Mr.Handsome Fitness

Mr.Handsome Fitness “𝑴𝒐𝒗𝒆 𝒀𝒐𝒖𝒓 𝑩𝒐𝒅𝒚, 𝑺𝒉𝒂𝒑𝒆 𝒀𝒐𝒖𝒓 𝑭𝒖𝒕𝒖𝒓𝒆”

06/06/2025

Train for your heart
Train for your stamina

19/12/2023

ByeBye Bye _ Zumba Fat Loss Dance

Mr.Handsome Fitness Trainer/ Zumba Instructor



15/12/2023

ဒီလိုခါးဘေးလှည့်၊ တင်ပါးလှည့်တဲ့
ကကွက်လေးတွေဟာ ခါးဘေးမှာရှိတဲ့
မလိုအပ်တဲ့အဆီပိုတွေကို ကျစေပါတယ်
ဒါကြောင့် မိမိဘာသာ အိမ်မှာနေရင်းနဲ့လဲ
ကျနော်တို့ကို လိုက်ကြည့်ပြီး ကနိုင်ပါတယ်

Mr.Handsome Fitness Trainer/Zumba Instructor

GYMဆိုတာ ဘာလဲ?GYMရဲ့ အရှည်ကောက်က ဘာလဲ?GYMဟာ ဘယ်ကနေပေါ်ပေါက်လာတာလဲ?အားလုံးမင်္ဂလာပါဒီနေ့မှာ ဘယ်သူကမှ မေးလေ့မေးထမရှိတဲ့မေး...
12/12/2023

GYMဆိုတာ ဘာလဲ?
GYMရဲ့ အရှည်ကောက်က ဘာလဲ?
GYMဟာ ဘယ်ကနေပေါ်ပေါက်လာတာလဲ?

အားလုံးမင်္ဂလာပါ

ဒီနေ့မှာ ဘယ်သူကမှ မေးလေ့မေးထမရှိတဲ့
မေးခွန်းလေးကို ကျနော်ဖြေဆိုပေးပါမယ်။
ဘယ်သူကမှ ဒါကိုမေးလေ့မေးထမရှိပေမယ့်
ဒီမေးခွန်းတွေဟာ GYMချစ်တဲ့သူတွေအတွက်
သိပ်ကိုအရေးပါပြီး သိထားသင့်တဲ့အရာတွေဘဲ
ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားစွာနဲ့ အားလုံး
အဆုံးထိဖတ်စေချင်ပါတယ်။

▪️GYMဆိုတာ ဘာလဲ?

GYMဆိုတာ အားကစားရုံ၊ လေ့ကျင့်ခန်းနဲ့အားကစား
ပြုလုပ်ဖို့အတွက် မိုးလုံလေလုံ နေရာတစ်ခုဖြစ်ပါတယ်။

▪️GYMရဲ့ အရှည်ကောက်က ဘာလဲ?

GYMရဲ့ အရှည်ဟာ “Gymnasium”ဖြစ်ပါတယ်။
"Gymnos" ဆိုတဲ့ ရှေးဟောင်းဂရိစကားလုံးမှ
ဆင်းသက်လာတာဖြစ်ပြီး ကိုယ်လုံးတီးလို့
အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့
အဲဒီခေတ်အချိန်တုန်းက ကာယလေ့ကျင့်ခန်းတွေကို
အမျိုးသားများသာ အများစုဆော့ကစားကြပြီး အဝတ်
ဗလာ(အပေါ်ပိုင်း)ဖြင့်သာ ကစားခဲ့ကြလို့ဘဲဖြစ်ပါတယ်။
နောက်ပိုင်းမှ အမျိုးသမီးများပါဝင်လှုပ်ရှား ကစားလာခဲ့
တာဖြစ်ပါတယ်။

▪️GYMကို ဘယ်သူတီထွင်ခဲ့တာလဲ?

ဒီနေရာမှာ အပိုင်း(၂)ပိုင်းခွဲပြီးပြောချင်ပါတယ်။

1. The Dark Ages of Fitness

ပထမဆုံး မှတ်တမ်းသမိုင်းများအရ GYMများဟာ
Physical Fitnessကို အားပေးတဲ့ Zurkhanehဆိုသော
ရှေးပါရှားမှာ လွန်ခဲ့တဲ့နှစ်ပေါင်း 3000ကျော်ကတည်းက
စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကြီးမားခမ်းနားတဲ့
ရောမ(ဂရိ)ရေချိုးခန်းတွေမှာ မကြာခဏ Fitness
facilities & equipmentများ ရှိနေခဲ့ပါတယ်။
ဒါတွေကို ရှေးဟောင်း ရောမရုပ်ရှင်ကားများမှာ
မြင်တွေ့နိုင်ပါတယ်။ အဲတုန်းကတော့ Commercial
GYMမဟုတ်သေးပါဘူး။

2. ဒါဆို ပထမဦးဆုံး Commercial GYMကို
ဘယ်သူကဦးဆောင်ပြီး တည်ထောင်ခဲ့တာလဲ?

