26/05/2026
မေတ္တာစစ်ကို မစော်ကား မိပါစေနဲ့
မေတ္တာဆိုတာ အလွန်ပဲ လေးနက်ပါတယ်။
တစ်ဖက်သားရဲ့ စေတနာ မေတ္တာတွေကို
တန်ဖိုး မထားရင်တောင် မစော်ကားမိပါစေနဲ့။
အသိအမှတ်မပြုရင်တောင် မပစ်မှားပါနဲ့။
အလေးအနက်မထားရင်တောင် ပျက်ရယ် မပြုပါနဲ့။
တခြားသူရဲ့စေတနာ မေတ္တာကို စော်ကားမိခဲ့ရင်
ပေးတဲ့သူက မေတ္တာစစ် မေတ္တာမှန်နေရင်
မေတ္တာစူးတာကို ခံရလိမ့်မယ်။
ဘဝအဆက်ဆက်
ဝဋ်ကြွေး ဆပ်နေရတတ်တယ်။
တစ်ဖက်လူက
ဘာမှ မသိပါဘူးဆိုပြီးတော့လည်း
တစ်ဘဝ ကောင်းစားရေးအတွက်
မဟုတ်တာတွေ မလုပ်မိစေနဲ့။
သံသရာအတွက် အကြွေးတစ်ခု တင်သွားလိမ့်မယ်။
အကြွေးပဲ ယူပြီး ပြန်မပေးလဲရတယ်ဆိုပြီး
မသိသလို မနေပါနဲ့။
လောကမှာ ကြော,က်စရာ အကောင်းဆုံးက
အကြွေးပါ။
ဘယ်လို အကြွေးမျိုးမဆို
တစ်ဖက်လူဆီက ယူပြီးရင်
မသိသလို နေလို့ ရကောင်း ရနိုင်ပေမယ့်
အဲ့ဒီဟာက အကြွေးအဖြစ်နဲ့
သံသရာအထိ ပါသွားတတ်ပါတယ်။
အဲ့ဒီအခါကျမှ ဆပ်လို့မဆုံး ဖြစ်နေတတ်တယ်။
မေတ္တာလည်း ထိုနည်း၎င်းပါပဲ။
မေတ္တာနဲ့ မထိုက်တန်တဲ့ သူဆိုတာ
လောကမှာ မရှိဘူး။
မေတ္တာကို အလေးအနက်မထား
တန်ဖိုး မထားတတ်တဲ့သူပဲ ရှိတယ်။
အဲ့ဒီအထဲ ကိုယ်မပါ ပါစေနဲ့။
မေတ္တာစူးရင် နှုတ်ရ ခက်ပါတယ်။
တစ်ဖက်သားရဲ့မေတ္တာ စေတနာတွေကို
အသိအမှတ် မပြုတဲ့အပြင်
နာကျင်အောင်၊ ဝမ်းနည်းအောင်
စိတ်ထိခိုက်အောင် စော်ကားမိရင်
သူနဲ့ တန်တဲ့ အကျိုးကို
ပြန်ပြီး ခံရတတ်တယ်ဆိုတာ မမေ့ပါနဲ့။
သင် ပြုသမျှ အရာရာတိုင်းဟာ
ဘယ်သူမှ မသိဘူးဆိုရင်တောင်
သင့်ကိုယ် သင်တော့ ညာလို့ မရပါဘူး။
ဘယ်သူမှ မသိပေမယ့် သင်သိနေပါတယ်။
ဒါက အမှန်တရားပဲလေ။
ဒါကြောင့် မေတ္တာပေးတဲ့သူကို
မေတ္တာနဲ့ မတုန့်ပြန်ချင်ရင်တောင်
အသိအမှတ်ပြုပေးပါ။
ဘယ်တော့မှ မေတ္တာကို မစော်ကားပါနဲ့။
မေတ္တာက အင်မတန်မှ စွမ်းအားကြီးမားပါတယ်။
မေတ္တာစူးရင် သင်ပြုခဲ့တဲ့
တစ်ဖက်လူအပေါ် အပြုအမူအတိုင်း
သင်လည်း ပြန်ပြီးတော့ ခံရနိုင်တယ်ဆိုတာကို
ဘယ်သောအခါမှ မမေ့ပါနဲ့။
ဘာအကြောင်းကြောင့်နဲ့မှ
မေတ္တာစူးတာ မခံပါနဲ့။
မေတ္တာ မစူးစေဖို့ဆိုလျှင်
သူတပါး မေတ္တာကို မစော်ကားမိအောင်
သတိထားပြီး ပြုမူပြောဆို နေထိုင်ပါ။
သူတပါးဆီက မေတ္တာရခဲ့လျှင် တန်ဖိုးထားပါ။
ကိုယ့်ကလည်း ဖြူစင်တဲ့ မေတ္တာ
ပေးနိုင်အောင် ကြိုးစားပါ။
မေတ္တာတရားက ရောင်ပြန်ဟပ်ပါတယ်....။