19/05/2023
ဒီ page လေးမှာ MMA အားကစားနဲ့ ပါတ်သတ်ပြီး အစုံတင်ပေးနေတာမို့ Like and follow လေး လုပ်ခဲ့ကြပါဦးဗျ
MMA ရဲ့ GOAT တပါးအကြောင်း
Mighty Mouse လို့ ကျနော်တို့ သိကြတဲ့ Demetrious Johnson ကို အမေရိကန်နိုင်ငံ ကန်တပ်ကီ မြို့မှာ မွေားဖွားခဲ့ပါတယ်။
ဝါရှင်တန် ပါ့ခ်လန်းမှာ ကြီးပြင်းခဲ့ပြီး ဝါရှင်တန် အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။
Johnson ဟာ ကျောင်းသားဘဝမှာကတည်းက တာတိုပြေး မာရသွန် နဲ့ နပမ်းအားကစားတွေမှာ ထူးချွန်ခဲ့သူလည်းဖြစ်ပါတယ်။
အထက်တန်းကျောင်းသားဘဝ ဂျုနီယာနဲ့ စီနီယာတန်းတွေမှာ ဒုတိယချိတ်ခဲ့သလို တာတိုပြေးနဲ့ ပြည်နယ်ဖြန်ကျော် မာရသွန်တွေမှာလည်း အနိုင်ရခဲ့ပါတယ်။
နပမ်းမှာ ထူးချွန်လို့ နာမည်ကျော်တက္ကသိုလ်တော်တော်များများက စကော်လားရှစ် ပေးပေမယ့် မိသားစုကို ချန်မထားရစ်ခဲ့နိုင်တဲ့ DJ က စကော်လာတွေ ငြင်းပယ်ကာ အဘုပ်တဖက်နဲ့ မိသားစုကို စောင့်ရှောက်ရင်း Pierce College မှာ အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့ပါတယ်။
DJ ဟာ 2006 ခုနှစ်မှာ MMA ပွဲတွေ စထိုးခဲ့ပြီး ပထမအချီမှာတင် ပြိုင်ဘက်ကို အမှောက်သိပ်နိုင်ခဲ့ပါတယ်။
တခြား မထင်မရှား ပြည်တွင်းပွဲတွေမှာလည်း ဝင်ထိုးခဲ့ပြီး 8 ပွဲဆက်တိုက် အနိုင်ယူခဲ့သလို ငါးပွဲဆက်တိုက် ချုပ်ကွက်နဲ့ အနိုင်ယူပြခဲ့တာပါ။
Alaska Fighting Championship မှာ DJ ဝင်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ကို Head kick နဲ့ အနိုင်ယူပြခဲ့လို့ WEC လို့ ခေါ်တဲ့ World Extreme Cage Fighting နဲ့ စာချုပ်ချုပ်ဆို ခွင့်ရခဲ့ပါတယ်။
WEC ရဲ့ Bantam Weight မှာ DJ ဝင်ကစားတုန်းက DJ အနေနဲ့ Fly weight တန်းမှာ ပြောင်းကစားသင့်တယ်လို့
Joe Rogan က အကြံပေးဖူးပါတယ်။
Flyweight အနေ နဲ့ကို DJ ကအတော်သေးနေပြီး Takedown လုပ်ဖို့ လွယ်ကူနေတယ်လို့ Joe Rogan က ပြောခဲ့တာပါ။
2010 Oct 28 ရက်နေ့မှာတော့ WEC ဟာ UFC အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့တာကြောင့် WEC က ဖိုက်တာတွေအကုန် UFC လက်အောက် ရောက်သွားခဲ့ပါတယ်။
UFC ရဲ့ Bantam Weight တန်းမှာ DJ ဟာ အစွမ်းပြခဲ့သလို Flyweight တန်းမှာလည်း 2012ကနေ 2018 အထိ ကြီးစိုး မင်းမူနေခဲ့ပါတယ်။
UFC ရဲ့ Fly weightတန်းမှာ DJ ဟာ ဆယ့်တစ်ပွဲတိတိ အရှုံးမရှိ Title Defense နိုင်ခဲ့ပြီး ဂန္ဓဝင်ကစားသမား Anderson Silva ရဲ့ စံချိန်ကိုတောင် ကျော်ဖြတ်ခဲ့ပါတယ်။
Ray Borg ကို Suplex to armbarယူပြခဲ့တဲ့ ချုပ်ကွက်ဟာ ဆိုရင် တနှစ်တာအကောင်းဆုံး ချုပ်ကွက်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
UFC 227 ပွဲစဥ်မှာတော့ လိပ်ကြီး ဆဲဟူဒို နဲ့ ဖိုက်တင်ပလေးခဲ့ကြပြီး ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ကာ နိုင်ပွဲဆက် စံချိန်လည်း ကျိုးပျက်ခဲ့ရပါတယ်။
Mighty Mouse ကြီးဟာ UFC မှာ နိုင်ပွဲတွေဆက်ပြီး ပရိတ်သတ်က ကြိုက်ကြပေမယ့် သူကြီး ဒေနာဝှိုက်အတွက်တော့ သဘောတွေ့ဟန်မတူပါဘူး။
2018 Oct 27 မှာ One championship ရဲ့ Welter Weight Champion Ben Askren နဲ့ DJ ကို အလဲအခပ်လုပ်ခဲ့ပါတယ်။
ဘက်တူရင် လူမရွေးတဲ့ DJ ကတော့ One ရဲ့ ပထမဆုံးပွဲမှာတင် ပြိုင်ဘက် Yuga Wakamatsu ကို Guillotine နဲ့ အပြတ်ချုပ်ပြခဲ့ပါတယ်။
One ရဲ့ မွေထိုင်းချန်ပီယံ ရော့ထန်နဲ့လည်း စည်မျည်းအသစ်နဲ့ ပွဲတပွဲလုပ်ပြီး ကစားခဲ့ပါတယ်။
Muay thai နဲ့ MMA သမား ကစားရာမှာ ပထမအချီနဲ့ တတိယအချီကို မွေထိုင်း စည်းမျည်းနဲ့ ကစားရတာဖြစ်ပြီး ဒုတိယအချီနဲ့ တတိယအချီကို MMA စည်းမျည်းနဲ့ ကစားရတာပါ။
မွေထိုင်းမှာ မာလှပါချည်ရဲ့ ဆိုတဲ့ ရော့ထန်လည်း ဒုတိယအချီမှာ DJ ရဲ့ Rare Nake Choke နဲ့ လစ်သွားတာပါပဲ။
Oneမှာ Flyweight အတွက် DJ ဟာ Adriano Moraes နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး လူကောင်ကွာပြီး Reach သာတဲ့ Adraino Moraes ရဲ့ ဒူးတိုက်ချက်အောက်မှာ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ့် ဒုတိယအကြိမ် မကျေပွဲမှာတော့ DJကပဲ ဖိအားပေးကစားပြီး သူ့ရဲ့ ထူးချွန်ပြောင်မြှောက်တဲ့ Fighting IQကို အသုံးချကာ အနိုင်ယူပြခဲ့ပါတယ်။
2023 မှာတော့ Ar**no Moraes နဲ့ Triology ပွဲ ထိုးပြီးရင် MMA လောက ကနေ အနားယူတော့မယ်လို့
DJ က ကြေငြာခဲ့ပါတယ်။
အမေရိကန်မှာ ကျင်းပတဲ့ One ရဲ့ ပြိုင်ပွဲမှာ DJ ဟာ
ပြိုင်ဘက် Adriano moraes ကို ဒူးပျံတိုက်ကွက်တွေ Takedown တွေနဲ့ ပုံဖော်ပြီး ဖိအားပေးကစားပြကာ
ချန်ပီယံ ဘွဲ့ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် DJ ကို အားပေးနေခဲ့တဲ့ ပရိသတ်ဟာ သူ့ကို တွေဝေသွားစေပုံပါ။
သူ့ကို MMA ပရိသတ်တွေ ဘယ်လောက်အားပေးသလဲဆိုတာ သူသတိထားမိသွားတာကြောင့် အနားယူမယ့်ကိစ္စကို နောက်ဆုတ်လိုက်ပုံပါပဲ။
ဒီထက်ပိုကြည်နူးစရာက DJ ရဲ့ မိန်းမနဲ့ သားလေးတွေပါ ကွင်းထဲဝင်လာပြီး Adriano Moraes နဲ့ ချစ်ချစ်ခင်ခင် နှုတ်ဆက်နေခဲ့တာပါ။
DJ ဟာ မရှိဆင်းရဲသားဘဝကတည်းက သူတယောက်တည်းကောင်းစားဖို့ထက် မိသားစုကိုစောင့်ရှောက်ဖို့ ရွေးချယ်ခဲ့ပုံက အတော်လေး လေးစားဖို့ကောင်းပါတယ်။
သူရဲ့ Fighting IQ ရယ် လုံ့လဝီရိယရယ်က သူ့ကို Mighty Mouse ကြီး ဖြစ်စေခဲ့တာဆိုလည်း မှားမယ်မထင်ပါဘူး။
Flyweight တန်းမှာ တင်ထားခဲ့တဲ့ သူ့ရဲ့ စံချိန်တွေ
တနှစ်တာအကောင်းဆုံးကစားသမားဆု
တနှစ်တာအကောင်းဆုံး ချုပ်ကွက်ဆုတွေက DJ ကို ပြဌာန်းထားတာမဟုတ်ပါဘူး။
မိသားစုအပေါ်ထားတဲ့ သူ့ရဲ့ စိတ်ဓာတ်
ပရိသတ်နဲ့ ပြိုင်ဘက်အပေါ်ထားရှိတဲ့ လေးစားမှု
ဒါက Mighty mouse ကြီးရဲ့ ချန်ထားရစ်တဲ့ အမွေအနှစ် တွေပဲ ဖြစ်ပါလိမ့်မယ်။
ချစ်သောအားဖြင့်
August