ရှမ်းကြီး

ရှမ်းကြီး ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ရှမ်းကြီး, กีฬา, Rangsit-Nakhon Nayok, Bangkok.

အံ့ဩဖွယ်သဘာ၀အကြောင်းရာများ
07/08/2026

အံ့ဩဖွယ်သဘာ၀အကြောင်းရာများ

Asian ဖုန်းကုတ်များ📞☎️📱
10/10/2025

Asian ဖုန်းကုတ်များ📞☎️📱

သစ်တောအုပ် မဟုတ် သစ်ပင် တပင်တည်းသာပုံမှာမြင်ရတာကတော့ ဘရာဇီးနိုင်ငံ ၊ Natal မြို့ မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်ပင် (C...
14/09/2025

သစ်တောအုပ် မဟုတ် သစ်ပင် တပင်တည်းသာ

ပုံမှာမြင်ရတာကတော့ ဘရာဇီးနိုင်ငံ ၊ Natal မြို့ မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်ပင် (Cashew tree) ကြီးဖြစ်ပါတယ်။

ဒီသစ်ပင်ကြီးရဲ့ သက်တမ်းက နှစ် ၁၀၀ ကျော်ပြီလို့ ခန့်မှန်းရပြီး သာမန် သီဟိုဠ်ပင်တွေထက် အဆပေါင်းများစွာ ပိုကြီးပါတယ်။

အထင်ရှားဆုံး အချက်ကတော့ သူ့ရဲ့ အရွယ်အစားဖြစ်ပါတယ်။

ဒီသစ်ပင်ကြီးရဲ့ ဧရိယာက ၂ ဧက ကျော် ကျယ်ဝန်းပြီး ကောင်းကင်မြင်ကွင်းက ကြည့်ရင် တောအုပ်ငယ်တခုလို့ ထင်ရမှာဖြစ်ပါတယ်။

ဒီလောက် ကြီးမားတဲ့ သစ်ပင်ကြီးဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့ အကိုင်းအခက်တွေဟာ အောက်ကို ကြီးထွားပြီး မြေကြီးနဲ့ ထိတဲ့အခါမှာ အမြစ်အသစ်တွေ ပြန်ထွက်လာလို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသစ်ပင်ကြီးကို ၁၈၈၈ ခုနှစ်မှာ တံငါသည်တစ်ဦးဖြစ်တဲ့ Luis Inácio de Oliveira က စတင် စိုက်ပျိုးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဒီသစ်ပင်ကြီးဟာ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ထားပြီး Natal မြို့ရဲ့ ခရီးသွားဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Crd,copy

လေယာဉ်ပျံတွေ မောင်းသွားတဲ့အခါ ကောင်းကင်မှာ အငွေ့တန်းလိုက်ကြီးတွေ မြင်ရတာကို contrails (condensation trails) လို့ ခေါ်ပါတ...
10/09/2025

လေယာဉ်ပျံတွေ မောင်းသွားတဲ့အခါ ကောင်းကင်မှာ အငွေ့တန်းလိုက်ကြီးတွေ မြင်ရတာကို contrails (condensation trails) လို့ ခေါ်ပါတယ်။

ဒါဟာ လေယာဉ်အင်ဂျင်က ထုတ်ပေးတဲ့ ပူပြင်းတဲ့ ဓာတ်ငွေ့များ နဲ့ အအေးပိုင်းလေနဲ့ ထိတွေ့တဲ့အခါ ဖြစ်ပေါ်တာပါ။

အဓိကအကြောင်းတွေကတော့ —

1. အပူချိန်နဲ့ စိုထိုင်းဆ

ခရီးဝေးလေယာဉ်တွေကများသောအားဖြင့် ၁၀,၀၀၀မီတာ (၃၀,၀၀၀ပေ) အထက်မှာ ပျံသန်းပါတယ်။

အဲ့ဒီအမြင့်မှာ အအေးတော်တော်များ — -40°C ဝန်းကျင်အထိ ကျသွားတတ်ပါတယ်။

လေယာဉ်အင်ဂျင်က ထုတ်ပေးတဲ့ ပူပြင်းတဲ့ ဓာတ်ငွေ့ (water v***r + carbon dioxide + soot particles) တွေ လေအအေးနဲ့ထိတွေ့တဲ့အခါ အရမ်းသေးငယ်တဲ့ရေငွေ့စက်များ သို့မဟုတ် ရေခဲစက်များ ဖြစ်လာပါတယ်။

