Man U Body Tonight

Man U Body Tonight About Manchester United

ညီမလေးကို ချစ်တယ်ညီမလေးကို ဖူးဖူးမှုတ် ထားချင်တယ်။မောင်ခန့်မြေ ( ထီလာ ) ၏ ကဗျာ တပုဒ်မှ
11/06/2026

ညီမလေးကို ချစ်တယ်
ညီမလေးကို ဖူးဖူးမှုတ် ထားချင်တယ်။

မောင်ခန့်မြေ ( ထီလာ ) ၏ ကဗျာ တပုဒ်မှ

‎နာမည်ကြီး အင်္ဂလန် ဒီတခါ ဘာကြောင့် ထမင်းငတ်နိုင်သလဲ။‎‎Premier League ဟာ တကမ္ဘာလုံးကို လွှမ်းမိုးထားတာကြောင့် Premier Le...
10/06/2026

‎နာမည်ကြီး အင်္ဂလန် ဒီတခါ ဘာကြောင့် ထမင်းငတ်နိုင်သလဲ။

‎Premier League ဟာ တကမ္ဘာလုံးကို လွှမ်းမိုးထားတာကြောင့် Premier League မှာပဲ ကစားသမားတွေ အများအပြားပါဝင်တဲ့ England အသင်းဟာလဲ လူကြိုက်များပါတယ်။

‎ပြိုင်ပွဲတွေ မစခင်ဆိုရင်လဲ England ဟာ အမြဲရေပန်းစားပေမယ့် တကယ်လည်းကန်ကြရော အဖျားရှူးသွားကြတာ များပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဆောက်ဂိတ်နဲ့ ကာလတလျှောက်မှာတော့ ပြိုင်ပွဲကြီးတွေမှာ ဆီမီးထိရောက်တာ၊ ဖိုင်နယ်တက်တာတွေ ရှိခဲ့ပါတယ်။

‎ဒါကြောင့်မို့လဲ အင်္ဂလန်အသင်းဟာ အားကောင်းနေတဲ့ ကစားသမားအစုအဖွဲ့ကို ဖလားတွေယူပေးနိုင်ဖို့ ရည်ရွယ်ပီး တူချယ်ကို ခန့်ခဲ့တာပါ။ စစချင်း ဆောက်နဲ့ထွင်းဆိုသလို တူချယ်ရဲ့ လူရွေးချယ်ပုံမှာတင် အုတ်အော်သောင်းနင်း စဖြစ်တာပါပဲ။ ပါသင့်တဲ့ကစားသမားအချို့ကို မရွေးတာတို့ မပါသင့်တော့တဲ့သူအချို့ကို ရွေးတာတို့ပါ။ ဒါပေမယ့် ဒါဟာ နည်းပြရဲ့ လုပ်ပိုင်ခွင့် နဲ့ ဆုံးဖြတ်ချက်ပါပဲ။

‎ကစားသမားတွေရဲ့ နာမည်အရရော ခြေစွမ်းအရပါ တခြားနိုင်ငံအသင်းတွေထက် မသာတောင် မနိမ့်တဲ့ အခြေအနေမှာ ရှိနေပေမယ့် England အတွက် စိုးရိမ်ရမယ့် အခြေအနေတခုလဲ ရှိနေပါတယ်။ ဒါကတော့ ပူပြင်းလွန်းတဲ့ ရာသီဥတု အခြေအနေပါ။

‎Premier League မှာ ကစား‌နေကျအပူချိန်ထက် ၂ဆ နီးပါး ပိုမြင့်မားတဲ့ အပူချိန်ကို ကစားသမားတွေ ရင်ဆိုင်နိုင်ပါ့မလား။ ဒီတကြိမ် England အသင်းကို ဒုက္ခပေးသွားမယ့် အရာကရော ဘာဖြစ်နိုင်မလဲ။ England အသင်း ဘယ်အဆင့်ထိ ရောက်နိုင်မယ် ထင်ကြသလဲ။