ပထမဦးဆုံး Commercial GYMကို
“Hippolyte Triat”ဆိုတဲ့ပြင်သစ်ကာယဗလ
ကစားသမားမှ စတင်ခဲ့ပါတယ်။ Brusselsမှာ
သူ့ရဲ့ပထမဆုံး GYM clubကိုဖွင့်ခဲ့ပြီး 1840ခုနှစ်
နှောင်းပိုင်းတွေမှာ Paris မှာ ဒုတိယတစ်ခုထပ်ပြီး
ဖွင့်ခဲ့ပါတယ်။ 19 ရာစုအဆုံးမှာတော့
“Hippolyte Triat”ဟာ ဂီတခန်းမတစ်ခုဖြစ်တဲ့
“Eugen Sandow”မှာ နောက်ထပ်GYMတစ်ခုကို
တည်ထောင်ခဲ့ပါတယ်။

အဲဒီနောက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ
1844ခုနှစ်အတွင်း GYMများ ပေါ်ပေါက်လာခဲ့ပါတယ်။
1939 ခုနှစ်မှာ ကာယဗလအကျော်အမော်
“Jack LaLanne”ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊
Oaklandမှာ ပထမဆုံးသော US ကျန်းမာရေး
ကလပ်၊ အားကစားရုံကိုဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆေးပညာဟာလဲ တိုးတက်လာပြီမို့
ဆရာဝန်တွေဟာ လူနာများကို အလေးမခြင်း၊
ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်စေခြင်းဖြင့် လူနာ
များရဲ့ ပြန်လည်သန်စွမ်းရေးကို လေ့ကျင့်ခန်းဖြင့်
တစ်စိတ်တစ်ပိုင်း လေ့ကျင့်ကုသစေခဲ့ပါတယ်။
အဲဒီနောက်မှာ LaLanneဟာလဲ အောင်မြင်မှုအတော်
ရရှိခဲ့ပြီး GYM facilities & equipmentများကို
ဒီဇိုင်းထုတ်ကာ မိတ်ဆက်ပေးခဲ့ပါတယ်။ ပြီးတော့
LaLanneဟာ အမျိုးသမီးတွေကို အလေးမလေ့ကျင့်ခန်း၊
GYMဆော့ဖို့ စောစီးစွာ တွန်းအားပေးခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် အစောပိုင်းကာလတွေမှာ အမျိုးသမီးတွေဟာ
သူ့ရဲ့ အကြံပေးမှုကိုအလေးမထားခဲ့ကြပါဘူး။

GYMဖြစ်ပေါ်လာရခြင်း သမိုင်းကြောင်းတစ်လျှောက်မှာ
Evolutionအဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ရပြီး ယနေ့
ခေတ်မှာတော့ GYMဆိုတာ လူအများ နှစ်သက်မြတ်နိုး
ကြတဲ့ အရာတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။
ဒါတွေဟာ GYMဖြစ်ပေါ်လာရခြင်းနဲ့ သမိုင်းကြောင်းတွေပါဘဲခင်ဗျာ။

Mr. Handsome Fitness Trainer/Zumba Instructor

Mr.Handsome Fitnessမှ ပြန်လည်ပြီးFitnessနှင့် ပတ်သက်သမျှ အထွေထွေKnowledge Sharingများကို တတ်နိုင်သမျှပြန်လည်ပြီး ပြုလုပ်...
03/12/2023

Mr.Handsome Fitnessမှ ပြန်လည်ပြီး
Fitnessနှင့် ပတ်သက်သမျှ အထွေထွေ
Knowledge Sharingများကို တတ်နိုင်သမျှ
ပြန်လည်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်

ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့်
ဆက်မလုပ်နိုင်ဘဲ ရပ်တန့်လိုက်ရတာအတွက်
အားလုံးကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်

ကျနော်ဟာ Bangkok, Thailandကို
ပြောင်းရွှေ့အခြေချလိုက်ပြီမို့ Bangkokမှ
မိတ်ဆွေများအတွက် နောင်တွင်
Part Time, Personal Trainerအဖြစ်
ခေါ်ယူနိုင်အောင် ကြိုးစားပေးသွားပါမယ်




“ကြွက်သားကြီးထွားစေသော အစားအစာများ”ယောကျာ်းလေးတော်တော်များများ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားတွေ ကြီးထွားချင်ကြပါတယ်...
23/01/2022

“ကြွက်သားကြီးထွားစေသော အစားအစာများ”

ယောကျာ်းလေးတော်တော်များများ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားတွေ ကြီးထွားချင်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေ ကြီးထွားသန်မာလာဖို့ တချို့ကတော့ GYMဆော့ကြသလို တစ်ချို့ကအိမ်မှာပဲလေ့ကျင့်ခန်း လုပ်ကြပါတယ်။ ဘယ်လိုပဲဆော့ဆော့ ကြွက်သားတွေ အမြန်ထွက်ဖို့ အရေးအကြီးဆုံးကတော့ အစားအသောက်၊ အာဟာရဘဲဖြစ်ပါတယ်။ အာဟာရဟာ ၇၀% ၊ လေ့ကျင့်ခန်းဟာ ၃၀%ပါ။ ဒီတော့ ကြွက်သားကြီးထွားအောင် စားပေးရမယ့် အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။



ကြက်ဥ

ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါနော်။ ကြက်ဥစားသုံးတာက ကိုလက်စထရောတွေကို ထိန်းညှိထားပေးပြီး နှလုံးကျန်းမာရေးကိုလည်းကောင်းစေပါတယ်။ ကြက်ဥဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာဖြစ်ပြီး အထူးသဖြင့်တော့ ကြွက်သားတွေ တည်ဆောက်ရာမှာ ပိုပြီး အားကောင်းစေတာပါ။ ကြက်ဥမှာ ပါဝင်တဲ့ ကိုလက်စထရောဟာ ကြွက်သားတွေ တည်ဆောက်ဖို့ အားပေးတာကြောင့် များများ စားပေးသင့်ပါတယ်။

အစေ့အဆန်

အစေ့အဆန်လေးတွေကလည်း ကြွက်သားတွေမြန်မြန်ထွက်လာစေဖို့ အကူအညီပေးပါတယ်။ ဗာဒံစေ့ (၁)အောင်စမှာ (၁၅၀) ကယ်လိုရီ ပါဝင်ပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ ပရိုတင်း၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ ကြွက်သားတွေ သန်မာတောင့်တင်းလာဖို့ အထောက်အကူပြုပါတယ်။


ပရိုတင်း Shake

ပရိုတင်းပါဝင်တဲ့ Shakeတွေဟာ ကြွက်သားတွေ သန်မာလာစေဖို့ အထောက်အကူပြုပါတယ်။ Shake ထဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ ကြွက်သားတွေ ထွက်လာဖို့အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေပါပဲ။ တက္ကသိုလ်တွေရဲ့ သုတေသနပြုလုပ်ချက်တွေအရတော့ ပရိုတင်း shake မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေကို သိုလှောင်ထားနိုင်ပြီး ကြွက်သားတွေ သန်မာစေဖို့အတွက်သွေးစီးဆင်းလည်ပတ်မှုကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ အနည်းဆုံး တခွက်လောက်သောက်ပေးနော်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ ပရိုတင်း၊ EPA နဲ့ DHA လိုမျိုး အိုမီဂါ ၃တွေလည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေတဲ့အပြင် ကြွက်သားတွေကောင်းမွန်စွာ ဖွံ့ဖြိုးလာဖို့လည်း အထောက်အကူပြုပါတယ်။ဆော်လမွန်ငါး မစားဖြစ်ဘူးဆိုရင်လည်း အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေတော့ စားဖို့ လိုပါတယ်။

အမဲသား

အမဲသားကတော့ ကြွက်သားတွေ လျင်လျင်မြန်မြန်ထွက်လာဖို့အတွက် အကောင်းဆုံး အစားအစာတွေထဲက နံပါတ်တစ် အစားအစာပါ။ အမဲသားမှာ အမိုင်နိုင်အက်ဆစ်နဲ့ ဗီတာမင် ဘီလိုမျိုး လိုအပ်တဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့်ပါ။နောက်ထပ်တစ်ခုကတော့ အမဲသားက testosterone ပမာဏကို မြှင့်တင်ပေးတာမို့ ကြွက်သားတွေ တည်ဆောက်ရာမှာလည်း အတော်လေးကို အထောက်အကူပြုပါတယ်။



GYMမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် workout လုပ်တဲ့ ယောက်ျားလေးတွေအနေနဲ့ ကြွက်သားတွေ မြန်မြန် ကြီးထွားလာချင်တယ်ဆိုရင်တော့ အပေါ်မှာဖော်ပြထားတဲ့ အစားအစာတွေကို မမေ့မလျော့ စားပေးဖို့လိုအပ်ပါတယ်။




ที่อยู่

On Nut
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Handsome Fitnessผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mr.Handsome Fitness:

ทางลัด

แชร์