BAKAonWheel - Red Devil House

BAKAonWheel - Red Devil House ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก BAKAonWheel - Red Devil House, กีฬา, Chiang Mai.

ဘုရင်တစ်ပါးရဲ့နေဝင်ချိန် နဲ့ အိမ်ရှေ့စံတစ်ပါးမွေးဖွားလာခြင်း==================================အစိမ်းရောင်ကွင်းပြင်ကြီးထဲ...
20/07/2026

ဘုရင်တစ်ပါးရဲ့နေဝင်ချိန် နဲ့ အိမ်ရှေ့စံတစ်ပါးမွေးဖွားလာခြင်း
==================================

အစိမ်းရောင်ကွင်းပြင်ကြီးထဲက မက်ဆီ ပုံရိပ် မှေးမှိန်သွားချိန်မှာပဲ တစ်ဖက်ခြမ်းကနေ လျှပ်စီးအလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပါတယ် ။ အဲ့ဒါကတော့ အသက် ၁၉ နှစ်အရွယ် အံ့ဖွယ်လူငယ်လေး လာမင်းယာမယ် ပါပဲ ။ ပြိုင်ဘက်ခံစစ်မှူးတွေကို သွေးပျက်စေနိုင်ခဲ့တဲ့ ဝါရင့်ကစားသမားတစ်ဦးလို အေးဆေးတည်ငြိမ်မှု ၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ဖိအား စတာတွေကို မှုန်နံသာခြယ်သထားသလို ကစားပြသွားခဲ့တဲ့ ခြေစွမ်းက မယုံနိုင်စရာပါ ။

လွန်ခဲ့တဲ့ ၁၉ နှစ်ခန့်က ဘာစီလိုနာအဝတ်လဲခန်းထဲမှာ လသားအရွယ် ကလေးငယ်လေးတစ်ဦးကို မက်ဆီရေချိုးပေးနေခဲ့တဲ့ဓာတ်ပုံလေးကို အားလုံးမှတ်မိကြဦးမှာပါ ။ အဲ့ဒီတုန်းက ဘုရင်ကြီးရဲ့လက်ကနေ ပွတ်သပ်ကောင်းချီးပေးခြင်းခံခဲ့ရတဲ့ ကလေးငယ်လေးဟာ အခု ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးရဲ့ စင်မြင့်ထက်မှာတော့ ဘုရင်ကြီးရဲ့ဆက်ခံသူ အိမ်ရှေ့စံစစ်စစ်အဖြစ် ကမ္ဘာကြီးရဲ့ရှေ့မှောက်မှာ ဘိသိက်ခံ သရဖူဆောင်းသွားခဲ့ပါပြီ ။

ဘောလုံးဇာတ်ခုံပေါ်က အသက် ၃၉ နှစ်အရွယ် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးရဲ့ နောက်ဆုံးသောကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမားလေးကို ဒူးထောက်အရှုံးပေးပြီး ပလ္လင်ပေါ်ကနေ ဆင်းပေးခဲ့ရတာပါ ။ ဒီပွဲဟာ ဘောလုံးလောကအတွက်တော့ ကြည်နူးစရာ ၊ ဝမ်းနည်းစရာ နဲ့ ဂုဏ်ယူစရာ စတဲ့ ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုခဲ့ရတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ် ။

ဆယ်စုနှစ် ၂ ခုစာ ဘောလုံးလောကကို ဦးဆောင်လာခဲ့တဲ့ မက်ဆီရဲ့ခေတ်တစ်ခုဟာ အလှပဆုံး နေဝင်သွားခဲ့ပါပြီ ။ ဒီအချက်ကြောင့်ပဲ ဘောလုံးပရိသတ်တွေဟာ ဝမ်းနည်းနေခဲ့ကြရပေမယ့် တစ်ဖက်မှာလည်း ကျနော်တို့မျက်စိရှေ့မှာတင် ယာမယ်ဆိုတဲ့ အိမ်ရှေ့စံမင်းသားလေးက ဘောလုံးလောကကို ဆက်လက်စိုးမိုးဖို့ ရာဇပလ္လင်ပေါ် တက်လှမ်းလို့ လာခဲ့ပါပြီ ။

မက်ဆီဟာ ပွဲပြီးဆုံးချိန်မှာ မျက်ရည်တွေကို မတားစီးနိုင်ခဲ့ဘဲ ဝမ်းနည်းစွာနဲ့ ငိုနေခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒီမျက်ရည်တွေဟာ ရှုံးနိမ့်ခြင်းရဲ့ ဝမ်းနည်းမှုသက်သက် မဟုတ်ပါဘူး ။ ဆယ်စုနှစ် ၂ ခုစာ ခရီးတစ်ခု ပြီးဆုံးသွားခဲ့တဲ့ ကိုယ့်ရဲ့ဆက်ခံသူကို မြင်ရတဲ့ဂုဏ်ယူမှု ၊ မျှော်လင့်ချက်နဲ့ ချိုမြိန်တဲ့ခါးသီးမှုတွေပါ ရောစပ်နေခဲ့မှာတော့ သေချာပါတယ် ။ ယာမယ် ကတော့ အနာဂတ်ရဲ့ တံခါးကို ဖွင့်လိုက်ပါပြီ ။ ဘုရင်ကြီးကျသွားတဲ့ ပလ္လင်ဟာ အခုအခါမှာ လူငယ်ဘုရင်သစ်ရဲ့ အစွမ်းအစနဲ့ ပြန်လည်တောက်ပလာနေပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလား ၊ ၂၀၃၄ ကမ္ဘာ့ဖလား ၊ ၂၀... အထိ

ယာမယ်ရဲ့ ဘောလုံးခရီးက ဘယ်အချိန်ထိ ဆက်သွားနေမှာလဲ ၊ ဘုရင်ကြီးမက်ဆီထက် ပိုပြီး ကြာကြာ ကြီးစိုးနိုင်မလား ဆိုတာကတော့ အချိန်ကပဲ ဖြေကြားသွားပါလိမ့်မယ် ။

2026 ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ ... ဖိုင်နယ် ပွဲစဉ်မှာ မိနစ် ၉၀ ပြီးဆုံးချိန်ထ ဂိုးပေါက်ကန်သွင်းခွင့် တစ်...
19/07/2026

2026 ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ ... ဖိုင်နယ် ပွဲစဉ်မှာ မိနစ် ၉၀ ပြီးဆုံးချိန်ထ ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်မှမရခဲ့တဲ့ အာဂျင်တီးနားအသင်းကတော့ အချိန်ပို ဒုတိယပိုင်းမှာသွင်းယူခဲ့တဲ့ F.Torres ရဲ့ သွင်းဂိုးကြောင့်ပဲ စပိန်အသင်းကို အရှုံးပေးလိုက်ရတာဖြစ်ပါတယ် ... ဂိုးသမား Martinez ရဲ့ လက်စွမ်းပြမှုကြောင့်သာ ဂိုးပြတ်မရှုံးခဲ့ရတာဖြစ်ပြီး ပွဲစဉ်တစ်လျှောက်လုံးမှာ စပိန်အသင်းကို ဘယ်နေရာမှာမှ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ... စပိန်အသင်းကတော့ ထိုက်ထိုက်တန်တန်နဲ့ပဲ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ် ... ။

ဥဇဘတ် နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး စံချိန်သစ်တွေထပ်တင်ခဲ့တဲ့ Cristiano Ronaldo---------------------------------------------...
23/06/2026

ဥဇဘတ် နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး စံချိန်သစ်တွေထပ်တင်ခဲ့တဲ့ Cristiano Ronaldo
----------------------------------------------------------------------------

- ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက်တိုက် (2006, 2010, 2014, 2018, 2022, 2026) ဂိုးသွင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကစားသမား

- ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သွင်းဂိုး 10 ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပြီး Eusébio ရဲ့ 9 ဂိုးစံချိန်ကို ၃၇ နှစ်အကြာမှာ ကျော်တက်ကာ Portugal သမိုင်းတလျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့

- နိုင်ငံအသင်း Portugal အတွက် သွင်းဂိုး 145 ဂိုးအထိ ရောက်ရှိသွားပြီး သူ့ကိုယ်ပိုင် ကမ္ဘာ့စံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ခဲ့

- ကစားသမားသက်တမ်းတစ်လျှောက် သွင်းဂိုး ၉၇၅ ဂိုးအထိ ရရှိထား

Messi ဟာ GOAT ဆိုရင် CR7 ကတော့ Super Human လို့ ခေါင်းစဉ်တပ်မှပဲ ပြည့်စုံပါလိမ့်မယ် ။


ယနေ့ည ကစားခဲ့တဲ့ Austria နဲ့ ပွဲစဉ်အတွင်း ပယ်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ Messi ဟာ ပယ်နယ်တီ ၇ ကြိမ် ကန်သွင်းရာမှာ ၃...
22/06/2026

ယနေ့ည ကစားခဲ့တဲ့ Austria နဲ့ ပွဲစဉ်အတွင်း ပယ်နယ်တီကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ Messi ဟာ ပယ်နယ်တီ ၇ ကြိမ် ကန်သွင်းရာမှာ ၃ ကြိမ်အထိ လွဲချော်ထားတဲ့ ပယ်နယ်တီအများဆုံးလွဲချော်သူအဖြစ် မှတ်တမ်းဆိုးတစ်ခုလည်း ရရှိသွားပါတယ် ။

ယနေ့ညမှာ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဂုတ်ကြီး Messi က‌တော့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမာ...
22/06/2026

ယနေ့ညမှာ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ဂုတ်ကြီး Messi က‌တော့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား(၁၈ ဂိုး)အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၂ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၅ ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါသေးတယ် ။ လက်ကျန်ပွဲတွေမှာ ဘယ်လိုစံချိန်သစ်တွေ ထပ်မံတင်နိုင်ဦးမလဲဆိုတာကို ကမ္ဘာ့တစ်လွှားက ဘောလုံးပရိသတ်တွေကတော့ ရင်ခုန်စွာနဲ့စောင့်နေကြပါကြောင်း ...

2026 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ပယ်နယ်တီလွဲချော်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့တဲ့ Messi
22/06/2026

2026 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ပယ်နယ်တီလွဲချော်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့တဲ့ Messi

You can’t spell Spain without pain 🥲
21/06/2026

You can’t spell Spain without pain 🥲

ချက် အသင်းနဲ့ တောင်အာဖရိကအသင်းတို့ရဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ချက်ကစားသမား Michael Sadílek ရဲ့ ဂိုးဟာ 2026 ကမ္ဘာ့ဖလားပွဲစ...
18/06/2026

ချက် အသင်းနဲ့ တောင်အာဖရိကအသင်းတို့ရဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ချက်ကစားသမား Michael Sadílek ရဲ့ ဂိုးဟာ 2026 ကမ္ဘာ့ဖလားပွဲစဉ်တွေအထဲမှာ အမြန်ဆုံးသွင်းဂိုးအဖြစ်တော့ ရှိနေပါပြီ ။ ပွဲကစားချိန် ပထမပိုင်း ၅ မိနစ်မှာတင် သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။

Mbappe ဟာ ကမ္ဘာ့ဖလားရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားတစ်ဦး ဖြစ်လာဖို့အတွက် အရမ်းကိုနီးစပ်လာနေပြီပဲ ဖြစ်ပါတယ်  ။ ပြင်သစ်...
16/06/2026

Mbappe ဟာ ကမ္ဘာ့ဖလားရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားတစ်ဦး ဖြစ်လာဖို့အတွက် အရမ်းကိုနီးစပ်လာနေပြီပဲ ဖြစ်ပါတယ် ။ ပြင်သစ်အသင်းဟာ အခုမှ အုပ်စုပွဲစဉ်ရဲ့ တစ်ပွဲကိုသာ ကစားရသေးတာပါ ။ ကြည့်ရတ‌ာတော့ အုပ်စုပွဲစဉ်အပြီးမှာ တင် စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တွေပါ တင်သွားမယ့်ပုံစံတွေ မြင်နေရပါပြီ ။

Mbappe ရဲ့ လှပတဲ့သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး ပြင်သစ်အသင်းကတော့ အဖွင့်လှသွားခဲ့ပါပြီ ။ ဒီကနေ့ပွဲမှာ သွင်...
16/06/2026

Mbappe ရဲ့ လှပတဲ့သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ်နိုင်ပွဲရခဲ့ပြီး ပြင်သစ်အသင်းကတော့ အဖွင့်လှသွားခဲ့ပါပြီ ။ ဒီကနေ့ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ Mbappe ကလည်း စုစုပေါင်းသွင်းဂိုး ၅၇ ဂိုး ရရှိသွားပြီဖြစ်ကာ ပြင်သစ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် Oliver Giroud နဲ့အတူ ပူးတွဲရပ်တည်နေနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ที่อยู่

Chiang Mai
50140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BAKAonWheel - Red Devil Houseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท