12/08/2026
ရာသီကြိုမှာခြေစွမ်းပြနေတဲ့ Zirkzee နဲ့ Mbeumo အတွဲ 🔥
အမှန်တိုင်းပြောရရင် အမ်ဘူမိုက လုံးဝကို ရာသီသစ်အတွက်အဆင်သင့်ဖြစ်နေပြီလို့ပြောလို့ရပါတယ်။ ဇက်ဇီးဆိုရင်လည်း သွင်းဂိုးတွေနဲ့သက်သေပြထားတဲ့ကစားသမားပါ ၊ ကွင်းလယ်က ဖလက်ချာသားကတော့ တော်တော်လေးကိုလျော့တိလျော့ရဲနိုင်တယ်ပြောရပါမယ် ၊ ပေးလိုက်ရတဲ့ဂိုးက သူ့အမှားမကင်းပါဘူး ၊ ပြန်ပြီးတော့လည်း ခံစစ်မလိုက်နိုင်တဲ့အတွက် ရာသီသစ်မှာ အရန်လူစာရင်းတောင်မသေချာပါဘူး ၊ နောက်တန်းအစွန်လူဆော့တဲ့ အာမတ်စ်လေးကိုတော့ သဘောကျတယ် ၊ ဝင်ရဲထွက်ရဲရှိတယ် ၊ ဖြတ်ထုတ်တာတွေသေသပ်တယ် ၊ ဘောလုံးအပေးယူအချိတ်ဆက်အပြစ်ပြောစရာသိပ်မရှိဘူး ၊ ကျန်တဲ့ကောင်တွေကတော့ Fit ဖြစ်နေပြီလို့ပြောလို့ရပါတယ် ၊ အရန်ခုံတန်းက ဆရာကြီးတွေဝင်လာရင်ရလဒ်ပြောင်းသွားမှာပါ ၊ အခုလက်ရှိကစားပုံကိုသဘောကျတယ် ၊ ရာသီသစ်မှာလည်း ကာရစ်ရဲ့လက်ရှိအသင်းက အကောင်းဆုံးလုပ်ပြနိုင်မယ်ယူဆပါတယ်။