01/09/2026
🇦🇷 ★𝐓𝐇𝐄 𝐄𝐍𝐃 𝐎𝐅 𝐀𝐍 𝐄𝐑𝐀: ၂၁ နှစ်တာ စံချိန်တင်ခရီးစဉ်ကို အဆုံးသတ်ကာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း ဂန္ထဝင်ကြီး လီယွန်နယ် မက်ဆီ တရားဝင် ကြေညာ!
_အသက် (၃၉) နှစ်အရွယ် အာဂျင်တီးနားအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ၂၀၀၅ ခုနှစ်က စတင်ခဲ့တဲ့ နိုင်ငံအသင်း လက်ရွေးစင်ကစားသမားဘဝကို လက်ရွေးစင်သက်တမ်း (၂၁) နှစ်အကြာမှာ တရားဝင် အနားယူပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ မက်ဆီက ဒီဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
• ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၂ Finalissima၊ ၂၀၂၁ နှင့် ၂၀၂၄ ကိုပါအမေရိက ချန်ပီယံဆုတို့ကို နိုင်ငံအသင်းနဲ့အတူ ရယူနိုင်ခဲ့ပါတယ်။
• စုစုပေါင်း (၂၀၇) ပွဲ ကစားခဲ့ပြီး (၁၂၅) ဂိုး သွင်းယူပေးခဲ့ကာ အသင်းသမိုင်းမှာ ပွဲအများဆုံးနဲ့ ဂိုးအများဆုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။
• ၁၂၅ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၆၀ ကြိမ် ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
• အမျိုးသားဘောလုံးသမိုင်းမှာ ကမ္ဘာ့ဖလားနှင့် တိုက်ကြီးများအလိုက် ပြိုင်ပွဲတွေမှာ စုစုပေါင်း (၃၅) ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်တာပါ။
• ၂၀၁၄၊ ၂၀၂၂ နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ (၃) ကြိမ်အထိ ဆင်နွှဲဖူးသည့် သမိုင်းတစ်လျှောက် တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး၊ ဗိုလ်လုပွဲယှဉ်ပြိုင်သည့် အသက်အကြီးဆုံး အောက်ဖီးလ်ကစားသမားအဖြစ် (၃၉ နှစ် ၂၅ ရက်) နဲ့ စံချိန်တင်ခဲ့ပါတယ်။
• ကမ္ဘာ့ဖလားပွဲပေါင်း (၃၄) ပွဲ ကစားခဲ့ပြီး ၂၃ ပွဲနိုင်၊ ဂိုးဖန်တီးမှု ၁၂ ကြိမ်၊ ဂိုးဧရိယာအပြင်မှ ၆ ဂိုးသွင်းခဲ့ပါတယ်။ ၂၀၂၆ ပြိုင်ပွဲအတွင်း ကမ္ဘာ့ဖလားဂိုးအများဆုံးအဖြစ် ၂၁ ဂိုးထိ ခဏတာ စံချိန်တင်ခဲ့ကာ နောက်ပိုင်းတွင် အမ်ဘာပေ (၂၂ ဂိုး) က ကျော်ဖြတ်သွားခဲ့တာပါ။
• ကမ္ဘာ့ဖလားပြိုင်ပွဲ (၆) ကြိမ်အထိ ပါဝင်ကစားခဲ့ပြီး စီရော်နယ်လ်ဒိုနဲ့ ပူးတွဲစံချိန်တင်ထားသလို၊ ပယ်နယ်တီဂိုးအများဆုံး (၇) ဂိုးနဲ့ ပယ်နယ်တီလွဲချော်မှု အများဆုံး (၃) ကြိမ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းကို ကမ္ဘာ့ထိပ်သီးအဖြစ် ပြန်လည်ရောက်ရှိအောင် ဦးဆောင်ပေးခဲ့ပြီး ပရိသတ်တွေကို အမှတ်တရများစွာ ပေးစွမ်းခဲ့တဲ့ ဂန္ထဝင်ကြီး လီယွန်နယ်မက်ဆီရဲ့ လက်ရွေးစင်ခရီးစဉ်ကတော့ အခမ်းနားဆုံး အဆုံးသတ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 🇦🇷🐐👑✨
---
(Credit: Photo)