Yung Wrld Channel 1991

Yung Wrld Channel 1991 No pain no gain

12/07/2026

Conor McGregor နဲ့ Max Holloway တွဲဆိုင်းကို ကြည်တောက်ရှင်းကြည့်ချင်ရင် MFE Telegram မှာ လင့်ခ်တင်ပေးထားပါတယ်။ မူပိုင်ခွင့်ကြောင့် ဒီမှာ တင်မရလို့ပါခင်ဗျာ။ Telegram Channel ကို Join ထားပါဦး‌ ကိုယ့်လူတို့။
MFE Channel on Telegram - t.me/MyanmarFightEdition

သွေးလင်းထက် Unanimous Desecion ဖြင့် ရှုံးနိမ့်သွားပါပြီ ဆန်အေက အသက် (၄၁) နှစ်အရွယ် မထင်ရဘူး တော်တော်လေးကို ကောင်းပါတယ်။...
27/09/2025

သွေးလင်းထက် Unanimous Desecion ဖြင့် ရှုံးနိမ့်သွားပါပြီ

ဆန်အေက အသက် (၄၁) နှစ်အရွယ် မထင်ရဘူး တော်တော်လေးကို ကောင်းပါတယ်။သူရဲ့ ခြေကန်ချက်တွေထိရင် သွေးလင်းထက် ခါခါထွက်သွားတဲ့အထိ အားပါနေခဲ့တယ်။

သွေးလင်းထက်က ဒီပွဲမှာ အားနည်းနေသလိုပဲ၊ ထိုးချက်ကန်ချက်တွေကို အားသိပ်မရဘူး၊ ဒုတိယအချီမှာ နောက်ပြန်တံတောင်ရိုက်ချက်ထိပြီး ဆန်အေ အမှတ်စဉ်ရေခံလိုက်ရပေမယ့် အဲဒီနောက်ပိုင်း ဆန်အေကပဲတောက်လျှောက် ဖိထိုးလာလာနိုင်ခဲ့တယ်။

တတိယအချီမှာဆိုရင် သွေးလင်းထက် အမှတ်စဉ်တစ်
ကြိမ် ရေခံလိုက်ရတယ်။ အလဲထိုးမခံလိုက်ရတာပဲ ကံကောင်းတယ်။ဒိုင်အဆုံးဖြတ်မှာတော့ ဆန်အေကပဲ အမှတ်ပြတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

Fighting သွေးလင်းထက် အကောင်းဆုံးပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။


သွေးလင်းထက် ကို မွေထိုင်းဘိုးတော် Sam A နဲ့ ONE Friday Fights 126 မှာ ပွဲတည်ပေးလိုက်ပြီဖြစ်တဲ့ ONE  Championship ဒီတစ်ကြ...
02/09/2025

သွေးလင်းထက် ကို မွေထိုင်းဘိုးတော် Sam A နဲ့ ONE Friday Fights 126 မှာ ပွဲတည်ပေးလိုက်ပြီဖြစ်တဲ့ ONE Championship

ဒီတစ်ကြိမ် ONE က သွေးလင်းထက်ကို စာစစ်ကြမ်းတယ်ပြောရမယ် ဒီဘိုးတော်ကို ကျော်ဖြတ်နိုင်ရင် ဒေါ်လာတစ်သိန်းတန် စာချုပ်ရပြီ။

Sam A က ONE မှာ Straweight muay thai & kickboxing Champion နှင့် Flyweight မွေထိုင်းချန်ပီယံဟောင်း တစ်ယောက်ပါ၊ အသက်က (၄၁) နှစ်ရှိပါပြီ။

အသက်ကြီးပေမယ့် မပျက်စီးသေးဘူးပေါ့ဗျာ၊ သူနောက်ဆုံးထိုးသတ်ထားတာက ONE 172 ဂျပန်မှာ ဂျိုနသန်ဒီဘဲလား နဲ့ စတောဝိတ်ကြားဖြတ်ကစ်ဘောက်စင် ချန်ပီယံလုပွဲမှာ အမှတ်နဲ့ ရှုံးခဲ့တယ်။

ONE မှာ (၁၃) ပွဲ ထိုးထားပြီး (၉) ပွဲနိုင် ၄ ပွဲ ရှုံးနိမ့်ထားပါတယ်။

သွေးလင်းထက် အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Fighting သွေးလင်းထက် 💪🔥




ဒီတစ်ပတ်ပွဲစဉ်မှာတော့ မြန်မာဖိုက်တာတွေရဲ့ ပွဲစဉ် ပါဝင်လာခြင်းမရှိပေမဲ့ ပရိတ်သတ်တွေ စိတ်ဝင်စားမှုမြင့်တက်စေမယ့် ပွဲစဉ်ကော...
25/08/2025

ဒီတစ်ပတ်ပွဲစဉ်မှာတော့ မြန်မာဖိုက်တာတွေရဲ့ ပွဲစဉ် ပါဝင်လာခြင်းမရှိပေမဲ့ ပရိတ်သတ်တွေ စိတ်ဝင်စားမှုမြင့်တက်စေမယ့် ပွဲစဉ်ကောင်းတွေ အများကြီး ပါဝင်နေပါတယ်။

