Zawminsoe

Zawminsoe ಈಘಠಲಖೌವಬಬಧನ �

08/31/2022
08/31/2022
08/31/2022
08/31/2022

စစ်ကောင်စီလက်ထက် နိုင်ငံရေးအကျဉ်းသူတွေ စံချိန်တင် ဖမ်းဆီးခံနေရ

ရန်ကုန် ၊ သြဂုတ် (၂၈)

နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုလက်ထက်မှာ နိုင်ငံရေးအကျဉ်းသူတွေ စံချိန်တင် ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

AAPP ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် သြဂုတ် ၂၇ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃၁၀၀ ကျော်ထိ ရှိတယ်လို့ ဆိုထားပါတယ်။ အဲဒီထဲမှာ အမျိုးသမီး ၂၄၀၀ ကျော်ဟာ ဆက်လက်ဖမ်းဆီးခံထားရပြီး ၇၀၀ ကျော်ကတော့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ အရင်အာဏာသိမ်းမှုဖြစ်စဉ်တွေထက် ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

“အခုလက်ရှိ ဒီစစ်အုပ်စုကို တော်လှန်နေကြတာသည် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူအားလုံးက တော်လှန်နေတာ ဖြစ်သလို အမျိုးသမီးတော်လှန်ရေးအင်အားစုတွေကလည်း တော်တော်လေးကို များလာတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့ အခုလက်ရှိ အကျဉ်းထောင်တွေထဲမှာလည်း ကျွန်တော်တို့ ဆီက ကိန်းဂဏန်းအချက်အလက်တွေအရ အရင်ခေတ်ကာလတွေထက် အမျိုးသမီးအကျဉ်းသူတွေ ပိုပြီးတော့ များပြားလာတယ်လို့ ကျွန်တော်တို့ တွေ့နေရပါတယ်ဗျ”လို့ သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အလွှာပေါင်းစုံက အမျိုးသမီးတွေ ပါဝင်လာကြပါတယ်။

ဒါ့အပြင် ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အခြားဌာနဆိုင်ရာမှာရှိတဲ့ အမျိုးသမီး နိုင်ငံဝန်ထမ်းတွေလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး နန်းမို့မို့ကတော့ စစ်အုပ်စုလက်ထက်မှာ အမျိုးသမီးတွေ ပိုမို ဖမ်းဆီးခံလာရသလို အဆိုးအဆုံးကတော့ ဓါးစားခံအဖြစ် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာတယ်လို့ ပြောပါတယ်။

“ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့အခါမှာ အမျိုးသမီးတွေအများကြီးကို ဖမ်းတာ ရှိတယ်။CDM မှာ ပါဝင်တဲ့ အမျိုးသမီးတွေ၊ PDF တွေနဲ့ ပါဝင်ပတ်သက်တဲ့ အမျိုးသမီးတွေကိုလည်း အများကြီး ဖမ်းနေတာ တွေ့ရတယ်။ပြီးတော့ အမျိုးသမီးလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးဂျာနယ်လစ်တွေကို ဦးတည်ပြီး ဖမ်းဆီးနေတာလည်း တွေ့ရတယ်။ နောက်တစ်ခု အမျိုးသားဖြစ်ဖြစ် မိသားစုထဲက သားယောင်္ကျားလေးဖြစ်ဖြစ်PDF တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး အိမ်တွေမှာ လာစစ်ဆေးတဲ့အခါ တကယ်လို့ အဲဒီအမျိုးသားတွေကို မတွေ့ရင် အိမ်မှာ ကျန်ခဲ့တဲ့ မိခင်၊အမျိုးသမီး၊ ညီမတွေ၊အစ်မတွေကို ဖမ်းဆီးတာတွေ ရှိတယ်”လို့ သူက ဆိုပါတယ်။

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွေ၊ အချုပ်ထောင်၊အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးတွေအပေါ် ညှင်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အခြေခံလူ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်းမှာ ဆန္ဒပြပွဲတစ်ခုကနေ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးစခန်းကနေ အင်းစိန်အချုပ်ထောင်မှာ ၆ လအထိ အကျဉ်းကျခံခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းသူတစ်ဦးကတော့ အကျဉ်းထောင်ထဲ လူ့အခွင့်အရေး ချိူးဖောက်မှုဟာ ပြောပြမတက်အောင် ဆိုးဝါးနေတယ်လို့ ပြောပါတယ်။

