May Myat Thu Coach May ပါရှင်

Learn Before You Earn ဆိုတဲ့အတိုင်းဒီနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ "C.O.(Ygn) - ၂၀၂၆" ရဲ့ "သဘာဝတရားနဲ့ခေတ်လူသား (ဒုတိ...
04/07/2026

Learn Before You Earn ဆိုတဲ့အတိုင်း
ဒီနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ "C.O.(Ygn) - ၂၀၂၆" ရဲ့ "သဘာဝတရားနဲ့ခေတ်လူသား (ဒုတိယပိုင်း)" ဆိုတဲ့ One Day Course လေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်။

ဒီသင်တန်းကနေ သုတေသနရလဒ်တွေ၊ ဆေးဖက်ဆိုင်ရာ သိပ္ပံအမြင်တွေနဲ့ စနစ်တကျ ချဉ်းကပ်မျှဝေပေးသွားတာမို့ တကယ်ကို အကျိုးရှိလှပါတယ်။ ကိုယ်တိုင်လည်း နေ့စဉ်ဘဝမှာ အမှန်အကန် ထင်ပြီး လုပ်မိနေတဲ့ ဇီဝကမ္မဆိုင်ရာ စံလွဲမှားမှုလေးတွေကိုပါ ပြန်လည်သတိပြုမိသွားစေခဲ့ပါတယ်။

ခန္ဓာကိုယ် ကျန်းမာဖို့နဲ့ ဝိတ်ချဖို့အတွက် အဓိကသော့ချက်က "ကျန်းမာရေးကောင်းမွန်အောင် ဘယ်အချိန်မှာ အစားစားမလဲ" ဆိုတဲ့ မေးခွန်းနဲ့အတူ သဘာဝတရားရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ (Circadian Rhythm) ကို နားလည်ဖို့ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေရဲ့ လည်ပတ်နှုန်း၊ အချိန်နဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို သေသေချာချာ သိရှိခွင့်ရခဲ့တယ်။ ဒီဇီဝနာရီတွေ မညီမျှတော့ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို နားလည်လာတဲ့အခါ... ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ်ဆိုတဲ့နေရာမှာ ငါ ဘာတွေ လိုအပ်နေသေးလဲဆိုတာကို ပိုပြီး မြင်လာရပါတယ်။

သင်တန်းဆရာ (HEALTH & FITNESS DR. Mdy) ကလည်း တကယ့်ကို စေတနာအပြည့်နဲ့ Information တွေ စုံစုံလင်လင် ပေးရုံတင်မက၊ သေသေချာချာ ရှင်းပြပြီး အဖြေရှာပေးတာမို့ လေ့လာရတာ အရမ်းတန်ဖိုးရှိတဲ့ သင်တန်းတစ်ခု ဖြစ်ခဲ့ပါတယ်။

"Longethevity (သက်ရှည်ကျန်းမာအောင် ဘယ်လိုနေမလဲ)" ဆိုတာ ယာယီလုပ်ရုံနဲ့ မရဘူးလို့ နားလည်လာပြီး ဒီနေ့သင်ယူလာမှုတွေကို ဘဝထဲမှာ ပြန်လည်အသုံးချပြီး ရလာတဲ့ရလဒ်တွေကို တစ်နေ့မှာ ကိုယ်တွေ့အဖြစ်ပြန်လည် မျှဝေပေးနိုင်သူတစ်ဦးဖြစ်အောင် ကြိုးစားပါဦးမယ်ရှင်။

ချစ်တဲ့
မေ
၀၄၊၀၇၊၂၀၂၆

🌟 Appreciation ဆိုတာ ရှေ့ဆက်ဖို့ တွန်းအားတစ်ခုပါ 🌟တစ်ခါတစ်လေကျရင် မေတို့ လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ "အသိအမှတ်ပြုခံရခြ...
03/07/2026

🌟 Appreciation ဆိုတာ ရှေ့ဆက်ဖို့ တွန်းအားတစ်ခုပါ 🌟

တစ်ခါတစ်လေကျရင် မေတို့ လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ "အသိအမှတ်ပြုခံရခြင်း" (Appreciation) ဆိုတဲ့ အရာလေးတစ်ခုက... နောက်ထပ်ခြေလှမ်းသစ်တွေကို ပိုပြီးယုံကြည်ချက်ရှိရှိ လှမ်းနိုင်ဖို့ အကောင်းဆုံးသော လောင်စာနဲ့ တွန်းအားတစ်ခု ဖြစ်လာတတ်ပါတယ်။ 💖

အလုပ်တွေပဲ လုပ်လုပ်၊ ကိုယ်ပိုင် Goals တွေအတွက်ပဲ ကြိုးစားကြိုးစား... ကိုယ့်ရဲ့ အားထုတ်မှုအပေါ် တစ်ဖက်လူက တန်ဖိုးထားပေးတယ်ဆိုတာ သိရတဲ့ခံစားချက်က တကယ်ကို စိတ်ခွန်အား ဖြစ်စေပါတယ်နော်။ 😊