ဒီပြိုင်ပွဲရဲ့ အဓိက ခေါင်တွဲဆိုင်းဖြစ်တဲ့ ပန်ပါယက် နဲ့ အီမန်ဂါဇာလီယက် တို့ရဲ့ပွဲက ရုရှားဖိုက်တာနိုင်ရင် စာချုပ်ပေးမယ် ထင်ပါတယ်။

ဒုတိယခေါင်ပွဲက အက်တန်ဝိတ်တန်းက နာမည်ကြီးဖိုက်တာဖြစ်တဲ့ ဆောင်ချိုင်းနွယ် နဲ့ နမ်ဆူရင် ပွဲ၊ ထိုင်းကရင်ဖိုက်တာလေး ထောင်လာဖိုးရဲ့ ပွဲ နဲ့ ဂျပန်နာမည်ကြီးဖိုက်တာ နာဒါကာ ပွဲ စတဲ့ ပွဲစဉ်ကောင်းတွေ ပါဝင်နေတာပါတယ်။

နောက်ပြီး ကျော်စွာဝင်းတို့ Fairtex ကလပ်က ဖိုက်တာဖြစ်တဲ့ ဖာရာရီရဲ့ ပွဲလည်း ပါဝင်နေပါတယ်။

ကဲဒီပွဲကို လာမယ့် (၂၉) ရက်နေ့ သောကြာညမှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။



ဆမီဒမ် 🇹🇭 vs 🇲🇲 ဆွန်ရက် ( ONE Lumpinee 119) Date- ( 08/08/25) သောကြာနေ့ ည မွန်ဖိုက်တာ ဆွန်ရက်ကို အားပေးဝန်းရံကြဖို့ မမေ့...
05/08/2025

ဆမီဒမ် 🇹🇭 vs 🇲🇲 ဆွန်ရက် ( ONE Lumpinee 119)

Date- ( 08/08/25) သောကြာနေ့ ည

မွန်ဖိုက်တာ ဆွန်ရက်ကို အားပေးဝန်းရံကြဖို့ မမေ့နဲ့နော် အမျိုးတို့



゚viralシ
゚

သန့်ဇင်ပွဲ မပါပေမဲ့ ဆွန်ရက်နဲ့ စိန်လုံးချောပွဲ ပါတယ်။လာမယ့် (၈) ရက်နေ့ သောကြာည ONE Friday 119 ပြိုင်ပွဲမှာ ပါဝင်တဲ့ တွဲဆ...
02/08/2025

သန့်ဇင်ပွဲ မပါပေမဲ့ ဆွန်ရက်နဲ့ စိန်လုံးချောပွဲ ပါတယ်။

လာမယ့် (၈) ရက်နေ့ သောကြာည ONE Friday 119 ပြိုင်ပွဲမှာ ပါဝင်တဲ့ တွဲဆိုင်း အားလုံးကို ONE က ချပြလိုက်ပါပြီ ။

မြန်မာဖိုက်တာ ဆွန်ရက် နဲ့ ထိုင်းဖိုက်တာ ဆမီဒမ် တို့ရဲ့ပွဲက ဒီပြိုင်ပွဲရဲ့ ခေါင်ပွဲအဖြစ် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အခြားမြန်မာဖိုက်တာတစ်ယောက်ဖြစ်တဲ့ စိန်လုံးချောက ထိုင်းဖိုက်တာနဲ့ ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ သန့်ဇင် ရဲ့ ပွဲကတော့ ပါဝင်လာခြင်း မရှိပဲ နောက်အပတ်ကို ရက်ရွေ့ဆိုင်းလိုက်ပါပြီး။





ဒီတစ်ပတ်မှာလည်း မြန်မာဖိုက်တာတွေရဲ့ ပွဲတွေ ပါဝင်လာခြင်း မရှိသေးပြန်ပါဘူး။ ဒါပေမဲ့ ပွဲကောင်းတွေ အများကြီး ကြည့်ရအုံးမယ့် ...
19/07/2025

ဒီတစ်ပတ်မှာလည်း မြန်မာဖိုက်တာတွေရဲ့ ပွဲတွေ ပါဝင်လာခြင်း မရှိသေးပြန်ပါဘူး။

ဒါပေမဲ့ ပွဲကောင်းတွေ အများကြီး ကြည့်ရအုံးမယ့် ONE Friday Fights 117 ပြိုင်ပွဲကို လာမယ့် (၂၅) ရက်နေ့ သောကြာညမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။



မနက်ဖြန်ညမှာ ကစားသွားတော့မယ့် ONE Friday Fights 116 ပြိုင်ပွဲ ...ဒီတစ်ပတ်မှာလည်း မြန်မာဖိုက်တာတွေ မပါဝင်ပေမဲ့ ဒီပြိုင်ပွ...
17/07/2025

မနက်ဖြန်ညမှာ ကစားသွားတော့မယ့် ONE Friday Fights 116 ပြိုင်ပွဲ ...

ဒီတစ်ပတ်မှာလည်း မြန်မာဖိုက်တာတွေ မပါဝင်ပေမဲ့ ဒီပြိုင်ပွဲမှာ ဂျပန်နာမည်ကြီး ဖိုက်တာ နှင့် လူငယ်ဖိုက်တာတွေရဲ့ တွဲဆိုင်းကောင်းတွေအများကြီးပါဝင်နေတာမို့ ကြည့်လို့ကောင်းမှာပါ။



လာမယ့် ဇူလိုင် (၁၈) မှာ ကစားသွားတော့မယ် ONE Friday Fights 116 မှာလည်း မြန်မာဖိုက်တာတွေရဲ့ ပွဲစဉ် ပါဝင်လာခြင်း မရှိပြန်ပါ...
12/07/2025

လာမယ့် ဇူလိုင် (၁၈) မှာ ကစားသွားတော့မယ် ONE Friday Fights 116 မှာလည်း မြန်မာဖိုက်တာတွေရဲ့ ပွဲစဉ် ပါဝင်လာခြင်း မရှိပြန်ပါဘူး။

ဒါပေမဲ့ တွဲဆိုင်းကောင်းတွေ အများကြီး ပါဝင်နေပါတယ်။ မလေးရှားလူငယ်ဖိုက်တာ Adam နဲ့ ပြင်သစ်လူငယ်ဖိုက်တာ Nahyan တို့ ဒုတိယမြောက် မကျေပွဲအဖြစ် ခေါင်ပွဲထိုးမှာပါ။ပထမအကြိမ်တွေ့ဆုံမှုမှာတော့ Adam က အမှတ်ဖြင့် ကပ်နိုင်ထားပါတယ်။

နောက်ပြီး သွေးလင်းထက်ရဲ့ ပြိုင်ဘက်ဟောင်း ယွတ်ကစ်တီက ပါမော နဲ့ ထိုးသတ်မှာ ဖြစ်ပြီးတော့ ထိုင်းနာမည်ကြီးဖိုက်တာ ဖတ်တနွန်က ဂျပန်ဖိုက် ယူကီ ယိုဇာ နဲ့ kickboxing ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။

တစ်ခြားပွဲစဉ်ကောင်းတွေ အများကြီးပါဝင်နေတာမို့ လက်မလွှတ်တမ်း စေယင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။



ဒီတစ်ပတ် သောကြာညမှာ ONE Friday Fight ပွဲတွေ မရှိပေမဲ့ (12) ရက်နေ့ စနေနေ့ မနက်မှာ ONE Fight Night (33)ပွဲ ရှိတယ်။ ဒီပြိုင...
11/07/2025

ဒီတစ်ပတ် သောကြာညမှာ ONE Friday Fight ပွဲတွေ မရှိပေမဲ့ (12) ရက်နေ့ စနေနေ့ မနက်မှာ ONE Fight Night (33)ပွဲ ရှိတယ်။

ဒီပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲကတော့ ဘရာဇီးသူ အလာစီယာ ရိုဒရီဂက် နဲ့ ဆွီဒင်သူ ဂျိုဟန်းနား တို့ရဲ့ ပွဲက အက်တန်ဝိတ် မွေထိုင်းချန်ပီယံလုပွဲ ထိုးမှာ ဖြစ်ပါတယ်။

တစ်ခြားစိတ်ဝင်စားစရာ တွဲဆိုင်းတွေကတော့ စာချုပ်ရပြီး ONE ကြီး အဖွင့်ပွဲ ထိုးရမယ့် ထိုင်းဖိုက်တာ Shawdow နှင့် အယ်ဂျီးရီးယားဖိုက်တာ မိုဟာမက်တို့ရဲ့ ပွဲလည်း ကြည့်လို့ကောင်းတဲ့ပွဲထဲ ပါဝင်နေပါတယ်။နောက်ထပ် ပရိတ်သတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ပွဲတစ်ပွဲကတော့ ထိုင်းဖိုက်တာ
နွန်တချိုင် နဲ့ ရုရှားဖိုက်တာ ဒါယကာယက် တို့ရဲ့ ပွဲပဲ ဖြစ်ပါတယ်။

ရုရှားဖိုက်တာ ဒါယကာယက်ကတော့ ဒီတစ်ကြိမ် ဖယ်သာဝိတ်တန်းထိ တက်ကြမ်းမှာဖြစ်လို့ ဒီပွဲကို မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲလို့ ထင်ပါတယ်။

ကဲ့ .. ဒီပွဲကို လာမယ့် (၁၂) ရက်နေ့ စနေနေ့မနက် မြန်မာစံတော်ချိန် မနက် (၇:၃၀) မှာ စမှာ ဖြစ်ပါတယ်။ပုံမှန်ကြည့်နေကျ ONE Championship ရဲ့ Fb/ YouTube page တွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။



ที่อยู่

Phuket
Patong
83150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yung Wrld Channel 1991ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท