Founder's Story
လူတစ်ဦးနှင့်တစ်ဦး မျှဝေ၊ဆွေးနွေး၊ တိုင်ပင်ရတာကိုကြိုက်တဲ့ မြန်မာလူမျိုးတို့ရဲ့ ထုံးစမ်းအတိုင်း virtual friend ဆိုတဲ့ concept နဲ့ "သူမ" social platform ကို 2018 မှာ စတင်ခဲ့ပါတယ်။ "online ပေါ်က သူငယ်ချင်းလေးဖြစ်ချင်တယ်" ဆိုတဲ့ ဆောင်ပုဒ်နဲ့စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးရာ အထောက်အကူပြုစာတို၊ ဆောင်းပါးတိုလေးတွေကို လူငယ်ဟန်နဲ့ ပညာပေးစရာ၊ ဖျော်ဖြေရေးပါတွေးပြီး "သူမ" ကို social media influencer တစ်ဦး အနေနဲ့ ပုံဖော်ခဲ့ပါတယ်။ အမျိုးသမီး community ကို အသားပေးထားသောကြောင့် "သူမ" ဆိုတဲ့ နာမည်ကို ပေါ့ပေါ့ပါးပါးပဲ ပေးဖြစ်ခဲ့တယ်။
"သူမ" ဟာ ကျမဘဝရဲ့ journey နဲ့အတူ လိုက်ပါစီးမျောပါတယ်။ ကျမ ကိုယ်တိုင်ရဲ့ academic, personal နဲ့ professional growth တွေကနေတစ်ဆင့် ပို ကြီးမား၊ ကျယ်ပြန့်၊ ကြွယ်ဝပြီး ရည်ရှည်တည်တံ့မယ့် အသွင်ကို ကူးပြောင်းလာတယ်။
၂၀၂၁ နှောင်းပိုင်းကစပြီးတော့ "သူမ" ကို နယ်ပယ်အသီးသီးမှာရှိတဲ့ gender အသီးသီးနဲ့ young professionals တွေအားလုံး ပါဝင်နိုင်စေဖို့ "coaching platform" အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအုတ်မြစ်ဟာ "ပညာရေး" လို့ အခိုင်အမာယုံကြည်ထားပါတယ်။ ဒီအသိနဲ့ အတူ ကျမရဲ့ expertise တွေဖြစ်တဲ့ personal/professional development၊ personal branding၊ marketing တို့နဲ့ သက်ဆိုင်တဲ့ ပညာပေး content တွေကို social app တွေကနေတဆင့် မျှဝေပေးနေပါတယ်။
တပြိုင်တည်းမှာပဲ ၂၀၂၃ ကနေစတင်ပြီးတော့ "Thuma Coaching" အမည်နဲ့ E- learning Platform တစ်ခုကိုလည်း ထပ်မံတည်ထောင်ခဲ့ပြီးတော့ အထက်ပါ ဘာသာရပ်များနဲ့ ပတ်သတ်တဲ့ online သင်တန်းတွေကို စဥ်ဆက်မပြတ်ပို့ချပေးနေပါတယ်။ Coach ရဲ့ cooperate သက်တမ်း၊ training အတွေ့အကြုံနဲ့ သက်ဆိုင်ရာ ဘွဲ့လွန်များရဲ့ အထောက်အပံ့တွေစုပေါင်းပြီး၊ Experiential learning လို့ခေါ်တဲ့ "သင်ယူနေစဥ်အတွင်းမှာပဲ၊ အသုံးချမှုကိုပါ တပါတည်း ခံစားတတ်မြောက်စေဖို့" ရည်ရွယ်ဒီဇိုင်းဆွဲထားတဲ့ SIT/ World learning ရဲ့ သင်ကြားရေးဗျူဟာများကို အခြေခံပါတယ်။