အဲ့ဒီရေ‌ငွေ့စက်များကိုပဲ အဖြူငွေ့သဖွယ် အတန်းလိုက် မြင်ရစေပါတယ်။

2. လေထဲရှိ စိုထိုင်းဆပမာဏ

အမြင့်တက်သွားတဲ့အခါ လေထဲ၌ စိုထိုင်းဆ (humidity) များနေရင် အငွေ့တန်းတွေ နံနက်ခင်းခပ်စောစောမှာ အများကြီး ဖြစ်‌နေတတ်တယ်။ဥပမာ တိမ်ပင်လယ်လိုပေါ့။ နေထွက်လာတဲ့အခါပျောက်သွားကြပါတယ်။

လေထုထဲ အစိုဓာတ် နည်းနေရင်တော့ အငွေ့တန်းတွေ တိုတိုနဲ့ မြန်မြန်ပျက် သွားတတ်တယ်။

3. အငွေ့တန်းတွေရှည်တယ်ဆိုတာ မိုးသက်မုန်တိုင်းလက္ခဏာလား

Contrails ရှည်ကြာပြီး မပျက်ဘဲ များများပြန့်နေတဲ့အခါ၊ အပေါ်လေထဲမှာ စိုထိုင်းဆများနေတယ် လို့ အဓိပ္ပာယ်ရတယ်။

တခါတရံမှာတော့မိုးသက်လေပြင်းများ မကြာခင် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တစ်ခုလည်း ဖြစ်နေတတ်ပါတယ်။

4. အထူးသိထားသင့်တာကတော့

Contrails တွေဟာ အင်ဂျင်ထဲက အငွေ့အပေါ်တန်း ပဲ ဖြစ်တာမဟုတ်ဘဲ၊ တခါတရံ လေယာဉ်အမြန်နှုန်းနဲ့ လေထုဖိအားကွာခြားမှု ကြောင့်လည်း ဖြစ်တတ်တယ်။

လေယာဉ်နောက်က များများတွေ့ရတာက သိပ္ပံနည်းကျအားဖြင့် ဒီအငွေ့တန်းတွေဟာ ရေခိုး ရေငွေ့စက်တွေ သာ ဖြစ်ပါတယ်။

-အကျဉ်းချုပ်ကတော့

လေယာဉ်အင်ဂျင်က ထုတ်တဲ့ ပူပြင်းတဲ့ ဓာတ်ငွေ့များဟာ ပေ၃၀,၀၀၀ အထက်က အအေးပိုင်းလေနဲ့ထိတွေ့မှုကြောင့်ရေစက်ငယ်များ ဖွဲ့စည်းခြင်းကြောင့် အဖြူငွေ့အတန်းလိုက်ကောင်းကင်မှာ မြင်ရတာပဲ ဖြစ်ပါတယ်။

Card, original righter

အခြေခံ အရောင်စပ်နည်း!!
21/08/2025

အခြေခံ အရောင်စပ်နည်း!!

ရေကို ကြိုချက် အအေးခံပြီး ရေနွေးဖြူ အဖြစ်ပြန်သောက် တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်ဝင်အောင်သောက် သင်တို့ခန္ဓာကိုယ်ကရ...
15/07/2025

ရေကို ကြိုချက် အအေးခံပြီး ရေနွေးဖြူ အဖြစ်ပြန်သောက်

တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်
ဝင်အောင်သောက်
သင်တို့ခန္ဓာကိုယ်က
ရောဂါအားလုံးနီးနီး
သွေးတိုး ဆီးချို
ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း
လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး
ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့
သောက်ရပါ့မည်။

ရေနွေးအဖြူ၏ ကောင်းကျိုး

မနက်စောစော အိပ်ယာထချိန် ဗိုက်ဗလာဖြစ်ချိန်
ကြိုထားသည့်ရေနွေး 600ml ငါးကြင်းဖန်ခွက် ၂ခွက် နီးပါး သောက်သုံးသင့်ပါသည်။အကျင့််မရ
သေးခင် မသောက်နိုင်ပေမယ့် ကျင့်သားရသွား
လျှင်သောက်နိုင် သွားပါလိမ့်မည်။

