29/08/2026
🫁 Kabaddi ကစားခြင်းက အဆုတ်ကျန်းမာရေး ကောင်းမွန်စေတယ်ဆိုတာ သိပြီးကြပြီလား?
ကာဘာဒီ (Kabaddi) ကစားနည်းက ခန္ဓာကိုယ်ရဲ့ ကြွက်သားအားစိုက်ထုတ်မှုတင်မကဘဲ အဆုတ်နဲ့ အသက်ရှူစနစ်ကို အလွန် အားကောင်းစေတဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။
ကစားစဉ်အတွင်း အသက်ရှူသွင်း/ရှူထုတ်စနစ်ကို ထိန်းချုပ်ယှဉ်ပြိုင်ရတာကြောင့် Lung Capacity ကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
ဒါ့အပြင် လှုပ်ရှားမှုများသောကြောင့် Stamina ကို တိုးတက်စေတဲ့အပြင်
နှလုံးနှင့် သွေးလှည့်ပတ်စနစ်ကို ကောင်းမွန်စေပြီး တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေပါတယ်။
ကျန်းမာသန်စွမ်းတဲ့ အဆုတ်နဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ Kabaddi အားကစားနည်းကို လေ့ကျင့်လိုက်ကစားကြည့်လိုက်ရအောင် 💪🇲🇲