VAR 27 Online Football Agent - VAR 27

VAR 27 Online Football Agent - VAR 27 ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก VAR 27 Online Football Agent - VAR 27, ลีกกีฬา, Mae Tao Tak.

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စီရော်နယ်လ်ဒို ပိုင်ဆိုင်ဖို့ရှိနေတဲ့ စံချိန်သစ်များ___________________________အသက် ၁၉ နှစ်အရွယ်...
19/06/2024

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စီရော်နယ်လ်ဒို ပိုင်ဆိုင်ဖို့ရှိနေတဲ့ စံချိန်သစ်များ
___________________________

အသက် ၁၉ နှစ်အရွယ်၊ ၂၀၀၄ ခုနှစ်မှာ ပေါ်တူဂီအသင်းနဲ့အတူ ပထမဆုံး ယူရိုပြိုင်ပွဲဆင်နွှဲခဲ့သူ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ အခု ၂၀၂၄ ပြိုင်ပွဲမှာ လက်ရွေးစင်ကစားသမားဘ၀ ၆ ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် ပါဝင်ကစားမှာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုအတွက် ယူရို-၂၀၂၄ ပြိုင်ပွဲဟာ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးယှဉ်ပြိုင်မဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးဖြစ်လာမှာဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အကြိမ်အများဆုံးကစားခွင့်ရတဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ သွင်းဂိုးအများဆုံးကစားသမား(၁၄ ဂိုး)၊ ပွဲအများဆုံးကစားသမား(၂၅ ပွဲ)၊ ဂိုးပေါက်ကန်ချက်အများဆုံးကစားသမား(၁၃၇ ကြိမ်)စတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ထားပြီး အခု ယူရိုပြိုင်ပွဲမှာ နောက်ထပ် စံချိန်သစ်တွေလည်း ဆက်လက်ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲမှာ အခွင့်အရေးဖန်တီးနိုင်မှု ၄၁ ကြိမ်အထိပြုလုပ်ထားပြီး အကြိမ်အများဆုံးအဖြစ် ရပ်တည်နေတဲ့ ပေါ်တူဂီဂန္ထဝင် လူးဝစ်ဖီဂို(၄၂ ကြိမ်)ကို ကျော်ဖြတ်ဖို့ ၂ ကြိမ်သာ လိုပါတော့တယ်။

စီရော်နယ်လ်ဒို ချိုးဖျက်ဖို့ နီးစပ်နေတဲ့ နောက်ထပ်စံချိန်တစ်ခုက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးကစားသမား စံချိန်ပါပဲ။

ယူရိုပြိုင်ပွဲမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာ စီရော်နယ်လ်ဒိုဟာ ချက်ဂန္ထဝင်ကစားသမား ပိုဘောစကီးနဲ့အတူ ၆ ကြိမ်စီနဲ့ ပူးတွဲရပ်တည်နေပြီး လာမဲ့ ချက်အသင်းနဲ့ပွဲမှာသာ ဂိုးဖန်တီးမှုပြုလုပ်နိုင်မယ်ဆိုရင် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်သးဟာ ယူရို-၂၀၂၄ အုပ်စု F မှာ ချက်၊ တူရကီ၊ ဂျော်ဂျီယာတို့နဲ့အတူ ကျရောက်နေပြီး စီရော်နယ်လ်ဒိုက ချက်အသင်းဘက်ကို ၂ ဂိုးသွင်းခဲ့ဖူးပေမဲ့ တူရကီ၊ ဂျော်ဂျီယာတို့ကိုတော့ ဂိုးမသွင်းဖူးသေးပါဘူး။

တကယ်လို့ စီရော်နယ်လ်ဒိုသာ တူရကီ၊ ဂျော်ဂျီယာတို့နဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်မယ်ဆိုရင် သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်အသင်း ၅၀ အထိ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ရာသီအဖွင့်ကံမကောင်းခဲ့ပြန်တဲ့ ချဲလ်ဆီး____________ချဲလ်ဆီးအသင်းရဲ့ လာမယ့် ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်စာရင်းတွေဟာ...
18/06/2024

