02/08/2026
အက်သလက်တီကိုမက်ဒရစ်ပွဲအပြီး ရှီးလေစီရဲ့အနာဂတ်နဲ့ ပွဲဦးထွက်လာခဲ့တဲ့ဂျေဂျေဂါဘရီရယ်ရဲ့စွမ်းဆောင်ရည်
✅ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရိုဆင်ဘော့ကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့အပြီး တစ်ပတ်အကြာ စတော့ဟုမ်းမှာ ကစားခဲ့တဲ့ ရာသီကြို ဒုတိယမြောက် ခြေစမ်းပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂-၁ ဂိုးနဲ့ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ ပွဲစလို့ ၅ မိနစ်မှာပဲ အာနောအောတစ် (Arnau Ortiz) ရဲ့ ဂိုးနဲ့ အက်သလက်တီကိုတို့ ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှာ ဘရိုင်ယန် အမ်ဘူမိုက ၂ ဂိုး သွင်းယူပေးခဲ့တာကြောင့် နည်းပြ မိုက်ကယ်ကားရစ်ရဲ့ အသင်း ရာသီကြို ဒုတိယမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
The Athletic သတင်းဌာနရဲ့ဂျာနယ်လစ်ဖြစ်သူ Cerys Jones ရဲ့ဆောင်းပါးအားဆီလျော်အောင်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
-
-
-
❌ မန်ယူနေ့စဉ်စာမျက်နှာ၏ဆောင်းပါးများကို credit မပေးဘဲပြန်လည်ကူးယူဖော်ပြခြင်းများအားခွင့်မပြုပါ။ ❌
-
-
ပို့စ်ကို like & share လုပ်ပြီး Page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညီအကိုတို့ကိုတောင်းဆိုချင်ပါတယ်ဗျ။
-
-
မန်ယူနေ့စဉ်ကိုအားပေးလိုတဲ့ယူနိုက်တက်ပရိတ်သတ်ညီအကိုမောင်နှမတွေအနေနဲ့ Page ကို Subscribe လုပ်ပြီးအားဖြည့်ပေးနိုင်ပါတယ်ဗျ။
#မန်ယူနေ့စဥ်
⭐ ဒီရာသီမှာ ရှီးလေစီအတွက် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ❓
✅ ပြီးခဲ့တဲ့ရာသီ အာဖရိကဖလား ပြိုင်ပွဲကျင်းပစဉ်က အာမက်ဒိုင်ယာလိုနဲ့ အမ်ဘူမိုတို့ မရှိချိန်မှာ လူငယ်ကစားသမား ရှီးလေစီဟာ အသင်းကြီးမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ နိုဝင်ဘာလကုန်မှ ဇန်နဝါရီလဆန်းအထိ အသင်းကြီး လူစာရင်းမှာ ၁၀ ကြိမ် ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အရန်ခုံကနေ၂ ကြိမ် ဝင်ကစားခဲ့ရသလို ဘရိုက်တန်နဲ့ FA Cup ပွဲမှာလည်းကစားချိန်ရရှိခဲ့ပါတယ်။
✅ အဆိုပါ ဘရိုက်တန်ပွဲမှာ ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် မျက်ရည်တွေနဲ့ပွဲပြီးခဲ့ရသော်လည်း၊ အမြန်နှုန်း၊ နည်းဗျူဟာပိုင်းနဲ့ ကြံ့ခိုင်မှုတွေကို ပြသနိုင်ခဲ့တဲ့ လေစီရဲ့ ပွဲဦးထွက်ရာသီဟာ နှမြောစရာကောင်းစွာ ပြီးဆုံးခဲ့ရပါတယ်။ သို့သော် စတော့ဟုမ်းမှာတော့ အသက် ၁၉ နှစ်အရွယ် အကယ်ဒမီကြယ်ပွင့်ရဲ့ ပါရမီကို အခိုင်အမာ ပြသသွားနိုင်ခဲ့ပါတယ်။
✅ အမ်ဘူမိုရဲ့ အနောက် ကွင်းလယ်တိုက်စစ်နေရာမှာ ကစားခဲ့တဲ့ လေစီဟာ ပထမပိုင်းမှာ ယူနိုက်တက်ရဲ့ အတောက်ပဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သေးငယ်တဲ့ ခန္ဓာကိုယ်ရှိသော်လည်း သူ့ရဲ့အမြန်နှုန်းကို အသုံးချပြီး ပြိုင်ဘက် ခံစစ်မှူးတွေကို ကျော်ဖြတ်ကာ နေရာလွတ်ရှာခြင်း၊ တိုက်စစ်ဆင်ခြင်းတွေကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ညာခြေအပြင်ဘက်နဲ့ ဘောလုံးတို့ကာ ခံစစ်မှူးတွေကို ကျော်ဖြတ်ပြီး အမ်ဘူမိုအတွက် ဖြတ်တင်ဘော ပို့ပေးခဲ့တဲ့ လှုပ်ရှားမှုမှာ အလွန်ကောင်းတာတွေ့ခဲ့ရပါတယ်။
✅ ဒုတိယပိုင်းအစမှာလည်း ၎င်း၏ လျင်မြန်တဲ့ခြေအနှုတ်အသိမ်းကြောင့်ပဲ ပင်နယ်တီ ရရှိခဲ့တာဖြစ်ပြီး မိနစ် ၇၃ မှာ အပြောင်းအလဲ မလုပ်မီအထိ အကောင်းဆုံး စွမ်းဆောင်သွားခဲ့ပါတယ်။
⭐ယူနိုက်တက် ဘာလုပ်သင့်သလဲ❓
✅ လေစီအကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ နေရာဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ရဲ့ ပုံမှန်နေရာ ဖြစ်နေတာကြောင့် အသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲနိုင်ပါတယ်။ ညာတောင်ပံမှာလည်း အမ်ဘူမိုနဲ့ အာမက်တို့လို ကစားသမားတွေ ရှိနေပါတယ်။
✅ ၎င်းအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်စေဖို့နဲ့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ အခြားအသင်းသို့ အငှားထွက်ကစားနိုင်သလို၊ U-21 အသင်းမှာ ဆက်လက်ကစားရင်း အသင်းကြီးဆီ လာရောက်ပူးပေါင်းခွင့်ကိုလည်း စောင့်ဆိုင်းနိုင်ပါတယ်။ ဒီရာသီဟာ ပွဲစဉ်များပြားမဲ့ရာသီဖြစ်တာကြောင့် ရာသီကြိုမှာ ခြေစွမ်းပြထားတဲ့ လေစီကို နည်းပြ ကားရစ်အနေနဲ့ အသင်းမှာပဲ ဆက်ထိန်းထားချင်မှာ သေချာပါတယ်။
⭐ အမ်ဘူမိုရဲ့ စွမ်းဆောင်ရည်
✅ ပွဲစလို့ ၆ မိနစ်မှာပဲ အက်သလက်တီကိုအသင်း အဝေးတိုင်သို့ ဖြတ်တင်လိုက်တဲ့ ဘောလုံးက ဂိုးထဲ တိုက်ရိုက်ဝင်သွားခဲ့တာကြောင့် ယူနိုက်တက်တို့ ပွဲကို အသည်းအသန် ပြန်လည်လိုက်ကစားခဲ့ရပါတယ်။ ယူနိုက်တက် တိုက်စစ်တန်းဟာ အခွင့်အရေးအချို့ ဖန်တီးပြီး ၈ ကြိမ်အထိ ဂိုးကန်သွင်းခွင့်ရခဲ့သော်လည်းဗဟိုတိုက်စစ်မှူးစစ်စစ် မရှိတာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဂျော့ရှူဝါ ဇာခ်ဇီး အရန်ခုံမှာ ရှိနေချိန် အမ်ဘူမို က ဦးဆောင်ကစားခဲ့ရသော်လည်း အခွင့်အရေးရဖို့ ခက်ခဲခဲ့ပါတယ်။
✅ အက်သလက်တီကို ခံစစ်ကအတော်လေးကျစ်လစ်နေတာကြောင့် အန်ဒရီဆန်းတိုးစ်၊ မေဆန်မောင့်နဲ့ လေစီတို့ဟာဘောလုံးရဖို့ ကြိုးစားစဉ်မှာပဲ ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့ အမ်ဘူမို အတွက် ပိုမိုအဆင်ပြေခဲ့ပါတယ်။ လေစီကြောင့်ပင်နယ်တီ ရရှိခဲ့ရာမှတစ်ဆင့် အမ်ဘူမို က ဂိုးသမားကို လှည့်စားကာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၂၀ အကြာမှာတော့ အရန်ကစားသမား ဂျက်ဖလက်ချာရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် အမ်ဘူမို က ပွဲစဉ်ရဲ့ အနိုင်ဂိုးကို အေးဆေးစွာ သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပိုင်းမှာတော့ အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ရာသီကြို ဂိုးစာရင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
⭐ အသက် ၁၅ နှစ်အရွယ်ဂျေဂျေဂါဘရီရယ်ရဲ့ ပထမဦးဆုံး အသင်းကြီး ပွဲဦးထွက် စွမ်းဆောင်ရည်
✅ အသက် ၁၅ နှစ်အရွယ်မှာတင် အသင်းကြီး ပွဲဦးထွက်အတွက်စောင့်ဆိုင်းခဲ့ရသည်လို့ပြောရမလောက်အောင်ဂါဘရီရယ် ဝင်လာချိန် စတော့ဟုမ်းက ပရိသတ်တွေရဲ့ ကြိုဆိုမှုဟာ အလွန်အားကောင်းခဲ့ပါတယ်။လူငယ်ကြယ်ပွင့်လေးဟာ ၈၂ မိနစ်မှာ လူစားဝင်ရောက်လာခဲ့ပြီး ပထမဦးဆုံး ဘောလုံးရရှိချိန်မှာပဲ ပြိုင်ဘက် ခံစစ်မှူးရဲ့ ဖိအားပေးမှုကို ခံခဲ့ရပြီး ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။ ဒုတိယမြောက် လှုပ်ရှားမှုအဖြစ် ညာတောင်ပံစည်းဘေးမှာ သေသပ်စွာ ဘောလုံးထိန်းချုပ်ကာ ရှေ့သို့ ဆွဲထွက်ပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးသံကို ရရှိခဲ့ပါတယ်။
✅ ဧရိယာအတွင်း ပထမဆုံး တိုးဝင်မှုမှာ ဘောလုံးငြိသွားခဲ့တာကြောင့် ဂိုးကန်သွင်းမှု ပိတ်ဆို့ခံခဲ့ရသလို၊ ဒုတိယအကြိမ် လန်နီယိုရိုနဲ့ အတွဲညီညီ တိုးဝင်မှုမှာတော့ ပြိုင်ဘက်၏ တားဆီးခြင်းကို ခံခဲ့ရပေမဲ့ ၄င်းအနေနဲ့ ပင်နယ်တီတောင်းခံမှု မပြုလုပ်ခဲ့ပါဘူး။
✅ ကောင်းမွန်တဲ့ နည်းဗျူဟာစွမ်းရည်၊ အမြန်နှုန်းတို့ ရှိသော်လည်း ၁ ယောက်ချင်း ခံစစ်ကစားရာမှာ အားနည်းမှုရှိပြီး အသင်းကြီးအဆင့်မှာ ရင်ဆိုင်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ထပ်မံဖွံ့ဖြိုးဖို့ လိုအပ်နေပါသေးတယ်။ သို့ပေမဲ့ ပရိသတ် ၂၅,၁၃၂ ယောက် ရှေ့မှာ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး မန်ချက်စတာယူနိုက်တက် အသင်းကြီးအတွက် ဝင်ရောက်ကစားပေးသွားခဲ့တာကတော့ အထူးခြားဆုံး ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။