကလည်း အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထားရစ်နိုင်ဖို့ အားထုတ်နေတာပါ။

ခြေစွမ်းပြနေတဲ့ ၀ုလ်ဗ်တို့ မန်စီးတီးဘက်ကို ဂိုးသွင်းနိုင်မယ့် အကောင်းဆုံးအခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးရအောင် မလုပ်နိုင်ခဲ့လို့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

02/05/2025

မဂိုးလို့ အားမလိုအားမရဖြစ်နေပြီး ဂိုးသွားချိန် ပျော်သွားတာလေးက မိုက်ချက်ပဲ။

“နည်းပြနဲ့ ကြံ့ခိုင်ရေးမှူးက ကျနော်လန်းဆန်းသွားအောင် အနားယူဖို့ လိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်ငြင်းခဲ့တယ...
02/05/2025

“နည်းပြနဲ့ ကြံ့ခိုင်ရေးမှူးက ကျနော်လန်းဆန်းသွားအောင် အနားယူဖို့ လိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်ငြင်းခဲ့တယ်၊ ကျနော့်အတွက် အနားယူစရာမလိုအပ်ပါဘူး၊ ကျနော် ေ-သဆုံးချိန်မှပဲ အားရပါးရ အနားယူပစ်လိုက်မယ်”

- ဖာနန်ဒက်စ်

ကက်စ်မဲရိုးရဲ့ သွင်းဂိုးအတွက် မက်ဂွိုင်းယား အားထုတ်ပေးခဲ့တာပါ။ ညာတောင်ပံအထိ တက်ကစားခဲ့ပြီး ဘီလ်ဘာအိုကစားသမားကို ညာဘက်ကထွ...
02/05/2025

ကက်စ်မဲရိုးရဲ့ သွင်းဂိုးအတွက် မက်ဂွိုင်းယား အားထုတ်ပေးခဲ့တာပါ။ ညာတောင်ပံအထိ တက်ကစားခဲ့ပြီး ဘီလ်ဘာအိုကစားသမားကို ညာဘက်ကထွက်ပြလိုက်၊ ဘယ်ဘက်က ပြန်လှည့်လိုက်၊ ညာဘက်ပြန်ထွက်လိုက်လုပ်ပြီး ဧရိယာထဲ ဖြတ်တင်ဘော ပေးပို့ခဲ့တာပါ။ သူ့ရဲ့ ပေးပို့မှုကို ထပ်ဆင့်ခေါင်းတိုက်ချပေးခဲ့ပြီး ကက်စ်မဲရိုးက အနီးကပ်သွင်းယူသွားခဲ့တာပါ။

ဗဟိုခံစစ်မှူးတဦးအနေနဲ့ မက်ဂွိုင်းယားရဲ့ ဒီအားထုတ်မှုက ချီးကျူးဖွယ်ရာဖြစ်ခဲ့ပါတယ်။ လိုင်ယွန်နဲ့ပွဲတုန်းက ကြက်ရေးငှက်ရေးအခြေအနေမှာလည်း သူ တိုက်စစ်မှူးနေရာတက်ကစားပေးပြီး ခေါင်းတိုက်ကာ အဖိုးတန်အနိုင်ဂိုးသွင်းပေးခဲ့တာပါ။ အခုလည်း ဆမ်မာမီးစ်မှာ ယူနိုက်တက်တို့ အနိုင်ရဖို့အတွက် သူ ကူညီပေးနိုင်ခဲ့ပါတယ်။

ခေါင်းကြီး၊ ခေါင်းကြီးဆိုတဲ့ အသံတွေ ပလူပျံနေအောင် ကြားနေရပြန်ပါပြီ။ ယူနိုက်တက်ကနေ ထွက်ရလုနီးပါးဖြစ်ခဲ့တဲ့ ကစားသမားက အခုတော့ အားလုံးရဲ့ ယုံကြည်မှု၊ ချိးကျူးမှုတွေကို ပြန်ရလို့နေပါပြီ။

Address

Latha Street

13562

Telephone

+959750750822

Website

Alerts

Be the first to know and let us send you an email when Good Football Idea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Good Football Idea:

  • Want your business to be the top-listed Gym/sports Facility?

Share