JOY Detox & Healthy Meal ရဲ့ 60 Days Challenges Program မှာ ပါဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ ခရီးစဉ်လေးအတွက် အခုလို JOY Team ကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုပြီး ပေးပို့လာတဲ့ စာလေးကြောင့် စိတ်ထဲမှာ တကယ်ကို နွေးထွေးပြီး ဝမ်းသာပီတိ ဖြစ်ရပါတယ်။ 🥰💚

ဒီလို အသိအမှတ်ပြုမှုတွေ၊ ယုံကြည်မှုတွေကပဲ မေ့ကို ရှေ့ဆက်မယ့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပုံစံတစ်ခုနဲ့ ပျော်ရွှင်ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ခိုင်ခိုင်မာမာ တည်ဆောက်သွားဖို့ ခွန်အားတွေ ထပ်ဖြည့်ပေးလိုက်သလိုပါပဲ။ ✨💪

ချစ်တဲ့
မေ
03.07.2026

🌙 အိပ်စက်ခြင်း = သင့်  Transformation ရဲ့ လျှို့ဝှက်ချက်ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲချင်ကြ...
02/07/2026

🌙 အိပ်စက်ခြင်း = သင့် Transformation ရဲ့ လျှို့ဝှက်ချက်

ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲချင်ကြသူတွေ အများစုဟာ "ဘာစားရမလဲ၊ ဘယ်လိုလေ့ကျင့်ရမလဲ" ဆိုတာကိုပဲ အဓိက အာရုံစိုက်တတ်ကြပါတယ်။
ဒါပေမဲ့ NLP (Neuro-Linguistic Programming) ရဲ့ အခြေခံသင်ခန်းစာတစ်ခုကတော့ အခုလို ပြောထားပါတယ်။

“State သည် Outcome ကို ဖန်တီးသည်”

သင့်ရဲ့ Nervous System (အာရုံကြောစနစ်) ပင်ပန်းနွမ်းနယ်နေတဲ့အခါ၊ ဦးနှောက်ရဲ့ အဓိကဦးတည်ချက်က "ရှင်သန်ရပ်တည်ရေး (Survive)" ဖြစ်သွားတတ်ပြီး၊ ခန္ဓာကိုယ်အသစ်ပြောင်းလဲရေး (Transform) ကို အားမစိုက်နိုင်တော့ပါဘူး။

လုံလောက်စွာ မအိပ်စက်ရတဲ့အခါ
😴 Cortisol (စိတ်ဖိစီးမှုဟော်မုန်း) မြင့်တက်လာပြီး ခန္ဓာကိုယ်က ဝမ်းဗိုက်ထဲမှာ အဆီတွေကို ပိုမိုသိုလှောင်ဖို့ တွန်းအားပေးပါတယ်။
😴 Willpower (စိတ်ဓာတ်ခွန်အား) အားနည်းလာတာကြောင့် ညနေခင်းတွေမှာ အချိုနဲ့ မုန့်ပဲသရေစာတွေကို ပိုပြီး ဆာလောင်တောင့်တလာတတ်ပါတယ်။
😴 Motivation Anchor (စိတ်ဓာတ်လှုံ့ဆော်မှု ချိတ်ဆက်ချက်) တွေ လျော့ရဲသွားပြီး "ဒီနေ့တော့ နားလိုက်ပါတော့" ဆိုတဲ့ စိတ်ထဲက အသံ (Internal Voice) က ပိုပြီး အားကောင်းလာတတ်ပါတယ်။
ဒါကြောင့်မို့လို့ ရေရှည်တည်တံ့တဲ့ Body Transformation Journey ရဲ့ အခြေခံအုတ်မြစ်ဟာ "စနစ်တကျ အနားယူတတ်ခြင်း"ကနေပဲ စတင်ရမှာ ဖြစ်ပါတယ်။

သင့်ဦးနှောက်ကို ညအိပ်ရာဝင်ချိန်မှာ
✨ ဖုန်းအသုံးပြုမှုကို ရပ်တန့်လိုက်ခြင်း
✨ အသက်ပြင်းပြင်း ၅ ကြိမ် ရှူသွင်းရှူထုတ် ပြုလုပ်ခြင်း
✨ တစ်နေ့တာအတွက် ကျေးဇူးတင်စရာအချက် (Gratitude) ၃ ခုကို တွေးတော၊ရေးသားခြင်း တို့ပြုလုပ်ပေးခြင်းဖြင့် ငြိမ်သက်ခြင်း လေ့ကျင့်မှုကို ပြုလုပ်ပေးလို့ရပါတယ်။

ဒီအလေ့အထကို ညစဉ်ထပ်ခါထပ်ခါ ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ Nervous System က "ဒါဟာ အနားယူရမယ့်အချိန်ပဲ" ဆိုတာကို မှတ်သားသွားပါလိမ့်မယ်။ ဒါကတော့ NLP ရဲ့ Anchoring (စိတ်ခံစားမှုကို ချိတ်ဆက်ခြင်း)နည်းစနစ်ပဲ ဖြစ်ပါတယ်။