ရာသီအဖွင့်ကံမကောင်းခဲ့ပြန်တဲ့ ချဲလ်ဆီး
____________
ချဲလ်ဆီးအသင်းရဲ့ လာမယ့် ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်စာရင်းတွေဟာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ပွဲစဉ် ၁ မှာ ၄ နှစ်ဆက် ချန်ပီယံတွေဖြစ်တဲ့ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အန်ဇို မာရက်စ်ကာရဲ့အသင်းဟာ ဩဂုတ်လ ၁၈ ရက်နေ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပရီးမီးယားလိဂ်ချန်ပီယံတွေကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း ပွဲစဉ် ၁ မှာ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဩဂုတ်လ ပွဲချိန်စာရင်းထဲမှာ ယူရိုပါကွန်းဖရင့်လိဂ်ကို ဝင်ရောက်ခွင့် ရနိုင်မယ့် ပလေးအော့ဖ်ပွဲစဉ် ၂ ပွဲလည်း ပါဝင်နေပြီး လကုန်ခါနီးမှာ ၂ ကျော့ ကစားသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အောက်တိုဘာ ၁၉ ရက်နေ့မှာ လီဗာပူးလ်အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြီးတဲ့နောက် နိုဝင်ဘာ ၂ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို သွားကစားရမှာဖြစ်ပြီး နောက်တစ်ပတ်အကြာမှာ အာဆင်နယ်ကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့ ရာသီပိတ်ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ် အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်ဟာ နည်းပြသစ် မာရက်စ်ကာရဲ့ အရည်အချင်းကို အစမ်းသပ်ခံရမယ့်ပွဲဖြစ်လာတော့မှာဖြစ်ပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ဟာဗတ်ဇ်နေရာမှာ အထောင်တိုက်စစ်မှူးစစ်စစ်နဲ့ အစားထိုးဖို့ အကြံပေးခဲ့တဲ့ ဟာမန်း___________________ဂျာမနီဂန္တဝင် ဒီဒီ ဟာမန်း...
18/06/2024

ဟာဗတ်ဇ်နေရာမှာ အထောင်တိုက်စစ်မှူးစစ်စစ်နဲ့ အစားထိုးဖို့ အကြံပေးခဲ့တဲ့ ဟာမန်း
___________________
ဂျာမနီဂန္တဝင် ဒီဒီ ဟာမန်းက အာဆင်နယ်အနေနဲ့ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို လိုချင်တယ်ဆိုရင် ကိုင် ဟာဗတ်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ အာတီတာလက်အောက်မှာ ပရီးမိးယားလိဂ်ဖလားကို ရရှိဖို့အတွက် ၂ ရာသီအထိ နီးစပ်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၀၂၃ ရာသီမှာ မန်စီးတီးထက် ၅ မှတ်လျော့၊ ၂၀၂၃-၂၀၂၄ ရာသီမှာ ၂ မှတ်လျော့နဲ့ ဖလားလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ချဲလ်ဆီးကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်ကစားသမားဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရတဲ့ ဟာဗတ်ဇ်ဟာ ဂန်းနားတွေကို ဆုဖလား စိန်ခေါ်နိုင်အောင် သွင်းဂိုး ၁၃ ဂိုး၊ ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ရာသီကို ကောင်းမွန်တဲ့ပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ဟာမန်းက အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အထောင်တိုက်စစ်မှူးမဟုတ်ဘဲ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို တကယ်ရချင်ရင် တိုက်စစ်မှူးနေရာကို အဆင့်မြှင့်တင်ရလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

“ကိုင် ဟာဗတ်ဇ်က အာဆင်နယ်နဲ့ ရာသီကို ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို အသက် ၁၇ နှစ်သားအရွယ်လောက်ကတည်းက မြင်တွေ့ခဲ့ပြီး ဒီကလေးက အမြဲတမ်း အရမ်းကောင်းမွန်ခဲ့တာပါ။ ကျွန်တော် သူကစားတာကို စောင့်ကြည့်တဲ့အခါမှာ တစ်ခါတလေ သူက ဘယ်လောက်အထိတောင် ကောင်းတဲ့ကစားသမားလဲဆိုတာကို သူ မသိသေးတာဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။ သူက အခုဆိုရင် ဂျာမနီအတွက် ဂိုးအနည်းငယ် သွင်းယူပေးထားခဲ့ပြီးပြီဖြစ်တာတောင်မှပဲ သူက ဒီထက်အများကြီးပိုပြီး ဂိုးသွင်းနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်။

