Sdde-A63

Sdde-A63 Vapual Football Club | Founded in 2016 | Yangon ih um Lai mino pawl lek tlangnak hmun "Vapual"

13/03/2025

We all have that one teammate

28/02/2025

𝓥𝓪𝓹𝓾𝓪𝓵 𝓟𝓮𝓭𝓻𝓲 🎩

"My Day" ih kan tarlang cia zo vek in
Pedri cu Vapual ah a ra lek ti cu OFFICIAL a si.

Kan upa Fabarizu Romano nih khal a confirm zo.

ကိုယ်ရောင်ဖျောက်ပြီး ကစားပေးနေခဲ့သော်လည်း ခုချိန်မှာတော့...Vapual အနေနဲ့ ဘယ်လိုမှဖုံးကွယ်လို့မရတော့တာပါ

(နောက်တာ)
*play style တူနေတာကထားလိုက်ပါတော့..
ရုပ်ချင်းပါဆင်နေတာကခက်တယ် 🤣

18/02/2025

အခုလို စကေး video တွေလိုက်,လိုက်တင်နေတာ အလကားမဟုတ်ဘူး။ မုန့်ဖိုးရလို့ပါ(နောက်တာ)

ကျနော့်အနေနဲ့ ဒီက Vapual ကစားသမားတွေဘယ်လောက်ကောင်းကြောင်း, ဘယ်လိုအစွမ်းအစတွေရှိကြောင်း ရေးနေရတာ ဝါသနာမပါတော့ဘူး။

အဲ့အစား သူတို့ကို opportunity ပေးလိုက်တယ်
ခြေစွမ်းပြဖို့က သူတို့အပိုင်းပေါ့
အမိအရ record လုပ်ပြီး ခင်ဗျားတို့ဆီ ပြန်ချပြဖို့က ကျနော့်တာဝန်!

နေမာ ဘာကာရောက်သွားတာ YouTube ပေါ်က သူ့စကေးဗီဒီယိုတွေကြောင့်လို့ ပြောရင်မမှားဘူး

ဘာစီလိုနာ ကင်းထောက်တွေက
ဒီကလေးဟာ ကမ္ဘာ့အဆင့်
ခြေစွမ်းရှိလာမယ့် ကစားသမားလို့
ရှာတွေ့သွားချိန်မှာ ဘာမှမစဉ်းစားဘဲ
မရ ရအောင် ခေါ်ယူစာချုပ်လိုက်တာပါပဲ။

ဒီမှာလည်း အလားတူဇာတ်လမ်းမျိုးမဖြစ်နိုင်ပါဘူးကွာလို့ ဘယ်သူပြောနိုင်လဲ? 🤔

🎞 : Little did we know, it was Jo farewell match.

POV : you are playing for ManU
17/02/2025

POV : you are playing for ManU

12/02/2025

"ဘောလုံးလောကရဲ့ underdog များ"

ဒီ page မှာ Jo အကြောင်းတွေကြီးဘဲကွာ overrated ပလေယာပါကွာဆိုပြီး ခင်ဗျားထင်ကောင်းထင်နိုင်တယ်

တကယ်တော့ Jo က သာဓကလောက်ပါပဲ
သူက ဒီကပလေယာတွေကို ကိုယ်စားပြုတယ်
ဒီထပ်ပိုပြောရရင် ဘောလုံးလောကရဲ့ လူငယ်ခြေတက်တွေကို ကိုယ်စားပြုတယ် (နောက်မှထပ်ရှင်းပြမယ်)

ခင်ဗျား စဉ်းစားကြည့်ဗျာ.. ၂၀၁၄ ချန်ပီယံလိပ်ဖိုင်နယ်လို့ပြောလိုက်တာနဲ့ တော်တော်များများက 94မိနစ် Ramos ခေါင်းတိုက်တာဘဲ ပြေးမြင်ကြလိမ့်မယ်
တချို့ကတော့ အနိုင်ဂိုးစသွင်းတဲ့ Bale header ပေါ့
ဒိုလေးဖန်တွေကျတော့လည်း ucl goat ကြီးပါကွာ စသဖြင့်ပေါ့

၂၀၂၁ မှာ အာဂျင်တီးနားက ကိုပါအမေရိကဖလားရသွားတယ်
၂၀၂၂ ကာတာမှာ ကမ္ဘာ့ဖလားထပ်သိမ်းတယ်
ထုံးစံအတိုင်း မက်ဆီကဘဲ credit တွေရသွားတယ်
မက်ဆီတို့ ဒိုလေးတို့က တကယ့် football icon တွေ
Goat တွေပါ သူတို့က

ဒါနဲ့ ကျနော် ဘာကိုပြောချင်နေတာလဲ
ခင်ဗျားလည်း သတိထားမိနေလောက်ပြီ။
ဟုတ်ပါတယ် ဒီမာရီယာပါ!
The most underrated player 'Angel Dimaria'

အဲ့ ucl final တုန်းက ဒီမာရီယာရဲ့ player rating ဟာ 10 မှာ 9 ထိရှိခဲ့တယ်။ MOTM ပဲသူက! ငဒို ဘင်ဇီမာတို့ဆို အဲ့ပွဲမှာ average လောက်ပဲ
နောက် copa final မှာ တစ်လုံးတည်းသောအနိုင်ဂိုး ဘယ်သူသွင်းခဲ့လဲ?
ဟော dramatic worldcup final 3-3 တုန်းကဂိုးကျတော့ရော?

ဘောလုံးလောကရဲ့ the biggest stage တွေမှာ performance တွေ ဒီလောက်တောင် ကောင်းနေရက်နဲ့ သူ့ခြေစွမ်းနဲ့ ထိုက်တန်တဲ့ credit တွေမရခဲ့တာတော့ အမှန်ပဲ

ဒါနဲ့ ဒီမာရီယာနဲ့ ဂျိုနဲ့က ဘာဆိုင်လိို့လဲ?
ခင်ဗျား မေးခွန်းထုတ်နေလောက်ပြီ
အဲ့မှာ ကျနော်ပြောချင်တဲ့ အပိုင်းလာတော့တာပဲ!

၂၀၁၆ မှာ ကျနော်တို့ Vapual နာမည်နဲ့ ပြိုင်ပွဲစဝင်တယ်။ Group stage မှာ နှစ်ပွဲ ကစားရတယ်။
ဒီမှာ ဒုတိယပွဲကိုပဲ focus ထားပြီးပြောမယ်။

ပထမပွဲမှာ ရှုံးထားတော့ ဒုတိယပွဲက တော်တော်အရေးကြီးသွားတယ်
အဲ့နေ့က Center Back တွေ injury လား ပွဲပန်းတာလား သေချာမမှတ်မိဘူး
မှတ်မိတာ CB ဆော့နိုင်မယ့် ပလေယာမရှိတော့တာ!

ပွဲကလည်း စတော့မယ်
အသင်းက lineup ဆွဲဖို့တိုင်ပတ်နေတုန်း
ဒါနဲ့ စီနီယာအစ်ကိုတွေက အကြံကုန်.. လူငယ်ပလေယာ Jo ကို CB ဆော့ဖို့ ဆုံးဖြတ်ကြတော့တာပဲ

အဲဒါနဲ့ ဂျောင်မှာ ထိုင်နေတဲ့ Jo ကို သွားမေးကြတယ်

"ဒီပွဲ ညီလေး CB ဆော့ရမယ်..
အဆင်ပြေတယ်မလား?"

အစမှာတော့ တွေဝေနေတယ်
ပြီးတော့မှ ချောင်နေတဲ့တစ်ဖက်ဖိနပ်ကြိုးကို သေချာပြန်ချည်ရင်း ဟန်ပါပါ ပြန်ပြောခဲ့တယ်

"ရတယ်လေ.."

ပွဲစဖို့ ကွင်းလယ်ဒိုင်လူကြီးက ဝေစီမှုတ်တယ်
ထင်တဲ့အတိုင်းပဲ ဟိုဘက်အသင်းက ကျနော်တို့ထက်အဆမတန် ပိုကောင်းတယ်
( pro player တွေလည်း ထည့်ကန်နေကြောင်း နောက်မှသိရ)
တစ်ပွဲလုံး ဟိုဘက်သင်းက ကွင်းတဝက်ဖိဆော့တော့တာပဲ..

အေး .. အဲ့နေ့
အဲ့ဒီ့နေ့..
Jo တစ်ကွက်ပြသွားတယ် အားလုံးကို

အဲ့ပွဲဗျာ.. Jo ရဲ့ master class!
တကယ့် master class!!

အဲ့တုန်းက Jo က ၁၇နှစ် junior player..
သူထိန်းဆော့ရတဲ့ ဟိုဘက်သင်းတိုက်စစ်မှူးတွေက ၂၆, ၂၇ အရွယ်တွေ.. ပြောရရင် typical footballer တစ်ယောက်ရဲ့ prime time!

Physical ပိုင်း ယှဉ်လို့မရသလို experience ပိုင်းမှာလည်း အများကြီးကွာဟတယ်
ဒါကို 17-year-old Jo က တစ်ပွဲလုံးထိန်းပြသွားတယ်
Airball defense တွေ , sliding tackle တွေ , passing accuracy တွေ..
အခုထိ မျက်လုံးထဲက မထွက်ဘူး
ကွင်းဘေးကကြည့်နေတဲ့ကျနော်တို့ဆို ဟင်ခနဲ ဟာခနဲဘဲ!

အဲဒီနေ့ Jo သုံးသွားတဲ့ ဝိုက်ဖဲက တစ်ကဒ်ပဲ
အဲဒါက technique!
ဟုတ်တယ် Jo နဲ့ပတ်သက်ပြီးပြောရရင် သူ့ရဲ့ technique ပိုင်းတော့ မပါမဖြစ်ပါပဲ

Pressure တွေလည်း မရှိသလို
career ပွဲရာနဲ့ချီဆော့နှင့်တဲ့ ဝါရင့်လို့တောင် ထင်မှတ်မှားသွားနိုင်တယ်

အဲ့ပွဲသာ Europe ဘက်က scout တစ်ယောက်လာကြည့်ဖြစ်ခဲ့ရင်
ပွဲအပြီးမှာတင် Jo ကို အထုပ်အပိုးတွေပေးပြီး
ရော့ အင့် ငါနဲ့လိုက်စမ်းကွာဆိုပြီး လက်ကမ်းကြိုလောက်တယ်

ဆိုကြပါစို့ဗျာ..
အဲ့နေ့က ပွဲသာ ကျိုက္ကဆံကွင်းမှာ မဟုတ်ဘဲ
ဥရောပဆင်ခြေဖုံး ကွင်းတကွင်းမှာကျင်းပခဲ့တယ်ဆိုပါစို့
ဒါမှမဟုတ် စပိန်မြေပေါ်က ကွင်းတကွင်းပဲ ထားပါတော့

ဂျို့ကံကြမ္မာဟာ ပြောင်းလဲသွားနိုင်တယ်
အနည်းဆုံး lower league အသင်းတစ်သင်းက သတိထားမိလောက်တယ်
Football pyramid တဆင့်ထပ်တဆင့်ဆိုသလို ကမ်းလှမ်းလာနိုင်တယ်
ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး ထိုးဖောက်သွားနိုင်တယ်
ဘယ်သူပြောနိုင်လဲ?

(ဒီလိုပြောလိုက်ရင် အရမ်း overrate လုပ်သလိုတော့ဖြစ်ချင်ဖြစ်နေမယ် ဒါပေမယ့်
Prime Jo ကို မြင်ဖူးတဲ့သူ တော်တော်များများတော့ ဒီ fact ကို သဘောတူပါလိမ့်မယ်)

နောက်ပိုင်းနှစ်တွေမှာတော့ performance တွေကျလာတာတော့မှန်ပေမယ့် technique ပိုင်းမှာတော့ still Jo ပါပဲ
ကိုဗစ်နောက်ပိုင်း Jo ဝိတ်တွေတက်လာခဲ့တယ်
Football passion တွေ ပျောက်လာတယ်
ကွင်းကြီးကန်ဖို့တောင် မနည်းဆွဲခေါ်ရတဲ့အထိပဲ

မသိတဲ့သူတွေကတော့
Vapual မှာ ဘာ impact မှမရှိသလို
အသင်းရဲ့ ဆန်ကုန်မြေလေးပါကွာလို့​တောင် ထင်မှတ်မှားသွားနိုင်တယ်
တကယ်တော့ 2016 era တုန်းက prime Jo ကို မမြင်ကြဖူးလို့ပဲ

ဟော..

