Man City Pulse Manchester City Things 💙

30/08/2026

နီကို ဂွန်ဇာလက်ဇ် ကတော့ နယူးကာဆယ်ပရိတ်သတ်‌ တွေဆီက ထိုက်တန်တဲ့အချစ်တွေ ရနေပါပြီ။

ကွင်းလယ်ကစားသမား ဈေးကြီးတဲ့ ဈေးကွက်မှာ သန်း ၅၀ ပဲရတာ နည်းတယ်ကွာ။

#မန်စီးတီး

Cody Gakpo ကို မန်စီးတီးခေါ်မယ် ✅မန်စီးတီးအသင်းဟာ Cody Gakpo ကို ခေါ်ယူဖို့ လီဗာပူးအသင်း နဲ့ တရားဝင်ဆွေးနွေးနေပြီဖြစ်သည်...
30/08/2026

Cody Gakpo ကို မန်စီးတီးခေါ်မယ် ✅

မန်စီးတီးအသင်းဟာ Cody Gakpo ကို ခေါ်ယူဖို့ လီဗာပူးအသင်း နဲ့ တရားဝင်ဆွေးနွေးနေပြီဖြစ်သည်။

Gakpo ဟာ စပါးအသင်းကို ငြင်းပယ်ပြီး မန်စီးတီးအသင်းကို ပြောင်းဖို့ လက်ခံထားပြီဖြစ်သည်။

လီဗာပူးဘက်က အစားထိုးတောင်ပံကစားသမား ရတာနဲ့ Gakpo ကို ထွက်ခွင့်ပေးနိုင်ခြေရှိနေသည်။

မန်စီးတီးအနေနဲ့ Ndiaye ထက် Gakpo ကို ခေါ်ယူနိုင်ဖို့ ပိုနီးစပ်တဲ့ အနေအထားကို ရောက်ရှိနေသည်။

[Multiple Reports]

ချန်ပီယံလိဂ်ပွဲစဉ်ထွက်ပြီ ✅မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုကစားရမယ့် ၈ ပွဲမှာ ၅ ပွဲက ပရီးမီးယားလိဂ် အသင်းကြီးပွဲစဉ်တ...
29/08/2026

ချန်ပီယံလိဂ်ပွဲစဉ်ထွက်ပြီ ✅

မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုကစားရမယ့် ၈ ပွဲမှာ ၅ ပွဲက ပရီးမီးယားလိဂ် အသင်းကြီးပွဲစဉ်တွေနဲ့ ကပ်လျှက် ကျနေပါတယ်။

ပြိုင်ဘက်အနေနဲ့ ကျပ်တည်းတဲ့ ပြိုင်ဘက်တွေနဲ့ရထားပါတယ်ဆို ကစားရမယ့်ပွဲစဉ်ကပါကျပ်နေပါတယ်။

အဖွင့်ပွဲစဉ်ကို ပေါ်တိုနဲ့ ကစားရမှာဖြစ်ပြီး ဒါဘီပွဲမတိုင်ခင် ကြားရက်မှာ ခရီးသွားရမှာပါ။

PSG အသင်းကို လီဗာပူးနဲ့ပွဲပြီးမှာ ကစားရမှာဖြစ်ပြီး
နာပိုလီနဲ့ စပို့စ်တင်းကို အာဆင်နယ်နဲ့ နှစ်ကျော့ကပ် လျှက်တွေမှာ ကစားရမှာပါ။

ဘာစီလိုနာနဲ့ အဝေးကွင်းပွဲစဉ်ကိုတော့ ဥရောပပွဲမကစားရတဲ့ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာ ကစားရမှာပါ။

အနေအထားကတော့ ရင်လေးစရာပါပဲ။

Wirtz ကို မခေါ်တော့ပဲ Cherki ကို ခေါ်ဖို့ဆုံးဖြတ်လိုက်တဲ့ မန်စီးတီးဘုတ်အဖွဲ့ကို ပြန်စဉ်းစားတိုင်း အကြိမ်ကြိမ် သောက်ရမ်းလ...
28/08/2026