ဒါပေမယ့် သူက အထောင်တိုက်စစ်မှူးမဟုတ်ဘဲ သူလည်း အထောင်တိုက်စစ်မှူးနေရာမှာ ကစားချင်မယ်လို့ မထင်ပါဘူး။ သူက အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး သူ့ကစားသမားဘဝ ဒီအချိန်မှာ သူ တကယ်ကစားချင်တဲ့နေရာကို ရွေးရတော့မှာပါ။ သူကတော့ အဲဒါကို သဘောတူချင်မှ တူလိမ့်မယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ် ဒါမှမဟုတ် ဂျာမနီက လိုအပ်လို့ ကစားခိုင်းတဲ့ ဘယ်နေရာမှာမဆို သူက ကစားမှာမို့လို့ပါ။ အာဆင်နယ်သာ အထောင်တိုက်စစ်မှူးစစ်စစ်ခေါ်ယူခဲ့ရင် သူ ကစားရဦးမလား ဒါမှမဟုတ် ဘယ်နေရာမှာ ကစားမလဲဆိုတာ စိတ်ဝင်စားစရာ အရမ်းကောင်းလာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း အိုဝင်ရဲ့စံချိန်ကောင်းတစ်ခုကို ဘယ်လင်ဂမ် ချိုးဖျက်________________________အင်္ဂလန်အ...
18/06/2024

အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း အိုဝင်ရဲ့စံချိန်ကောင်းတစ်ခုကို ဘယ်လင်ဂမ် ချိုးဖျက်
________________________

အင်္ဂလန်အသင်း လူငယ်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ဆားဘီးယားနဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ သမိုင်းဝင်စံချိန်တစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဆားဘီးယားနဲ့ပွဲမှာ အင်္ဂလန်အသင်းဟာ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ ဘယ်လင်ဂမ်ကတော့ ပုံစံကောင်းပြသနိုင်ပြီး အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၁၃ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာ ဘယ်လင်ဂမ်ဟာ ဘောလုံးထိချက် ၉၂ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၉၅.၇ % ၊ ပြိုင်ဘက်အသင်း Final Third Zone အတွင်း ဘောလုံးပေးပို့မှု ၂၄ ကြိမ်၊ ပြိုင်ဘက်နဲ့တစ်ယောက်ချင်းအတွေ့ အသာရယူနိုင်မှု ၉ ကြိမ်၊ Tackles ၃ ကြိမ်၊ ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၂ ကြိမ်၊ ဂိုးပေါက်ကန်ချက် ၁ ကြိမ်နဲ့ ၁ ဂိုးသွင်းယူခဲ့သလို Man of The Match ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၂၀ နှစ် ၃၅၃ ရက်သာရှိသေးသူ ဘယ်လင်ဂမ်ဟာ ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ အခု ယူရို-၂၀၂၄ ပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲခွင့်ရခဲ့တာကြောင့် အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း အိုဝင်(အသက် ၂၂ နှစ် ၁၇၀ ရက်)ကို ကျော်ဖြတ်ပြီး အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲကြီး ၃ ခုမှာ ပါဝင်ကစားခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒါ့အပြင် ဘယ်လင်ဂမ်ဟာ ဥရောပကစားသမားတွေထဲမှာ အသက် ၂၁ နှစ်မပြည့်ခင် လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပြိုင်ပွဲကြီး ၃ ခုမှာ ပါဝင်ကစားခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုတွင်းတုန်းက အီရန်နဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့သူ ဘယ်လင်ဂမ်ဟာ အခုဆိုရင် အင်္ဂလန်ပြင်ပကလပ်မှာကစားပြီး အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ်လက်ထက် ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲတွေမှာ အုပ်စုအဖွင့် ၄ ပွဲစလုံး အနိုင်ရခဲ့သလို ယူရိုနောက်ဆုံး ၁၉ ပွဲမှာ (ပယ်နယ်တီအဆုံးအဖြတ် မပါဝင်) ၁၂ ပွဲနိုင်၊ ၇ ပွဲသရေနဲ့ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အင်္ဂလန်-ဆားဘီးယားပွဲမှာ နှစ်သင်းပေါင်း ဂိုးပေါက်ကန်ချက်က ၁၁ ကြိမ်(ဆားဘီးယား ၆ ကြိမ်၊ အင်္ဂလန် ၅ ကြိမ်)သာရှိခဲ့တာကြောင့် ဒါက ၁၉၈၀ နောက်ပိုင်း ယူရိုပွဲစဉ်တစ်ပွဲမှာ နှစ်သင်းပေါင်း ဂိုးပေါက်ကန်ချက်အန်းဆုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

