555Mix Myanmar Senior Agent

555Mix Myanmar Senior Agent ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก 555Mix Myanmar Senior Agent, สถานฝึกมวย, Bangkok.
(1)

29/08/2026

ဂျော့ရှူအာဗန်ဆီကနေ ချန်ပီယံခါးပါတ်ကြီး ပြန်ယူနိုင်မယ်လို့ အပြည့်အဝယုံကြည်နေတဲ့ ပန်တိုဂျာ

✅ UFC ချန်ပီယံ ဂျော့ရှူအာဗန်သည် အသက် ၁၇ နှစ်အရွယ်က ရိုက်နှက်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး လမ်းသရဲဆန်ဆန် နေထိုင်မှုကို ဂုဏ်ယ...
28/08/2026

✅ UFC ချန်ပီယံ ဂျော့ရှူအာဗန်သည် အသက် ၁၇ နှစ်အရွယ်က ရိုက်နှက်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး လမ်းသရဲဆန်ဆန် နေထိုင်မှုကို ဂုဏ်ယူနေခဲ့သည့် မှောင်မိုက်သော အတိတ်တစ်ခု ရှိခဲ့ဖူးပါတယ်။ သို့သော် အချုပ်ခန်းပြင်ပတွင် မိခင်ဖြစ်သူ စိုးရိမ်ပူပန်စွာ တစ်ညလုံး လာရောက်စောင့်ဆိုင်းနေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် ၎င်း၏ လွဲမှားနေသော အသိဉာဏ်များ ချက်ချင်း ပြောင်းလဲသွားခဲ့တာပါ။

▪ မိခင်ဖြစ်သူ၏ သောကနှင့် မေတ္တာတရားတို့က ဗန်ကို လမ်းမှားမှ ရပ်တန့်စေခဲ့ပြီး လူမိုက်ဘဝအစား ကြိုးဝိုင်းအတွင်းမှ အောင်မြင်သော ချန်ပီယံတစ်ဦး ဖြစ်လာစေရန် အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင်မူ ဗန်သည် မိသားစု ဂုဏ်ယူရသည့် သားတစ်ယောက်အဖြစ် ကြိုးဝိုင်းအတွင်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်လျက်ရှိနေပြီ ဖြစ်ပါတယ်။

26/08/2026

၃ ပွဲဆက် ရှုံးပွဲတွေကို အပြီးတိုင် မေ့ဖျောက်ပြီး ONE ကြိုးဝိုင်းထဲမှာ နိုင်ပွဲပြန်ရှာရမယ့် သွေးလင်းထက်

ဒဏ်ရာ သက်သာပါက ကျော်စွာဝင်းနှင့် မကျေပွဲ ထို; ပေးမည်ဟု လိပ်နင်ဂျာ စမီဒမ်း ဆိုမြန်မာပရိသတ်များ မကြာခဏ တောင်းဆိုနေကြသည့် က...
24/08/2026

ဒဏ်ရာ သက်သာပါက ကျော်စွာဝင်းနှင့် မကျေပွဲ ထို; ပေးမည်ဟု လိပ်နင်ဂျာ စမီဒမ်း ဆို

မြန်မာပရိသတ်များ မကြာခဏ တောင်းဆိုနေကြသည့် ကျော်စွာဝင်းနှင့် မကျေပွဲစဉ်အတွက် နာမည်ကြီး ထိုင်းဖိုက်တာ စမီဒမ်းက ဒဏ်ရာ သက်သာလာပါက ပြန်လည် ထို;ပေးမည်ဟု လူမှုကွန်ရက်တွင် ရေးသားလိုက်ပါတယ်။

စမီဒမ်းသည် ယော့ဖူးဖာနှင့် ပွဲစဉ်တွင် ကျိုးခဲ့ဖူးသည့် လက်ဒဏ်ရာဟောင်း ထပ်မံ ကျိုးသွားခဲ့သဖြင့် ခေတ္တ အနားယူနေရခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် ဆရာဝန်ထံမှ ဆေးစစ်ချက် အစိမ်းရောင်ပြသလိုက်ပြီဖြစ်ရာ ကြံ့ခိုင်မှု ပြန်လည် ပြင်ဆင်ပြီးပါက ကြိုးဝိုင်းအတွင်း ပြန်လည် ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ပထမပွဲစဉ်တွင် ကျော်စွာဝင်းက ဖိပကေစားခဲ့ပေမယ့် စမီးဒမ်းကသာ အမှတ်အဆုံးအဖြတ်နဲ့ အနိုင်ရတခဲ့တာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦး၏ မကျေပွဲစဉ်မှာ ONE မွေထိုင်းကြိုးဝိုင်းအတွင်း ပရိသတ်များ စောင့်ကြည့်ရမည့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။

22/08/2026

အနိုင်အရှုံးကြေငြာချိန်မှာ ကျော်စွာဝင်းအတွက် ကြိုးဝိုင်းထောင့်မှာ လက်အုပ်လေးချီပြီး ဆုတောင်းပေးနေတဲ့ y2k

22/08/2026

သွေးသံရဲရဲကြားကနေ အသည်းဘယ်လောက်ကောင်းလဲဆိုတာ ပြသွားတဲ့ ကျော်စွာဝင်းအရှုံးနဲ့ မထိုက်တန်ပါဘူး

