02/09/2026
၁၀ လပိုင်းထဲမှာ ထိုင်း-မြန်မာ ပိုက်ကျော်ခြင်းတည်ပွဲကြီး (၄) ပွဲ ကစားမည်
*******
စက်တင်ဘာ ၂၊ ၂၀၂၀၆။
ထိုင်းနိုင်ငံ၊ မဟာချိုင် ချစ်ကိုကြီးခြင်းကွင်းမှာ လာမဲ့ ၁၀ လပိုင်းထဲမှာ ထိုင်း-မြန်မာတည်ပွဲကြီး (၄) ပွဲ ကျင်းပသွားဖို့ ရှိနေတယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
ကျောက်ကျောရဲ့ ဂုံ Only ပွဲ၊ ကျောင်းဆရာ၊ ဂျွန်စော၊ အငယ်ကောင် Vs အကိန်၊ အဘော့ (ဒီဒီးဆားဗစ်ကူထိုး) တစ်ပွဲ၊ ငသြ (၃) Vs နိမ်ဘတ်ချမ်း (၂) (ခေါင်းကျော်ပွဲ) နဲ့ ယူ ၁၃ ပွဲတစ်ပွဲ ကစားသွားဖို့ ရှိမယ်လို့ ထိုင်း-မြန်မာ ပိုက်ကျော်ခြင်းတည်ပွဲတွေ စီစဉ်ပေးတဲ့ ချစ်ကိုကြီးက ပြောပါတယ်။
"တည်ပွဲတွေက ၁၀ လပိုင်းထဲမှာပဲ၊ ရက်ကတော့ အတိအကျတော့ မသိရသေးဘူး။ အဲဒီအတွက် စီစဉ်ရဦးမယ်" လို့ ချစ်ကိုကြီးက ပြောပါတယ်။
မြန်မာပြည်က လာမဲ့ ကစားသမားတွေရဲ့ ခရီးစရိတ်တွေနဲ့ တည်ပွဲကစားကြေးကိုလည်း ဘတ် ၃ သောင်းချီးမြင့်ဖို့ စီစဉ်ထားတယ်လို့ ချစ်ကိုကြီးက ဆက်ပြောပါတယ်။
ကုန်ခဲ့တဲ့ ၆လပိုင်းတုန်းက မန္တလေးမြို့၊ ရွှေခြင်းလုံးခြင်းကွင်းမှာ ထိုင်း-မြန်မာ ပိုက်ကျော်ခြင်းတည်ပွဲ ၅ ပွဲကစားခဲ့ပြီး ငသြ၊ ခလေးလေး၊ ပုပုတို့ရဲ့ ခေါင်းကျော်ပွဲကလွဲရင် ကျန်တဲ့ ၄ ပွဲလုံး မြန်မာကစားသမားတွေ ရှုံးနိမ့်ထားခဲ့တာပါ။
****မှတ်ချက်_ ဒီဒီးဆားဗစ် ကူထိုးနဲ့ ပွဲမစပ်ထားဘူးလို့တော့ ဆရာလေးက cmt မှာ ပြောဆိုထားပါတယ်။
(ထိုင်း-မြန်မာ ပိုက်ကျော်ခြင်းတည်ပွဲတွေနဲ့ ပတ်သက်ပြီး ချစ်ကိုကြီးနဲ့ ရုပ်သံအင်တာဗျူးကို ည ၁၀ နာရီမှာ ထပ်မံတင်ဆက်ပေးသွားပါမယ်)