သေချာနားလည်ထားရမှာက သင် Gym မှာ
ပင်ပင်ပန်းပန်း ကစားနေချိန်ထက်၊ ညဖက်ကောင်းကောင်းမွန်မွန် အိပ်စက်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ပိုမိုအလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ Growth Hormone တွေကို အိပ်စက်နေစဉ်အတွင်းမှာပဲ အပြည့်အဝ ထွက်ရှိစေတာကြောင့်ပါ။

Transformation ဆိုတာ ခန္ဓာကိုယ်ကို ပင်ပန်းနှိပ်စက်တာမဟုတ်ဘဲ၊ Nervous System ကို စိတ်ချလက်ချနဲ့ အနားယူခွင့်ပေးခြင်းသာ ဖြစ်ပါတယ်။

မေ့လိုပဲ Body Transformation Journey ကို စတင်နေသူတွေအားလုံး ဒီနေ့ညကစပြီး သင့်ခန္ဓာကိုယ်ကို အကောင်းဆုံး အနားယူခြင်း လက်ဆောင် ပေးလိုက်ရအောင်ပါရှင် 🌙💛

ချစ်တဲ့
မေ
02.07.2026

01/07/2026

😱ခန္ဓာကိုယ်က ကိုယ့်အသံကို နားထောင်ပေးနေတယ်၊ သူကြားရတဲ့အတိုင်း အလုပ်လုပ်ပေးနေတယ်ဆိုတာ သင်သိပါသလား။

ဝိတ်ချတာပဲဖြစ်ဖြစ်၊ ကြွက်သားတက်အောင် လုပ်တာပဲဖြစ်ဖြစ် Body Transformation Journey တစ်ခုကို ဖြတ်သန်းတဲ့အခါ မေတို့ဟာ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက် ထိန်းတာတွေကိုပဲ အဓိက အာရုံစိုက်မိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်အပြောင်းအလဲကို ဖန်တီးပေးတာကတော့ ခန္ဓာကိုယ်ဆီ မေတို့ နေ့တိုင်း ပေးပို့နေတဲ့ “အတွင်းစိတ်ရဲ့အသံ" ပဲ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ခန္ဓာကိုယ်က သင့်အသံကို ဘယ်လိုနားထောင်ပြီး အလုပ်လုပ်ပေးနေလဲဆိုတာကို သိအောင်လုပ်ပြီး၊ဘယ်လိုပြောင်းလဲပြောဆိုရမလဲဆိုတာကို မေက ပြန်လည်မျှဝေပေးထားပါတယ်ရှင်။

၁။ အစပြုခြင်းအဆင့် (The Mindset Shift)
"ငါကတော့ ဝမှာပဲ၊ ငါ့မှာ ဝိတ်ချရတာ တော်တော်ခက်တာ၊ ဝိတ်ကျမှာ မဟုတ်ပါဘူး" လို့ တွေးပြီး ပြောနေသရွေ့ ခန္ဓာကိုယ်က အဲ့ဒီအတိုင်းပဲ လိုက်နာပါတယ်။ စွမ်းအင်တွေကို ပိတ်ဆို့ထားပြီး အဆီတွေကို ပိုသိုလှောင်ဖို့ပဲ အလုပ်လုပ်ပါလိမ့်မယ်။

ပြောင်းလဲရမည့်အသံ: “ငါ့ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းတဲ့ဘက်ကို ပြောင်းလဲဖို့ အလားအလာတွေ အပြည့်ရှိတယ်" လို့ စကားလုံး ပြောင်းလိုက်တဲ့အခါ ခန္ဓာကိုယ်က ပိုမိုတက်ကြွတဲ့ အသွင်
ဆောင်လာပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ချိန် (The Workout Challenge)
Gym ဆော့တဲ့အခါ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်လို့ မောပန်းလာတဲ့အခါ "မောလှပြီ၊ မလုပ်နိုင်တော့ဘူး၊ လက်လျှော့လိုက်တော့မယ်" လို့ အော်ဟစ်မိရင် ခန္ဓာကိုယ်က ချက်ချင်းပဲ ကြွက်သားတွေကို အားလျော့စေပါတယ်။

ပြောင်းလဲရမည့်အသံ:”နောက်ထပ် တစ်ကြိမ်ပဲ (One more rep)၊ ငါ့ခန္ဓာကိုယ်က ဒီထက်မက သန်မာနိုင်တယ်" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပေးပါ။ ခန္ဓာကိုယ်က အဲ့ဒီအသံကို ကြားတာနဲ့ Adrenaline ဓာတ်တွေ ထွက်လာပြီး နောက်ဆုံးစက္ကန့်အထိ ကြံ့ကြံ့ခံနိုင်အောင် အားအင်တွေ ထုတ်ပေးပါလိမ့်မယ်။

၃။ အစားအသောက် စားချိန် (The Nutrition Connection)
ကျန်းမာရေးနဲ့ညီညွတ်တာတွေကို စားတဲ့အခါ "စားရတာ ပျင်းစရာကြီး၊ ပင်ပန်းလိုက်တာ" လို့ ခံယူရင် အစာခြေစနစ်က ကောင်းမွန်စွာ အလုပ်မလုပ်တော့ပါဘူး။

ပြောင်းလဲရမည့်အသံ:”ဒီအစားအသောက်တွေက ငါ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ပိုလှပတဲ့ ခန္ဓာကိုယ်ဖြစ်အောင် တည်ဆောက်ပေးနေတာ" လို့ ကျေးဇူးတင်စိတ်နဲ့ စားပေးပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကို အထိရောက်ဆုံး စုပ်ယူပြီး ခန္ဓာကိုယ် အချိုးအစားကို ပိုမိုလှပအောင် အလုပ်လုပ်ပေးပါလိမ့်မယ်။

၄။ အနားယူခြင်းနှင့် ပြန်လည်အားဖြည့်ခြင်း (The Recovery Phase)
Body Transformation ရဲ့ အရေးကြီးဆုံးအပိုင်းက အနားယူခြင်းပါ။ မှန်ထဲကြည့်ပြီး "ဘာလို့ အပြောင်းအလဲက နှေးနေရတာလဲ၊ မပြောင်းလဲဘူး" လို့ အပြစ်တင်စိုးရိမ်နေရင် Stress ဟော်မုန်း (Cortisol) တွေ ထွက်လာပြီး အဆီကျဖို့ ပိုခက်ခဲသွားစေပါတယ်။

ပြောင်းလဲရမည့်အသံ:”ငါ့ခန္ဓာကိုယ်ကို ငါယုံကြည်တယ်၊ သူ နေ့တိုင်း ကြိုးစားပေးနေတာကို သိတယ်" လို့ အသိအမှတ်ပြုပေးပါ။ စိတ်အေးချမ်းသွားတဲ့အခါ ခန္ဓာကိုယ်က ကြွက်သားတွေကို အကောင်းဆုံး ပြန်လည်တည်ဆောက်ပေးပါတယ်။

Body Transformation ဆိုတာ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်တဲ့ လုပ်ငန်းစဉ် မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်စိတ်နဲ့ မိတ်ဆွေဖွဲ့ပြီး၊ အကောင်းဆုံး စကားလုံးတွေနဲ့ လမ်းညွှန်ပေးရတဲ့ “နူးညံ့တဲ့ အနုပညာတစ်ခု" ဖြစ်ပါတယ်။

ဒီနေ့ကစပြီး သင့်ခန္ဓာကိုယ်ကို အားပေးစကားပဲ ပြောမလား၊ အပြစ်တင်စကားပဲ ပြောမလား? သူကတော့ သင်ပြောတဲ့အတိုင်း ပုံသွင်းပေးဖို့ အမြဲတမ်း နားစွင့်နေမှာပဲဖြစ်ပါတယ်ရှင်။

ချစ်တဲ့
မေ
၀၁၊၀၇၊၂၀၂၆

📌 "Commitment ရဲ့ နောက်ကွယ်က စမ်းသပ်မှုများ"Commitment (အဓိဌာန်) တစ်ခု ချမှတ်လိုက်ပြီဆိုရင် နောက်ကနေ စမ်းသပ်မှုတွေ ကပ်ပါ...
30/06/2026

📌 "Commitment ရဲ့ နောက်ကွယ်က စမ်းသပ်မှုများ"
Commitment (အဓိဌာန်) တစ်ခု ချမှတ်လိုက်ပြီဆိုရင် နောက်ကနေ စမ်းသပ်မှုတွေ ကပ်ပါလာတတ်တာ သဘာဝပါပဲ။

ဒီနေ့ကတော့ မေ့အတွက် ပြဿနာအသေးအဖွဲတွေရော၊ အကြီးအကျယ်တွေပါ တရစပ် ဝင်လာပြီး စိန်ခေါ်မှုတွေကို တစ်ခုပြီးတစ်ခု ရှင်းလင်းခဲ့ရတဲ့ နေ့တစ်နေ့ပါ။
အရင်ကဆိုရင်တော့ စိတ်ဖိစီးမှု (Stress) တွေ များလာတဲ့အခါ စိတ်ဓာတ်တွေ ပုံလဲသွားတာမျိုး ဒါမှမဟုတ် စိတ်ထွက်ပေါက်အနေနဲ့ အစားအသောက်ဘက်ကို အာရုံရောက်သွားတာမျိုး ဖြစ်မိမှာ သေချာပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့...
❌ Stress ဖြစ်လို့ဆိုပြီး အရှုံးမပေးဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ် ထိန်းနိုင်ခဲ့တယ်။
❌ စိတ်အလိုလိုက်ပြီး အစားတွေ အလွန်အကျွံ စားပစ်တာမျိုး မလုပ်မိခဲ့ဘူး။
✅Gym မှာလည်း ကိုယ်သတ်မှတ်ထားတဲ့ Target အတိုင်း ပြည့်ဝအောင် ဆော့နိုင်ခဲ့တယ်။
တစ်နေ့တာလုံး ဘယ်လောက်ပဲ မုန်တိုင်းထန်ခဲ့ပါစေ... ကိုယ်ပေးထားတဲ့ Commitment ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ညနေခင်းမှာ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ ဂုဏ်ယူပြီး အသိအမှတ်ပြု (Appreciate) မိပါတယ်။ အခက်အခဲတွေကြားက ကိုယ့်စိတ်ကို နိုင်ခဲ့တာဟာ အကြီးမားဆုံး အောင်ပွဲတစ်ခုပါပဲ။

✨ စာဖတ်နေတဲ့ မေ့မိတ်ဆွေတို့ကော ...
ဒီနေ့မှာ ကိုယ်ပေးထားတဲ့ ကတိတစ်ခုခုကို တည်အောင် ဖြတ်သန်းနိုင်ခဲ့တာမျိုး၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတဲ့ အောင်မြင်မှု သေးသေးလေးတွေ ရှိခဲ့လား?

ဘယ်လောက်ပဲ ပင်ပန်းတဲ့နေ့ဖြစ်ပါစေ... ကိုယ့်ရဲ့ ကြိုးစားမှုကို ကိုယ်တိုင် ပြန်ပြီး အသိအမှတ်ပြုပေးဖို့ မမေ့ပါနဲ့ဦးနော်။ မိတ်ဆွေတို့ရဲ့ ဒီနေ့ဖြတ်သန်းမှုကိုလည်း ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးရှင်။

ချစ်တဲ့
မေ
၃၀၊၆၊၂၀၂၆

30/06/2026

ဪ ဒီပေ့ချ်လေးလုပ်ခဲ့တာ (၇)နှစ်ပြည့်တဲ့နေ့တဲ့။ သူသာသတိမပေးရင် အမှတ်တမဲ့ဖြစ်နေခဲ့မှာပဲ။

မှတ်မိနေသေးတယ် ဒီပေ့ချ်လေးစလုပ်ဖြစ်ဖို့ Coaching session အတွင်းမှာ ချက်ချင်းအက်ရှင်ယူခဲ့ရတဲ့အချ်ိန်လေးကို။ စဖို့ရာ အားပေးခဲ့တဲ့ Life Coach ဆရာကို ကျေးဇူးတင်ပါတယ် 🙏

အစတွေတိုင်းမှာ ရှိခဲ့တဲ့အတိုင်း ကြောက်စိတ်၊ရှက်စိတ်တွေအများကြီးကျော်ဖြတ်ခဲ့ရသလို၊အများကြီးလည်း ကြိုးစားအားထုတ်ဖြစ်ခဲ့တဲ့နေရာလေးပါ။ တစ်လျှောက်လုံးအတူရှိပေးခဲ့ဖူးတဲ့ Digital Team ကသူတွေကိုလည်း သတိရမိသလို၊ကျေးဇူးတင်ပါတယ် 🙏

အချိန်ကာလတစ်ခုမသုံးတော့တဲ့နောက်မှာ စာတွေလည်းမရေး၊မတင်ဖြစ်တော့ပေမယ့် သံယောဇဉ်ပြတ်အပြီးပိတ်နိုင်ခြင်းမရှိသလို၊ အဟောင်းကိုပြန်အသက်သွင်းရင် ဖြစ်လာမယ့် အကျိုးတွေကို လက်ခံရင်း ခေါင်းကြောမာမာနဲ့ ပေ့ချ်အသစ်မထောင်ဘဲ အချိန်ရသလိုလေး ဆက်ရှိစေခဲ့တဲ့အထိ အစွဲလမ်းကြီးတတ်တဲ့ Virgo May ရဲ့ ရွေးချယ်မှုပါ။

အခုတော့ နေ့စဉ်တစ်နေ့တစ်ပုဒ်ရေးနေရင်း ပေ့ချ်နဲ့ မေ connection လေးတစ်ခုပြန်ရလာတယ်လို့ ခံစားရချိန်မှာ (၇) နှစ်ပြည့်လေးတက်လာတော့ မှတိမှတ်ရရ ဂုဏ်ပြုချင်တာနဲ့ စာလေးရေးဖြစ်သွားတယ်။

Thank You Facebook
Coach May ဆိုတာကို တစ်ဆင့်ချင်းမွေးဖွားဖို့ ကူညီပေးခဲ့လို့ပါ 🙏🙏🙏

ချစ်တဲ့
မေ

Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ရည်ရွယ်ချက်တစ်ခုရှိလာတဲ့အခါ တွေးတောပုံတွေ ပြောင်းသွားတယ်။အရင်ကဆိုရင် အဝတ်ဆိုင်ဝင်ဝင်၊ online shopping ကြည့်ကြည့် မသိစိတ်...
29/06/2026

ရည်ရွယ်ချက်တစ်ခုရှိလာတဲ့အခါ တွေးတောပုံတွေ ပြောင်းသွားတယ်။

အရင်ကဆိုရင် အဝတ်ဆိုင်ဝင်ဝင်၊ online shopping ကြည့်ကြည့် မသိစိတ်ကိုက ပိုဆိုဒ်ကြီးတဲ့အဝတ်တွေကို အလိုလို လိုက်ရှာနေမိတယ်။ Plus size ဆိုတာနဲ့ “ဟယ် ငါ့အတွက် အံကျမှာပဲ၊ ဝယ်ထားမှ” ဆိုပြီး တစ်ခွန်းမှ မစဉ်းစားဘဲ ချက်ချင်းလက်ထဲရောက်သွားတတ်တယ်။
ဒီနေ့တော့ အပြင်က အဝတ်ဆိုင်ရောက်တော့ ကိုယ်နဲ့ဆိုဒ်တော်မယ့် အဝတ်လေးတွေ မြင်ခိုက်မှာပဲ ပထမစိတ်က ဝယ်ချင်လို့ ကိုင်ကြည့်လိုက်မိတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို နောက်တစ်စိတ်က တိုးတိုးလေး ပြောလာတယ်—
“မင်းမှာ ရည်ရွယ်ချက်ရှိနေပြီလေ။ ဒါတွေ နောက်လအနည်းငယ်ဆို အပိုတွေဖြစ်နေမှာ။”
အဲဒီစကားသံကြားလိုက်ရတာနဲ့ လက်ထဲကအဝတ်ကို ပြန်ချ၊ ဆိုင်ကနေ ပြန်ထွက်ခဲ့တယ်။

အဲဒီခဏမှာပဲ NLP ရဲ့ သီအိုရီလေးတစ်ခု ရုတ်တရက် သတိရသွားတယ်—
“ကိုယ်ရှာတာကိုပဲ ကိုယ်တွေ့မယ်။”

မေတို့ ဦးနှောက်ထဲမှာ RAS (Reticular Activating System) လို့ခေါ်တဲ့ စစ်ထုတ်ပေးတဲ့ system တစ်ခုရှိတယ်။ ဘာကိုအာရုံစိုက်လဲ၊ ဘာကိုရည်ရွယ်ထားလဲ ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်ထဲက အချက်အလက်တွေကို ရွေးပြီး ပြသပေးတာ။ ရည်ရွယ်ချက်မရှိခင်က မေ့ရဲ့စိတ်က “အခုလက်ရှိ ကျွန်မ” ကိုပဲ ရှာနေတယ်။ ဒါကြောင့် ပိုဆိုဒ်ကြီးတဲ့အဝတ်တွေ မျက်စိထဲ ဝင်လာတယ်။ ဒါပေမယ့် ရည်ရွယ်ချက်တစ်ခု ချမှတ်လိုက်တဲ့အခါ စိတ်က “ဖြစ်ချင်တဲ့ ကျွန်မ” ဘက်ကို လှည့်သွားတယ်။ မြင်ကွင်းတူပေမယ့် ရွေးချယ်မှုက ပြောင်းသွားတာ။

ပြောင်းလဲမှုဆိုတာ ဇွဲနဲ့ အတင်းတွန်းရတာ မဟုတ်ပါဘူး။ တကယ်တန်းက ကိုယ်ဘယ်သူဖြစ်ချင်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်တာနဲ့ ရွေးချယ်မှုတွေက အလိုလို လိုက်ပြောင်းလာတာ။ ရည်ရွယ်ချက်က ကိုယ့်အတွက် ဆုံးဖြတ်ပေးနေတာ ဖြစ်လာတယ်။

ဒါကြောင့် ကိုယ်တိုင်ကိုယ့်ကိုယ်ကို မေးကြည့်စေချင်တယ်။
ကိုယ့်စိတ်က ဘယ် “ကိုယ့်ကို” ရှာနေပါသလဲ။ အခုလက်ရှိ ကိုယ့်ကိုလား၊ ဖြစ်ချင်တဲ့ ကိုယ့်ကိုလား။

ချစ်တဲ့
မေ
၂၉၊၆၊၂၀၂၆

ကြုံဖူးလား... ကိုယ်က ရွေးချယ်မှုတစ်ခုကို ခိုင်ခိုင်မာမာလုပ်လိုက်ပြီ၊ အဲ့ဒီရွေးချယ်မှုအပေါ်မှာလည်း နေ့နေ့ညည စဉ်းစားအားထုတ...
28/06/2026

