𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေကြောင်း ♡︎🌾🌻

🦋🌷 အလိုဆန္ဒနှင့် ဘဝ၏ အနှစ်သာရ🌷🦋 ------------------------------------------------------------⭐   လူ့ဘဝဆိုတာ အလိုဆန္ဒတွေရဲ...
19/05/2026

🦋🌷 အလိုဆန္ဒနှင့် ဘဝ၏ အနှစ်သာရ🌷🦋
------------------------------------------------------------

⭐ လူ့ဘဝဆိုတာ အလိုဆန္ဒတွေရဲ့ နယ်ပယ်ဖြစ်၏။ ဒါပေမဲ့ အလိုရှိသမျှ အရာခပ်သိမ်းကို ရယူနိုင်ဖို့ဆိုတာလည်း အရာအားလုံးမဖြစ်နိုင်ဘူး။

⭐ ရယူလိုသောအရာရှိလျှင် စွန့်လွှတ်ရသောအရာလည်း ရှိစမြဲ။ ဒါကြောင့် မိမိဘဝ၏ ဦးတည်ချက်၊ မိမိတန်ဖိုးထားရာကို ပညာဖြင့် ဆင်ခြင်သုံးသပ်ပြီးတော့ ရွေးချယ်တတ်ရမယ်။
လောက၌ ရခြင်းရှိလျှင် စွန့်ခြင်းလည်း ရှိရမည်။

⭐ ယူခြင်းရှိလျှင် လွှတ်ခြင်းလည်း ရှိရမည်။ ထို့ကြောင့် မိမိအတွက် အရေးကြီးဆုံးသောအရာ၊ မစွန့်လွှတ်နိုင်လောက်အောင် တန်ဖိုးရှိသောအရာကို ဉာဏ်ဖြင့် ဆုံးဖြတ်ရမည်။ အရာရာကို အကုန်လိုချင်နေသူသည် ရသင့်ရာမရ၊ ရပြီးသောအရာ၌လည်း မကျေနပ်နိုင်ပေ။

⭐ လောကဓမ္မ၏ သဘောအရ ရွေးချယ်ခြင်းနှင့် စွန့်လွှတ်ခြင်းတို့သည် ခွဲခြား၍ မရသောအရာများ ဖြစ်ကြ၏။ ‘အဘယ်အရာသည် မိမိဘဝအတွက် အနှစ်သာရရှိသနည်း၊ အဘယ်အရာသည် မစွန့်လွှတ်သင့်သနည်း’ ဟူ၍ ဆင်ခြင်ဉာဏ်ဖြင့် သုံးသပ်ရမည်။

⭐ အရာခပ်သိမ်းကို အကုန်လိုချင်ခြင်းသည် လောဘ၏ နောက်လိုက်ခြင်းသာဖြစ်၍ သောကကိုသာ ပွားများစေ၏။
လိုချင်ခြင်းသည် လူ့သဘာဝဖြစ်သော်လည်း လိုချင်သမျှကို ရယူနိုင်ခြင်းသည် လောက၏ သဘာဝမဟုတ်။

အားလုံးပဲ ဘေးဘယာတွေဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🌹🌷🌼🌸

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

🦋🦋 ကိုယ်ချင်းစာတရားဆိုတာ 🦋🦋🦋🦋   ဘဝမှာ ကိုယ်အောင်မြင်လာတဲ့အခါ၊ ကိုယ်ပျော်ရွှင်လာတဲ့အခါ၊ ကိုယ်ရရှိလာတဲ့ အရာတွေကြောင့် တစ်ပ...
30/04/2026

🦋🦋 ကိုယ်ချင်းစာတရားဆိုတာ 🦋🦋

🦋🦋 ဘဝမှာ ကိုယ်အောင်မြင်လာတဲ့အခါ၊ ကိုယ်ပျော်ရွှင်လာတဲ့အခါ၊ ကိုယ်ရရှိလာတဲ့ အရာတွေကြောင့် တစ်ပါးသူရဲ့ နှလုံးသားကို မထိခိုက်စေဖို့ သတိထားပါ။

🦋🦋 တစ်ခါတလေ ကိုယ်အတွက် သာမန်ဖြစ်တဲ့ အရာတစ်ခုဟာ အခြားသူတစ်ယောက်အတွက် အလွန်တန်ဖိုးရှိတဲ့ အိပ်မက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ကိုယ့်ရဲ့ အောင်မြင်မှုကိုဂုဏ်ယူနိုင်ပါတယ်။ ဒါပေမယ့် အဲဒီဂုဏ်ယူမှုဟာ တစ်ပါးသူရဲ့ နာကျင်မှုအပေါ် တည်ဆောက်ထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

🦋🦋 မြတ်စွာဘုရားရှင်က မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရတရားတွေကို သင်ကြားပေးခဲ့ပါတယ်။ အဲဒီထဲမှာ ကိုယ်ချင်းစာတရားဟာ လူသားတစ်ယောက်ရဲ့ အလှဆုံး အရည်အသွေးတစ်ခု ဖြစ်ပါတယ်။

🦋🦋 ကိုယ့်ပျော်ရွှင်မှုကြောင့် အခြားသူတစ်ယောက် ပိုပြီး ဝမ်းနည်းရမယ်ဆိုရင် အဲဒီပျော်ရွှင်မှုဟာ ပြည့်စုံတဲ့ ပျော်ရွှင်မှု မဟုတ်သေးပါဘူး။

🦋🦋 တကယ်လှပတဲ့ လူတစ်ယောက်ဆိုတာ ကိုယ်ရဲ့ အပြုံးနဲ့အတူ အခြားသူတွေရဲ့ မျက်ရည်ကိုလည်း ခြောက်သွေ့စေနိုင်သူ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့အနေနဲ့ စကားလှလှပြောတတ်ရုံထက် စိတ်လှလှထားတတ်ဖို့ ကြိုးစားပါ။ အောင်မြင်ရုံထက် နားလည်ပေးတတ်ဖို့ သင်ယူပါ။ ချစ်ခံရဖို့ထက် ချစ်ပေးတတ်ဖို့ အရေးကြီးပါတယ်။

🦋🦋 ကိုယ်ချင်းစာတရားရှိတဲ့ နှလုံးသားဟာ ဘယ်တော့မှ အရှုံးမပေးသလို ဘယ်နေရာမှာမဆို အလင်းရောင် ဖြန့်ဝေပေးနိုင်ပါတယ်။ 🙏✨

🦋🦋 လောကကြီးကို ပြောင်းလဲစေမယ့် အင်အားဟာ ဉာဏ်ပညာတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ချင်းစာတရားပါဝင်တဲ့ နှလုံးသားတစ်စုံလည်း အတူတကွ လိုအပ်ပါတယ်။

အားလုံးပဲ ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🌹🌷🌹

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

☸  ကံကြမ္မာနဲ့ သံသရာဆိုတာ လူ့ဘဝကို နက်နက်ရှိုင်းရှိုင်း နားလည်စေတဲ့ ဗုဒ္ဓတရားနှစ်ခုပါ>>>>>📎   ကံကြမ္မာ (Karma) ဆိုတာ ကို...
25/04/2026

☸ ကံကြမ္မာနဲ့ သံသရာဆိုတာ လူ့ဘဝကို နက်နက်ရှိုင်းရှိုင်း နားလည်စေတဲ့ ဗုဒ္ဓတရားနှစ်ခုပါ>>>>>

📎 ကံကြမ္မာ (Karma) ဆိုတာ ကိုယ်ပြုခဲ့တဲ့ actions, words, thoughts တို့ရဲ့ result ဖြစ်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်။ ဒါဟာ ဘယ်သူမှ ဆုံးဖြတ်ပေးတာမဟုတ်ဘဲ ကိုယ်တိုင်စိုက်ခဲ့တဲ့ အစေ့က ကိုယ်တိုင်ရိတ်သိမ်းရတာပါဆိုတာကို #ပါချုပ်ဆရာတော် တရားကို နာယူလိုက်ရင် ပိုနားလည်လာပါလိမ့်မယ်။

📎 သံသရာ ဆိုတာ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို ထပ်ခါထပ်ခါ လည်ပတ်နေရတဲ့ ဘဝစက်ဝိုင်းကြီးပါ။ ကံရှိနေသမျှ သံသရာလည်နေဦးမှာပဲ။

📎 Karma creates Samsara, and Samsara creates more Karma.

📎 ဒီလိုနဲ့ မသိမှု၊ တပ်မက်မှု၊ စွဲလမ်းမှုတို့ကြောင့် သတ္တဝါတွေဟာ သံသရာထဲမှာ မဆုံးနိုင်အောင် လည်ပတ်နေကြရပါတယ်။

ဒါကြောင့် ဗုဒ္ဓဘုရားရှင်က—
> "ကံကို ကောင်းအောင်လုပ်၊ ဉာဏ်ကို တိုးအောင်ကြိုးစား၊ သံသရာမှ လွတ်မြောက်အောင် ကျင့်။" လို့ သွန်သင်ထားတာပါ။

📎 The past cannot be changed, but the future can be created by today's actions.

သံသရာက ရှည်လျားပေမယ့် မဂ္ဂင်လမ်းကို လိုက်နာသူအတွက် နိဗ္ဗာန်ဟာ အဆုံးသတ်ပါပဲ။ ယနေ့ သင်လုပ်သမျှဟာ မနက်ဖြန်ရဲ့ ကံကြမ္မာဖြစ်လာမယ်။ ယနေ့ သင်ကျင့်သမျှဟာ သံသရာအဆုံးသို့ ခေါ်ဆောင်သွားမယ်။

အားလုံးပဲ ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🌷🌷🌷

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

လောကဓံကြားက လူ့ဘဝ--------------------------------------💮  လူ့ဘဝဆိုတာ အချိန်မစောင့်ဘဲ ပြောင်းလဲနေတဲ့ ခရီးတစ်ခုပါပဲ။ နေ့စဉ...
21/04/2026

လောကဓံကြားက လူ့ဘဝ
--------------------------------------

💮 လူ့ဘဝဆိုတာ အချိန်မစောင့်ဘဲ ပြောင်းလဲနေတဲ့ ခရီးတစ်ခုပါပဲ။ နေ့စဉ်ဘဝအတွင်း သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် သွားလာလှုပ်ရှားရုန်းကန်ရင်း မိမိတို့ရဲ့ နုပျိုမှုတွေဟာ မသိမသာ ပျောက်ကွယ်သွားတတ်တယ်။ အောင်မြင်မှု၊ ငွေကြေးတို့ကို လိုက်လံရှာဖွေရင်း တစ်ခါတရံမှာ မိမိတို့၏ အမှန်တန်ဖိုးကို မေ့လျော့သွားတတ်ကြတယ်။

💮 လောကမှာ မသိခြင်းနှင့် သိခြင်း၊ မရှိခြင်းနှင့် ရှိခြင်းတို့ကြား လှည့်လည်နေသော အရာဖြစ်ပါတယ်။ ဤအရာအားလုံးကို လူတွေက “လောကဓံ” ဆိုပြီးတော့ ခေါ်ဝေါ်ကြတာပေါ့...

💮 ဒါ့ကြောင့်—
လောကဓံကို မရှောင်ဘဲ လက်ခံနားလည်ကာ မိမိတို့ရဲ့ဘဝကို ဉာဏ်ဖြင့် ကြည့်မြင်နိုင်ခြင်းသည်သာ စိတ်တည်ငြိမ်မှုနှင့် အဓိပ္ပါယ်ရှိသော ဘဝကို ရရှိစေမှာ ဖြစ်ပါကြောင်း....

အားလုံးပဲ ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🌷🌷🌷

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

🗣   အာနန္ဒာ"မိတ်ဆွေကောင်းတစ်ယောက်ရှိရင်ဘဝတစ်ဝက်ပြည့်စုံတယ်ဆိုတာဟုတ်ပါသလား ဘုရား"🗣   ဗုဒ္ဓ"ချစ်သားအာနန္ဒာဘဝမှာ မိတ်ဆွေကော...
18/04/2026

🗣 အာနန္ဒာ

"မိတ်ဆွေကောင်းတစ်ယောက်ရှိရင်
ဘဝတစ်ဝက်ပြည့်စုံတယ်ဆိုတာ
ဟုတ်ပါသလား ဘုရား"

🗣 ဗုဒ္ဓ

"ချစ်သားအာနန္ဒာ
ဘဝမှာ မိတ်ဆွေကောင်းတစ်ယောက်ရှိရင်
ဘဝတစ်ဝက်မဟုတ်ဘူး
ဘဝတစ်ခုလုံးပြည့်စုံတယ်"

