24/05/2026
၂၀၂၆ ကမ္ဘာ့ဖလား - သောမတ်စ် တူချယ်ရဲ့ အင်္ဂလန်အသင်း လူစာရင်း နဲ့ တစ်ယောက်ချင်းစီရဲ့ စရိုက်အမျိုးမျိုး (အက်ဇ်ရီ ကွန်ဆာ)
အက်ဇ်ရီ ကွန်ဆာ
===========================================
ဂျာမိန်း ဒီဖိုး၊ ဆိုးလ် ကမ်းဘဲလ်နဲ့ ဂျွန်တယ်ရီတို့လို နာမည်ကြီးကစားသမားတွေ ထွက်ပေါ်ခဲ့တဲ့ လန်ဒန်အရှေ့ပိုင်းက Senrab (Sunday League) ကလပ်မှာ ဘောလုံးစကစားခဲ့ပြီး အသက် ၁၁ နှစ်မှာ ချာလ်တန်အသင်းဆီ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဘရန့်ဖို့ဒ်ကနေတစ်ဆင့် ၂၀၁၉ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ ဗီလာဆီ ရောက်ရှိလာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဘရာဇီးနဲ့ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့တာပါ။
စိတ်ဝင်စားစရာ အချက်အလက်လေးတွေကတော့ -
ကွန်ဆာရဲ့ ဘယ်ဘက်လက်မှာ “Blessed” (ကောင်းချီးခံစားရသူ) ဆိုတဲ့ စာသားကို တက်တူးထိုးထားပါတယ်။ "ဒီစာသားက ကျွန်တော် ဘယ်လောက်အထိ ခရီးဝေးခဲ့ပြီလဲ၊ ဘယ်လောက်တောင် ကံကောင်းတဲ့သူလဲဆိုတာကို အမြဲသတိရစေတယ်" လို့ သူက ဆိုပါတယ်။
သူ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က အတော်လေး ရုန်းကန်ခဲ့ရပြီး ဒုစရိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ အများကြီး ရှိခဲ့တာပါ။ ဒါပေမဲ့ ကွန်ဆာက "ကျွန်တော့်ကို ဒုက္ခတွေထဲ မပါသွားအောင် အမြဲထိန်းကျောင်းပေးခဲ့တဲ့ အစ်ကိုကြီးတစ်ယောက် ရှိခဲ့တာကတော့ ကျွန်တော့်အတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ" လို့ သူ့ရဲ့အစ်ကိုဖြစ်သူအပေါ် ကျေးဇူးတင်စကား ပြောဖူးပါတယ်။