ကြုံဖူးလား... ကိုယ်က ရွေးချယ်မှုတစ်ခုကို ခိုင်ခိုင်မာမာလုပ်လိုက်ပြီ၊ အဲ့ဒီရွေးချယ်မှုအပေါ်မှာလည်း နေ့နေ့ညည စဉ်းစားအားထုတ်နေပြီဆိုရင်... အဲ့ဒီ့လမ်းကြောင်းကို ထောက်ပံ့ပေးမယ့် အကြောင်းတရားတွေနဲ့ ဒီခရီးကို အောင်အောင်မြင်မြင် ဖြတ်သန်းခဲ့ဖူးသူတွေကို ဆုံတွေ့ဖို့ အခွင့်အရေးတွေ ပေါ်ပေါက်လာရစမြဲဆိုတာကို။

ဒီနေ့တော့ မေ့ဘဝအတွက် တကယ့်ကို အဖိုးတန်တဲ့ ဆုံဆည်းမှုတစ်ခု ကြုံခဲ့ရပါတယ်။ ပေါင် (၁၀၀) တိတိကို ဘယ်သူ့အကူအညီမှမပါဘဲ မိမိကိုယ်ကိုယ် ပြန်လည်လမ်းညွှန်မှု (Self-coaching) စနစ်တကျလုပ်ပြီး ဝိတ်ချခဲ့တဲ့ အစ်ကိုတစ်ယောက်နဲ့ ဆုံခွင့်ရခဲ့တယ်။ သူ ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်တစ်လျှောက်က အတွေ့အကြုံတွေ၊ Passion အပြည့်နဲ့ လုပ်ခဲ့တဲ့ Research တွေကို စိတ်ရှည်လက်ရှည် မျှဝေပေးတာကို သေချာမှတ်သားခွင့်ရခဲ့ပါတယ်။

အဲ့ဒီမှာတင် ကိုယ့်ကိုယ်ကိုယ် Awareness (သတိ) တစ်ခု ပြန်ရသွားတာက... မေကိုယ်တိုင် ပေါင်ချိန်စက်ကို သတိမထားမိဘဲ ရှောင်ဖယ်နေခဲ့မိတာကို မြင်လိုက်ရတာပါပဲ။ ကိုယ့်အခြေအနေကို ရင်ဆိုင်ဖို့ တွန့်ဆုတ်နေခဲ့တာလေးကို အစ်ကိုနဲ့စကားပြောမှ ပြန်သတိပြုမိသွားခဲ့တယ်။

ဘဝမှာ အမြင်ချင်းတူ၊ ရလဒ်ကောင်းတွေလည်း ရှိထားပြီးသား ဘဝအတွေ့အကြုံရင့်တဲ့ မိတ်ဆွေကောင်းတွေ ရှိနေတာဟာ တကယ်ကို မင်္ဂလာတစ်ပါးပါပဲ။ သူတို့ဟာ မေတို့ဘဝကို မှန်ကန်တဲ့လမ်းပြပေးနိုင်တဲ့ အခမဲ့ "Friendship Coaches" တွေပါပဲ။

ဒီစာကိုဖတ်နေတဲ့မိတ်ဆွေတွေထဲမှာရော
ကိုယ်တစ်ခုခုကို စိတ်အားထက်သန်စွာ ကြိုးစားနေချိန်မှာ အံ့ဩစရာကောင်းလောက်အောင် လမ်းပြပေးမယ့်သူတွေနဲ့ ဆုံခဲ့ဖူးတဲ့ အတွေ့အကြုံမျိုး ရှိကြလားရှင်? Comment မှာ မျှဝေပေးသွားဦးနော်။

ချစ်တဲ့
မေ
၂၈၊၆၊၂၀၂၆

မနက်ခင်း နိုးနိုးချင်းမှာပဲ "နန်းကြီးသုတ် စားချင်စိတ်" က အပြင်းအထန် ဒုက္ခပေးလာပါတယ်။ အကျင့်ပါနေတဲ့ လက်ကလည်း ဖုန်းကိုကောက...
27/06/2026

မနက်ခင်း နိုးနိုးချင်းမှာပဲ "နန်းကြီးသုတ် စားချင်စိတ်" က အပြင်းအထန် ဒုက္ခပေးလာပါတယ်။ အကျင့်ပါနေတဲ့ လက်ကလည်း ဖုန်းကိုကောက်ကိုင်၊ Foodpanda App ကိုဖွင့်ပြီး ဟိုရှာဒီရှာ လုပ်နေမိပြီလေ။ "စားချင်တဲ့စိတ်" နဲ့ "ထိန်းသင့်တယ်ဆိုတဲ့ ဦးနှောက်ရဲ့အသိ" နှစ်ခု နာရီဝက်နီးပါး လွန်ဆွဲပွဲဖြစ်ပြီးတဲ့နောက်မှာတော့ ဦးနှောက်က အနိုင်ရသွားပြီး မှာစားချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စိတ်အေးရုံပဲရှိသေး၊ Facebook ပေါ် တက်မိပြန်တော့ အစားအသောက် ကြော်ငြာတွေက မျက်စိရှေ့ တန်းစီပေါ်လာပြန်ရော။ ဝါးကနဲ ပြန်ထကြွလာတဲ့ စားချင်စိတ်ကို ဘယ်လိုနှိမ်ရမလဲစဉ်းစားရင်း... JOY ကတင်ထားတဲ့ ဝိတ် (၈၉)ပေါင် ကျသွားတဲ့သူတစ်ယောက်ရဲ့ စိတ်ခွန်အားပေး ဗီဒီယိုတစ်ခုကို အစအဆုံး အာရုံပြောင်းပြီး ကြည့်လိုက်ပါတယ်။ အဲဒီတော့မှပဲ အစားအသောက်တွေအပေါ် ယိမ်းယိုင်နေတဲ့ စိတ်က တဖြည်းဖြည်း ပြန်ငြိမ်ကျသွားတာကို သတိထားမိလိုက်တယ်၊၊

ဒါက ဘာကိုပြလဲဆိုတော့... မေတို့ရဲ့ ဦးနှောက်နဲ့ ဒီဂျစ်တယ်လောက (Digital World) ဟာ အဆက်မပြတ် ချိတ်ဆက်နေတယ်ဆိုတာပါပဲ။ ဖုန်းမျက်နှာပြင်ပေါ်က မြင်ရတဲ့အရာတွေက မေတို့ရဲ့ စားချင်စိတ်၊ နေထိုင်လိုစိတ်တွေကို ဘယ်လောက်တောင် လွှမ်းမိုးနေသလဲဆိုတာ လက်တွေ့ကြီး သိလိုက်ရတဲ့အတွက် ကိုယ်အလေးချိန်ချတဲ့ ခရီးစဉ်မှာ Digital Detox (ဖုန်း/ဆိုရှယ်မီဒီယာ ခေတ္တဖြတ်တောက်ခြင်း) ကလည်း မရှိမဖြစ် လိုအပ်တာပဲ ဆိုတဲ့ အတွေးသစ်တစ်ခု ရလာခဲ့ပါတယ်။

📱 ဒီနေ့ မနက် ၁၁ နာရီကစပြီး ဖုန်းကို လုံးဝဘေးဖယ်ထားလိုက်ပါတယ်။ ဖုန်းကြည့်မယ့်အစား...
🙏စိတ်တည်ငြိမ်အောင် ဘုရားရှိခိုးတယ်
🛏️ခန္ဓာကိုယ် အနားရအောင် အိပ်စက်တယ်
📖စိတ်ကူးသစ်တွေရအောင် စာဖတ်တယ်
🚖ကိုယ့်အတွက် အမှတ်တရဖြစ်မယ့် အလုပ်လေးတွေလုပ်ပြီး သူငယ်ချင်းနဲ့ အပြင်ခဏထွက်တယ်
🏋️‍♂️ပြီးတော့ Gym မှာ တစ်နာရီခွဲကြာ အပြည့်အဝ အချိန်ပေးလိုက်တယ်၊၊
ရလဒ်ကတော့ အံ့ဩစရာပါပဲ။
ဖုန်းမျက်နှာပြင်နဲ့ ဝေးနေတဲ့အချိန်မှာ အာရုံစူးစိုက်မှု (Focus) က တော်တော်လေး ကောင်းမွန်လာသလို၊ အရင်ကလို ခဏခဏ စားချင်သောက်ချင်
စိတ် ဖြစ်ပေါ်နေတာမျိုးလည်း လုံးဝမရှိနေပါဘူး။

💡 မေတို့ ခဏခဏ ဗိုက်ဆာနေတာ၊ စားချင်စိတ် ဖြစ်နေတာဟာ တကယ် ဗိုက်ဆာလို့မဟုတ်ဘဲ ဖုန်းထဲက မြင်နေရတဲ့ အစားအသောက်ပုံရိပ်တွေက ဦးနှောက်ကို လာရောက်နှိုးဆွပေးနေလို့ (Digital Hunger) ဆိုတဲ့ အသိ (Awareness) လေးလည်း ရရှိလိုက်ပါတယ်။

ခန္ဓာကိုယ်ပြောင်းလဲခြင်း (Transformation) Journey ကို လျှောက်လှမ်းတဲ့အခါ ဝိတ်ကျဖို့အတွက် အစားအသောက်ကိုပဲ Control လုပ်ရုံနဲ့တင်မဟုတ်ဘဲ၊စားချင်စိတ်ကို အမြဲလှုံ့ဆော်ပေးနေတဲ့ ဖုန်းနဲ့ ဆိုရှယ်မီဒီယာကိုပါ အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မှ (Digital Detox လုပ်နိုင်မှ)သာ ပိုမိုထိရောက်တဲ့ခရီးစဉ်ဖြစ်မယ်ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

ချစ်တဲ့
မေ
၂၇၊၆၊၂၀၂၆

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 13:00

เบอร์โทรศัพท์

+959973200033

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ May Myat Thuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง May Myat Thu:

ทางลัด

แชร์

ประเภท