Key Movie သတင်းစုံနဲ့ တစ်နေ့တာသတင်းထူးများကိုတင်ပေးပါမယ်ခင်ဗျာ🙏 Follow လုပ်ပေးထားပါအုံး🇲🇲💫⚡💥🎊🎉

🚨 နာရာထိဝပ်မှာ စျေးပွဲတော်က ပြန်လာတဲ့ စေတနာ့ဝန်ထမ်းကား တိုက်ခိုက်ခံရ — ၂ ဦး‌ေxxသဆုံး၊ ၁၆ ဦး ပြင်းထန်ဒဏ်ရာရထိုင်းနိုင်ငံ ...
18/09/2026

🚨 နာရာထိဝပ်မှာ စျေးပွဲတော်က ပြန်လာတဲ့ စေတနာ့ဝန်ထမ်းကား တိုက်ခိုက်ခံရ — ၂ ဦး‌ေxxသဆုံး၊ ၁၆ ဦး ပြင်းထန်ဒဏ်ရာရ

ထိုင်းနိုင်ငံ နာရာထိဝပ်ခရိုင် ဖာ့သိုက်ဘက်မှာ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့က စျေးရောင်းပွဲတော်ကနေ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကားတစ်စီး တိုက်ခိုက်ခံခဲ့ရပါတယ်။

ဖြစ်စဉ်အတွင်း လမ်းမှာ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စေတနာ့ဝန်ထမ်းတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စေတနာ့ဝန်ထမ်း ၂ ဦး ‌ေxxသဆုံးခဲ့ပြီး ၁၆ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့များက ဖြစ်စဉ်နေရာကို ရှင်းလင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး တိုက်ခိုက်မှုနောက်ကွယ်မှ အဖွဲ့များကို ဆက်လက်စုံစမ်းနေပါတယ်။

#နာရာထိဝပ် #ထိုင်းသတင်း

💍✨ အကြားအမြင်ဆရာမ မော်ပလိုင်း မင်္ဂလာပွဲကျင်းပ — တင်တောင်းငွေ ဘတ်သန်း ၅၀ ဆိုတဲ့ သတင်းထွက်ပေါ်အကြားအမြင်ဆရာမအဖြစ် လူသိမျာ...
18/09/2026

💍✨ အကြားအမြင်ဆရာမ မော်ပလိုင်း မင်္ဂလာပွဲကျင်းပ — တင်တောင်းငွေ ဘတ်သန်း ၅၀ ဆိုတဲ့ သတင်းထွက်ပေါ်

အကြားအမြင်ဆရာမအဖြစ် လူသိများတဲ့ မော်ပလိုင်း ဟာ ယနေ့ စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 💐💍

မင်္ဂလာပွဲအတွင်း သတို့သားလောင်းဘက်က တင်တောင်းရာမှာ ရွှေ၊ ငွေနဲ့ ငွေသားများအပါအဝင် စုစုပေါင်း ဘတ်သန်း ၅၀ ခန့် တန်ဖိုးရှိတဲ့ တင်တောင်းပစ္စည်းတွေ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 💰✨

မင်္ဂလာပွဲအမှတ်တရအဖြစ် ပရိသတ်တွေကြားမှာလည်း အဆိုပါသတင်းဟာ စိတ်ဝင်စားမှုများစွာ ရရှိနေပါတယ်။ ❤️🎉

🎉🍀 ကျန်တဲ့ထီ ၁၈ စောင်လုံး ဝယ်ယူခဲ့ရာကနေ ဘတ် ၁၂ သန်းဆုကြီး ကံထူး! 💰ထိုင်းနိုင်ငံ၊ ဖတ်ထလုန်းဒေသမှာ အလွန်ကံကောင်းတဲ့ အမျိုး...
16/09/2026

🎉🍀 ကျန်တဲ့ထီ ၁၈ စောင်လုံး ဝယ်ယူခဲ့ရာကနေ ဘတ် ၁၂ သန်းဆုကြီး ကံထူး! 💰

ထိုင်းနိုင်ငံ၊ ဖတ်ထလုန်းဒေသမှာ အလွန်ကံကောင်းတဲ့ အမျိုးသားတစ်ဦးဟာ ထီဆိုင်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ထီလက်မှတ် ၁၈ စောင်လုံးကို တစ်စောင်မကျန် ဝယ်ယူခဲ့ပြီး ပထမဆုကြီး ဘတ် ၁၂ သန်းအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 🎊

