19/06/2024
Gabriel ဆိုတဲ့ အမျိုးသား တစ်ဦးဟာ ၁၉၉၄ ခုနှစ်တုန်းက ပါတီပွဲတစ်ခုမှာ Christina ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ အမှန်အကန် ကဲခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုတွေဟာ တိုးလားတဲ့အတွက် Gabrielဟာ သူထက် အသက် 30 ငယ်တဲ့ Christinaနဲ့ လက်ထပ်လိုက်ကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ နှစ် 20 လောက် ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းခဲ့ကြတယ်။
တစ်နေ့မှာတော့ Christina ဟာ လင်ယောက်ျားဖြစ်သူ Gabrielနှင့်ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူမရှေ့နေကို သွားရောက်ဆွေးနွေး တဲ့အခါမှာတော့ သူမဟာ အလွန်အံ့သြမှင်သက် သွားခဲ့ပါတယ်။
အကြောင်းကတော့ သူမဟာ လင်ယောက်ျားဖြစ်သူ Gabriel နဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ကွာရှင်း ပြတ်စဲခဲ့ပြီးသား ဖြစ်ကြောင်း ကြားသိရလို့ဖြစ်ပါတယ်။
ဖြစ်ပျက်ပုံက ဒီလိုပါ… သူတို့နှစ်ယောက် လက်ထပ်ပြီး ၄လ အကြာမှာ ၎င်းတို့စုံတွဲဟာ ဒိုမီနီကန် သမ္မတနိုင်ငံသို့ အားလပ်ရက် ခရီးထွက်ခဲ့ကြပါတယ်။
အဲ့နိုင်ငံရောက်တော့ Gabriel ဟာ တရားရုံးတစ်ခုမှာ Christinaကို အသိပေးခြင်းမရှိဘဲ တဖက်သတ် ကွာရှင်းပြတ်စဲ ခဲ့ပါတယ်။ Dominican Republic နိုင်ငံဟာ ယခုလို တဘက်သတ် ကွာရှင်းလို့ရတဲ့ တစ်ခုတည်းသောနိုင်ငံပဲ ဖြစ်ပါတယ်။
Gabrielကတော့ သူ့မိန်းမဖြစ်သူ Christinaဟာ တစ်နေ့နေ့မှာတော့ သူကိုကွာရှင်းပြီး သူ့ပိုက်ဆံကို ယူဖို့ကြိုးစားမယ်ဆိုတာ ကြိုသိတာကြောင့် အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။
သိုက်တူးမလေး Christina ရဲ့ အဖြစ်က ငိုရမလို ရယ်ရမလို ….