🏆ယူရို-၂၀၂၄ ပြိုင်ပွဲ🏆အုပ်စု(E)ပွဲစဥ်ပွဲထွက်လူစာရင်းရိုမေးနီးယား နဲ့ ယူကရိန်း⏰7:30PM⏰  #လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏...
17/06/2024

🏆ယူရို-၂၀၂၄ ပြိုင်ပွဲ🏆

အုပ်စု(E)ပွဲစဥ်

ပွဲထွက်လူစာရင်း

ရိုမေးနီးယား နဲ့ ယူကရိန်း

⏰7:30PM⏰



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

Official!!!   စပိန် ဝါရင့်ခံစစ်ကစားသမားကြီး ဆာဂျီယို ရာမို့စ်က သူရဲ့ လက်ရှိကလပ် ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွ...
17/06/2024

Official!!!

စပိန် ဝါရင့်ခံစစ်ကစားသမားကြီး ဆာဂျီယို ရာမို့စ်က သူရဲ့ လက်ရှိကလပ် ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် သက်တမ်း ထပ်မတိုးတော့ပဲ အသင်းကနေသာ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဒါကြောင့် အသက် (၃၈)နှစ်အရွယ် ဗဟိုခံစစ်မှူးကြီး ရာမို့စ်က လက်ရှိမှာ free agent player ဖြစ်သွားခဲ့ရပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ဂိုးတွေအများကြီး မြင်ရလိမ့်မယ်လို့ ယုံနေတဲ့ ဆောက်ဂိတ်______________________အင်္ဂလန်အသင်းဟာ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ တနင်္...
17/06/2024

ဂိုးတွေအများကြီး မြင်ရလိမ့်မယ်လို့ ယုံနေတဲ့ ဆောက်ဂိတ်
______________________
အင်္ဂလန်အသင်းဟာ ဆားဘီးယားနဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ည ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ ၁-၀ နဲ့ ကပ်နိုင်ခဲ့ပြီး ခြေစွမ်းပိုင်းအရ အားရကျေနပ်စရာမရှိခဲ့ဘဲ စိတ်ပျက်စရာကောင်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၁၃ မိနစ်မှာ ဘူကာယို ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုက လူထိ လမ်းကြောင်းပြောင်းပြီး ရောက်လာတာကို ဘယ်လင်ဟမ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန်တို့ ဦးဆောင်ဂိုးရပြီးနောက် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲက ပျင်းစရာကောင်းနေခဲ့ပြီး အခွင့်အရေးအနည်းငယ်သာ ဖန်တီးနိုင်ခဲ့ကြတာကြောင့် နှစ်ဖက် ဂိုးသမားတွေဟာ ဒုတိယပိုင်းမှာ ကောင်းမွန်တဲ့ ဂိုးကာကွယ်မှုအချို့သာ ပြုလုပ်ဖို့ လိုအပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ ခေါင်းတိုက်ချက်ကို ဆားဘီးယားဂိုးသမား ရာ့ဂျ်ကိုဗစ်က အလွန်ကောင်းမွန်တဲ့ အလိုအလျောက်တုံ့ပြန်မှုနဲ့ ကာကွယ်ခဲ့တာကြောင့် ဂိုးဘားတန်းကို ထိမှန်သွားခဲ့ပြီး ဂျော်ဒန် ပစ်ဖို့ဒ်ကလည်း ဒူဆန် ဗလာဟိုဗစ်ရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ လက်ရှိမှာတော့ အုပ်စုစီမှာ ရမှတ် ၃ မှတ်နဲ့ ဦးဆောင်နေပြီး လာမယ့် ကြာသပတေးနေ့မှာ ဒိန်းမတ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ နောက်ပွဲတွေမှာ သွင်းဂိုးတွေ အများကြီး မြင်တွေ့ရနိုင်တယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“ဒီနေ့က အဆုံးသတ်နိုင်ခဲ့ရုံပဲဖြစ်ခဲ့ပြီး ပွဲပြီးခါနီး ဟာရီ ကိန်းရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမားက ကောင်းမွန်တဲ့ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးတွေက ရောက်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ခင်ဗျားက ခံစစ် ၅ ဦးနဲ့ အသင်းကို ရင်ဆိုင်ကစားနေရတာပါ။ အဲဒါက အခွင့်အရေးတွေ ဖန်တီးဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီး အဆုံးမှာတော့ တစ်ဂိုးက အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် အမိုးဖွင့်ဘတ်စ်ကားနဲ့အောင်ပွဲခံဖို့ အာဆင်နယ် ကြိုတင်စီစဉ်ထားပြီ________________________...
10/05/2024