သွေ;သံရဲရဲကြားက မာဂုဏ်နဲ့ ပရိသတ်အချစ်ကို အပြည့်ရယူသွားခဲ့တဲ့ ကျော်စွာဝင်းThe Inner Circle 27 မှာ ယှဥ်ပြိုင်ခဲ့တဲ့ ကျော်စ...
21/08/2026

သွေ;သံရဲရဲကြားက မာဂုဏ်နဲ့ ပရိသတ်အချစ်ကို အပြည့်ရယူသွားခဲ့တဲ့ ကျော်စွာဝင်း

The Inner Circle 27 မှာ ယှဥ်ပြိုင်ခဲ့တဲ့ ကျော်စွာဝင်းနဲ့ ခိုမာဝပ်တို့ရဲ့ ပွဲစဉ်မှာတော့ ခိုမာဝပ်က Split Decision နဲ့ ကပ်အနိုင်ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ပွဲစဉ်တစ်လျှောက် တိုက်ပွဲဝင်သွားခဲ့တဲ့ မာဂုဏ်နဲ့ ဖိအားပေးနိုင်မှုအရကြည့်ရင် ကျော်စွာဝင်းရဲ့ အရှုံးဟာ တကယ်ကို မထိုက်တန်ခဲ့ပါဘူး။ ဒုတိယအချီမှာ ခေါင်းကွဲပြီး သွေ;တွေ ဒလဟော ကျလာခဲ့ပေမဲ့ ကျော်ကြီးဟာ အလျှော့မပေးဘဲ တတိယအချီအထိ ပြိုင်ဘက်ကို အလဲထိုးဖို့ ရှေ့တိုးထိုးနှက်သွားခဲ့တာ ဖြစ်ပါတယ်။

ခိုမာဝပ်က မွေထိုင်းရဲ့ အမှတ်ယူဗျူဟာအတိုင်း ရှောင်တိမ်း ထိန်းဆော့သွားခဲ့တာကြောင့် ဒိုင်တွေရဲ့ အမှတ်နဲ့ အနိုင်ရသွားခဲ့ပေမဲ့ ကြိုးဝိုင်းထဲမှာ မာမာထန်ထန် ပေးဆပ်ထိုးသတ်သွားခဲ့တဲ့ ကျော်စွာဝင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ စစ်မှန်တဲ့ အနိုင်ရသူအဖြစ် စွဲကျန်ရစ်ခဲ့ပါတယ်။

19/08/2026

မြန်မာနိုင်ငံ တောင်ကြီးမြို့မှာ စာသင်ကျောင်းဆောင်သစ် (၃) ဆောင် လာရောက်လှူဒါန်းသွားခဲ့တဲ့ တာခဲရု

18/08/2026

ကားတိုက်ခံရလို့ မီတာ ၂၀ လောက်လွင့်ထွက်သွားပြီး ပွဲမကစားနိုင်တဲ့အပေါ် စောမင်းမင်းကို တောင်းပန်လိုက်တဲ့ ဆူရီရန်လက်ခ်

ကားတိုက်မှုကြောင့် ပွဲပျက်သွားသည့်အတွက် စောမင်းမင်းကို အနူးအညွတ် တောင်းပန်လိုက်တဲ့ ဆူရီရန်လက်ခ်ဩဂုတ် ၂၁ ရက်တွင် ယှဉ်ပြို...
18/08/2026

ကားတိုက်မှုကြောင့် ပွဲပျက်သွားသည့်အတွက် စောမင်းမင်းကို အနူးအညွတ် တောင်းပန်လိုက်တဲ့ ဆူရီရန်လက်ခ်

ဩဂုတ် ၂၁ ရက်တွင် ယှဉ်ပြိုင်ရမည့် စောမင်းမင်းနှင့် ဆူရီရန်လက်ခ်တို့၏ မွေထိုင်းပွဲစဉ်သည် မထင်မှတ်ထားသော ယာဉ်တိုက်မှုကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။

မနက်ခင်း လေ့ကျင့်ရေးပြေးနေစဉ် ခရီးသည်တင်ယာဉ် တိုက်မိခဲ့သဖြင့် ဆူရီရန်လက်ခ်မှာ မီတာ ၂၀ ခန့်အထိ လွင့်ထွက်သွားခဲ့ပြီး ဆေးရုံတွင် အနီးကပ် စောင့်ကြည့် ကုသမှုခံယူနေရပါတယ်။ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ပွဲစဉ် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဆူရီရန်လက်ခ်က စောမင်းမင်းနှင့် ONE Lumpinee အဖွဲ့သားများကို ရင်ထဲမှ အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ထို့ပြင် အဘက်ဘက်မှ ပြင်ဆင်ထားခဲ့သည့် စောမင်းမင်း၏ အဖွဲ့သားများကိုလည်း အားနာမိကြောင်းနှင့် လက်ရှိတွင် ဘေးကင်းရာ၌ ဆေးကုသမှု ခံယူနေပြီဖြစ်၍ စိုးရိမ်ပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 555Mix Myanmar Senior Agentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์