#ဒီညလဲမန်ယူဘော်ဒီပါပဲ



‎ဗမာ့နည်း ဗမာ့ဟန် နဲ့ ကျင်းပလာမယ့် 2026 ကမ္ဘာ့ဖလား။‎‎အားလုံးသိကြတဲ့အတိုင်း 2026 World Cup ဟာ ပုံစံအသစ်တွေ စည်းမျဉ်းအသစ်တ...
07/06/2026

‎ဗမာ့နည်း ဗမာ့ဟန် နဲ့ ကျင်းပလာမယ့် 2026 ကမ္ဘာ့ဖလား။

‎အားလုံးသိကြတဲ့အတိုင်း 2026 World Cup ဟာ ပုံစံအသစ်တွေ စည်းမျဉ်းအသစ်တွေနဲ့ ကစားကြရမှာပါ။
‎ဒီအထဲမှာ ကစားသမားတွေ အသင်းတွေအတွက်ပါ မက ကွင်းထဲလာကြည့်မယ့် ပရိသတ်တွေ အတွက်ပါ စည်းကမ်းအသစ်တွေ ပါနေပါတယ်။

‎အဲ့တာကတော့ ပရိသတ်တွေအနေနဲ့ ကွင်းထဲကို ရေသန့်ဘူးတွေ ယူလာခွင့် မရှိတော့တာပါပဲ။ ကွင်းထဲကို ရေသန့်ဘူးနဲ့ ပစ်ပေါက်မယ့်အခြေအနေကနေ ရှောင်လွဲနိုင်အောင်လို့ ဆိုပါတယ်။

‎ဒီအခြေအနေဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်တခုကျော်ဆီက သုဝဏဘောလုံးကွင်းထဲက အဖြစ်အပျက်တွေကို ပြန်သတိရ စရာပါပဲ။ မြန်မာဘောလုံးပရိသတ်တွေ ကွင်းထဲကို ရေသန့်ဘူးနဲ့ ပစ်ပေါက်ကြတာမို့ ကွင်းကို သံဇကာ ကာပီး ရေသန့်ဘူး ယူခွင့် ပိတ်ပစ်ခဲ့ပါတယ်။ အဲ့တုန်းက အမြတ်ထွက်သွားတာကတော့ ဈေးသည်တွေပါပဲ။ ၅၀၀တန် ရေသန့်ဘူးကို ကြွပ်ကြွပ်အိတ် ၂လုံးထဲ မျှထည့်ပီး တအိတ် ၅၀၀ နဲ့ ပြန်ရောင်းတာပါ။

‎အခုတော့ ဖီဖာလဲ ဗမာ့နည်း ဗမာ့ဟန်ကို ကျင့်သုံးရပါပီ။ ဒီနေရာမှာ ဖီဖာက တကွက်သာသွားတာက ရေကို ဖီဖာကပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။


#ဒီညလဲမန်ယူဘော်ဒီပါပဲ





05/06/2026

ကမ္ဘာ့ဖလားမှာ ဝင်နွှဲကြမယ့် ယူနိုက်တက်အသင်းရဲ့ ကစားသမားများရဲ့ ကိုယ်စားပြုနိုင်ငံများနဲ့ ကျောနံပါတ်များ။
ကဲ..... ဘယ်အသင်းကို အားပေးကြမှာလဲ မန်ဖန်တို့။

#ဒီညလဲမန်ယူဘော်ဒီပါပဲ




PFA ဆုအတွက် ဆန်ကာတင် ၆ ယောက်စာရင်းထဲ ပါလာတဲ့ ဘရူနိုဖာနန်ဒက်။
05/06/2026

PFA ဆုအတွက် ဆန်ကာတင် ၆ ယောက်စာရင်းထဲ ပါလာတဲ့ ဘရူနိုဖာနန်ဒက်။

‎ဟိုအရင်ကလို မဟုတ်တော့တဲ့ ကမ္ဘာ့ဖလား....။‎‎ကမ္ဘာ့ဖလားဟာ ကျနော်တို့နေ့စဉ်ကြည့်နေကျ အမှတ်ပေးပြိုင်ပွဲတွေနဲ့ ရင်ခုန်သံခြင်း...
05/06/2026

