29/08/2026
BodyTransformation ဆိုတာ ခန္ဓာကိုယ်တစ်ခုတည်း ပြောင်းလဲသွားတာ မဟုတ်ပါဘူး✨
အပန်း Personal account မှာ Friend request အသစ်တွေ လက်မခံနိုင်ကြောင်းနဲ့ ဘာမကောင်းတဲ့ နာမည်ပျက်မှ မရှိဘဲ ကိုယ့် professional အလုပ်ဖြစ်တဲ့ Personal Trainer အလုပ်၊ Meal Box အလုပ်တွေပဲလုပ်ကိုင်ကြောင်းနဲ့
အားပေးချင်ရင် စီးပွားရေးအရ အပြန်အလှန် လေးစားစွာ အားပေးကြဖို့ တင်လိုက်တဲ့ Post အောက်မှာ...
လူတစ်ယောက်က "ကောင်မတွေ Body လေး လှလာရင် စောက်ကျောက တင်းလာပြီ" ဆိုပြီး စကားအသုံးအနှုန်းနဲ့ ရိုင်းစိုင်းစွာ လာမန့်သွားပါတယ်။
ဒီလို Toxic ဖြစ်တဲ့ မန့်တွေကို ယှဉ်ပြိုင် ငြင်းခုံမနေပါဘူး ၊ ဒါပေမဲ့ ဒါနဲ့ ပတ်သက်ပြီး မိန်းကလေးတွေကို တစ်ခုတော့ သေချာ ရှင်းပြချင်ပါတယ်။
အဲဒီလို လူမျိုးတွေ ထင်နေသလိုမျိုး ဒီဘက်ခေတ်မှာ Lifestyle တစ်ခုကို ပြောင်းလဲရတာ၊ ခန္ဓာကိုယ် လှလာအောင် ကြိုးစားရတာတွေဟာ အဝတ်အစား လဲလိုက်သလိုမျိုး အရမ်းလွယ်ကူလှတာ မဟုတ်ပါဘူး။
ဒါဟာ မြန်မာမိန်းကလေး အများစု ကြီးပြင်းလာခဲ့ရတဲ့ Culture နဲ့ Pattern တွေကိုပါ ကျော်ဖြတ်ခဲ့ရတာပါ။
ငယ်ငယ်ကတည်းက စွဲလာခဲ့တဲ့ Limiting Belief တွေရှိတယ် –
* "ဟင်းဆိုရင် ချွေတာရမယ်"
* "ထမင်းစားမှ ဗိုက်ပြည့်မယ်"
* "နေမကောင်းရင် ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်နဲ့ပဲ ဝယ်တိုက်မယ်"
ဒီလို အလေ့အထတွေကို ဖြတ်တောက်ပြီး Healthy Lifestyle ရဖို့ အပန်းတို့ မြှုပ်နှံခဲ့ရတာတွေ အများကြီးပါပဲ။
တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရှု စောင့်ရှောက်ဖို့၊ Healthy lifestyle ရဖို့ မိသားစုနဲ့ အသိုင်းအဝိုင်းရှေ့မှာ နည်းနည်း Selfish ဖြစ်တယ်လို့ ထင်ရလောက်အောင်ကို –
* တခြားသူတွေထက် Protein ပိုစားရတယ်၊ အာဟာရ ပိုပြည့်အောင် စားရတယ်။
* အချိန်ပေးပြီး Gym သွားရတယ်၊ လှုပ်ရှားမှုတွေ တစိုက်မတ်မတ် လုပ်ရတယ်။
* ဒီလို Lifestyle ကို ထောက်ပံ့နိုင်ဖို့ ပိုက်ဆံကိုလည်း ကိုယ့်အားကိုယ်ကိုးပြီး ကြိုးကြိုးစားစား ရှာရတယ်။
အပြင်ပန်း Body လေး လှလာဖို့နောက်ကွယ်မှာ
ဒီလို စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ Struggle တွေအများကြီးကို ကျော်ဖြတ်ခဲ့ရတာပါ။ ဒါကိုမှ စကားလုံး ရိုင်းစိုင်းစွာနဲ့ တန်ဖိုးဖျက်ဖို့ ကြိုးစားကြတာဟာ သူတို့ကိုယ်တိုင် Transformation ရဲ့ တန်ဖိုးကို
မသိကြလို့ပါပဲ။
ဒါကြောင့် အပန်းရဲ့ Body, Lifestyle နဲ့ ဝတ်စားဆင်ယင်မှုကို တခြားသူတွေ ဘယ်လိုပဲ စကားလုံးအတန်းအစားမရှိ တန်ဖိုးဖြတ်ပါစေ I’m so proud of myself! ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ်ယူပါတယ်။
မိန်းကလေး အစ်မ၊ ညီမတွေကိုလည်း ပြောချင်တာက
– Social Media မှာ ကိုယ့် Boundary ကို သတ်မှတ်လို့၊ ကိုယ့်အလုပ်နဲ့ကိုယ် တည်တည်ငြိမ်ငြိမ် ရပ်တည်လို့ လာထိခိုက်အောင် ပြောတဲ့ Toxic comment တွေကို Just Ignore! လုံးဝ ဂရုမစိုက်ပါနဲ့။
ကိုယ် ဘယ်သူလဲဆိုတာ ကိုယ်တိုင်နဲ့ ကိုယ့်မိဘ ၊ ကိုယ်ချစ်တဲ့သူတွေ သိရင် လုံလောက်ပါပြီ။
ကိုယ်လှတာ၊ ကိုယ်ကြိုးစားထားတာတွေကို
ချပြတာဟာ ကိုယ်ကြိုးစားခဲ့တဲ့ ရလဒ်ကို ပျော်ပျော်ရွှင်ရွှင် Enjoy လုပ်တာပါ၊ ဘယ်သူ့ကိုမှ ဆွဲဆောင်ဖို့ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ၊ ကိုယ့် Boundary ကို ခိုင်ခိုင်မာမာ သတ်မှတ်ပါ၊ ပြီးရင် ကိုယ့်ရဲ့ Best Version ဖြစ်အောင် ဆက်လက် တည်ဆောက်သွားကြရအောင်နော် 💪💗