အဆိုပါအမျိုးသားဟာ ထီဖွင့်မယ့်နေ့မတိုင်ခင် နောက်ဆုံးရက်ရောက်တိုင်း ထီဆိုင်တွေမှာ ကျန်ရှိနေတဲ့ ထီလက်မှတ်တွေကို ဝယ်ယူလေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ်မှာတော့ နှစ်စဉ်လုပ်နေကျ အလေ့အကျင့်လေးက မမျှော်လင့်ထားတဲ့ ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထီလက်မှတ် ၁၈ စောင်ထဲကနေ ပထမဆုကြီးနဲ့ တည့်တည့်တိုးခဲ့တာ ဖြစ်ပါတယ်။ 🍀💵

ဘတ် ၁၂ သန်း ဆုကြီးကို ပိုင်ဆိုင်သွားတဲ့ ကံထူးရှင်အတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲစေမယ့် အမှတ်တရနေ့တစ်နေ့ ဖြစ်သွားခဲ့ပါပြီ။ ❤️🎉

ကံကောင်းခြင်းတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ ကံထူးရှင်ကြီးရေ… 🙏🍀

#ဖတ်ထလုန်း #ထီပေါက်
#ဘတ်၁၂သန်း #ကံထူးရှင်
#ထိုင်းနိုင်ငံ

🎉 Oishi ဝန်ထမ်း မဖေး ထီ ၂ စောင်ပူးပေါက်ပြီး ဘတ် ၁၂ သန်း ကံထူးOishi ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မဖေး (Fei) ဟာ စက်တင်ဘာ...
16/09/2026

🎉 Oishi ဝန်ထမ်း မဖေး ထီ ၂ စောင်ပူးပေါက်ပြီး ဘတ် ၁၂ သန်း ကံထူး

Oishi ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မဖေး (Fei) ဟာ စက်တင်ဘာ ၁၆ ရက် ထီဖွင့်ပွဲမှာ ထီလက်မှတ် ၂ စောင်တစ်ပြိုင်တည်း ကံထူးခဲ့ပြီး ဆုငွေစုစုပေါင်း ဘတ် ၁၂ သန်း ရရှိသွားခဲ့ပါတယ်။ 💰🎊

ထီဆုကြီးကံထူးသွားတဲ့သတင်း ပျံ့နှံ့လာချိန်မှာတော့ မဖေးရဲ့ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်တိုင်ဆုရသလို ဝမ်းသာပျော်ရွှင်ခဲ့ကြပြီး ဘဝအတွက် အခွင့်အရေးကောင်းတစ်ခု ရရှိသွားတာကို ဂုဏ်ယူနေကြပါတယ်။

ရုတ်တရက်ရရှိလာတဲ့ ဆုကြေးငွေကြီးနဲ့အတူ မဖေးရဲ့ ရှေ့ဆက်ဘဝမှာ ပိုမိုတည်ငြိမ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။ 🙏❤️

ဘတ် ၁၂ သန်းကံထူးရှင် မဖေးတစ်ယောက် ဘဝသစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အောင်မြင်မှုတွေ ဆက်လက်ရရှိပါစေ။ 🍀💵

🎉 ဘတ် ၁၂ သန်းအထိ ကံထူးသွားတဲ့ ထီဆုကြီး! 💰🍀ဘုန်းဘုန်းတစ်ပါးက ဝမ်းသာစွာနဲ့ ကံထူးသတင်းကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်...
16/09/2026

🎉 ဘတ် ၁၂ သန်းအထိ ကံထူးသွားတဲ့ ထီဆုကြီး! 💰🍀

ဘုန်းဘုန်းတစ်ပါးက ဝမ်းသာစွာနဲ့ ကံထူးသတင်းကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ ထွက်ရှိတဲ့ ထိုင်းထီရလဒ်မှာ 730640 နံပါတ်ပါ ထီလက်မှတ်ကို ၂ စောင်တိတိ ပူးတွဲကံထူးခဲ့တာကြောင့် စုစုပေါင်း ဘတ် ၁၂ သန်း ရရှိသွားခဲ့ပါတယ်။ 🎊💵

အံ့အားသင့်စရာကောင်းတာက ကံထူးရှင်ဟာ ဘုန်းဘုန်းတို့ နေထိုင်ရာ ဆူဖန်ဘူရီမြို့က ဒကာကြီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

တစ်ခါတည်း ဘတ် ၁၂ သန်းအထိ ကံထူးသွားတာကြောင့် ဝမ်းသာဂုဏ်ယူစရာသတင်းတစ်ခု ဖြစ်နေပါတယ်။ 🙏❤️

#ထိုင်းထီ #ထီကံထူးရှင်
#ဘတ်၁၂သန်း #ဆူဖန်ဘူရီ #ထီပေါက်

😢 အိမ်လေလံဝယ်ယူဖို့ လာကြည့်ရာက နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့...
16/09/2026

😢 အိမ်လေလံဝယ်ယူဖို့ လာကြည့်ရာက နှစ်ပေါင်းများစွာ ဖုံးကွယ်နေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လေလံတင်ရောင်းချထားတဲ့ အိမ်တစ်လုံးကို ဝယ်ယူဖို့ စိတ်ဝင်စားသူတစ်ဦးက စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်မှာ အိမ်အတွင်း လာရောက်စစ်ဆေးခဲ့ရာ မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

အိမ်ထဲမှာ ရှေးဟောင်းပစ္စည်းတွေ ဖုန်တက်နေပြီး ခြင်ထောင်တစ်လုံးလည်း ထောင်ထားတာကို တွေ့ရတာကြောင့် အနီးကပ်စစ်ဆေးကြည့်ရာ ခြင်ထောင်အတွင်းမှာ လူ့အရိုးစုတစ်ခု ရှိနေကြောင်း သိရှိခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်ကို ချက်ချင်းရဲတပ်ဖွဲ့ထံ အသိပေးခဲ့ပြီး အရိုးစုကို ချင်းမိုင်ဆေးရုံသို့ ပို့ဆောင်ကာ မည်သူဖြစ်ကြောင်း သိရှိနိုင်ရန် ဆက်လက်စစ်ဆေးခဲ့ပါတယ်။

စုံစမ်းချက်တွေအရ အဆိုပါအိမ်မှာ အသက် ၉၃ နှစ်အရွယ် အဘွားတစ်ဦးနဲ့ သူမရဲ့သားတို့ နေထိုင်ခဲ့ကြတာဖြစ်ပြီး သားဖြစ်သူဟာ လွန်ခဲ့တဲ့ ၅ နှစ်မှ ၆ နှစ်ခန့်ကတည်းက ပျောက်ဆုံးနေခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

သားပျောက်ဆုံးသွားပြီးနောက် အဘွားတစ်ဦးတည်းကျန်ခဲ့တာကြောင့် ဆွေမျိုးတွေဆီ သွားရောက်နေထိုင်နေတယ်လို့ ပတ်ဝန်းကျင်က ထင်မှတ်ထားခဲ့ကြပါတယ်။

အိမ်တည်ရှိရာနေရာကလည်း မြို့လယ်ပိုင်း၊ လူစည်ကားတဲ့ဈေးအနီးမှာ ဖြစ်ပေမယ့် အဘွားဟာ အိမ်ကနေ မထွက်ခွာဘဲ အိမ်အတွင်းမှာပင် တိတ်တဆိတ် ကွယ်လွန်ခဲ့ပုံရပါတယ်။

အိမ်မှာ လူအသွားအလာများတဲ့နေရာဖြစ်တာကြောင့် အိမ်အတွင်းက ဖြစ်ပျက်မှုကို နှစ်ပေါင်းများစွာ မည်သူမျှ သတိမထားမိခဲ့ကြပါဘူး။ မကြာသေးခင်ရက်ပိုင်းအတွင်း အိမ်ဘက်က အနံ့ဆိုးအနည်းငယ် ရလာခဲ့ပေမယ့် သာမန်အနံ့တစ်မျိုးအဖြစ်သာ ထင်မှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ လေလံအိမ်ကို ဝယ်ယူမယ့်သူ လာရောက်စစ်ဆေးရာကနေ အိမ်အတွင်းမှာ နှစ်ပေါင်းများစွာ မည်သူမသိဘဲ ရှိနေခဲ့တဲ့ အဘွားရဲ့ ဝမ်းနည်းဖွယ်အဖြစ်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 😢

🚨 လေဆိပ်ကနေ ဘတ် ၁ သန်းကျော်တန် ပစ္စည်းတွေပါဝင်တဲ့ ခရီးဆောင်အိတ် ယူဆောင်သွားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ဖမ်းမိထိုင်းနိုင်ငံ...
16/09/2026

🚨 လေဆိပ်ကနေ ဘတ် ၁ သန်းကျော်တန် ပစ္စည်းတွေပါဝင်တဲ့ ခရီးဆောင်အိတ် ယူဆောင်သွားခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်အတွင်း ခရီးသည်တစ်ဦး၏ တန်ဖိုးကြီးပစ္စည်းများပါဝင်သော ခရီးဆောင်အိတ် ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး အသက် ၂၇ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီးတစ်ဦးကို စက်တင်ဘာ ၁၅ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဖြစ်စဉ်ဟာ စက်တင်ဘာ ၇ ရက်မှာ တရုတ်နိုင်ငံသား ခရီးသည်တစ်ဦးက လေဆိပ်ရှိ Conveyor Belt အမှတ် ၁၅ မှာ သူ့ရဲ့ ပန်းရောင် RIMOWA ခရီးဆောင်အိတ် မတွေ့တော့တာကြောင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာက စတင်ခဲ့တာပါ။

ပျောက်ဆုံးသွားတဲ့အိတ်ထဲမှာ ယွမ် ၂၀၀,၀၀၀ ကျော်တန်ဖိုးရှိ လက်ပတ်နာရီတစ်လုံးအပြင် ငွေသားနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ပါဝင်ခဲ့ပြီး စုစုပေါင်းတန်ဖိုးဟာ ထိုင်းဘတ် ၁ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

တိုင်ကြားချက်ရရှိပြီးနောက် လေဆိပ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေက CCTV မှတ်တမ်းတွေကို စစ်ဆေးခဲ့ရာ ဟိုချီမင်းမြို့ကနေ လေယာဉ်နဲ့ ရောက်လာတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ဦးကို သံသယရှိသူအဖြစ် ခြေရာခံနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ သံသယရှိသူဟာ လေဆိပ်ကနေ ထွက်ခွာပြီး တက္ကစီအသုံးပြုကာ ဟိုတယ်တွေကြား နေရာပြောင်းရွှေ့နေထိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာတော့ စုံစမ်းရေးအဖွဲ့က ဆက်လက်ခြေရာခံပြီး ဘန်ကောက် Sukhumvit Soi 6 အနီးရှိ မန်ရှင်းတစ်ခုရှေ့မှာ သံသယရှိသူကို တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရာမှာ ခရီးဆောင်အိတ်နဲ့ အထဲက တန်ဖိုးကြီးပစ္စည်းတွေကို Huai Khwang ဧရိယာရှိ ကွန်ဒိုတစ်ခုအတွင်း ဝှက်ထားခဲ့ကြောင်း ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့နဲ့အတူ အဆိုပါနေရာကို လိုက်ပါပြသခဲ့တယ်လို့ သိရပါတယ်။

ရှာဖွေစစ်ဆေးမှုအတွင်း ပျောက်ဆုံးနေတဲ့ RIMOWA ခရီးဆောင်အိတ်နဲ့ အထဲရှိ တန်ဖိုးကြီးပစ္စည်းတွေကို ပြန်လည်တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူကို စွဲချက်နဲ့ တရားဝင်အခွင့်အရေးတွေ အသိပေးပြီး ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် အမှုစစ်ရဲအရာရှိထံ လွှဲပြောင်းထားကြောင်း သိရပါတယ်။

KeyMovie

🚨 အိမ်ထဲမှာ တစ်ယောက်တည်း ‌ေxxသဆုံးနေတဲ့ အမျိုးသမီး—ဝင်ထွက်ခြေရာမရှိ၊ တံခါးအခြေအနေကလည်း ပဟေဠိဖြစ်နေထိုင်းနိုင်ငံ အယုဒ္ဓယမ...
16/09/2026

🚨 အိမ်ထဲမှာ တစ်ယောက်တည်း ‌ေxxသဆုံးနေတဲ့ အမျိုးသမီး—ဝင်ထွက်ခြေရာမရှိ၊ တံခါးအခြေအနေကလည်း ပဟေဠိဖြစ်နေ

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အိပ်ခန်းအတွင်း သေဆုံးနေတဲ့ဖြစ်စဉ် စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးဟာ သေဆုံးပြီးနောက် ၃ ရက်ခန့်ကြာနေပြီလို့ ယူဆရပြီး ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတွေ တွေ့ရှိခဲ့ရသလို လည်ပင်းမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

သူမနေထိုင်တဲ့အိမ်မှာ အရှေ့ဘက်နဲ့ အနောက်ဘက် တံခါးတွေရှိပြီး ပြတင်းပေါက် ၃ ချပ်လည်း ပါရှိပါတယ်။ အိမ်ဘေးမှာ ရေကန်ကြီးရှိပြီး လှေတစ်စီးထားရှိထားတာကြောင့် အမျိုးသမီးဟာ ငါးသွားရှာတဲ့အခါ ပြတင်းပေါက်ဘက်ကနေ ဆင်းပြီး လှေစီးသွားလေ့ရှိတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကို စစ်ဆေးရာမှာတော့ အနောက်တံခါးက အတွင်းဘက်မှ ပိတ်ထားပြီး အရှေ့တံခါးက အပြင်ဘက်ကနေ ပိတ်ထားတဲ့အခြေအနေ တွေ့ခဲ့ရပါတယ်။ ပြတင်းပေါက် ၃ ချပ်ကတော့ ပုံမှန်အတိုင်း ဖွင့်ထားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အိမ်အတွင်းနဲ့ ပတ်ဝန်းကျင်ကို အသေးစိတ်ရှာဖွေခဲ့ပေမယ့် ပြင်ပလူ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ ခြေရာ၊ လက်ရာမျိုး မတွေ့ရှိခဲ့သလို ပစ္စည်းပျောက်ဆုံးမှုလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးရာမှာ စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီ ၅၀ မိနစ်ခန့်က အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ဆိုင်ကယ်နဲ့ အိမ်အနီးကို လိုက်ပို့ပေးပြီးနောက် ပြန်လည်ထွက်ခွာသွားတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် အိမ်ထဲကို အခြားသူ ဝင်ထွက်ခဲ့တဲ့ မှတ်တမ်း မတွေ့ရဘူးလို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူကလည်း စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံးတွေ့ခဲ့တာဖြစ်ပြီး နှစ်ဦးဟာ အတူတကွ မနေကြဘူးလို့ ရဲကို ပြောကြားထားပါတယ်။ ရဲတပ်ဖွဲ့ကလည်း သူ့ကို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

လက်ရှိအချိန်အထိ အမျိုးသမီး ဘယ်လိုအခြေအနေကြောင့် သေဆုံးခဲ့ရသလဲ၊ အိမ်ထဲကို ပြင်ပလူတစ်ဦး ဝင်ရောက်ခဲ့ခြင်း ရှိ၊ မရှိဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

❓ တံခါးအခြေအနေ၊ ပြတင်းပေါက်ဖွင့်ထားမှုနဲ့ ပြင်ပလူဝင်ရောက်တဲ့ သက်သေမတွေ့ရှိတာတွေကြောင့် ဒီဖြစ်စဉ်က မေးခွန်းထုတ်စရာတွေ များပြားနေပါတယ်။

#အယုဒ္ဓယ #ထိုင်းသတင်း #ထူးဆန်းသေဆုံးမှု #သတင်းထူး

🚨 လမ်းခွဲဖို့ ပြောဆိုရာကနေ ဓားနဲ့ထိုးသတ်မှုဖြစ် — အမျိုးသားတစ်ဦး ဖမ်းဆီးခံရထိုင်းနိုင်ငံ ဘန်ဘောဈေးအနီးမှာ စက်တင်ဘာ ၁၄ ရက...
16/09/2026