‎ဟိုအရင်ကလို မဟုတ်တော့တဲ့ ကမ္ဘာ့ဖလား....။

‎ကမ္ဘာ့ဖလားဟာ ကျနော်တို့နေ့စဉ်ကြည့်နေကျ အမှတ်ပေးပြိုင်ပွဲတွေနဲ့ ရင်ခုန်သံခြင်း၊ ဝိဉာဉ်ခြင်း အကွာကြီးကွာပါတယ်။ ပုံမှန်ဘောလုံးပွဲ မကြည့်ဖြစ်တဲ့သူတွေတောင် ကမ္ဘာ့ဖလားဆို ကြည့်တတ်ကြပါတယ်။ စစ်တမ်းအချို့အရဆို ကမ္ဘာ့ဖလားဖိုင်နယ်ကို လူဦးရေ ၅ဦးမှာ ၁ဦးနှုန်းလောက်ထိ စောင့်ကြည့်ခဲ့ကြကြောင်း ပြောကြတာမျိုးလဲ ရှိပါတယ်။ဘောလုံးကွင်းထဲမှာလဲ တကယ့်ကို ရူးရူးမူးမူးအားပေးကြတဲ့ ပရိတ်သက်တွေ အပြည့်နဲ့ပေါ့။

‎ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့လည်း တစ်ပွဲချင်းစီကို အသက်တမျှကြိုးစားအားထုတ်ကြရတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲဝင်အသင်း ၃၂သင်း၊ ၈အုပ်စုမှာ တစ်အုပ်စုကို ပ၊ဒု ၂သင်းပဲ တက်မှာမို့ တစ်ပွဲရှုံးတာနဲ့ နောက်ပွဲက အသက်တမျှ ဖြစ်သွားပါပြီ။ အဲ့အခြေအနေမရောက်ခင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရဖို့ကိုတောင် အသည်းအသန်ကြိုးစားကြရတာပါ။

‎အခုတော့ ပြိုင်ပွဲဝင်အသင်းက ၄၈သင်းအပြင် ပ၊ဒု တင် နောက်တဆင့်တက်မှာမျိုး မဟုတ်တော့ပါဘူး။ တတိယနေရာကအသင်းတွေပါ တက်ဖို့ အခွင့်အရေးရှိနေတာမျိုးမို့ တစ်ပွဲရှုံးလဲ သိပ်အရေးမကြီးသေးသလိုနဲ့ နောက်ပွဲကို ကစားကြမှာပါ။ ပြီးတော့ အုပ်စုပွဲတွေပြီးရင် ၃၂သင်းအဆင့်ကိုပါ ထပ်ဖြတ်သန်းကြရဦးမှာပါ။

‎နောက်တခုက အလွန်မြင့်မားလာတဲ့ ကွင်းဝင်ကြေးနဲ့ ရုပ်သံလိုင်းကြေးတွေပါပဲ။ ဘောလုံးကို အရူးအမူးဖြစ်သူတိုင်း ဝင်ကြည့်လို့ ရတဲ့အနေအထား မဟုတ်တော့ဘဲ ငွေကြေးကြွယ်ဝသူတွေသာ ကြည့်လို့ရတော့မှာပါ။ ဒါကြောင့်ကွင်းထဲမှာ ပါးကိုဆေးရောင်စုံသုတ်၊ အလံတွေတလွင့်လွင့်နဲ့ တူရိယာတွေ တီးမှုတ်အားပေးနေကြမယ့်လူတွေထက် နက်ကတိုင်တွေနဲ့ နာရီကို တကြည့်ကြည့် ဟန်းဖုန်းကို တကြည့်ကြည့်နဲ့ အရေးကြီးမီတင်ရှိလို့ ထထွက်သွားကြမယ့် လူတွေ ပိုများလာတော့မှာပါ။