အထူးသတိပြုရန်

ရေနွေးသောက်ပြီးချိန်{ 30~ 45 }မိနစ်အတွင်း
မည်သည့်အစားအစာမှ မစားပါနှင့်။

ပျောက်ကင်းသည့်ဝေဒနာများ

၁။ ဝက်ရူးပြန်ရောဂါ
၂။ စိတ်ဖိစီးမှုများခြင်း
၃။ သွေးကြောပိတ်ခြင်း
၄။ အစာအိမ်ပြဿနာများ
၅။ အမျိုးသမီးဓမ္မတာများ
၆။ ခေါင်းတခြမ်းကိုက်ခြင်း
၇။ သွေးပေါင် တိုး/တက် ခြင်း
၈။ အဆစ်အမြစ်ကိုက်ခဲခြင်း
၉။ နှလုံးခုန်ရုတ်တရက်မြန်ခြင်း
၁၀။ ကိုလက်စထရောများခြင်း
၁၁။ ချောင်းဆိုးပန်းနာကြပ်ခြင်း
၁၂။ နား/လည်ချောင်းရောဂါများ
၁၃။ မျက်လုံးမကြည်အားနည်းခြင်း
၁၄။ အစာစားချင်စိတ်ပျောက်ဆုံးခြင်း
၁၅။သာအိမ်ခေါင်းနှင့်သားအိမ်ရောဂါများ

အာမခံထားသည်ရက်စွဲများ

၁။ ဆီးချို/သွေးတိုး ၃၀-ရက် အတွင်း
၂။ အစာအိမ်ပြဿနာ ၁၀-ရက်
၃။ ကင်ဆာမှန်သမျှ ၉-လ
၄။ သွေးကြောပိတ်ခြင်း ၆-လ
၅။ အစာစားချင်စိတ်မရှိ ၁၀-ရက်
၆။ သားအိမ်ရောဂါများ ၁၀-ရက်
၇။ အမျိုးသမီးဓမ္မတာ ၁၅-ရက်
၈။ နား/လည်ချောင်း ၁၀-ရက်
၉။ နှလုံးရောဂါ ၃၀-ရက်
၁၀။ခေါင်းတခြမ်းကိုက် ၃-ရက်
၁၁။ကိုလက္စထေရာက် ၄-လ
၁၂။ဝက်ရူး/သွပ်ချာပါဒ ၉-လ
၁၃။ပန်းနာရင်ကြပ် ၄-လ

ရေအေးရဲ့ဆိုးကျိုးများ

ရေအေးသည် နုငယ်ရွယ်စဉ်မှာ သင့်ကိုမထိခိုက်စေပေမယ့် အသက်ကြီးလာတဲ့အခါ သင့်ကိုဘေး
ဒုက္ခကောင်းကောင်းပေးပါလိမ့်မည်။ ရေအေး
သည် နှလုံးသွေးပြန်ကြော (၄)ခုကို ပိတ်စေပြီး
နှလုံးအမောဖောက်ခြင်းကို ဖြစ်စေသည်။ ရေအေးသောက်ခြင်း နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ရေအေးသည် အသည်းပြဿနာများကို ဖြစ်စေသည့်အပြင် အသည်းထဲမှာ
အဆီတွေစုစေသည်။အသည်းအစားထိုးကုသမှုခံယူရန် စောင့်ဆိုင်းနေသူအများစုသည် "ရေအေးသောက်ခြင်းကြောင့် အစာအိမ်အတွင်းပိုင်းနံရံများ
ကို ထိခိုက်စေသည်။ ရေအေးသည် အူမကြီးကိုထိခိုက်စေသည့်အပြင် ကင်ဆာကိုဖြစ်စေသည်။ OIIIIIIA အဖွဲ့မှ ဂျပန်ဆရာဝန်များက ရေနွေးအဖြူသည် 100% ထိရောက်မှုရှိကြောင်း အတည်ပြုခဲ့သည်။

ကျန်းမာရေးဗဟုသုတရကြပါစေ

အိမ် GAS အိုးမှာ GAS ဘယ်လောက်ကျန်လဲ ဒီလိုစစ်မယ်သင်တို့အိမ်က GAS အိုးတွေမှာ GAS ဘယ်လောက်ကျန်လဲကို သိနိုင်မည့် အလွယ်ဆုံးနည...
25/06/2025

အိမ် GAS အိုးမှာ GAS ဘယ်လောက်ကျန်လဲ ဒီလိုစစ်မယ်

သင်တို့အိမ်က GAS အိုးတွေမှာ GAS ဘယ်လောက်ကျန်လဲကို သိနိုင်မည့် အလွယ်ဆုံးနည်းလမ်းတစ်ခုကတော့ -

ရေနွေးနွေးကို GAS အိုးဘေးသား ပေါ်သို့လောင်းချလိုက်ပါ။

GAS အိုးပေါ်သို့ လက်တင်ကြည့်ပါ အပူချိန်ကွာခြားမှုကို ထိတွေ့ရပါလိမ့်မယ်။

အပူချိန်ကွာခြားမှုက အိုးထဲတွင်ကျန်ရှိနေသော GAS ပမာဏ ကိုညွှန်ပြခြင်းဖြစ်ပါတယ်။

GAS ရှိနေတဲ့ အပိုင်းက ပို၍အေးနေမှာ ဖြစ်ပါတယ်။

ဝေသနာအမျိုးမျိုးခံစားနေရသူများအတွက်အိပ်နည်းများ
07/06/2025

ဝေသနာအမျိုးမျိုးခံစားနေရသူများအတွက်အိပ်နည်းများ

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း- ခ...
25/04/2025

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ

- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း
- ချွေးအနံ့ ဆိုးရွားလွန်းခြင်း
- လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့
ပိုထွက်ခြင်း
- သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း
- ကိုယ်လက် မအီမသာ ဖြစ်ခြင်း
- နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း
- အကြောတက် ​ညောင်းညာခြင်း
- ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
- အသားအရေ ခြောက်သွေ့ပျက်စီးခြင်း
စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။

ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။

ဒီလိုလုပ်ဖို့အတွက် စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။

၁။ ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း

ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။

၂။ စအိုမှထုတ်ခြင်း

ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။

၃ ပါးစပ်မှထုတ်ခြင်း

ယခုခေ​တ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။

၄။ ခေါင်းမှထုတ်ခြင်း

ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။

ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။

၅။ ခြေဖဝါးမှထုတ်ခြင်း

စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။

အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။

ဆားနယ်ခြင်း

ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။

မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။

ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။

ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါ

Credit, Copying

ကမ္ဘာမှာ Nokia ကျရှုံးသွားတာလူတိုင်းသိပြီးသား ဖြစ်မှာပါသူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့စကားလေးက သိပ်ကောင်းတယ်တွေးစရာ ကော...
09/04/2025

ကမ္ဘာမှာ Nokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသား ဖြစ်မှာပါ

သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့
စကားလေးက သိပ်ကောင်းတယ်

တွေးစရာ ကောင်းတယ်

We did't do anything wrong ,
but somehow we fall.

"ငါတို့ အမှားမလုပ်ခဲ့ဘူး
ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်"

Rajeev Suri (CEO Nokia)

တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့
ဘာအမှားမှ မလုပ်ဘူး

ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။

ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့

ယနေ့ခေတ်ကြီးမှာ

အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia က သက်သေပြလိုက်တာပဲ
အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့
ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့
လိုလာပါပြီ ။

ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု
မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။

မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill
တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး
မှောက်သွားမှာပေါ့ ။

ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ
ကြုံနေရမှာပါပဲ ။

ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။

That's why , want to be a pro in one realm, we need to try to improve our skill as well as not to stop our Learning .

နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို
မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။

ခင်ဗျားအနေနဲ့ အကုန်သိ အကုန်တတ်နေပြီဆိုရင် သေချာတာကတော့ ကျန်ခဲ့မှာဘဲ
ခင်ဗျားမသိတာတွေ အများကြီး ရှိနေပါတယ်

Credi,copy

ที่อยู่

Rangsit-Nakhon Nayok
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ရှမ်းကြီးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท