NYAN El Maestro Football is more than just a game.

“Scouse, Not English” - ဝင်ဘာလေကွင်းထဲ လှောင်ပြောင်သံများနောက်ကွယ်က နက်ရှိုင်းသော သမိုင်းအမည်းစက်အင်္ဂလန်နိုင်ငံဝင်ဘာလေက...
02/05/2026

“Scouse, Not English” - ဝင်ဘာလေကွင်းထဲ လှောင်ပြောင်သံများနောက်ကွယ်က နက်ရှိုင်းသော သမိုင်းအမည်းစက်

အင်္ဂလန်နိုင်ငံဝင်ဘာလေကွင်း မှာ ဗိုလ်လုပွဲတွေကို ကျင်းပတဲ့အခါ အင်္ဂလန်နိုင်ငံတော်သီချင်း "God Save the King" တီးခတ်ချိန်တိုင်း မာဆေးဆိုဒ်က လာတဲ့ ပရိသတ်တွေ၊ အထူးသဖြင့် လီဗာပူးလ်ပရိသတ်တွေရဲ့ ကျယ်လောင်လှတဲ့ "Boo" ဆိုတဲ့ လှောင်ပြောင်သံတွေကို သင်ကြားဖူးပါလိမ့်မယ်။ အပေါ်ယံကြည့်ရင် ဒါဟာ ရိုင်းပျတယ်လို့ ထင်ရပေမဲ့ ဒီအသံတွေရဲ့ နောက်ကွယ်မှာတော့ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ နာကြည်းချက်တွေနဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပုန်ကန်မှုတွေက အခိုင်အမာ တည်ရှိနေပါတယ်။

ဒီဇာတ်လမ်းရဲ့ အစဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေဆီက စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဝန်ကြီးချုပ် မာဂရက် သက်ချာရဲ့ အစိုးရဟာ လီဗာပူးလ်မြို့ရဲ့ စက်မှုလုပ်ငန်းတွေကို တမင်ပစ်ပယ်ခဲ့ပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ အစိုးရအတွင်းရေးစာတွဲတွေထဲမှာ လီဗာပူးလ်မြို့ကို အထောက်အပံ့တွေဖြတ်တောက်ပြီး "စနစ်တကျ ဆုတ်ယုတ်ပျက်စီးအောင် လုပ်ဖို့" (Managed Decline) ဆိုတဲ့ အကြံပြုချက်တွေ ရှိခဲ့တာပါ။ မိမိတို့ရဲ့ မြို့ကို တမင်ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ အာဏာပိုင်စနစ်အပေါ် လီဗာပူးလ်သားတွေက ဘယ်တော့မှ ခွင့်မလွှတ်ခဲ့ကြသလို၊ ၁၉၈၉ ခုနှစ် ဟေးလ်ဘရော့ (Hillsborough) အဖြစ်ဆိုးမှာ လူပေါင်း ၉၇ ဦး သေဆုံးခဲ့ရမှုကိုလည်း အစိုးရနဲ့ ရဲတပ်ဖွဲ့က ဖုံးကွယ်ဖို့ ကြိုးစားပြီး ပရိသတ်တွေကိုပဲ အပြစ်ပုံချခဲ့တာကြောင့် သူတို့ရဲ့ ဒေါသဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အမှန်တရားအတွက် နှစ်ပေါင်း ၃၀ နီးပါး တိုက်ပွဲဝင်ခဲ့ရတဲ့ အဖြစ်အပျက်က လီဗာပူးလ်သားတွေကို "ဗြိတိသျှ အာဏာပိုင်စနစ်" အပေါ် လုံးဝအယုံအကြည် ပျက်သွားစေခဲ့ပါတယ်။

ဒါကြောင့်လည်း "ငါတို့က အင်္ဂလန်လူမျိုး မဟုတ်ဘူး၊ စကောက်စ် (Scouse) တွေပဲ" ဆိုတဲ့ ခံယူချက်ဟာ သူတို့ရဲ့ ရင်ထဲမှာ စွဲမြဲနေတာပါ။ အခက်ခဲဆုံး အချိန်တွေမှာ နိုင်ငံတော်ရဲ့ အထောက်အပံ့ကို မရဘဲ အချင်းချင်းပဲ ကူညီရိုင်းပင်းခဲ့ကြတဲ့အတွက် သူတို့ဟာ အင်္ဂလန်နိုင်ငံသား ဆိုတာထက် သူတို့မြို့သူမြို့သား အချင်းချင်းအပေါ်မှာပဲ ပိုပြီး သစ္စာရှိကြပါတယ်။ သူတို့အတွက်တော့ နိုင်ငံတော်သီချင်းဟာ သူတို့ကို ဖိနှိပ်ခဲ့တဲ့ စနစ်ကြီးရဲ့ သင်္ကေတတစ်ခုသာ ဖြစ်သလို၊ အင်္ဂလန်တောင်ပိုင်းက ချမ်းသာကြွယ်ဝနေချိန်မှာ မြောက်ပိုင်းက လီဗာပူးလ်လို မြို့တွေမှာ ဆင်းရဲမွဲတေမှုတွေနဲ့ ရှင်သန်နေရပြီး (Food Banks) တွေကို အားကိုးနေရတဲ့အပေါ်မှာလည်း ကြီးစွာသော မကျေနပ်မှုတွေ ရှိနေပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဝင်ဘာလေကွင်းမှာ ကြားရတဲ့ လှောင်ပြောင်သံတွေဟာ ဘောလုံးပရိသတ်တွေရဲ့ မရင့်ကျက်မှုကြောင့် မဟုတ်ဘဲ "ငါတို့ကို ဂရုမစိုက်တဲ့ စနစ်ကြီးကို ငါတို့လည်း အသိအမှတ်မပြုဘူး" ဆိုတဲ့ ပြတ်သားတဲ့ ဆန္ဒပြမှု (Protest) တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ "ဘုရင်ကို ကယ်တင်ပါ" ဆိုတဲ့ နိုင်ငံတော်သီချင်းထက် သူတို့ရဲ့ မြို့တော်သီချင်းဖြစ်တဲ့ "You'll Never Walk Alone" ကသာ သူတို့ရဲ့ ဘဝနဲ့ စစ်မှန်တဲ့ သစ္စာတရားကို ကိုယ်စားပြုနေပါတော့တယ်။
-Nyan El Maestro

Modern ဘောလုံးလောက Chess ခုံပေါ်က ကွဲထွက်သွားတဲ့ Final လက်မှတ်လုတဲ့ပွဲPSG နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ Champions League se...
29/04/2026

Modern ဘောလုံးလောက Chess ခုံပေါ်က ကွဲထွက်သွားတဲ့ Final လက်မှတ်လုတဲ့ပွဲ

PSG နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ Champions League semi final ၊ ပွဲအပြီး ရလဒ်ဟာ 5-4 Parc des Princes မှာ PSG ဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့တယ်။ပွဲအပြီး လူးဝစ်အင်းနရစ်ဟာ (ဒီပွဲမှာ ကျနော်တို့အသင်းဟာ နိုင်ဖို့လည်းထိုက်တန်တယ် ၊သရေကျဖို့လည်းထိုက်တန်တယ်၊ရှုံးသွားဖို့လည်းထိုက်တန်တယ်) လို့ပြောရလောက်အောင်လက်ဖျားခါလောက်အောင် ကောင်းတဲ့ ပွဲတစ်ပွဲ ၊မိနစ်90လုံး အသက်ဝဝမရှုနိုင်အောင် Chaosတွေအပြည့် နဲ့ အသက်လုသလို ကစားခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။
နှစ်သင်းပေါင်း ပထမအကျော့ 9 ဂိုး ဆိုတဲ့ အရေအတွက် UCL Semifinalမှာအတော်ကို တွေ့ရခဲတယ်။ ပထမဂိုးကိုတော့ အိုလီဆေး၊ဟာရီကိန်းတို့ရဲ့တွဲလုံးကနေတစ်ဆင့် လူးဝစ်ဒီရက်ဇ်ဟာ ပါးပါးနပ်နပ် ပယ်နယ်တီရအောင်ကြိုးပမ်းခဲ့ပြီး ရရှိလာတဲ့ ပယ်နယ်တီကို ဟာရီကိန်းဟာအမှားအယွင်းမရှိကန်သွင်းခဲ့ပြီး ခါဗာစကေးရီးယားရဲ့Cut inside ကန်ချက်တစ်ချက်နဲ့ PSGဟာချေပဂိုးပြန်ရခဲ့တယ် ။ဒီဂိုးမှာဆိုလည်း ခါဗာစကေးရီးယား ရဲ့ Individual Brilliance တစ်ချက်ဟာ ဘိုင်ယန်ရဲ့စနစ်တကျနေရာယူထားတဲ့ ခံစစ်ကို ဖြိုချခဲ့တာကိုမြင်ရတယ်။ ချေပဂိုးရပြီး ဆယ်မိနစ်အကြာမှာ ရှာအိုနာဗက်စ်ဟာ ထောင့်ကန်ဘောက တစ်ဆင့် နူအာရဲ့ ဘက်ဘက်အောက်ထောင့်ကို သေသေသပ်သပ်နဲ့ ခေါင်းတိုက်သွင်းယူခဲ့တယ်။နောက်ဘိုင်ယန်အတွက်ချေပဂိုးကိုတော့ အိုလီဆေးဟာ PSG ခံစစ် လေးယောက်ကြားထဲကနေ ကျော်ဖြတ်ပြီး အပြင်းကန်ချက်နဲ့ ရယူခဲ့တယ်။ ဒီဂိုးမှာလည်း အိုလီဆေးရဲ့ individual brilliance ကိုထပ်မြင်ခဲ့ရပြီး 2-2ဆိုတဲ့ ရလာဒ်ကိုပုံဖော်နိုင်ခဲ့တယ်။
ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာတော့ ဒမ်ဘီလီရဲ့ ဖြတ်တင်တဲ့ကန်ချက်ဟာ deflect ဖြစ်ပြီး Davies ရဲ့ လက်နဲ့ မတော်တဆထိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်ဟာ PSG အတွက် အငြင်းပွါးဖွယ် ပယ်နယ်တီ သတ်မှတ်ခဲ့တယ်။ ဒမ်ဘီလီဟာဘဲ အမှားအယွင်းမရှိဘဲ ကန်သွင်းယူခဲ့ပြီး ပထမပိုင်းမပြီးခင် PSGကို 3-2နဲ့ ဦးဆောင်စေခဲ့တယ်။
ပွဲက အသက်ရှုမှားချင်စရာ UCL ရဲ့ Semi final ပွဲတစ်ပွဲရဲ့ ပထမပိုင်း Score lineဟာ ကြောက်ခမန်းလိလိ။
ဒုတိယပိုင်းပြန်စပြီး 10 မိနစ် အကြာမှာ ဗီတင်ညာရဲ့ Vision / ဟာခီမီရဲ့ ပြေးထွက်သွားတဲ့အမြန်နှုန်း ဖြတ်ထိုးပေးလိုက်တဲ့ ပေးပို့မှုရဲ့ Weight of pass ခါဗာစကေးရီးယားရဲ့ကန်ချက်နဲ့ စတုတ္တဂိုး နူအာကို Wrong direction ဖြစ်သွားအောင်ကို ကန်သွင်းခဲ့တယ် ။
နောက် 2 မိနစ်အကြာမှာလည်း တစ်ပွဲလုံး ပုံစံကောင်းပြနေတဲ့ ဒမ်ဘီလီဟာ နူအာကိုအရည်ကြိုသောက်ထားသလား အောက်မေ့ရတဲ့ကန်ချက်နဲ့ ငါးဂိုးမြောက်ဂိုးကို ရယူနိုင်ခဲ့တယ်။ ဂျာမန်နဲ့ ဘိုင်ယန် ရဲ့ သက်တော်ရှည် ဂိုးသမားလို့ ပြောလို့ရမယ့် နူအာလည်း ရပ်ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်မယ့် ကန်ချက်မျိုး။
ပွဲချိန်64 မိနစ်မှာတော့ ဘိုင်ယန်အတွက် ချေပဂိုးကိုတော့ ကင်မစ်ရဲ့ ကန်တင်ပေးတဲ့ ဘောလုံးကို အူဘာမီကာနိုရဲ့ ခေါင်းတိုက်ချက်နဲ့ ရယူနိုင်ခဲ့ပြီး 3 မိနစ်အကြာမှာတော့ ဟယ်ရီကိန်းရဲ့ အမြင်နဲ့တိတိကျကျပေးပို့လိုက်တဲ့ဘောလုံးကို လူးဝစ်ဒီယက်ဇ်ဟာ ပြိုင်ဘက်ဧရိယာ Boxထဲကို ပြေးထွက်ပြီး ဘောလုံးကို လှလှပပ ထိန်းပြီး ကန်သွင်းယူသွားခဲ့တယ်။ဒါဟာ chess ခုံပေါ်ကနည်းဗျူဟာကနေ ဆင်းသက်လာတဲ့ ဂိုးမဟုတ်ဘူး။ဒါဟာ ကိုလံဘီယာ ရဲ့ လမ်းဘေးဘောလုံးတွေထဲက မွေးဖွားလာတဲ့ instinct တစ်ခုနဲ့ မတားဆီးနိုင်တဲ့ Finishတစ်ခု။ ဒီပွဲမှာ tactic တစ်ခုတည်းမဟုတ်ဘူး၊ football ရဲ့ element အားလုံး ပေါင်းစပ်ထားတဲ့ complete chaos match တစ်ပွဲပါ။ပွဲအပြီးမှာ ဘိုင်ယန်ဟာ အလဲရှုံးကွဲရှုံးတော့ မဟုတ်ခဲ့ဘူး။ Allianz Arena မှာ ဘိုင်ယန်ရဲ့ ဖိုင်နယ်လက်မှတ်အတွက် အိပ်မက်တွေဟာ အားကောင်းနေဆဲပါ။
နှမြောစရာကောင်းတာက ဒီပွဲဟာ UCL Final မဟုတ်ဘဲ Semifinalဖြစ်နေတာပါဘဲ။ ဒီထက်ပိုပြီး ကြီးတဲ့ ခေါင်းစဉ်တွေအောက်မှာ ဖြစ်ခဲ့ရင် ဒီပွဲဟာ ဆယ်စုနှစ်တစ်ခုစာလောက် တသသပြောပြီးသဒ္ဓိတင်
နေရမယ့်ပွဲအဖြစ်နဲ့ သမိုင်းမှာထာဝရကျန်ရှိနေမှာပါ။
Modern ဘောလုံးလောကရဲ့ Chess ခုံပေါ်က ဒဿနတွေကို ကျော်လွန်ပြီး တစ်ဦးချင်းရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ Chaos ဆန်တဲ့ အရမ်းကောင်းတဲ့ပွဲ တစ်ပွဲ၊Chessခုံပေါ်က နည်းဗျူဟာပိုင်းတွေထက် လက်ဝှေ့စင်တစ်ခုပေါ်က Final Roundတစ်ခုမှာ A blow for a blow တစ်ယောက်တစ်ချက် မရပ်မနား ထိုးစစ်ဆင်ခဲ့တဲ့ ပွဲတစ်ပွဲ အသွင်ဆောင်တယ်။
Modernဘောလုံးလောကမှာ ကျပျောက်နေတဲ့ Individual brilliance တွေ လွတ်လပ်မှုတွေကို လည်း ဒီပွဲမှာ ဖောဖောသီသီမြင်တွေ့ခဲ့ရတယ် ။

နယ်သာလန် Bedumမြို့ လမ်းမထက်မှ ဝင်ဘာလေကွင်းသို့ (509)ကီလိုမီတာ2013 ခုနှစ် ချန်ပီယံလိဂ် Final လို့ပြောရင် သမိုင်းမှာ တစ်ခ...
22/04/2026

နယ်သာလန် Bedumမြို့ လမ်းမထက်မှ ဝင်ဘာလေကွင်းသို့ (509)ကီလိုမီတာ

2013 ခုနှစ် ချန်ပီယံလိဂ် Final လို့ပြောရင် သမိုင်းမှာ တစ်ခုတည်းသာ ရှိတဲ့ All Germans Final ဖြစ်တဲ့ ဒေါ့မန်နဲ့ ဘိုင်ယန်အသင်းတို့ဝင်ဘာလေကွင်းမှာ ကစားခဲ့ကြတဲ့ပွဲ၊ အတော်လေးကို ခမ်းနားတဲ့ပွဲ တစ်ဖက်မှာ ရော်ဘင်၊မူလာ၊ရီဘာရီ၊စတိုင်ဂါ၊ဖီလစ်လမ်း စတဲ့ ဂရိတ်ကစားသမားတွေ ဘိုင်ယန်ရဲ့ ဂန္ဒဝင်နည်းပြကြီး ဟေးနက်စ် တခြားတစ်ဖက်မှာလည်း ဒီအချိန်တုန်းက တောက်မယ့်မီးခဲတွေလိုပြောရင်မမှားမယ့် ဒေါ့မန်ရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ဂွန်ဒိုဂန်၊မာကိုရူးစ်၊ဟမ်းမဲ နည်းပြကြီး ကလော့ပ် စတဲ့ အဖက်ဖက်မှာ ပြိုင်ဆိုင်မှုပြင်းထန်သလို ဒီအချိန်ဟာ ဂျာမန်ဘောလုံးရဲ့ အမြင့်ဆုံး Peak ဖြစ်နေတဲ့ အချိန် လည်းဖြစ်တယ်။
ဘိုင်ယန်အသင်းက Ucl final ကို Back to Back တက်ခဲ့တာ ဖြစ်ပြီး 2012 Ucl Final မှာ တော့ ချဲဆီးအသင်းကို အိမ်ကွင်း Allianz Arenaမှာ အရှုံးပေးခဲ့ရတယ်။
တစ်ခုပြောစရာရှိတာက အာဂျန် ရော်ဘင် 2010 ကနေ 2013 သူကစားခဲ့တဲ့ Biggest stage Finalတွေ မှာ ဆက်တိုက် Runner Up ဒုတိယနဲ့ဘဲ ရပ်တန့်နေခဲ့တယ်။2010 UCL finalမှာ မော်ရင်ဟိုရဲ့ အင်တာကို ရှုံးခဲ့တယ် 2010 ကမ္ဘာ့ဖလား Finalမှာလည်း နယ်သာလန်ဟာ စပိန်ကို အရှုံးပေးခဲ့ရပြီး 2012 မှာတော့ ရော်ဘင်ဟာ ပွဲရဲ့အဖြေကို ပြောင်းလဲနိုင်မယ့် ပယ်နယ်တီကို ဝင်အောင်မကန်သွင်းနိုင်ခြင်းနဲ့အတူ ချဲဆီးအသင်းကို UCL finalမှာ ထပ်အရှုံးပေးခဲ့ရတယ်။
2013 UCL final ကို နှစ်နှစ်ဆက် Back to Back တက်ခဲ့တဲ့အချိန်မှာတော့ ဘောလုံးပရိတ်သတ်တွေ ရဲ့ ဘောလုံးကွင်းပြင်ပတွေမှာ ရော်ဘင်နဲ့ ပတ်သက်ပြီး အကောင်းဆုံးအရှုံးသမား၊ ဂစ်တာကတော့ ဗုံသံထွက်မှာ မဟုတ်ဘူးဆိုတဲ့အတွေးအမြင်တွေ အသံတွေဟာ သောသောညံနေခဲ့တယ်။
2013 Final မှာ ရော်ဘင်ဟာ 89 မိနစ်မှာ ရီဘာရီရဲ့ Back heel Flick နဲ့ လှလှပပ ဖန်တီးပေးတဲ့ ဘောလုံးကို ရော်ဘင်က ပြေးထွက်ရယူပြီး one on one အနေအထားမှာ ဒေါ့မန်ဂိုးသမားရိုမန်ဝိုင်ဒါဖယ်လာရဲ့ညာဘက်ကို ကို ခြေခွင်နဲ့ အသာလေးရိုက်ထည့်ပြီး Final ကျိန်စာဆိုးကို ချိုးဖျက်လိုက်တယ်။ အချိန်က တစ်က္ကန့်လောက်ဘဲ ဆုံးဖြတ်ချက်က တစ်ဘဝလုံးအတွက်။ ဘောလုံးဟာ ညင်ညင်သာသာ တစ်လှိမ့်ချင်း ဂိုးပေါက်ထဲကို ဝင်သွားတယ်။ ဘောလုံးဟာညင်သာသလောက် ဝင်ဘာလေကွင်းကြီးထဲမှာ အောင်ပွဲခံသံတွေနဲ့အတူ ပေါက်ကွဲထွက်သွားတယ်။ ဒါဟာဂိုးတစ်လုံးထက်ပိုတယ် သူ့ဘဝကြီးကိုပြောင်းလဲပေးလိုက်တဲ့ အခိုက်အတန့်ဘဲ။
နယ်သာလန် Bedum လမ်းမထက်မှာ ဘောလုံးကစားခဲ့တဲ့ ကောင်လေးဟာ ဝင်ဘာလေကွင်းကြီးထဲမှာ အစွမ်းကုန်တောက်ပနေခဲ့ပါပြီ။
ပွဲအပြီး Man of the match ဆုကိုလည်း ရော်ဘင်ကဘဲ သိမ်းပိုက်ခဲ့ပြီး ကွင်းပြင်ပအသံတွေကို တိတ်စေခဲ့ပြီ။
ခပ်ဟောင်းဟောင်း ဖလင်ပြားတစ်ချပ် ဆီက ဇာတ်လမ်းတစ်ပုဒ်လို ဆိုပေမဲ့ ဒီထဲမှာ Bedum လမ်းမတွေထက်က ကောင်လေးတစ်ယောက်ရဲ့ အကြိမ်ကြိမ်လဲကျခဲ့ပေမဲ့ ခေါင်းငုံ့မနေတဲ့ စိတ်ဓာတ်ပိုင်းအပြည့်အဝမြင်နေရပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ် အသင်းပွဲကိုကြည့်နေရင်း Looking For Alaska စာအုပ်ထဲက John Green ရဲ့ အကယ်၍လူတွေဟာ မိုးတွ...
20/04/2026

မန်ချက်စတာစီးတီးအသင်းနဲ့ အာဆင်နယ် အသင်းပွဲကိုကြည့်နေရင်း Looking For Alaska စာအုပ်ထဲက John Green ရဲ့ အကယ်၍လူတွေဟာ မိုးတွေဖြစ်ခဲ့ရင် “ကိုဟာ မိုးစက်မိုးပေါက်လေးသာဖြစ်ပြီး မင်းကတော့ ဟာရီကိန်းမုန်တိုင်းပါဘဲ “ဆိုတဲ့ အရေးအသားလေးကို သွားသတိရမိတယ် ။
Cherkiရဲ့ မှော်ဆန်တဲ့သွင်းဂိုး ၊Haalandရဲ့ အခွင့်အရေးရရင် ရသလို တိတိကျကျ စနှိုက်ပါတစ်ယောက်လို အသုံးချခြင်း ၊Wide areaတွေမှာ မွှေနှောက်နေတဲ့ Doku /Semenyo/ ကွင်းလယ်က Bernardo /Rodri စသဖြင့် မန်ချက်စတာစီးတီးအသင်းကိုကြည့်ရတာဟာ ကစားပုံအရ Outplayလုပ်နိုင်တာမျိုးထက် ဒီပွဲမှာ စီးတီးအသင်းစိတ်ဓာတ်ကိုက John Greenရဲ့ စာထဲကလို ဟာရီကိန်းမုန်တိုင်းဖြစ်နေတာပါ။
ခက်ထန်တယ်။တစ်ပွဲလုံးစိတ်ဓာတ်အပြည့်နဲ့ ကစားသွားတယ်။စီးတီးဟာ တိကျတယ် ကြောက်စရာကောင်းတယ် ဆိုတဲ့ခံစားချက်မျိုးကို ပေးခဲ့တယ်။

အာဆင်နယ်ဟာတော့ Etihadမှာ မန်ချက်စတာစီးတီးအသင်းကို သရေတစ်မှတ်အတွက်သာ ကစားခဲ့တယ်လို့ဘဲ စွပ်စွဲရလိမ့်မယ်။
အာဆင်နယ် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက April လထဲမှာ အတော်လေးကျဆင်းနေခဲ့ပြီး Etihad မှာတော့ အာဆင်နယ် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကမေ့လွယ်ပျောက်လွယ်တဲ့ အုံမှိုင်းမှိုင်းမိုးစက်မိုးပေါက်တွေလိုပါဘဲ။ တစ်ပွဲလုံးကစားသွားတာမဆိုးဘူးဆိုပေမဲ့ ချန်ပီယံ စိတ်ဓာတ်ကျပျောက်နေပါတယ်။
နိုင်လိုစိတ် ၊ဆာလောင်စိတ်ဆိုတာဟာ ကွင်းပြင် Interviewတွေမှာ အပြောသက်သက်သာဖြစ်နေပြီး လက်တွေ့ကွင်းတွင်းမှာတော့ ပျောက်ချက်သားဟာ အတော်ကောင်းနေဆဲပါ။

အာဆင်နယ်အသင်းဟာ 2022-23 ရာသီကစပြီးTitleကို စပြီးစိန်ခေါ်နိုင်ခဲ့တယ်။
အခုအချိန်မှာဆိုရင် အတွေ့အကြုံတွေလည်း များလာပြီ ဒါပေမဲ့ ရှုံးတဲ့အတွေ့အကြုံတွေချည်းဘဲ စုပုံလာတာဟာ
အာတေတာ ၊ဒီကစားသမားတွေ နဲ့ ဒီအသင်းရဲ့စိတ်ကို ဘယ်လောက်ထိ ချေမွပစ်လဲဆိုတာ ဒီရာသီရဲ့ ဖြစ်ရပ်တွေကနေ မြင်နိုင်တယ်
အာဆင်နယ်က Carabao Cup final အပြီး မန်ချက်စတာစီးတီးအသင်းကို 9မှတ်ဖြတ်ပြီးဦးဆောင်ထားနိုင်ရာကနေဒီတစ်ပတ် Etihadမှာလာကစားရတဲ့ပွဲအပြီးမှာ 50-50 neck to neck အခြေအနေကို ပြန်ပေးလိုက်ရပြီး အကြီးအကျယ်ထိုးနှက်ခံလိုက်ရတယ်။
ဒီနေရာမှာ အာဆင်နယ်ရဲ့ Mentality နဲ့ပတ်သက်ပြီးတော့ အာဆင်နယ်ဟာ ရာသီတိုင်း ရဲ့ ဒီအချိန်ကိုရောက်တိုင်းမှာ ချန်ပီယံဆုကို နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်က အခွံဘဲ ကျန်ခဲ့ပြီး တကယ့်လက်တွေ့မှာ ယုံကြည်မှုတွေ ရှိသေးရဲ့လားဆိုတဲ့ သံသယတွေဝင်စရာဘဲ။
စမ်းသပ်ခန်းတစ်ခုထဲက ဒီအချိန်မှာ ဒီနေရာမှာရှိနေရမယ်ဆိုပြီး စနစ်တစ်ခုရဲ့ လွှမ်းမိုးခြင်းကို ခံမှန်းမသိခံထားရတဲ့ ကြွက်တွေလိုမျိုး အာဆင်နယ်ဟာလည်း အချိန်တန်ရင် Bottlers ဆိုတဲ့ လွှမ်းမိုးမှုကို ဖောက်ထွက်ဖို့ မီးစာကုန်ဆီခမ်းနေပြီလား စိတ်ဓာတ်ရော ကျန်သေးရဲ့လားဆိုတာ တွေးစရာပါဘဲ။
အာတေတာဟာ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး အတော်လေးကို အလေးထာကြောင်းကို အာတေတာပြောခဲ့တဲ့ မီးလုံးတွေ၊ “ကျနော်ဟာ မီးတောက် ကျနော်ဟာလောင်ကျွမ်းနေတယ်” ဆိုတဲ့စကားတွေ၊ Double illustration ဖြစ်နေတဲ့ ဘဲနဲ့ယုန်(9 နဲ့ 6 ) ပျားတွေ ၊ပန်းတွေ စတာတွေ ထက် ချန်ပီယံ အသွေးအသား စိတ်ဓာတ်ပိုင်းကို လက်တွေ့ကျကျ တည်ဆောက်ပေးဖို့လိုပါတယ်။
ဘယ်သူကမှ လင်ဗန်းပေါ်ကို ဖလားတင်ပြီး လာပေးမှာမဟုတ်တဲ့အတွက် ပျားတွေပန်းတွေအစား လက်တွေ့ကျကျ တည်ဆောက်ပေးဖို့အရေးကြီးပါတယ်။
လန်ဒန်ရဲ့ လမ်းမထက်မှာ Siren အသံတွေ မြည်နေပါပြီ။
ဒီရာသီမှာ လက်ကျန်ပွဲစဉ်တွေကိုသာ အမှားတွေဆက်လုပ်လို့ ချန်ပီယံဆုကို ဆုံးရှုံးပြီး ဂျာအေးကို သူ့အမေရိုက် တဲ့ သံသရာဟာ တစ်ပတ်ပြန်လည်ပြီး အာဆင်နယ်သာ ထပ်ပြီး ဒုတိယဆိုတဲ့နေရာသာ ထပ်ရခဲ့ရင် နောက်ရာသီဆိုတာတွေလည်းအတော်လေးကို အလှမ်းဝေးသွားနိုင်ပါသေးတယ်။
-Nyan El Maestro

14/04/2026

Manchester City Vs Arsenal

Manchester City 3-0 Manchester United Manchester is Blue.ယူနိုက်တက်ကို သုံးဂိုးသာ သွင်းနိုင်ခဲ့တဲ့ မန်ချက်စတာစီးတိး ။
14/09/2025

Manchester City 3-0 Manchester United
Manchester is Blue.
ယူနိုက်တက်ကို သုံးဂိုးသာ သွင်းနိုင်ခဲ့တဲ့
မန်ချက်စတာစီးတိး ။

Manchester City အသင်းနဲ့ Etihad လေကြောင်းလိုင်းတို့ရဲ့ Euro 1Billion တန် စာချုပ် စတင်လာမလား။မနေ့က Manchester City အသင်းဟ...
09/09/2025

Manchester City အသင်းနဲ့ Etihad လေကြောင်းလိုင်းတို့ရဲ့ Euro 1Billion တန် စာချုပ် စတင်လာမလား။

မနေ့က Manchester City အသင်းဟာ Official Website ကနေ Statement တစ်ခုထုတ်ခဲ့တယ်
မန်ချက်စတာ စီးတီးအသင်းနဲ့ Premier Leagueတို့ဟာ APT Rule (Associated Party Transactions Rule )နဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခု ရခဲ့ပြီးတော့ ဒီသဘောတူညီချက်အရ Premier League ရော Manchester Cityရော နှစ်ဦးနှစ်ဖက်လုံး အတွက် လိုချင်တဲ့ အချက်ကိုယ်စီ ရခဲ့ကြပြီး Win - Win Situation ဖြစ်ခဲ့တယ်

ဒီအကျိုးဆက်အနေနဲ့ Manchester City အသင်း ဘာတွေ အကျိုးဖြစ်ထွန်းမလဲ။
2023မှာ မန်ချက်စတာစီးတီးအသင်းနဲ့ Etihadတို့ ထပ်မံချုပ်ဆိုမယ့် အင်္ကျီ Sponsor စာချုပ်အသစ်ကို Premier League ဟာ Fair Market Valueမဖြစ်ဘူးဆိုတဲ့ အချက်နဲ့ ပိတ်ပင်ခဲ့တယ် ။
ဒီသဘောတူညီချက်အရ ယခု အချိန်မှာတော့ Premier League ဘက်က မန်ချက်စတာစီးတီး အသင်း နဲ့ Etihad လေကြောင်းလိုင်းတို့ ချုပ်ဆိုမယ့် စာချုပ်သစ်ကို ခွင့်ပြုပေးရမှာဖြစ်ပြီးတော့ ဒီစာချုပ်အသစ်အရ မန်ချက်စတာစီးတီး အသင်းဟာ အင်္ကျီစပွန်ဆာ တစ်နှစ်ကို Euro သန်း 100 ၊ စာချုပ်ရဲ့ သက်တမ်းက 10 နှစ်သက်တမ်းရှိမှာဖြစ်ပြီး 1 billion Euroတန်တဲ့ စာချုပ်တစ်ရပ်ကို Etihad လေကြောင်းလိုင်းနဲ့ ချုပ်ဆိုသွားမှာဖြစ်တယ်။
ဒါဟာ အပေါ်ယံသာဖြစ်ပြီး ဒီစာချုပ်ရဲ့ Rumorတွေ အရ ဘောလုံးလောကရဲ့ တစ်နှစ်ထပ်တစ်နှစ် ငွေကြေးဖောင်းပွလာခြင်း ၊ အသင်းရဲ့ ပုံရိပ်ကြီးမားလာတာခြင်း၊ ဆုဖလားအောင်မြင်မှု အရ (5)ရာခိုင်နှုန်းကနေ (8)ရာခိုင်နှုန်း နှစ်စဉ် တိုးသွားမှာဖြစ်တဲ့အတွက် စာချုပ်ရဲ့တန်ကြေးက ပျှမ်းမျှ တန်ကြေး Euro 1 billion ရဲ့ နှစ်ဆ 2 billionနီးပါး ရှိလာနိုင်တယ်

(စာချုပ်အသစ်ရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ဇယားကို ဒုတိယပုံမှာ ထည့်ထားပေးပါတယ်)

City အသင်းအနေနဲ့ Etihad လေကြောင်းလိုင်းနဲ့ Sponsor တင်မကဘဲ အဘူဒါဘီဘဏ်နဲ့ ပတ်သက်တဲ့ Sponsor / အဘူဒါဘီ Hotel နဲ့ ပတ်သက်တဲ့ Sponsor တွေပါ City အသင်းထံ ဝင်ရောက်လာနိုင်ပါတယ်

ငွေကြေးကိန်းဂဏန်းပိုင်းအရ Puma / Etihad တို့နဲ့ အခုနောက်ပိုင်း သတိထားရတဲ့ PSR Ruleတွေကိုပါ အသာအယာကျော်လွှားသွားနိုင်မယ့် အခြေအနေတွေကို မြင်ရပါတယ် ။

PREMIER LEAGUE အနေနဲ့ လည်း လက်ရှိ APT Ruleကို ဆက်လက် အတည်ပြုနိုင်ခဲ့တဲ့ အတွက် PL အတွက်လည်း အကျိုးရှိခဲ့ပါတယ်။

ဒီ တရားစွဲဆိုခြင်းဟာ မန်ချက်စတာစီးတီး အသင်းအနေနဲ့ 2023 မှာ PL ဘက်က ပိတ်ပင်ခဲ့တဲ့ Etihad Sponsor ကိစ္စနဲ့ ဘဲပတ်သက်ပြီး မန်ချက်စတာစီးတီး စွဲချက်တင်ခံခဲ့ရတဲ့ 115 ချက်နဲ့ သက်ဆိုင်မှု မရှိပေမဲ့ ဒီအကျိုးဆက်တွေက 115ချက် စွဲချက်တင်ထားတဲ့ အမှုကို ဘယ်လောက်ရိုက်ခတ်မလဲတော့ တစ်ချက်စောင့်ကြည့်ရပါမယ်။

Nyan El Maestro

05/09/2025

Lionel Messi ဟာ အာဂျင်တီးနား အိမ်ကွင်း Estadio Monumental မှာ နောက်ဆုံးအိမ်ကွင်း ပွဲစဉ်အဖြစ် ကစားခဲ့ပြီ။

ခေတ်တစ်ခေတ်ဟာ ကုန်မှန်းမသိ ကုန်ဆုံးခဲ့ရပြန်ပြီ။

Lionel Messi has shaken hands with paradise. The little boy from Rosario, Santa Fe, has just pitched up in heaven. He climbs into a galaxy of his own"
Peter Drury

ကျွန်တော်တို့ဆုံရန် မရှိတော့ပါဘူးနောက်နောင်နွေမှာလည်းကျွန်တော်တို့ဆုံရန် မရှိတော့ပါဘူး။ #အောင်ချိမ့်
03/09/2025

ကျွန်တော်တို့ဆုံရန် မရှိတော့ပါဘူး
နောက်နောင်နွေမှာလည်း
ကျွန်တော်တို့ဆုံရန် မရှိတော့ပါဘူး။

#အောင်ချိမ့်

02/09/2025

ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်က ဒီဘရိုင်းနားရဲ့ ခြေရာများ

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NYAN El Maestroผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์