‎ဘာပဲပြောပြော ကမ္ဘာ့ဖလားကတော့ ၄၈ သင်းဖြစ်သွားပါပြီ။ အရင်လို ၃၂သင်းတို့ ၁၆သင်းတို့ ပြန်ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ‌အရင်က ကမ္ဘာ့ဖလားတွေရဲ့ တန်ဖိုးတွေ လေးနက်မှုမျိုးတွေတော့ ကျနော်တို့ ရနိုင်မှာ မဟုတ်တော့ပါဘူး။ ဒီအခြေအနေကိုပဲ ကျနော်တို့ဟာ လက်ခံပြီး new normal ဖြစ်သွားဖို့ ကြိုးစားရတော့မှာပါ။

‎လေးစားစွာဖြင့်


#ဒီညလဲမန်ယူဘော်ဒီပါပဲ


သာမန်ပါပဲ မိုင်ဖရန့် 😁😁😁
31/05/2026

သာမန်ပါပဲ မိုင်ဖရန့် 😁😁😁

30/05/2026

အခြေအနေအရတော့ မနက်ဖြန်မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်မှု ရှိလာနိုင်ပါတယ်
😂😂😂

အမှတ်တရဖိုင်နယ်တခုရဲ့နောက်ကွယ် သို့မဟုတ် သူတို့ဘာကြောင့် ပင်နယ်တီလွဲခဲ့ကြတာလဲ။လွန်ခဲ့တဲ့ ၁၈ နှစ် အခုလိုအချိန်ပေါ့။ ယူနို...
30/05/2026

အမှတ်တရဖိုင်နယ်တခုရဲ့နောက်ကွယ် သို့မဟုတ် သူတို့ဘာကြောင့် ပင်နယ်တီလွဲခဲ့ကြတာလဲ။
လွန်ခဲ့တဲ့ ၁၈ နှစ် အခုလိုအချိန်ပေါ့။ ယူနိုက်တက်နဲ့ချဲလ်ဆီး ချန်ပီယံလိဂ်ဖိုင်နယ်။ မော်စကိုည။
ချဲလ်ဆီးနည်းပြ အေဗင်ဂရန့် ဟာ ဒီပွဲကို ပင်နယ်တီထိရောက်သွားနိုင်ခြေရှိတယ်လို့ တွေးခဲ့ပီး သူ့မိတ်ဆွေ သိပွံပညာရှင်တယောက်ဆီက အကြံဉာဏ်တချို့ ရယူခဲ့ပါတယ်။
အဲ့တာကတော့ ယူနိုက်တက်ဂိုးသမား ဗန်ဒါဆားရဲ့ အမူအကျင့်တွေကို သုတေသနလုပ်ပီး ပင်နယ်တီကန်ရမယ့်ဘက်ကို ရွေးပေးဖို့ပါ။
အဲ့လိုနဲ့ ဂရန့်လက်ထဲကို စာရင်းတခု ရောက်လာပါတယ်။ ဘယ်နှလုံးမြောက်မှာ ကိုယ်ဟန်အမူအရာ ဘယ်လိုပြခဲ့ရင် ဘယ်နားကန်ဆိုတဲ့ စာရင်းပါ။
တကယ်တန်း ပင်နယ်တီအဆုံးအဖြတ်ကန်ကြတော့ ချဲလ်ဆီးကစားသမားတွေဟာ အဲ့ သီအိုရီအတိုင်း ကန်ခဲ့ကြပါတယ်။
အဲ့သီအိုရီကို ဖောက်ဖျက်ပီး ကန်ခဲ့တဲ့သူ ၂ယောက်တော့ ရှိခဲ့ပါတယ်။ သူတို့ ၂ယောက်လုံး ပင်နယ်တီ လွဲခဲ့ကြပါတယ်။


#ဒီညလဲမန်ယူဘော်ဒီပါပဲ




ที่อยู่

Phra Khanong
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Man U Body Tonightผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์