Wirtz ကို မခေါ်တော့ပဲ Cherki ကို ခေါ်ဖို့ဆုံးဖြတ်လိုက်တဲ့ မန်စီးတီးဘုတ်အဖွဲ့ကို ပြန်စဉ်းစားတိုင်း အကြိမ်ကြိမ် သောက်ရမ်းလေးစားတယ်။

ပရီးမီးယားလိဂ်ပထမဆုံး ၂ ပွဲကန်ပြီးချိန်မှာ နှစ်ပွဲဆက်တိုက် တစ်ပွဲကို ၂ ဂိုး သို့မဟုတ် ၂ ကြိမ်ဖန်တီးနိုင်တဲ့ တတိယမြောက်ကစားသမားတဲ့။ ဒီလိုလုပ်နိုင်ခဲ့တာ ပရီးမီးယားလိဂ် ဂန္ဓဝင်တွေ အွန်နရီ နဲ့ ဒရော့ဘာတို့။

ဒီလိုပြောင်းရွှေ့ကြေးတွေ ဈေးကြီးတဲ့ခေတ်ကြီးမှာ သန်း ၃၀ ကျော်နဲ့ပဲ ရထားတာ။ စိတ်မကောင်းပါဘူး
လိုင်ယွန်အသင်းရေ ငါတို့ သန်း ၁၀၀ လောက် လျှော့ဈေးနဲ့ ရလိုက်သလိုပဲ။

ပဲလေ့ ၁ -၄ မန်စီးတီး (ပွဲပြီး)ဟာလန်း ၂ ဂိုးသွင်းတယ်၊ ချာကီ ၂ ဂိုးသွင်းတယ်။ အန်ဒါဆန်ကို တည်ပြီး ကစားတဲ့ကွင်းလယ်ကလည်း အလုပ...
28/08/2026

ပဲလေ့ ၁ -၄ မန်စီးတီး (ပွဲပြီး)

ဟာလန်း ၂ ဂိုးသွင်းတယ်၊ ချာကီ ၂ ဂိုးသွင်းတယ်။ အန်ဒါဆန်ကို တည်ပြီး ကစားတဲ့ကွင်းလယ်ကလည်း အလုပ်ဖြစ်ခဲ့တယ်။ ဘာလိုသေးလဲကဲ။

ပွဲက အနိုင်သေချာသွားပြီဆိုတဲ့အချိန်မှာ ကစားခွင့်မိနစ်ပေးသင့်တဲ့ လူငယ် ကစားသမားတွေကို ထည့်သုံးတယ်။ ထည့်သုံးတဲ့ ကစားသမားတွေထဲမှာ ရီကို လူးဝစ် မပါတော့ဘူး ဆိုကတည်းက ဒီအသင်းတိုးတက်မှုကို မြင်ရတာပဲ။

မာရက်စ်ကာ လက်ထက် ၃ ပွဲပြီးသွားချိန်မှာ တစ်ပွဲပြီးတစ်ပွဲတိုးတက်လာတာကို လက်တွေ့မြင်လာရပြီ။ ဒီလောက်ဆိုရင်တော့ အထင်မကြီးရင်တောင် မန်နေဂျာအပေါ် မန်စီးတီးပရိတ်သတ်တွေ အထင်သေး၊ အမြင်သေးနေတာတော့ လျော့လောက်ပြီ ထင်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် -၂ပဲလေ့အသင်းရဲ့ Selhurst Park ကွင်းဟာ မန်စီးတီးအတွက် ခက်ခဲတတ်တဲ့နေရာတော့ ဖြစ်တယ်။မန်စီးတီးအသင်းကလည်...
28/08/2026

ပရီးမီးယားလိဂ်ပွဲစဉ် -၂

ပဲလေ့အသင်းရဲ့ Selhurst Park ကွင်းဟာ မန်စီးတီးအတွက် ခက်ခဲတတ်တဲ့နေရာတော့ ဖြစ်တယ်။

မန်စီးတီးအသင်းကလည်း မန်နေဂျာအသစ် ကစားသမား စုဖွဲ့မှုမတည်ငြိမ်မှုတွေ ရှိနေသေးတဲ့အသင်းဖြစ်ပေမယ့် ပဲလေ့အသင်းက ပိုခက်ခဲနေတဲ့အနေအထားမျိုးကို မြင်ရတယ်။

လန်းစ်အသင်းနဲ့ အောင်မြင်မှု ယူထားတဲ့ Pierre Sage ဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့ နဲ့ သူ့အသင်းအထိုင်ကျဖို့ အချိန်တော့ ထပ်ယူရလိမ့်ဦးမယ်ယူဆပါတယ်။

ပဲလေ့အသင်းဟာ နောက်တန်းအထိုင်မတည်ငြိမ်သေးသလို တိုက်စစ်ပိုင်းက တိုက်စစ်မှူး Mateta ရော Sarr ပါ အနာဂတ်က မတည်ငြိမ်၊ ကြံ့ခိုင်မှု့က မပြည့်ဖြစ်နေတာပါ။

မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်း ဟာ ပဲလေ့အသင်းနဲ့ ၅ ပွဲအတွေ့ မှာ ၈ ဂိုးအထိ သွင်းယူထားတဲ့မှတ်တမ်းကောင်းရှိပါတယ်။

ဒီပွဲမှာ ပရီးမီးယားလိဂ်ပထမဆုံးဂိုးကို ဟာလန်းရှာဖွေ နိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး ပဲလေ့ခံစစ်မှူးတွေဟာ ဟာလန်းကို ထိမ်းချုပ်နိုင်မယ် မထင်ပါဘူး။

မန်စီးတီးအသင်းဘက်က ကွင်းလယ်မှာ အန်ဒါဆန်ကို ဂေဟီ နဲ့ပဲ ဆက်တွဲပေးမလား ဘူအာဒီကို ပွဲထွက်ခွင့်စပေးမလား ကြည့်ရပါမယ်။

အဒန် ဝေါ်တန် ဦးဆောင်မယ့် ကွင်းလယ်ကို မန်စီးတီး ထိမ်းချုပ်နိုင်ရင် ဒီပွဲက မန်စီးတီးအတွက် မခက်ခဲနိုင်ပါဘူး။

မာရက်စ်ကာအနေနဲ့ သူ့ရဲ့စိတ်ကြိုက်ပွဲထွက် ၁၁ ကို စမ်းသပ်နေဆဲဆိုရင်တောင်၊ Selhurst Park ဟာ ရုန်းကန်ရတဲ့ ကွင်းတစ်ကွင်းဖြစ်တယ်ဆိုရင်တောင် ခက်ခက်ခဲခဲ အနေအထားကနေ အနိုင်ယူနိုင်ပွဲဖြစ်ဦးမှာပါ။

ပဲလေ့ ၁-၂ မန်စီးတီး

မန်စီးတီးကပ်နိုင်ဦးမယ့်ပွဲလို့ မှန်းပါတယ်။

Enzo Fernandez ဟာ Luton Town တဲ့ပွဲစဉ်အတွက် သူ့အားရွေးခြယ်ခြင်းမပြုရန်တောင်းဆိုခဲ့ပြီး Xavi Alonso လက်ခံခဲ့ကြောင်း သိရသည...
28/08/2026

Enzo Fernandez ဟာ Luton Town တဲ့ပွဲစဉ်အတွက် သူ့အားရွေးခြယ်ခြင်းမပြုရန်တောင်းဆိုခဲ့ပြီး Xavi Alonso လက်ခံခဲ့ကြောင်း သိရသည်။

အန်ဇို ဟာ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

[CLMerlo]

ချန်ပီယံလိဂ်မဲခွဲပြီးပါပြီ ✅မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်မဲခွဲရလဒ်မှာအိမ်ကွင်းမှာ-🇫🇷 PSG (H)🇵🇹 Sporting (H)🇮🇹 Napoli (H...
27/08/2026

ချန်ပီယံလိဂ်မဲခွဲပြီးပါပြီ ✅

မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်မဲခွဲရလဒ်မှာ

အိမ်ကွင်းမှာ-
🇫🇷 PSG (H)
🇵🇹 Sporting (H)
🇮🇹 Napoli (H)
🇬🇷 AEK Athens (H) တို့ကို ကစားရမှာဖြစ်ပြီး

အဝေးကွင်းမှာ -

🇪🇸 Barcelona (A)
🇵🇹 FC Porto (A)
🇩🇪 RB Leipzig (A)
🇫🇷 RC Lens (A) တို့ကို ကစားရမှာဖြစ်ပါတယ်။

ပပ်ဂွါဒီယိုလာ မရှိတော့တဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်တွေကို ကစားရမှာဖြစ်ပြီး လက်ရှိချန်ပီယံ PSG နဲ့ ရေပန်းစားမှု အမြင့်အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာတို့ကို ရင်ဆိုင်သွားရမှာပါ။

ဒါ့အပြင် အသင်းရဲ့ ဂန္ဓဝင်ကစားသမားဖြစ်တဲ့ Rodri နဲ့ De Bruyne တို့ကို ပြန်လည် ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ UCL ပွဲတွေ ပြန်လည်စတင်ကစားမှာပါ။

မာရက်စ်ကာကို ယုံကြည်လိုက်ကြရအောင်။

မန်စီးတီးဂန္ဓဝင် ယာယာတိုရေး ဟာ Slovan အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် သမိုင်းတစ်လျှောက်ချ...
27/08/2026

မန်စီးတီးဂန္ဓဝင် ယာယာတိုရေး ဟာ Slovan အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် သမိုင်းတစ်လျှောက်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တာဝန်ယူခွင့်ရမယ့် ပထမဆုံးအာဖရိကလူမျိုး မန်နေဂျာ ဖြစ်လာပါတယ်။

Slovan Bratislava အသင်းဟာ POT 4 မှာ ရှိနေပြီး မန်စီးတီးနဲ့ တွေ့ဆုံခွင့် ရှိမလားဆိုတာတော့ လာမယ့်နာရီပိုင်းအတွင်း မဲခွဲဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်း ဒီနှစ်အုပ်စုမှာရော ဘယ်အသင်း ၈ သင်းနဲ့ တွေ့မယ်ထင်ကြလဲ ထုံးစံအတိုင်း မက်ဒရစ်နဲ့ အုပ်စုကတည်းက ဆုံကြမလား။

မန်စီးတီးအသင်းဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား Iliman Ndiaye ကို စိတ်ဝင်စားနေပါတယ်။အဲဗာ...
27/08/2026

မန်စီးတီးအသင်းဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား Iliman Ndiaye ကို စိတ်ဝင်စားနေပါတယ်။

အဲဗာတန်အသင်းကလည်း မန်စီးတီးအသင်းရဲ့ Grealish ကို ခေါ်ယူရန် စိတ်ဝင်စားမှု ရှိနေတဲ့အတွက် မန်စီးတီးက ဒီအပြောင်းအရွှေ့မှာ ဂရေးလစ်ခ်ျ ကိုအသုံးချနိုင်ခြေ ရှိနေပါတယ်။

မန်စီးတီးအသင်းမှာ အနာဂတ်မရှိတော့တဲ့ ဂရေးလစ်ခ်ျ ကို ဆန်းဒါးလန်းစ်အသင်းက စိတ်ဝင်စားပေမယ့် ဂရေးလစ်ခ်ျကတော့ အဲဗာတန်အသင်းကိုပဲ ပြောင်းဖို့ စိတ်ဝင်စားမှု ရှိနေပါတယ်။

မာမွတ်ရှ်ရော ဆာဗင်ညိုပါ ထွက်ခွာထားတဲ့ မန်စီးတီးတိုက်စစ်ပိုင်းဟာ ပြန်လည်ဖြည့်တင်းဖို့လိုအပ်နေပြီး Ndiaye ဆိုရင်ရော အဆင်ပြေမယ်ထင်ကြလား။

[The Athletic]

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Man City Pulseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท