Shakti Yoga By Noe

Shakti Yoga By Noe ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shakti Yoga By Noe, สถานที่เล่นโยคะ, Bangkok.

🕉️ “Om Namah Shivaya” ....
🔱 Qualified 500-Hour Multi Style Internationally Yoga Teacher (📍Rishikesh , India )
🌿 Traditional Yoga for Modern Living
✨ Strength • Balance • Inner Peace
📩 Online & In-Person Classes
✨ Awaken Your Inner Shakti

10/09/2026

Namaste 🙏 မြတ်နိုးတို့ Compass Pose 🧭
တစ်ပုံတည်းမဟုတ်ဘဲနဲ့ Variation လေးတွေ ကျင့်ပြီး လေ့ကျင့် ကြည့်ကျရအောင် ✨

09/09/2026

Namaste 🙏🏻 Boat Pose တစ်ခုတည်း… ဒါပေမယ့် Level ၄ မျိုး 🛶🔥

မြတ်နိုးတို့ အစမှာ မထိန်းနိုင်တာက ပုံမှန်ပါပဲ ...
Body ကို အတင်းမတွန်းဘဲ အခြေခံကနေ တစ်ဆင့်ချင်း တိုးပြီးကျင့်ပါ...

ဒီနေ့ မရသေးတဲ့ Pose က
မနက်ဖြန်မှာ ကိုယ်ရဲ့ Favourite Pose ဖြစ်လာနိုင်တယ် 🤍

Save this Reel & practice with me ✨

Namaste 🙏 “ယောဂကျင့်ပြီး တရားပေါက်သွားတာလား?” 🧘🏻‍♀️မဟုတ်ပါဘူး… ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်လာတာပါ။လူတော်တော်များများက…“ယေ...
08/09/2026

Namaste 🙏 “ယောဂကျင့်ပြီး တရားပေါက်သွားတာလား?” 🧘🏻‍♀️မဟုတ်ပါဘူး… ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်လာတာပါ။

လူတော်တော်များများက…
“ယောဂကျင့်ရင် စိတ်အေးချမ်းသွားတယ်” လို့ ပြောကြပါတယ်။

မြတ်နိုးအမြင်မှာတော့…
ယောဂက စိတ်အေးချမ်းမှုကို အတင်းအကျပ် ပေးနိုင်တာမဟုတ်ပါဘူး။
အဲဒီအေးချမ်းမှုကို လက်ခံဖို့ ကိုယ့်စိတ်က ဖွင့်ထားတဲ့အခါမှ ယောဂရဲ့ အဓိပ္ပာယ်ကို တကယ်ခံစားလာရတာပါ။

မြတ်နိုးကိုယ်တိုင်လည်း ယောဂစကျင့်ခါစတုန်းက
Pose လှလှလေးတွေ လုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် လေ့ကျင့်လာတဲ့ နှစ်တွေကြာလာတော့…
အပြောင်းအလဲက ခန္ဓာကိုယ်ထက် စိတ်ထဲမှာ ပိုဖြစ်လာတာ ကို သတိထားမိခဲ့ပါတယ်။

အရင်ကထက် ပိုပြီး သည်းခံတတ်လာတယ်။
မဖြစ်မနေ ကိုယ်လိုချင်သလို ဖြစ်ရမယ်ဆိုတဲ့ စိတ်ကို တဖြည်းဖြည်း လွှတ်ချတတ်လာတယ်။
တချို့အရာတွေကို အတင်းထိန်းချုပ်ဖို့ မကြိုးစားတော့ဘဲ ဖြစ်သင့်သလို ဖြစ်လာတာကို လက်ခံတတ်လာတယ်။

ယောဂက မြတ်နိုးတို့ကို ခက်ခဲတဲ့ Pose တွေထက်…
အသက်ရှူတစ်ချက်နဲ့ စိတ်ကို ပြန်မြင်တတ်ဖို့၊
စိတ်လှုပ်ရှားနေချိန်မှာ ငြိမ်ငြိမ်လေး ရပ်တည်တတ်ဖို့၊
ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ နူးညံ့စွာ ဆက်ဆံတတ်ဖို့ သင်ပေးခဲ့ပါတယ်။

ဒါကြောင့် မြတ်နိုးအတွက် ယောဂဆိုတာ လေ့ကျင့်ခန်းတစ်ခု မဟုတ်တော့ပါဘူး။

Mat ပေါ်မှာ သင်ယူခဲ့တဲ့ သတိတရားတွေကို
နေ့စဉ်ဘဝထဲအထိ သယ်ဆောင်သွားဖို့ ကြိုးစားနေတဲ့
ဘဝနေထိုင်နည်းတစ်ခု ဖြစ်လာပါတယ်။ 🙏🏻

တချို့အသိတွေက ယောဂအကြောင်း သိပ်မနားလည်သေးတော့ ကိုယ့်ရဲ့ တွန့်လိမ်ကောက်ကွေးပုံတွေကိုကြည့်ပြီး
“သူဘာတွေလုပ်နေတာလဲ ... ယောဂကျင့်ရင်း တရားပေါက်သွားတာလား?” လို့ မေးတတ်ကြပါတယ်။ 😄

အဲဒီလိုမေးလာရင် မြတ်နိုးကတော့…
“အတူတူ ယောဂကျင့်ကြည့်ပါ” လို့ပဲ ပြောချင်ပါတယ်။ 🧘🏻‍♀️

🍀ကျင့်နေရင်းနဲ့ ကိုယ့်စိတ်ကို မထားတတ်သေးတာ၊
မလွှတ်ချနိုင်သေးတာ၊မာနတွေ၊ အတ္တတွေ၊ မနာလိုစိတ်တွေ ရှိနေသေးတာ၊သူ့ထက်ငါ ပိုလုပ်ချင်တဲ့စိတ်၊
ကျင့်စဉ်တွေကို အမြဲတမ်း တိုးပြီး လုပ်ချင်နေတဲ့ ဇောတွေ ရှိနေသေးတယ်ဆိုရင်…

အဲဒါတွေက ယောဂမလုံလောက်သေးလို့ မဟုတ်ပါဘူး။
ကိုယ့်စိတ်ကို ကိုယ် မထားတတ်သေးလို့ပါ ✨

ယောဂဆိုတာ ကိုယ်ခန္ဓာကိုပဲ ပျော့ပြောင်းစေတာ မဟုတ်ဘဲ ကိုယ့်စိတ်ကိုပါ တဖြည်းဖြည်း ပျော့ပြောင်းလာအောင် သင်ပေးတဲ့ လမ်းတစ်လမ်း လို့ မြတ်နိုး ယုံကြည်ပါတယ်။ 🕉️

အခုထိလည်း သင်ယူနေဆဲ၊ လေ့ကျင့်နေဆဲပါ။
ပြီးပြည့်စုံသွားလို့ မဟုတ်ဘဲ…နေ့တိုင်း မနေ့ကထက် နည်းနည်းပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို ဖန်တီးနိုင်ဖို့ပါ။ 🙏🏻🕉️

07/09/2026

Namaste 🙏 “ဒီ Pose ကို 99% လူတွေက ပထမကြည့်တာနဲ့… ‘ဒါ မဖြစ်နိုင်ဘူး’ လို့ထင်ကြတယ် 👀🔥”

Standing Lizard Pose 🦎
ဒါပေမယ့် Yoga မှာ
“မဖြစ်နိုင်ဘူး” ဆိုတာထက်
“မရသေးဘူး” ဆိုတာကို ပိုယုံကြည်တယ်။ 🤍

မြတ်နိုးတို့ Flexibility က တစ်နေ့တည်းနဲ့ မရလာပါဘူး။
Balance လည်း တစ်ခါတည်း မတည်ငြိမ်ဘူး။

နေ့တိုင်း နည်းနည်းစီ…
ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပြီး
ကိုယ့် Limit ကိုလေးစားရင်း ဆက်လေ့ကျင့်တယ်။ 🧘🏻‍♀️

Because every difficult pose
was once a pose you couldn’t do. ✨

Namaste 🙏 မြတ်နိုး Online students ပုံလေးတွေဘဲ တင်ဖြစ်တာများလို့ အပြင်တန်းမသင်ဘူးလား ခဏခဏလာလာမေးကျလို့ ... In-person cla...
05/09/2026

Namaste 🙏 မြတ်နိုး Online students ပုံလေးတွေဘဲ တင်ဖြစ်တာများလို့ အပြင်တန်းမသင်ဘူးလား ခဏခဏလာလာမေးကျလို့ ... In-person class လေးလည်း ရှိပါတယ်ရှင့် ...

Private Zoom classes တွေသင်ရတာများနေလို့
လောလောဆယ် 1:30-2:30 pm (beginning class ) နဲ့
4:30-5:30 pm ( Regular class ) လေး (၂) ချိန်ရှိပါမယ်ရှင့် ... ရုံးချိန်လွတ်အတန်းလေးတွေလည်း ဖွင့်ဖြစ်အောင် ကြိုးစားပါ့မယ်ရှင့် ...

In-person Yoga Class အတန်းချိန်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်ရှင့် 🧘🏻‍♀️🤍

🌿 Beginner – Healthy Yoga Class
ကျန်းမာရေးအတွက် အဓိကထားပြီး အခြေခံကနေ စနစ်တကျလေ့ကျင့်ပေးတဲ့အတန်းလေးပါ။

📅 Tuesday, Wednesday & Thursday
⏰ 1:30 – 2:30 PM
📌 တစ်လ 12 ကြိမ် ( 100,000 MMK)

🌿 Regular Yoga Class
📅 Thursday & Friday
⏰ 4:30 – 5:30 PM
📌 တစ်လ 8 ကြိမ် ( 75,000 MMK )

✨ Beginner ဖြစ်သူများလည်း မိမိရဲ့ level အလိုက် လေ့ကျင့်နိုင်ပါတယ်ရှင့်။

Om Shanti Shanti Shanti 🧘🏻‍♀️🍀

04/09/2026

Namaste 🙏 မြတ်နိုးတို့ တစ်ခါတည်း Perfect ဖြစ်ဖို့မလိုပါဘူး…နေ့တိုင်းနည်းနည်းစီ လေ့ကျင့်ရင်း
မရဘူးထင်ခဲ့တဲ့ Pose တွေက တစ်နေ့မှာ ကိုယ့်ရဲ့ Practice ဖြစ်လာတယ် 🧘🏻‍♀️✨

Marichyasana လို hip, hamstring နဲ့ spine mobility လိုအပ်တဲ့ pose တွေက အလျင်လိုပြီး အတင်းဆွဲတာထက်
အသက်ရှူရင်း ကိုယ်ခန္ဓာကို နားလည်ပြီး လေ့ကျင့်တာ ပိုအရေးကြီးပါတယ် 🤍

Practice • Patience • Progress 🌿


Namaste 🙏 မြတ်နိုး Headstand တစ်မျိုးတည်းကိုပဲ လေ့ကျင့်တာမဟုတ်ပါဘူး…တစ်ဆင့်ပြီးတစ်ဆင့် Variation တွေပြောင်းပြီးBalance, ...
03/09/2026

Namaste 🙏 မြတ်နိုး Headstand တစ်မျိုးတည်းကိုပဲ လေ့ကျင့်တာမဟုတ်ပါဘူး…
တစ်ဆင့်ပြီးတစ်ဆင့် Variation တွေပြောင်းပြီး
Balance, Strength နဲ့ Body Control ကို လေ့ကျင့်ထားတာပါ 🧘🏻‍♀️✨

Side Split • Middle Split • Butterfly • One Leg Up
ဒီလို Variation လေးတွေက ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှုနဲ့ flexibility ကို ပိုပြီး Challenge လုပ်ပေးပါတယ်...

လွယ်လွယ်နဲ့ရလာတာမဟုတ်ဘူး…
နေ့တိုင်းနည်းနည်းစီ လေ့ကျင့်လာတဲ့ result လေးတွေပါ 🤍

⚠️ Headstand က neck & shoulders ပေါ်မှာ ဖိအားရှိနိုင်တဲ့အတွက် လည်ပင်းနာခြင်း / cervical spine ပြဿနာရှိသူများ မိမိဘာသာ မစမ်းသပ်ဘဲ ဆရာ/ဆရာမရဲ့ လမ်းညွှန်မှုနဲ့ လေ့ကျင့်ပေးပါရှင့် ...

02/09/2026

Namaste 🙏 ယောဂမှာ Headstand က အခက်ဆုံးလို့ ထင်နေတုန်းလား? 🧘🏻‍♀️

မြတ်နိုးတို့ ဘယ်ကျင့်စဉ်မဆို အစမှာတော့ ခက်ပါတယ်။
ဘယ်နေရာမှာ weight ထားရမလဲ၊
ဘယ်လောက်ထိ core ကို engage လုပ်ရမလဲ၊
balance ကို ဘယ်လိုရှာရမလဲဆိုတာ မသိသေးလို့ပါ။

ဒါပေမယ့် consistent practice လုပ်ပြီး
ကိုယ့် body နဲ့ connect မိလာတဲ့အခါ
ခန္ဓာကိုယ်ရဲ့ alignment၊ balance နဲ့ strength ကို
ကိုယ်တိုင်နားလည်လာတယ်။

အဲ့ဒီအချိန်မှာ မြတ်နိုးတို့အတွက် Headstand က
“မဖြစ်နိုင်တဲ့ Pose” ကနေ
“ကိုယ်နဲ့ရင်းနှီးလာတဲ့ Pose” တစ်ခု ဖြစ်လာပါလိမ့်မယ်🤍

Practice → Connect → Understand → Balance ✨

မဖြစ်နိုင်ဘူးလို့ မဆုံးဖြတ်ခင်
ကိုယ့် Body ကို နည်းနည်းပိုပြီး အချိန်ပေးကြည့်ပါ။

31/08/2026

Namaste 🙏 Warrior I → Warrior II → Warrior III → Triangle 🧘‍♀️✨

မြတ်နိုးတို့ ကြည့်ရတာ ရိုးရှင်းပေမဲ့ ဒီ Yoga Asana လေးတွေကခြေထောက် Strength၊ Core Strength၊ Balance၊ Hip Mobility နဲ့ Flexibility တွေကို တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးနိုင်တဲ့ အကောင်းဆုံး Combination လေးပါ 🤍

တစ်နေ့တာလုံး ထိုင်အလုပ်လုပ်ရလို့ ခန္ဓာကိုယ်တင်းကျပ်နေတယ်လား? ခြေထောက်အားနည်းသလို ခံစားနေရလား? Balance ပိုကောင်းချင်လား? ဒါဆို ဒီ 4 Poses လေးကို ကိုယ့်ရဲ့ Yoga Routine ထဲ ထည့်သွင်းလေ့ကျင့်ကြည့်ပါ 🌿

ဒီ ကျင့်စဉ်လေးတွေက—

• Yoga စတင်လေ့ကျင့်သူတွေအတွက် အဆင်ပြေတယ်
• ခြေထောက်နဲ့ Core Strength တိုးစေတယ်
• Balance နဲ့ Body Control ပိုကောင်းလာစေတယ်
• Hip နဲ့ Hamstring Flexibility တိုးစေတယ်
• ထိုင်အလုပ်များလို့ တင်းကျပ်နေတဲ့ ခန္ဓာကိုယ်ကို ဖြေလျှော့ပေးတယ်

Pose ကို အမြန်ရဖို့ထက် Alignment မှန်ကန်ဖို့၊ အသက်ရှူသွင်း/ထုတ်ကို သတိထားဖို့နဲ့ ပုံမှန်လေ့ကျင့်ဖို့က ပိုအရေးကြီးပါတယ် 🌱

ဒီနေ့ 4 Poses လေးနဲ့ ကိုယ့်ခန္ဓာကိုယ်ကို Strength ပေးပြီး စိတ်ကို Balance ပြန်တည်ဆောက်လိုက်ပါ 🤍

Strengthen your body. Balance your mind. ✨


ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shakti Yoga By Noeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์