“တစ်ချို့ဟာတွေကျတော့ စကားလုံးနဲ့တောင်မှ မပြောတတ်တဲ့ ဟာမျိုးပေါ့။အထူးသဖြင့် ဘယ်လိုအရာမျိုးဆိုတော့ ကျွန်တော်တို့ တွေ ရုံးထုတ်တယ်ဆို သူတို့တွေက စစ်ဆေးတယ်ဆိုပြီး ပြောတဲ့စကားအရ စမ်းတာပေါ့။မိန်းကလေးဆိုရင် ထောင်ဝန်ထမ်းအမျိုးသမီးတွေက အတွင်းခံထဲတွေကအစ လက်ထည့်ပြီး စမ်းတာမျိုးပေါ့။အတွင်းခံကို ဆွဲလိုက်ပြီး အတွင်းခံ ခံထားပေမယ့် သူတို့လက်က အတွင်းခံခွက်ထဲကို နှိုက်တာမျိုးပေါ့။ကျွန်တော်တို့က အမှန်အတိုင်းပြောရရင် အဲဒီလိုမျိုးတွေ မကြိုက်ဘူး။မကြိုက်ပေမယ့် သူတို့ကတော့ စည်းကမ်းအရ တာဝန်အရ ဆိုတာမျိုး ပြောတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လူ့အခွင့်အရေးတက်ကြွသူတွေနဲ့ အမျိုးသမီးအရေးလုပ်ဆောင်သူတွေကတော့ စစ်အာဏာရှင်အဆက်ဆက်မှာ အကျဉ်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ ပေးတာမရှိခဲ့သလို စစ်ကောင်စီလက်ထက်မှာတော့ အမျိုးသမီးအကျဉ်းသူတွေအပေါ် ပိုပြီး ညှင်းပန်းနှိပ်စက်တာတွေ ရှိလာတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲတစ်ခုမှာ အဖမ်းခံရပြီး ၅၀၅ (က) နဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ၇ လလောက် အမှုရင်ဆိုင်ရင်း လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် အကျဉ်းသူတစ်ဦးကလည်း ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ ဆေးဝါးခံယူမှုကလည်း ဖျားလည်း ဒီဆေးပါပဲ။အစာအိမ်ဖြစ်လည်း ဒီဆေးပဲ၊ တစ်ခုခုဖြစ်ရင် ကျွန်မတို့က ကြိုတောင် သိနေတယ်၊ နောက်ပိုင်း ဒီဆေးပဲ ရှိပါတယ်။ပြီးတော့ ကျွန်မတို့ ရဲဘော်တွေ တစ်ခုခုဖြစ်လို့ ဆေးရုံတက်ချင်တယ်၊ တစ်ခုခု လိုအပ်လာပြီဆိုလို့ရှိရင် သူတို့က (ထောင်ဝန်ထမ်း) တင်ပြပါဦးမယ်၊တင်ပြပါဦးမယ်ဆိုပြီးတော့မှ တင်ပြတာတွေက အခုကျွန်မထွက်လာမှဆိုရင် အသက်ဆုံးရှုံးမှုတွေတောင် ဖြစ်တဲ့အနေအထားမှာ ရှိပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတွေဟာ အခြေခံလူ့အခွင့်အရေးတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ဆေးဝါးစောင့်ရှောက်မှုတွေ အပြည့်အဝ ပေးရမှာ ဖြစ်ပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ မပြုလုပ်ရဘူးလို့ ပြဌာန်းထားတယ်လို့ ပြောပါတ်။

ဒါပေမယ့် အကျဉ်းထောင်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်မဟုတ်ဘဲ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ တာဝန်ယူစိတ်အပေါ် အခြေခံတယ်လို့ မှတ်ချက်ပြုပါတယ်။

“တကယ် လက်တွေ့ ဆောင်ရွက်တဲ့အခါမှာ ဆေးဝါးဆို ဆေးဝါးမရဘူး၊ဆေးတစ်မျိုးတည်းပဲ ရတယ်၊ဆေးဝါးပြည့်ပြည့် စုံစုံမရဘူး။တစ်ချို့လည်းပဲ ဖျားနာနေသည့်တိုင်အောင် ဆေးကုသမှု မခံယူရဘူးဆိုတာ ကြားရတယ်။ဒီတော့ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်မဟုတ်ဘဲနဲ့ သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှာ တာဝန်ယူဆောင်ရွက်ရတဲ့ အကျဉ်းထောင် အာဏာပိုင်တွေ တစ်ဦးချင်းစီရဲ့ တာဝန်သိစိတ် တာဝန်ယူစိတ်ပေါ်မှာ အခြေခံပြီးတော့မှ ဒီပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ သုံးသပ်လို့ ရတယ်”လို့ သူက ထောက်ပြပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်အတွင်း ဥပဒေမဲ့ လုပ်ရပ်တွေ၊ နှိပ်စက်ညှင်းပန်းတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေနဲ့ ထိပါးနှောင့်ယှက်တာတွေဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ မတည်ငြိမ်မှုနဲ့ ဥပဒေကို ကိုင်တွယ်ရတဲ့သူတွေကိုယ်တိုင် လေးစားလိုက်နာမှု အားနည်းတဲ့အခြေအနေကြောင့်လို့ သုံးသပ်တာပါ။