🚨 လမ်းခွဲဖို့ ပြောဆိုရာကနေ ဓားနဲ့ထိုးသတ်မှုဖြစ် — အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ဘောဈေးအနီးမှာ စက်တင်ဘာ ၁၄ ရက် ညပိုင်းက ချစ်သူနှစ်ဦးအကြား အငြင်းပွားမှုကနေ အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူမှာ အသက် ၃၀ အရွယ် မစံပါယ်ဖြစ်ပြီး အောင်အောင်ဆိုသူ အမျိုးသားနဲ့ လွန်ခဲ့တဲ့ ၄ လခန့်ကတည်းက ချစ်သူအဖြစ် အတူနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မတိုင်မီ တစ်ပတ်ခန့်က နှစ်ဦးအကြား စကားများရာမှာ အောင်အောင်က အမျိုးသမီးကို ကိုယ်ထိလက်ရောက် ပြုမူခဲ့တာကြောင့် မစံပါယ်က နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ အောင်အောင်က ပြန်လည်လာရောက်နေထိုင်ဖို့ ချော့မော့ပြောဆိုခဲ့ပေမယ့် မစံပါယ်က မပြန်တော့ဘဲ ဆက်ဆံရေးကို အဆုံးသတ်လိုကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီစကားကြောင့် အောင်အောင်က မကျေနပ်ဖြစ်ပြီး ယူဆောင်လာတဲ့ ဓားနဲ့ မစံပါယ်ရဲ့ ရင်ဘတ်ကို ထိုးခဲ့ရာ အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်ပြီး နေရာမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောင်အောင်ရဲ့ ထွက်ဆိုချက်အရ ချစ်သူနဲ့ လမ်းခွဲရမှာကို မလိုလားတာကြောင့် အခုလို ကျူးလွန်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသားကို လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး ဘန်ခွန်ထီယမ်ရဲစခန်းမှာ ထိန်းသိမ်းထားကာ ဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးနေပါတယ်။

သေဆုံးသူ မစံပါယ်မှာ ယခင်အိမ်ထောင်ရေးမှ အသက် ၇ နှစ်အရွယ် သားတစ်ဦးနဲ့ အသက် ၃ နှစ်ဝန်းကျင် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

⚠️ ချစ်သူဆက်ဆံရေးအတွင်း လမ်းခွဲခြင်းကို လက်မခံနိုင်ဘဲ အကြမ်းဖက်မှုအထိ ရောက်ရှိသွားတာဟာ မိသားစုဘဝတွေအပေါ် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။

#ထိုင်းသတင်း #လူသတ်မှု #ဓားထိုးမှု #ဘန်ဘော ်း

🚨 ကျောင်းဝန်းအတွင်း ပိုင်ဆိုင်မှုစစ်ဆေးမှု ဆက်လက်ပြုလုပ်ရာ ဘတ်သန်း ၃၀၀ နီးပါး ဘဏ်အပ်ငွေ ထပ်မံဖော်ထုတ်ထိုင်းနိုင်ငံအတွင်း...
16/09/2026

🚨 ကျောင်းဝန်းအတွင်း ပိုင်ဆိုင်မှုစစ်ဆေးမှု ဆက်လက်ပြုလုပ်ရာ ဘတ်သန်း ၃၀၀ နီးပါး ဘဏ်အပ်ငွေ ထပ်မံဖော်ထုတ်

ထိုင်းနိုင်ငံအတွင်း အာရုံစိုက်ခံနေရတဲ့ အဆိုပါဘုန်းတော်ကြီးကျောင်းနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုနဲ့ ငွေကြေးအခြေအနေတွေကို ဆက်လက်စစ်ဆေးနေရာ စက်တင်ဘာ ၁၅ ရက်မှာ ဘဏ်အကောင့်တွေထဲရှိ အပ်နှံငွေ စုစုပေါင်း ဘတ်သန်း ၃၀၀ ခန့်ကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ယခင်စစ်ဆေးမှုတွေမှာ ငွေသား၊ ရွှေနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေ စုစုပေါင်းတန်ဖိုး ဘတ်သန်း ၇၀၀ ကျော်အထိ တွေ့ရှိထားပြီးဖြစ်တာကြောင့် ယခုဘဏ်အပ်ငွေတွေ ထပ်မံပေါ်ပေါက်လာတာနဲ့အတူ ပိုင်ဆိုင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ပိုမိုကျယ်ပြန့်စွာ ဆက်လက်လုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာလည်း ကျောင်းဝန်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ခွေး ၁၀ ကောင်ကို သက်ဆိုင်ရာ တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကိစ္စရပ်တွေ လူသိများလာပြီးနောက် ကျောင်းဝန်းအတွင်းကို လာရောက်ကြည့်ရှုသူတွေ၊ ခရီးသွားဧည့်သည်တွေလည်း နေ့စဉ်ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လိုရရှိခဲ့သလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်မှုရှိသလဲဆိုတာအပါအဝင် သက်ဆိုင်ရာအဖွဲ့တွေက ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

#ထိုင်းသတင်း #ဘတ်သန်း၃၀၀ #ပိုင်ဆိုင်မှုစစ်ဆေးမှု #ဘုန်းကြီးကျောင်း ်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Key Movieผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์