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် အမိုးဖွင့်ဘတ်စ်ကားနဲ့အောင်ပွဲခံဖို့ အာဆင်နယ် ကြိုတင်စီစဉ်ထားပြီ
______________________________

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် အမိုးဖွင့်ဘတ်စ်ကားနဲ့လှည့်လည်အောင်ပွဲခံဖို့ ကြိုတင်စီစဉ်ထားပြီဖြစ်ပါတယ်။

၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့က ၂ ပွဲသာ လိုတော့ချိန်မှာ အာဆင်နယ်အသင်းဟာ လက်ရှိချန်ပီယံ မန်စီးတီးထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး နှစ်ပေါင်း ၂၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးအသင်းဟာ အာဆင်နယ်ထက် ၁ ပွဲလျော့နေသလို ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ ကစားရမှာဖြစ်လို့ စံချိန်တင်အဖြစ် ၄ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေဆဲပါပဲ။

အာဆင်နယ်အသင်းကတော့ တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲကျပ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရာသီပိတ်ပွဲမှာ အဲဗာတန်ကို အိမ်ကွင်းပွဲ လက်ခံကစားရမှာပါ။

အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် မေလ ၂၀ ရက်မှာ အမိုးဖွင့်ဘတ်စ်ကားနဲ့လှည့်လည်အောင်ပွဲခံဖို့ အခုကတည်းက ကြိုတင်စီစဉ်ထားပြီး အဲဒီရက်မှာ လမ်းတွေ ခဏပိတ်ဖို့နဲ့ တခြားလိုအပ်တာတွေ ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ကောင်စီတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းစီစဉ်သွားမှာဖြစ်ပါတယ်။

မေလ ၂၀ ရက်မှာ အာဆင်နယ်အသင်းဟာ အမိုးဖွင့်ဘတ်စ်ကားနဲ့ အီမရိတ်စ်ကွင်းကနေ ညနေ ၅ နာရီလောက် စတင်ထွက်ခွာပြီး Drayton Park၊ Aubert Park၊ Highbury Grove၊ St Paul’s Road၊ Upper Street လမ်းတစ်လျှောက် လှည့်လည်အောင်ပွဲခံပြီးရင် ည ၇ နာရီလောက်မှာ အီမရိတ်စ်ကွင်းဆီ ပြန်ရောက်မှာဖြစ်သလို အောင်ပွဲခံအခမ်းအနားကို ည ၈ နာရီမှာ အဆုံးသတ်မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မသေချာသေးပေမဲ့ အောင်ပွဲခံအခမ်းအနားကို အခုကတည်းက ကြိုတင်စီစဉ်နေပြီဖြစ်တာကြောင့် ရာသီကုန်မှာ ဘယ်လိုရလဒ်နဲ့အဆုံးသတ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ . . .



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ရီးယဲလ်အသင်းဖော်ဟောင်းအလွန်ဆိုနဲ့ စီရော်နယ်လ်ဒို ပြန်လည်လက်တွဲခွင့်ရမလား . .____________________________________________...
10/05/2024

ရီးယဲလ်အသင်းဖော်ဟောင်းအလွန်ဆိုနဲ့ စီရော်နယ်လ်ဒို ပြန်လည်လက်တွဲခွင့်ရမလား . .
_____________________________________________