အမျိုးသမီးအရေး လှုပ်ရှားသူတွေကတော့ စစ်အုပ်စုအနေနဲ့ ကျူးလွန်းထားတဲ့ ပြစ်မှုတွေအတွက် တချိန်ချိန်မှာ အပြစ်ပေး အရေးယူတွေကို မဖြစ်မနေ ခံယူရမယ်လို့ ဆိုကြပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း အကျဉ်းထောင်ထဲ ရောက်နေကြတဲ့ အမျိုးသမီးတွေရှိသလို တစ်ဖက်မှာလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေလည်း အများအပြား ရှိနေပါတယ်။

အမျိုးသမီးပြောက်ကျားတပ်ဖွဲ့တွေ၊ အမျိုးသမီး စစ်ရေးနည်းပြတွေ၊ အမျိုးသမီးရဲဘော်တွေအပါအဝင် ထောက်ပို့တပ်သား အမျိုးသမီးတွေဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအပြင် လူ့အခွင့်အရေး၊ ကျားမတန်းတူမှုနဲ့ ဖိုဝါဒအမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ပုံစာ - စစ်ကောင်စီတပ်က ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးကိုးဦးကို ဖမ်းဆီးခဲ့သည်။

08/31/2022

သထုံ မြသပိတ်တောင်မှာ အသတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်း တွေ့ရှိ

သထုံ ၊ သြဂုတ် (၃၀)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြသပိတ်တောင်ရှိ ဝါးရုံအတွင်း အသတ်ခံထားရတဲ့ အမျိုးသမီး တစ်ဦးရဲ့ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြသပိတ်တောင်တောထဲ မျှစ်ချိုးသွားသူတစ်ဦးက ပုတ်ပွသေဆုံးနေတဲ့ အမျိုးသမီးအလောင်း တစ်ခု တွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင် တာဝန်ရှိသူတွေကို အကြောင်းကြားလာတာကြောင့် သွားရောက်ကြည့်ရှု့စဉ် အသတ်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

သေဆုံးသူဟာ အသက် ၂၀ နှစ်အရွယ်ရှိ မမေသင်္ကြန်ဦး ဖြစ်ပြီး သထုံမြို့နယ် သိမ်ကုန်းရပ်ကွက်၊ ဘူတာလမ်းမှာ နေသူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူကို ပြန်လည်တွေ့ရှိချိန်မှာ ခန္ဓာကိုယ်ပုတ်ပွနေပြီး ဘယ်ဘက်ပေါင်မှာ ၄ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားပြီး အမျိုးသမီးအင်္ဂါနဲ့ ရင်သားတွေမှာတော့ အဝတ်စလစ် ဖြစ်နေပါတယ်။

ဒေသခံတွေကတော့ သေဆုံးသွားတဲ့ မမေသင်္ကြန်ဦးဟာ မသေဆုံးမီ အဓ္ဓမ ကျင့်ခံထားရတဲ့ အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေက သွားရောက်သယ်ဆောင်ခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ဘာကြောင့် သေဆုံးခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

သထုံမြသပိတ်တောင်မှာ မြို့တွင်းက သမီးရည်းစားစုံတွဲတွေ၊ အလှဓါတ်ပုံရိုက်သူတွေနဲ့ လေ့ကျင့်ခန့်လုပ်သူတွေ သွားလာတတ်လေ့ရှိပြီး မကြာခဏဆိုသလို ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ လုယက်ခံနေရတာ ဖြစ်ပါတယ်။

သထုံမြို့အတွင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လူနေအိမ်တွေမှာလည်း မကြာခဏ ဝင်ရောက်ခိုးယူခံရတာ၊ လမ်းပေါ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေ ခိုးယူခံရတာ၊ လမ်းမအလယ်မှာ လုယက်ခံရတာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

သတင်း - သံလွင်တိုင်းမ်

08/31/2022

ഇ ലവ് യൂ

08/31/2022
08/31/2022

Address

Bristow, VA
20136

Opening Hours

Monday 11am - 8pm
Tuesday 8am - 8pm
Wednesday 8am - 8pm
Thursday 8am - 8pm
Friday 8am - 8pm
Saturday 9am - 12pm
Sunday 8am - 5pm

Website

Alerts

Be the first to know and let us send you an email when Zawminsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share