09/07/2026
Yoga ကျင့်ပြီးတဲ့အခါ ရရှိတဲ့ သက်သောင့်သက်သာနဲ့ ပေါ့ပါးမှု... 🌿✨
ဒီခံစားချက်က တခြား ဘာနဲ့မှ လဲလို့မရသလို၊ ဘယ်သူမှလည်း ဖန်တီးပေးလို့ မရပါဘူး။ ကိုယ်တိုင် အချိန်ပေး၊ စိတ်နှစ်ပြီး အားထုတ်ခဲ့တဲ့ "ကြိုးစားမှု" ရဲ့ အသီးအပွင့် စစ်စစ်ပါ✨
ဖျာပေါ်မှာ စက္ကန့်တိုင်း အသက်ရှူရင်း ခန္ဓာကိုယ်နဲ့ စိတ်ကို ထိန်းညှိခဲ့ရသမျှ...
ကျင့်ပြီးသွားချိန်မှာတော့ စိတ်ရော ကိုယ်ပါ အောက်ဆီဂျင် အပြည့်နဲ့ ပေါ့ပါးလန်းဆန်းသွားရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ စိတ်ကျေနပ်မှုပါ အပြည့် ရရှိစေပါတယ်။ 🧘♀️💚
မိမိကိုယ်ကို အချိန်ပေးပြီး ဂရုစိုက်မိတဲ့နေ့တိုင်းဟာ ဘဝရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ 💫