ဒီလိုပါပဲ Jo လိုမျိုး underrated လူငယ်ပလေယာတွေ တွေ့ဖူးတယ်

သူတို့နေရာက ကြည့်ပြန်တော့လည်း
Training camp ကောင်းကောင်းရှိမနေခဲ့တာ
Football agent တွေရှားပါးတာ
ထိုက်တန်တဲ့အသိအမှတ်ပြုမှုတွေ မရခဲ့တာ
Opportunity မရှိခဲ့တာ
ဒါတွေ သွား,သွားတွေ့ရတယ်

ဥရောပက ၇နှစ်သားနဲ့ ဒီက ၇နှစ်သားမှာ footballing opportunity က မိုးနဲ့မြေဘဲ!
(ဒါတောင် 'ဘောလုံးကွင်းထဲမှာ ဘောလုံးမကန်ရ' ဆိုင်းဘုတ်အကြောင်းတွေ မပြောသေးဘူးနော်)

အနည်းဆုံး အာဖရိကနဲ့ ယှဉ်ကြည့်မယ်ဗျာ
အာဖရိက,က တောင်အမေရိကပြီးရင် scout တွေ အများဆုံးကျက်စားတဲ့နေရာ!

ဟာ.. black တွေက stamina မှာ the next level လေ..scout တွေလာကြမှာပေါ့ ခင်ဗျားပြောလောက်တယ်
ဘောလုံးမှာ gene, nutrition ဒါတွေက အတိုင်းအတာတစ်ခုအထိတော့ ပါဝင်ပတ်သက်နိုင်ပေမဲ့ opportunity သည်သာ အခရာပါ

အာရှသားတွေက ဘောလုံးညံ့တယ်ဆိုပြီး ခင်ဗျားကြားဖူးမှာပါ
တကယ်တော့ အဲဒါဟာ myth!
ဥပမာဗျာ ပရီးမီးယားလိပ် ဂိုးသွင်းဘုရင် Heung-min Son..
ဥရောပသားမဟုတ်သလို ဂြိုလ်သားလည်းမဟုတ်ပါဘူး

ပြောချင်တာ
ဆွန်တယောက် opportunity ကောင်းကောင်းရခဲ့တယ်,
အာစင်ဝင်းဂါးပြောခဲ့ဖူးသလိုပေါ့-
"ရှစ်နှစ်သားအရွယ်နှစ်ယောက်ကို တူညီတဲ့ training, nutrition, opportunity တွေ ဖန်တီးပေးလိုက်စမ်းပါ
သူတို့ အရွယ်ရောက်လာရင် levelတူ ယှဉ်ဆော့နိုင်မယ်ဆိုတာ အသေအချာပါ.."

ခုနောက်ပိုင်းတော့ football agent တွေလည်း ပေါ်လာပြီ
ထိုင်းတို့ ဗီယက်နမ်တို့မှာ football camp တွေ joinဖို့ opportunity တွေပေါ်လာပြီ
ဒါတွေကို football enthusiast တစ်ယောက်အနေနဲ့ ကြိုဆိုတယ်

နောက်ဆုံးအနေနဲ့ လူငယ်ခြေတက် underrated player တွေလည်း သူတို့နဲ့ ထိုက်တန်တဲ့
opportunity တွေရဖို့ မျှော်လင့်ပေးမိတယ်

ဒီနေ့တော့ ဒီလောက်ပဲ
စာလည်းရှည်သွားတယ်
ဒီထိဖတ်ပေးလို့ ကျေးဇူးပါ.




*စာအရှည်ကြီးတွေမရေးရတာကြာလို့ လက်ပြန်သွေးတဲ့သဘောပါဘဲ*

Forget Chealsea prime Hazard..We once had Vapual prime Jo"Joe in orange..You had to be there "How could one explain how ...
12/02/2025

Forget Chealsea prime Hazard..
We once had Vapual prime Jo

"Joe in orange..
You had to be there "

How could one explain how good this prime Jo was.

Goalkeeper ❌Goatkeeper ✅
12/02/2025

Goalkeeper ❌
Goatkeeper ✅

ပွဲတိုင်း ဂိုးဘဲဖမ်းခိုင်းနေကြသောအခါ..
11/02/2025

ပွဲတိုင်း ဂိုးဘဲဖမ်းခိုင်းနေကြသောအခါ..

10/02/2025

𝑶𝒏𝒆 𝒊𝒏𝒕𝒆𝒏𝒔𝒆 𝒈𝒂𝒎𝒆 🔥

We have seen this before..
10/02/2025

We have seen this before..

𝗗𝗲𝗳𝗶𝗻𝗲 𝗔𝘂𝗿𝗮.
30/01/2025

𝗗𝗲𝗳𝗶𝗻𝗲 𝗔𝘂𝗿𝗮.

Address

A
Ha Long
6515961

Website

Alerts

Be the first to know and let us send you an email when Sdde-A63 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share