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ လာမဲ့နွေရာသီကျရင် လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေတယ်လို့ အံ့အားသင့်စရာ သတင်းတွေထွက်ပေါ်လာပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ၂၀၂၁ နိုဝင်ဘာလအတွင်း မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြီးတဲ့နောက် ဥရောပဘောလုံးရပ်ဝန်းကို စွန့်ခွာပြီး ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အယ်လ်နာဆာအသင်းအတွက် စီရော်နယ်လ်ဒို ခြေစွမ်းပြကစားနေပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ၄၇ ပွဲကစား၊ ၄၈ ဂိုးအထိသွင်းယူခဲ့သလို ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၆၆ ပွဲကစား၊ ၆၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်က ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ လေဗာကူဆင်အသင်းက စိတ်ဝင်စားနေတယ်လို့ ဆော်ဒီဂျာနယ်လစ်တစ်ဦးဖြစ်သူ အယ်လ်ဟက်ဇာမူတက်ဘ်က သတင်းဖော်ပြခဲ့ပါတယ်။

ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တဲ့ လေဗာကူဆင်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်သလို ဂျာမန်ဖလားဗိုလ်လုပွဲကစားရမှာဖြစ်လို့ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၃ လုံးချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။

အလွန်ဆိုရဲ့ ဦးဆောင်မှုနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနေတဲ့ လေဗာကူဆင်အသင်းဟာ အခုဆိုရင် ဥရောပဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းအဖြစ် သမိုင်းဝင်စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုနဲ့အလွန်ဆိုတို့ဟာ ရီးယဲလ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ်အထိ ၅ နှစ်ကြာအတူကစားခဲ့ဖူးပြီး ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကြသူတွေလည်းဖြစ်ပါတယ်။

တကယ်လို့ လေဗာကူဆင်အသင်းကိုသာ စီရော်နယ်လ်ဒို ပြောင်းရွှေ့ဖြစ်ရင် ရီးယဲလ်အသင်းဖော်ဟောင်း အလွန်ဆိုနဲ့ ပြန်လည်လက်တွဲခွင့်ရမှာဖြစ်သလို လေဗာကူဆင်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ပြန်ကစားခွင့်ရမှာပါ။

ဒါပေမဲ့လည်း စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ ဆော်ဒီလိဂ်မှာကစားရတာ ပျော်ရွှင်နေပြီဖြစ်လို့ ဥရောပကို ပြန်လည်ခြေချဖို့ရှိ၊ မရှိကတော့ မသေချာသေးပါဘူး။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

Official!!!   ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမ...
09/05/2024

Official!!!

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းကို တရားဝင် ထုတ်ပြန် ကြေညာလိုက်ပြီပဲ ဖြစ်ပါတယ်။

ဒီဆုအတွက် မန်စီးတီးအသင်းက ဟာလန်းနဲ့ ဖိုဒန် ၊ အာဆင်နယ်က အိုဒီဂတ်နဲ့ ဒက်ကလန်ရိုက်စ် ၊ လီဗာပူးလ်က ဗန်ဒိုက် ၊ ချယ်လ်ဆီးက ပါလ်မာ ၊ နယူးကာဆယ်က အီဆက်ခ်နဲ့ ဗီလာက ဝက်ကင်းစ်တို့ ရွေးချယ်ထားခံရပါတယ်။

ကဲ ဒီဆုကိုရော ဘယ်ကစားသမားက ဆွတ်ခူးသွားနိုင်မယ်လိမ့်လို့ ထင်ပါသလဲ...?



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ကာလို အန်ဆယ်လော့တီ ရဲ့ ချန်ပီယံလိဂ် မှတ်တမ်း ( နည်းပြဘဝ )၁၉၉၈/၉၉ - ဆီမီး ( Juventus)၂၀၀၂/၀၃ - 🏆( AC Milan)၂၀၀၃/၀၄ - ကွာတ...
09/05/2024

ကာလို အန်ဆယ်လော့တီ ရဲ့ ချန်ပီယံလိဂ် မှတ်တမ်း ( နည်းပြဘဝ )

၁၉၉၈/၉၉ - ဆီမီး ( Juventus)

၂၀၀၂/၀၃ - 🏆( AC Milan)
၂၀၀၃/၀၄ - ကွာတား ( AC Milan)
၂၀၀၄/၀၅ - ဒုတိယ ( AC Milan)
၂၀၀၅/၀၆ - ဆီမီး ( AC Milan)
၂၀၀၆/၀၇ - 🏆( AC Milan)

၂၀၁၀/၁၁ - ကွာတား ( Chelsea)
၂၀၁၂/၁၃ - ကွာတား ( PSG )

၂၀၁၃/၁၄ - 🏆 ( Real Madrid)
၂၀၁၄/၁၅ - ဆီမီး ( Real Madrid)
၂၀၁၆/၁၇ - ကွာတား ( Bayern Munich)

၂၀၂၁/၂၂ - 🏆 ( Real Madrid)
၂၀၂၂/၂၃ - ဆီမီး ( Real Madrid)
၂၀၂၃/၂၄ - ( Final . . . )



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

အင်တာဗျူးမှာ ထူးဆန်းတဲ့ရှပ်ကို ဝတ်ဆင်ခဲ့တဲ့ ဘယ်လင်ဟမ်____________________ဂျုဒ် ဘယ်လင်ဟမ်ဟာ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိ...
09/05/2024

အင်တာဗျူးမှာ ထူးဆန်းတဲ့ရှပ်ကို ဝတ်ဆင်ခဲ့တဲ့ ဘယ်လင်ဟမ်
____________________
ဂျုဒ် ဘယ်လင်ဟမ်ဟာ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ အနိုင်ရပြီးနောက် TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အထူးဒီဇိုင်းထွင်ထားတဲ့ ဂျာစီကို ဝတ်ဆင်ခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ အမှတ်ရစရာအကောင်းဆုံး ကမ်းဘက်နိုင်ပွဲတွေထဲက တစ်ပွဲကို လုပ်ပြနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ စိတ်လှုပ်ရှားစွာနဲ့ အင်တာဗျူးဖြေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပွဲမတိုင်ခင် လိုက်ပတ်ကြည့်ပြီး တွေးမိခဲ့တာက ငါ ဒီထက်ကောင်းတဲ့လူတွေနဲ့ ဒီထက်ပိုကောင်းတဲ့ နေရာမှာ ရှိနေနိုင်တော့မှာမဟုတ်တော့ဘူး။ ခင်ဗျားဆိုရင်ရော တခြားဘယ်နေရာမှာ ရှိနေချင်မှာလဲ။ ဒီလိုညမျိုးကို အိပ်မက်မက်ခဲ့တုန်း ဘာမင်ဟမ်မှာ အသက် ၇ နှစ်သားပဲရှိသေးတယ်။ ဒီနေရာကို ရောက်ဖို့၊ ဒီလိုမျိုး တစ်နေရာရာမှာ ရှိနေဖို့ဆိုတာ အဲဒီတုန်းက လုံးဝကို မဖြစ်နိုင်တဲ့ကိစ္စပဲ။ ဒီမှာ ရှိနေရတာကို ကျွန်တော် အရမ်းပျော်ပါတယ်။ သူတို့တွေကို မိသားစုလို ခံစားရတယ်။ ကစားသမားတွေကို မိသားစုလို ခံစားရသလို ပရိသတ်တွေကိုလည်း မိသားစုလို ခံစားရတယ်။ သူတို့တွေက ခင်ဗျားကို တွန်းတင်ပေးနေသလိုမျိုး ခံစားရတယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။

ဘယ်လင်ဟမ်ဟာ အင်တာဗျူးအတွင်း ‘A Por La 15’လို့ ရေးသားထားတဲ့ ဂျာစီကို ဝတ်ဆင်ထားခဲ့ပြီး အဲဒါက ၁၅ ကြိမ်မြောက်ဖလားယူလိုက်ကြစို့လို့ အဓိပ္ပာယ်ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ ဝင်ဘလေမှာ ဒေါ့မွန်ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ၁၅ ကြိမ်မြောက် ချန်ပီယံဖြစ်လာမှာ ဖြစ်ပါတယ်။



#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏





ကျနော်တို့ရဲ့ မှကြိုဆိုပါတယ်။

ဘောလုံးပွဲးကို စီပွားဖြစ်လောင်းခြင်လို့ပဲ​ဖြစ်စေ၊

အပျော်တမ်း ကစားခြင်လို့ပဲဖြစ်စေ ငွေကြေးယုံကြည်မူ ၁၀၀%ပေးနိုင်တဲ့ ကျနော်တို့ရဲ့ 27 viber 09-761239991 ကို ဟဲလို လုပ်လိုက်ပါဗျ။

ที่อยู่

Mae Tao Tak

เบอร์โทรศัพท์

+959761239991

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ VAR 27 Online Football Agent - VAR 27ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์