မိတ်ဆွေကောင်းဆိုတာ
သစ္စာရှိခွေးလေးတစ်ကောင်လည်းဖြစ်နိုင်သလို
ဇနီးမယားလည်းဖြစ်နိုင်တယ်
မိဘဆရာဖြစ်နိုင်သလို
သစ်ရိပ်ဝါးရိပ်လည်းဖြစ်နိုင်တယ်

ကျိုးနွံအနစ်နာခံခြင်းနဲ့
လမ်းညွှန်ပြသနိုင်ခြင်းဆိုတဲ့
ဂုဏ်နှစ်ရပ်ကို ပိုင်ဆိုင်ထားရင်
ဘယ်သူမဆို မိတ်ကောင်းဆွေမွန်ဖြစ်နိုင်ပါတယ်

အဲဒီလို မိတ်ဆွေကောင်းကို ရှာချင်ရင်တော့
ကိုယ့်ရင်ထဲကို ပြန်ဝင်ကြည့်ပါ သား ။

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

🌼 နှစ်သစ်ဆုတောင်း 🌼 ၁၃၈၈ခုနှစ်၊ မြန်မာနှစ်သစ်ကူးအခါသမယမှာစိတ်ချမ်းသာမှုတွေ ပိုမိုရရှိပါစေ၊ကိုယ်ကျန်းမာစွာနဲ့ ဘဝကို အားတက...
17/04/2026

🌼 နှစ်သစ်ဆုတောင်း 🌼

၁၃၈၈ခုနှစ်၊ မြန်မာနှစ်သစ်ကူးအခါသမယမှာ
စိတ်ချမ်းသာမှုတွေ ပိုမိုရရှိပါစေ၊
ကိုယ်ကျန်းမာစွာနဲ့ ဘဝကို အားတက်သရော ဆက်လက်လှမ်းလှမ်းနိုင်ပါစေ။

နှစ်ဟောင်းက စိတ်မကောင်းစရာတွေ၊ အခက်အခဲတွေကိုနောက်ကျန်ထားနိုင်ပြီး
နှစ်သစ်မှာ မျှော်လင့်ချက်အသစ်တွေ၊ အောင်မြင်မှုအသစ်တွေရရှိနိုင်ပါစေ။

ကြိုးစားမှုတိုင်း အကျိုးရှိပြီး အိမ်မက်တိုင်း အမှန်တကယ်ဖြစ်လာပါစေ။
ခန္တီ၊ မေတ္တာ၊ သစ္စာ ပြည့်ဝပြီး
သူတော်ကောင်းတရား(၇)ပါးနဲ့ ပြည့်ဝတဲ့ ဘဝတစ်ခုကိုလည်း အမြဲတမ်းပိုင်ဆိုင်နိုင်ပါစေ။
ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေ 🙏🌿

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

🌻🍀 ကိုယ်မရှိတော့တဲ့အချိန်မှာ 🍀🌻      ---------------------------------------🔸   လူ့ဘဝဆိုတာ “အနိစ္စာ ဝတ သင်္ခါရာ”(မတည်မြဲ...
11/04/2026

🌻🍀 ကိုယ်မရှိတော့တဲ့အချိန်မှာ 🍀🌻
---------------------------------------

🔸 လူ့ဘဝဆိုတာ “အနိစ္စာ ဝတ သင်္ခါရာ”(မတည်မြဲသော သင်္ခါရတရားများ) ဖြစ်လို့ ဘယ်အချိန်မှာ ကြွေလွင့်ရမယ်ဆိုတာ ဘယ်သူမှ တထစ်ချ မသိနိုင်ကြပါဘူး။

🔸 ဒါကြောင့် လူ့ဘဝရောက်တုန်းလေးမှာ အမုန်းတရားတွေ၊ အာဃာတတွေကို “မေတ္တာ၊ ကရုဏာ” နဲ့ ပြန်လည်ဖြည့်ဆည်းပြီး “ငါ့ဥစ္စာ၊ ငါ့ပစ္စည်း” ဆိုတဲ့ အတ္တစိတ်တွေနဲ့ မရှင်သန်လိုက်ပါနဲ့။

🔸 မတည်မြဲတဲ့ သင်္ခါရတရားတွေကို ဘဝတစ်ခုလုံး ဆုပ်ကိုင်ထားမယ်ဆိုရင်“ဒုက္ခ” တရားတွေနဲ့ပဲ အသက်ရှင်နေရလိမ့်မယ်။

🔸 တကယ်လို့ အမှတ်မထင် သေဆုံးသွားခဲ့ရင် ကိုယ်ကျန်ခဲ့မယ့်အရာက ဥစ္စာပစ္စည်းတွေ မဟုတ်ဘဲ “ကမ္မ” (လုပ်ရပ်) တွေပဲ ဖြစ်နေပါလိမ့်မယ်။

🔸 ဒါကြောင့် လူ့ဘဝရောက်တုန်းလေးမှာ ကိုယ့်ဘဝကို ကိုယ်တိုင် အကောင်းဆုံး ဖန်တီးပြီး “ကလျာဏမိတ္တ” စိတ်ထားနဲ့ ကောင်းမှုများ ပြုလုပ်ကာ ကိုယ်မရှိတော့အချိန်မှာ
နာမည်ကောင်းတွေ ကျန်အောင် ထားခဲ့လိုက်ပါ။

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

💧✨:Be The Captain Of Your Mind,Not A Prisoner Of Your Thoughts”💫--------------------------------------------------------...
10/04/2026

💧✨:Be The Captain Of Your Mind,
Not A Prisoner Of Your Thoughts”💫
---------------------------------------------------------------

📖 မိမိစိတ်ကို ကိုယ်တိုင် ဦးဆောင်နိုင်သူ ဖြစ်ပါ။
အတွေးတွေက မိမိကို မထိန်းချုပ်စေပါနဲ့။

📖 “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ”
(စိတ်က အရာရာကို ဦးဆောင်တယ်၊ စိတ်က အရာရာကို ဖန်တီးတယ်) စိတ်ကို လေ့ကျင့်ထားသူက လောကဓံတွေကြားထဲမှာတောင် တည်ငြိမ်နိုင်တယ်။

📖 အတွေးတွေ စည်းကမ်းရှိသွားတဲ့အခါ အရင်ထက်ပို ငြိမ်းချမ်းလာမယ်။ အတွေးတွေ စည်းကမ်းမရှိရင် စိတ်ညစ်စရာတွေကို ပိုတွေးဖြစ်လိမ့်မယ်။ အတွေးတွေ ရှုပ်ထွေးနေရင် ဘဝလည်း ပိုပြီး ရှုပ်ထွေးတတ်ပါတယ်။

📖 လူတစ်ယောက်ရဲ့ ဘဝဆိုတာ တစ်နေ့ တစ်နေ့ သူတွေးနေတဲ့ အတွေးအတွေရဲ့ Quality ပေါ်များစွာ မူတည်ပါတယ်။

📖 ရုပ်ခန္ဓာအတွက် ကြံ့ခိုင်ဖို့ လေ့ကျင့်ရသလို စိတ်သန်မာဖို့လည်း လေ့ကျင့်ပေးရပါတယ်။ မိမိအတွက် အချိန်ပေးပြီး မိမိစိတ်ကို လေ့ကျင့်ထားရင် အရေးအကြောင်းဆို စိတ်ဓါတ်ပိုမို ကြံ့ခိုင်စွာ ထားရှိနိုင်ပါလိမ့်မယ်။

📖 လောကဓံတွေကို အံတုနိုင်ဖို့.. စိတ်ဓါတ်ကြံ့ခိုင်မှုကိုလည်း အထူးဂရုပြုသင့်ပါတယ်။

အားလုံးပဲ ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🌷🌷🌷

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

မွေးနေ့ဆိုတာ ပျော်ရွှင်ဖို့သာမက သတိပြန်ရဖို့နေ့တစ်နေ့ပါ ----------------------------------------------------------------...
09/04/2026

မွေးနေ့ဆိုတာ ပျော်ရွှင်ဖို့သာမက သတိပြန်ရဖို့နေ့တစ်နေ့ပါ
------------------------------------------------------------------------------

◽မွေးနေ့ဆိုတာ လူအများအတွက် ပျော်ရွှင်စရာနေ့တစ်နေ့လိုပဲ ထင်ရပေမယ့် အမှန်မှာတော့
အသက်တစ်နှစ် တိုးလာသလို၊ လူ့ဘဝမှာ နေထိုင်ရဖို့
တစ်နှစ် လျော့သွားတာဆိုလည်းမှားမယ်မထင်ဘူး။
အနိစ္စ (မတည်မြဲခြင်း) ကို သတိရစေတဲ့ အချိန်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။
အသက်က နေ့တိုင်း လျော့နေတယ်ဆိုတာကို သိမြင်ပြီး
အကျိုးရှိတဲ့ ဘဝတစ်ခုဖြစ်အောင် ကြိုးစားဖို့ သတိပေးနေပါတယ်။

◽ "အတ္တာ ဟိ အတ္တနော နာထော" မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဆိုသလို... ယနေ့ကျရောက်တဲ့ ဦးဇင်း၏ မွေးနေ့ရက်မြတ်မှာ ဘဝခရီးလမ်းကို ပြန်လည်ဆင်ခြင်မိပါတယ်။ ဒီဘဝ၊ ဒီခန္ဓာရရှိအောင် စောင့်ရှောက်ကျွေးမွေးခဲ့ကြတဲ့ ကျေးဇူးရှင် မိဘနှစ်ပါး၏ ဂုဏ်ကျေးဇူးကိုလည်း အထူးပင် သတိရမိပါတယ်။

◽ ​လောကမှာ အကောင်းနဲ့အဆိုး၊ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဆိုတဲ့ လောကဓံတရားတွေဟာ အမြဲဒွန်တွဲနေတတ်သလို လူ့ဘဝဖြတ်သန်းမှုတွေမှာလည်းပဲ စိတ်ရင်းစေတနာမှန်သော မိတ်ဆွေကောင်းများနဲ့ ဆုံတွေ့ရတတ်သလို၊ တစ်ခါတစ်ရံမှာ မထင်မှတ်ထားတဲ့ သဘောထားဆန့်ကျင်မှုများ၊ လောကဓံအလှည့်အပြောင်းများကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ အရာရာကို မိမိရဲ့ အသိသတိတရားတို့နဲ့ ရှုမြင်ကျော်ဖြတ်နိုင်ဖို့ကအရေးကြီးပါတယ်။

◽ ​ကိုယ်ကောင်းပေမယ့် ကိုယ့်အပေါ်ပြန်မကောင်း တာဟာ... သူ့မှာ ကိုယ့်လောက် အသိတရား မရှိလို့ ပါတဲ့။

ကိုယ်မကောင်းတာတောင် ကိုယ့်အပေါ် ပြန် ကောင်းနိုင်တာဟာ... သူ့မှာ ကိုယ့်ထက် အသိတရား ရှိလို့ပါတဲ့။

◽ အသိတရားချင်း မတူညီကြတော့ တုံ့ပြန်ပုံချင်း လည်း တူမှာမဟုတ်ပါဘူး။ စိတ်ချမ်းသာမှုကို လိုချင်တယ်ဆိုရင်တော့ အသိတရားမရှိသူတွေရဲ့ တုံ့ပြန်မှုတွေကို နားလည်ခွင့်လွှတ်ပေးလိုက်ပါ...။

အသိတရားရှိသူတွေရဲ့ လမ်းစဉ်ကို လိုက် နိုင် အောင် ကြိုးစားပါ။

"လူတိုင်းက ကိုယ့်လို မဟုတ်ဘူး" ဆိုတာကို အမြဲနှလုံးသွင်းထားဖို့လိုအပ်ပါတယ်။

◽ မမြဲခြင်း တရားကိုလက်ကိုင်ထားရင်
မြဲခြင်း လို့ခေါ်တဲ့ သေခြင်းတရားဆီကို
ငါတို့သွားနေကြတာပါလားလို့ အောက်မေ့အမှတ်ရဖို့လည်းလိုပါတယ်။

◽ လက်ရှိပိုင်ဆိုင်ထားတဲ့ မိမိတို့ရဲ့ဘဝတွေအတွက် အတွင်းအိမ်နှလုံးစိတ်ထားကိုဖြူစင်အောင် သတိတရားဖြင့် စိတ်ကောင်းထားတတ်အောင် ဆက်လက်ကြိုးစားနိုင်ကြပါစေ.....

အားလုံးပဲ ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🌷🌷🌷

𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient City

ที่อยู่

6 Samlan Soi 7, Tambon Phra Sing, Mueang Chiang Mai District, Chiang Mai 50200
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝑨𝒔𝒉𝒊𝒏 𝒁𝒂𝒘𝒂𝒏𝒂 Mrauk-U Ancient Cityผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์