Myanmar Lethwei Collection

Myanmar Lethwei Collection Myanmar Lethwei means Myanmar Traditional Kick Boxing. We will share all old and news fights of Myanmar Lethwei. So, name is Myanmar Lethwei Collections.

Myanmar Lethwei Collection သည် မြန်မာ့ရိုးရာလက်ဝှေ့သတင်းတွေကို အမြဲမပြတ် တင်ဆက်ပေးနေတဲ့ မီဒီယာဖြစ်ပါတယ်။ Page ရဲ့ messenger ကနေ ဆက်သွယ်နိုင်သလို [email protected] သို့ email ဖြင့် ဆက်သွယ်နိုင်ပါတယ်။ ဖုန်းနံပတ် +95 9883825323 သို့လည်း ဆက်သွယ်နိုင်ပါတယ်။ Myanmar Lethwei Collection is online media that present only Myanmar Lerhwei news. Lethwei is Myanmar Traditional Kick-boxing tha

t use 9 limbs including head-butt. You may contact us via page messenger, and send email to [email protected]. And our contact phone number for local is +95 9883825323 and the contact phone for international is +65 94888644 (whatsapp).

ကျော်စွာဝင်း အမှန်တကယ် ရှုံးနိမ့်ခဲ့သလား? ONE သတင်းထောက် Nick Atkin ၏ သုံးသပ်ချက်ကို လေ့လာခြင်းဩဂုတ်လ ၂၁ က (မနေ့ညက) ကျင်...
22/08/2026

ကျော်စွာဝင်း အမှန်တကယ် ရှုံးနိမ့်ခဲ့သလား? ONE သတင်းထောက် Nick Atkin ၏ သုံးသပ်ချက်ကို လေ့လာခြင်း

ဩဂုတ်လ ၂၁ က (မနေ့ညက) ကျင်းပခဲ့တဲ့ The Inner Circle 27 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ထိုင်းဖိုက်တာ ကိုမာဝတ် (Komawut) ကို ဒိုင်အဆုံးအဖြတ် ၂-၁ (Split Decision) ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် မြန်မာပရိသတ်များကြားတွင် ရလဒ်နှင့်ပတ်သက်၍ အငြင်းပွားမှုများ မြင့်တက်လျက်ရှိနေပါတယ်။

ကွင်းထဲက ကျော်ကြီး ကျော်ကြီးဆိုတဲ့ အားပေးသံတွေတင်မကဘူး အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာပါ ရေးသားနေကြတာတွေကို ဖြေလျှော့ဖို့အတွက် သတင်းဆောင်းပါ ရှင်းလင်းချက်တစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ONE Championship ရဲ့ သတင်းများကို အဓိကရေးသားဖော်ပြနေတဲ့ နာမည်ကျော် သတင်းထောက်ကြီး Nick Atkin ရဲ့ ရေးသားချက် ဖြစ်ပါတယ်။ သူက သူ့ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာ က တဆင့် အသေးစိတ် သုံးသပ်ချက်တစ်ရပ်ကို ထုတ်ဖော်ရေးသားလာခဲ့ပါတယ်။ Combat Sports မီဒီယာအသိုင်းအဝိုင်းတွင် လေးစားမှုရရှိထားတဲ့သူရဲ့ အမြင်အရ ဒီပွဲမှာ ကျော်စွာဝင်း အနိုင်ရသင့်တယ်လို့ ရေးသားထားပါတယ်။

Nick Atkin ဆောင်းပါးမှာ ဒီပွဲဟာ ဒိုင်များ တစ်ဖက်သတ် ဘက်လိုက်တဲ့ပွဲ မဟုတ်ကြောင်း ရှင်းလင်းထားသော်လည်း၊ သူရဲ့ ကိုယ်ပိုင်အမှတ်ပေးဇယားအရ ကျော်စွာဝင်းက ၂၉-၂၈ ဖြင့် အနိုင်ရတယ်လို့ မှတ်ချက်ပြုထားပါတယ်။ တရားဝင် ပွဲချီအလိုက် ဒိုင်သုံးဦးရဲ့ အမှတ်ပေးမှုများမှာ အောက်ပါအတိုင်း ဖြစ်ခဲ့ပါတယ်။
* Abby Nelson: ၂၉-၂၈ (ကိုမာဝတ်)
* Mehdi Letaillieur: ၂၉-၂၈ (ကျော်စွာဝင်း)
* Edzel Ngina: ၂၉-၂၈ (ကိုမာဝတ်)
ပထမအချီကို ဒိုင်သုံးဦးစလုံးက ကိုမာဝတ်အား ပေးခဲ့သော်လည်း ကျန်အချီများတွင် အမြင်ကွဲလွဲခဲ့ကြပါတယ်။
Nick က ဒိုင် Mehdi Letaillieur ရဲ့ ဆုံးဖြတ်ချက် (ကျော်စွာဝင်းကို ဒုတိယနှင့် တတိယအချီ အနိုင်ပေးမှု) ကို အပြည့်အဝ ထောက်ခံထားပါတယ်။

ပွဲအတွင်း ကိုမာဝတ်ရဲ့ နောက်ဆုတ်ရင်း အခွင့်အရေးစောင့်ပြီး တုံ့ပြန်ထိုးသတ်ချက် (Counters) များမှာ အလွန်ကောင်းမွန်ခဲ့ကြောင်း Nick က အသိအမှတ်ပြုခဲ့ပါတယ်။ အထူးသဖြင့် တတိယအချီတွင် ကိုမာဝတ်ရဲ့ တံတောင်ရိုက်ချက်ကြောင့် ကျော်စွာဝင်း၏ ဦးခေါင်းထိပ်တွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီး ဆရာဝန် ဝင်ရောက်စစ်ဆေးခဲ့ရပါတယ်။ ONE Championship ၏ အမှတ်ပေးစည်းမျဉ်းတွင် 'ထိခိုက်ဒဏ်ရာရရှိမှု' (Damage) သည် အလွန်အရေးပါသောကြောင့် ဒိုင်အချို့က ကိုမဝတ်ကို အနိုင်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူက သုံးသပ်ထားပါတယ်။

သို့သော် အဲဒီအချက်ကို ထည့်သွင်းစဉ်းစားရင်တောင် ပွဲစဉ်တစ်လျှောက်လုံး နောက်မဆုတ်ဘဲ ဖိအားပေးကာ အဆက်မပြတ် ထိုးသတ်ခဲ့တဲ့ ကျော်စွာဝင်းရဲ့ ကြိုးစားအားထုတ်မှု (Work rate) က ဒုတိယနှင့် တတိယအချီများတွင် ပိုမိုအသာစီးရစေခဲ့တယ်လို့ Nick က ခိုင်ခိုင်မာမာ ရေးသားထားပါတယ်။ နှစ်ဦးစလုံး သွေးသံရဲရဲဖြင့် ပွဲပြီးဆုံးချိန်တွင် ကျော်စွာဝင်းက ကိုမာဝတ်အား လက်ခုပ်တီးပြီး ဂုဏ်ပြုပေးခဲ့တဲ့ အားကစားသမားစိတ်ဓာတ်ကိုလည်း ၎င်းက မှတ်တမ်းတင်ခဲ့ပါတယ်။

Nick Atkin ၏ ဆောင်းပါးတွင် နောက်ထပ် စိတ်ဝင်စားဖွယ် ကောင်းတဲ့အချက်ကတော့ မြန်မာဖိုက်တာများ ရင်ဆိုင်နေရတဲ့ အသွင်ကူးပြောင်းမှုဆိုင်ရာ စိန်ခေါ် ချက်တွေကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့မှ မွေထိုင်းကို ကူးပြောင်းကစားရာမှာ နည်းစနစ်ပိုင်းဆိုင်ရာ ကွာဟချက် (Technical gap) များ ရှိနေသေးကြောင်း ရှေ့ပွဲက ယော့ဖူပါကို ရှုံးနိမ့်ခဲ့တဲ့ စောမင်းမင်းရဲ့ ပွဲကို သာဓကပြု၍ သူက ထောက်ပြထားပါတယ်။ ဒါပေမယ့် ကျော်စွာဝင်း ဟာ ONE ပွဲဦးထွက်မတိုင်မီကတည်းက ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Fairtex Gym တွင် လေ့ကျင့်ပညာသင်ယူနေသူဖြစ်ရာ အခြားဖိုက်တာများနှင့်စာလျှင် နည်းစနစ်ပိုင်း ပိုမိုတိုးတက်နေပြီဖြစ်ကြောင်း Nick က ချီးကျူးရေးသားထားတာကို တွေ့ရှိရပါတယ်။

"သူ (ကျော်စွာဝင်း) က ငယ်စဉ်ကတည်းက မွေထိုင်းနဲ့ ကြီးပြင်းလာတဲ့ ထိုင်းဖိုက်တာတွေနဲ့ ကွာဟချက်ကို အများကြီး ကျဉ်းမြောင်းအောင် လုပ်နိုင်နေပါပြီ။ ဒီပွဲက အရမ်းနီးစပ်တဲ့ ပွဲဖြစ်ပြီး သူနိုင်တယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။" ဟု Nick Atkin က သူ့အမြင်ကို ထည့်သွင်း ရေးသားထားပါတယ်။ ထို့အပြင် မြန်မာနိုင်ငံက ၎င်းအပေါ် ကြီးမားသည့် မျှော်လင့်ချက်များ ထားရှိကြောင်းကို နားလည်သော်လည်း ပရိသတ်များအနေဖြင့် အချိန်ယူပြီး စိတ်ရှည်ရှည်ဖြင့် ဆက်လက်အားပေးကြဖို့ သူက ရေးသားတိုက်တွန်းထားပါတယ်။

MLC အနေနဲ့ အချုပ်အားဖြင့် သုံးသပ်ရမယ်ဆိုရင် ဒီပွဲမှာ ကျော်စွာဝင်း ကွဲသွားပြီး သွေးထွက်များသွားလို့ ရှုံးတာလို့ ထက်မြင်မိပါတယ်။ သတင်းထောက်ကြီး Nick Atkin အနေနဲ့ကျတော့လည်း သူ့အမြင်ကို ထည့်သွင်းရေးသားထားသလို ပရိတ်သတ်တွေ ပွဲထိမ်းတဲ့အနေနဲ့ မျှမျှတတသုံးသပ်ရေးသားထားတယ်လို့ ယူဆပါတယ်။ ပရိတ်သတ်များအနေနဲ့လည်း မိမိတို့ရဲ့ အားကစားသမားကို အားပေရတာ မှန်ပေမယ့် သူတို့ရဲ့ စာမျက်နှာတွေမှာ သွားရောက် ဆဲဆိုရေးသားတိုက်ခိုက်တာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အမြတ်အနေနဲ့ကတော့ အခုလို အမှတ်ပေးဇယားကို ချပြလာတဲ့အတွက် ကျတော်တို့အနေနဲ့ ဗဟုသုတရစေပြီး ဖိုက်တာတွေ အနေနဲ့ One မှာ မွေထိုင်းထိုးရင် အမှတ်ယူတတ်ဖို့ လိုကြောင်း အသိလေးဝင်သွားနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

(ရင်းမြစ် နဲ့ ရုပ်ပုံ - Nick Atkin ၏ တရားဝင် Facebook စာမျက်နှာ)







20/08/2026
မြန်မာဖိုက်တာနှစ်ဦး The Inner Circle 27မှာ ထိုးမည့်ပွဲ မနက်ဖြန်လာမည်...မင်္ဂလာပါခင်ဗျာ။ The Inner Circle 27 ပွဲစဉ်အတွက်...
20/08/2026

မြန်မာဖိုက်တာနှစ်ဦး The Inner Circle 27မှာ ထိုးမည့်ပွဲ မနက်ဖြန်လာမည်...

မင်္ဂလာပါခင်ဗျာ။ The Inner Circle 27 ပွဲစဉ်အတွက် ဒီနေ့ဝိတ်ချိန်ရာမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံး ဝိတ်တန်းဝင်ခဲ့ပါတယ်။

ကျော်စွာဝင်းကလည်း ပွဲမတိုင်ခင်မှာ “မနက်ဖြန်အတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်ခင်ဗျာ” လို့ ပြောကြားထားပါတယ်။

ကျော်စွာဝင်းက Komawut နဲ့၊ စောမင်းမင်းက Yodphupa နဲ့ အသီးသီး ယှဉ်ပြိုင်သွားမှာဖြစ်ပြီး နှစ်ဦးစလုံးအတွက် အနိုင်ရရှိပြီး ဘောနပ်ဆုပါ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

The Inner Circle 27 ကို Online ကနေကြည့်မယ်ဆိုရင် live.onefc.com မှာ Membership ဝယ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ လက်ရှိ Membership ကြေးက တစ်လ ဘတ်၃၃၀ဝန်းကျင် ဖြစ်ပါတယ်။

မြေပြင်ကွင်းထဲ ကိုယ်တိုင်သွားကြည့်ချင်သူတွေအနေနဲ့တော့ Lumpinee Boxing Stadium မှာ ကျင်းပမှာဖြစ်ပြီး Cat 3 1,000 ဘတ်ကနေ Ringside 5,000 ဘတ်အထိ လက်မှတ်အမျိုးအစားအလိုက် ဝယ်ယူနိုင်ပါတယ်။ ThaiTicketMajor ကနေ ကြိုတင်ဝယ်ယူနိုင်သလို ပွဲနေ့မှာ Box Office ကနေလည်း ဝယ်ယူနိုင်ပါတယ်။

ပွဲကတော့ ဩဂုတ် ၂၁ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ မှာ စတင်မှာဖြစ်တာကြောင့် မြန်မာဖိုက်တာနှစ်ဦးရဲ့ ပွဲကို မလွတ်တမ်း စောင့်ကြည့်အားပေးကြရအောင်ခင်ဗျာ။






ဗန် ခေါင်ပွဲအဖြစ် ထိုးမယ့် UFC331 ရဲ့ စမယ့် အချိန်တွေကို ဖေါ်ပြလိုက်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့) မနက် မြန်မ...
14/08/2026

ဗန် ခေါင်ပွဲအဖြစ် ထိုးမယ့် UFC331 ရဲ့ စမယ့် အချိန်တွေကို ဖေါ်ပြလိုက်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့) မနက် မြန်မာစံတော်ချိန် ၆:၃၀ မှာ Early Prelims ပွဲတွေ စထိုးပါမယ်။ Prelims ပွဲတွေ ၇:၃၀ လောက် စမှာ ဖြစ်ပြီး Main Cards တွေက မနက် ၉:၀၀ မှာ စပါမယ်။ ရှေ့ပွဲတွေပေါ်မူတည်ပြီး ခေါင်ပွဲ အချိန် အနည်းငယ်စီ ရွေ့နိုင်ပါတယ်။ ခန့်မှန်းခြေ မြန်မာချိန် ၁၀:၀၀ နဲ့ ၁၁:၀၀ ကြားလောက် ဖြစ်နိုင်ပါတယ်။

Schedule for Myanmar and AsiaMyanmar Standard Time (MMT, UTC+6:30)

Early Prelims: Sunday, Sept 20, 2026 at 6:30 AM
Prelims: Sunday, Sept 20, 2026 at 7:30 AM
Main Card: Sunday, Sept 20, 2026 at 9:00 AM



#ဗန်

“ကံကောင်းလို့ ချန်ပီယံဖြစ်လာတာလား?” - Joshua Van vs Pantoja  မကျေပွဲမှာ အဖြေထွက်လာတော့မှာ ဖြစ်ပါတယ်။ ထင်မြင်ယူဆချက်လေးတွ...
14/08/2026

“ကံကောင်းလို့ ချန်ပီယံဖြစ်လာတာလား?” - Joshua Van vs Pantoja မကျေပွဲမှာ အဖြေထွက်လာတော့မှာ ဖြစ်ပါတယ်။ ထင်မြင်ယူဆချက်လေးတွေ ရှိရင် ဝေမျှ ပေးခဲ့ကြပါအုံး။

ကျတော်တို့ အမြင်တော့ Myanmar4you YouTube မှာ တင်ထားပါတယ်ဗျ။

လင့် 👇👇👇





အားလုံး စောင့်မျှော်နေကြတဲ့အတိုင်း ဂျိုရှူဝါဗန် ရဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲကြီး လာပါပြီ။ ဒုတိယအကြိမ် ...
06/08/2026

အားလုံး စောင့်မျှော်နေကြတဲ့အတိုင်း ဂျိုရှူဝါဗန် ရဲ့ ဒုတိယအကြိမ်မြောက် ချန်ပီယံခါးပတ် ကာကွယ်ပွဲကြီး လာပါပြီ။ ဒုတိယအကြိမ် ဆိုပေမယ့် ပထအကြိမ်ကာကွယ်ပွဲထက် စိတ်ဝင်စားမှု ပိုများကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူအနိုင်ယူပြီး ချန်ပီယံဖြစ်စေခဲ့သူ တစ်နည်းအားဖြင့် သူ့ကိုရှုံးပြီး ချန်ပီယံအဖြစ်ကနေ စျာန်လျှောခဲ့သူ အလက်ဇန္ဒြားပန်တိုဂျာ နဲ့ ပြန်တွေ့ကြမယ့် ပွဲဖြစ်လို့ပါ။ အများစုက အဲပွဲမှာ ပန်တိုဂျာက ခြေချော်လက်ချော် ဖြစ်ခဲ့တာလို့ ပြောကြပေမယ့် ဗန်ဟာ ပထမဆုံး ခါးပတ်ကာကွယ်ပွဲမှာ အဲလို ထင်ကြသူတွေ မှားယွင်းကြောင်း တက်ဆူရိုတိုင်ရာ ကို အလဲထိုးပြီး ပြသခဲ့ပြီးပါပြီ။ အခုတစ်ခါလည်း ဗန် ဟာ ချန်ပီယံ ဖြစ်ကြောင်း ထပ်မံပြသခွင့် ရမှာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပမယ့် UFC331 မှာ ဒီပွဲကြီးကို မြင်ကြရတော့မှာ ဖြစ်ပါတယ်။ UFC ကနေ တရားဝင်ချပြလိုက်တာဖြစ်ပြီး ဗန်ကလည်း သူ့ရဲ့လူမှုကွန်ယက်မှာ တင်လိုက်ပါပြီ။ ပွဲတွေ ခပ်စိတ် ထိုးလေ့ရှိတဲ့ ဗန်ဟာ တိုင်ရာနဲ့ပွဲအပြီး ၄ လကျော်အကြာဗာ ပန်တိုဂျာ နဲ့ ထိုးပါပြီ။ သူတို့ စိန်ခေါ်မယ့် မာနယ်ကပ် ကလည်း စောင့်နေတာမို့ ဒီနှစ်အကုန် နောက်နှစ်အဆန်း လောက်မှာ မာနယ်ကပ် နဲ့လည်း ထိုးဖို့ ရှိနေတာ ဖြစ်ပါတယ်။




04/07/2026
မြန်မာဖိုက်တာ ကိုလှဝင်း နဲ့ မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်းနဲ့ ဒုတိယအကြိမ် ထိုးမည်မြန်မာ့လက်ဝှေ့သမား စောလှဝင်း ခေါ် ရွှ...
24/06/2026

မြန်မာဖိုက်တာ ကိုလှဝင်း နဲ့ မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်းနဲ့ ဒုတိယအကြိမ် ထိုးမည်

မြန်မာ့လက်ဝှေ့သမား စောလှဝင်း ခေါ် ရွှေချစ်အောင် ဟာ ထိုင်းနိုင်မှာနေထိုင်ပြီး မွေးထိုင်းပွဲတွေထိုးသတ်ယှဉ်ပြိုင် နေသူဖြစ်ပါတယ်။ သူဟာ Thai Fight ပွဲတွေမှာ ထိုးတာဖြစ်ပါတယ်။ မွေထိုင်းလက်ဝှေ့ကျော်တွေ အများကြီးနဲ့ ထိုးသတ်ဖူးပြီး နိုင်ပွဲတွေရော ရှုံးပွဲတွေရော ရှိပါတယ်။

မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်း ကိုတော့ ပရိတ်သတ်အားလုံး သိကြမှာ ဖြစ်ပါတယ်။ သူ့က ၁၉၈၀ ခုနှစ်မှာ မွေးခဲ့တာ ဆိုတော့ အခု အသက် ၄၆ နှစ်ရှိပါပြီ။ အသက် ၄၆ နှစ်အရွယ် ဆန်ချိုင်းဟာ Thai Fight စင်မြင့်ထက်ကနေ နိုင်ငံစုံက ဖိုက်တာများကို စပယ်ရှယ် မွေးထိုင်းဟင်းလျာ တံတောင် ဒူး စတဲ့ ဟင်းတွေနဲ့ အမြဲတည်ခင်း ဧည့်ခံနေသူပါ။ မြန််မာဖိုက်တာထဲကဆိုရင် မင်းရဲကျော်စွာ နဲ့ အခု ပွဲထိုးမယ့် စောလှဝင်း တို့ အနိုင်ယူးထားသူပါ။

စောလှဝင်း နဲ့ ဆန်ချိုင်း တို့ကို Thai Fight က မနှစ်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ပထမအကြိမ် ပွဲတည်ပေးခဲ့ပါတယ်။ ပထမအချီ စစချင်းမှာပဲ စောလှဝင်းရဲ့ ခြေထောက်ကို အသာလေးကန်ပြီး လဲကျအောင် လုပ်လိုက်ပါတယ်။ ပထမတစ်ချီကို ပုံမှန်လေးဆော့သွားပါတယ်။ ဒုတိယအချီ စစချင်းမှာ ဆန်ချိုင်းဟာ စောလှဝင်းရဲ့ ဝမ်းဗိုက်ကို ဘယ်ဒူးနဲ့ တိုက်ချလိုက်ကာ Knock Out အလဲထိုး နဲ့ နိုင်ခဲ့ပါတယ်။

အခု ၂၀၂၆ ခုနှစ် ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့မှာ မကျေပွဲအဖြစ် ဒုတိယအကြိမ် ပွဲတည်ပေးထားပါ။ Thai Fight ပွဲတွေကို Facebook နဲ့ YouTube တို့ကနေ လွင့်လေ့ရှိတာမို့ အားလုံးကြည့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲနေ့ရောက်လို့ လင့်တွေ ရရင်လည်း MLC အနေနဲ့ ရှယ်ပေးပါ့မယ်။ ကဲ စောလှဝင်း ကတော့ မကျော်ပွဲမှာ မွေထိုင်း ဂန္ထဝင်ကြီး ဆန်ချိုင်းကို အနိုင်ယူပြနိုင်မလားဆိုတာ စောင့်မျှော် ကြည့်ရှု့ကြပါစို့။





ที่อยู่

Maepa Maesot
Mae Sot

เวลาทำการ

จันทร์ 09:30 - 17:30
อังคาร 09:30 - 17:30
พุธ 09:30 - 17:30
พฤหัสบดี 09:30 - 17:30
ศุกร์ 09:30 - 17:30
เสาร์ 09:30 - 17:30

เบอร์โทรศัพท์

+6594888644

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Lethwei Collectionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Lethwei Collection:

ทางลัด

แชร์