12/16/2022
ပြင်သစ်အသင်းမှာ ကစားသမား ၅ ဦး ထူးဆန်းအံ့ဖွယ် ကူးစက်ပိုးကြောင့် နာမကျန်း ဖြစ်နေတယ်လို့ သတင်းတက်လာပါတယ်။ ပြီးခဲ့တဲ့ မော်ရိုကိုနဲ့ပွဲမှာ အဲ့ဒီရောဂါကြောင့် ရာဘီယော့နဲ့ အူပါမီကာနိုတို့ မပါနိုင်ခဲ့ဘူး။
အခု ကူးစက်ပျံ့နှံ့မှုကြောင့် ကိုမန်း၊ ဗာရန်း၊ ကိုနာတေတို့ပါ ဗိုလ်လုပွဲမတိုင်ခင် ၂ ရက်အလိုမှာ ဖျားနာနေကြတယ်လို့သိရပါတယ်။ နောက်တန်းပြဿနာ အဓိကဖြစ်နေတာပါ။ လီဗာပူးနောက်ခံလူ ကိုနာတေဟာ ဗိုလ်လုပွဲလာရာလမ်းကြောင်းမှာ ပြိုင်ဘက်နဲ့ ရင်ဆိုင်ဖြတ်ထုတ်မှု ၂၂ ကြိမ် ၂၁ ကြိမ်အထိ အောင်မြင်ခဲ့သူပါ။
ကံကြမ္မာက အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ထက် မက်ဆီ ကမ္ဘာ့ဖလားရစေချင်တဲ့ မျက်နှာသာပေးနေပြီလားတောင် ထင်မှတ်စရာပါပဲ။ တစ်ကယ်တမ်းမှာလည်း ဒီလိုပြိုင်ပွဲ ဒီလိုဗိုလ်လုပွဲမျိုးဆိုတာ ကံနတ်သမီးပေးချင်တဲ့အသင်းပဲ ရခဲ့တာမဟုတ်ပါလား။