31/08/2025
Copywriting အစွမ်းနဲ့ Lifestyle Brand အဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ Apple |
၂၀၀၁ ခုနှစ်မှာ Apple က iPod ကိုစတင်မိတ်ဆက်တဲ့အချိန် MP3 player market မှာ အများစုက product specification တွေကိုသာ အဓိကဖော်ပြကြပါတယ်။
“5GB storage”, “MP3/WAV format support”
ဆိုတဲ့ စကားလုံးတွေဟာ လူတွေရဲ့အာရုံကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။
အဲဒီအချိန်မှာ Steve Jobs က...
“1,000 songs in your pocket.”
ဆိုတဲ့ စာကြောင်းတစ်ကြောင်းထဲနဲ့ Product ကို
Launch လုပ်ခဲ့ပါတယ်။
Launch ပြီးမကြာမီ ဝက်ဝက်ကွဲ
အောင်မြင်သွားခဲ့ပြီး ရောင်းအားအသွက်ဆုံး Product တစ်ခုဖြစ်လာခဲ့ပါတယ်။
------
ဘာကြောင့် ဒီ Copywriting က
အလုပ်ဖြစ်သွားတာလဲဆိုရင်...
✅ Benefit > Feature
🔻သုံးနေကျ သမားရိုးကျ နည်းပညာစကားတွေ
မသုံးဘဲ User ရဲ့အတွေ့အကြုံကိုပဲ ပြသလိုက်ပါတယ်။
🔻"5GB ပါဝင်တယ်" ဆိုတဲ့အစား “သီချင်းပေါင်း အပုဒ် ၁,၀၀၀ ကို တစ်ခါထဲထည့်နိုင်တယ်” လို့ ပြောလိုက်တာကြောင့် ပိုပြီး မျက်လုံးထဲမြင်သွားစေပါတယ်။
------
✅ Emotional Connection
🔻 “တချိန်တည်းမှာ သီချင်းတွေများစွာ
နားထောင်နိုင်တယ်” ဆိုတဲ့ ခံစားချက်ကို ထိတွေ့စေပါတယ်။
🔻 Apple ကို Tech Company မဟုတ်ဘဲ
Lifestyle Brand တစ်ခုအဖြစ် မြင်သွားစေပါတယ်။
------
✅ Simplicity
🔻 Short, clear, memorable. တိုတိုနဲ့ ရှင်းရှင်းပြီး မှတ်မိလွယ်စေခဲ့တာကြောင့် စာကြောင်းတစ်ကြောင်းထဲနဲ့ Global Branding ကို တည်ဆောက်နိုင်ခဲ့ပါတယ်။
------
✅ ဒီ Copywriting ကနေ ပြန်ရခဲ့တဲ့ရလဒ်ကတော့..
🔻 Launch လုပ်ပြီး နောက်ပိုင်းမှာ အရောင်းရဆုံး Apple Product တစ်ခုဖြစ်လာကာ 450 Million အထိ
ရောင်းရခဲ့ပြီး $30 Billion+ Revenue အထိ ပြန်ရရှိခဲ့ပါတယ်။
------
ဒီ Case ကနေ ဘာတွေသင်ခန်းစာယူလို့ရလဲဆိုရင်
Copywriting ရေးတဲ့အခါ...
✅ Feature ကို မပြောဘဲ Customer ရရှိမယ့် Benefit ကို highlight လုပ်ရပါမယ်။
✅ Customer ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်ကို ဂရုစိုက်ရပါမယ်။
✅ ရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းက အခြေခံသတ်မှတ်ချက်တွေထက် brand power ကိုပိုတိုးစေပါတယ်။
------
အဲဒီတော့ အခုဖတ်နေတဲ့မိတ်ဆွေကလည်း
• ရောင်းအားအမြန်တက်မယ့် Copywriting တွေ ရေးတတ်ချင်တယ်။
• စကားလုံးတွေကို ဝင်ငွေအဖြစ်ပြောင်းချင်တယ်။
• Brand တည်ဆောက်ချင်တယ်။
• Marketing Campaign တွေကို ပိုအောင်မြင်ချင်တယ် ဆိုရင်တော့....
Word To Money လို့ခေါ်တဲ့ ဆရာဉာဏ်လင်းအောင် သင်ကြားပေးထားတဲ့ Copywriting သင်တန်းကို တက်ရောက်ပြီး ပိုမိုလေ့လာနိုင်ပါတယ်။
အောင်မြင်တဲ့ Copywriting တွေရေးနိုင်ပြီး၊ ငွေတွေသိန်းချီရှာနိုင်ဖို့ စတင်ချင်ရင်
အခုပဲ “WM” လို့ ကောမန့်မှာ ရေးပြီးတော့ပဲဖြစ်ဖြစ်/ Cb ကို ပို့ပြီးတော့ပဲဖြစ်ဖြစ် ဆက်သွယ်အပ်နှံနိုင်ပါတယ်ဗျာ...
#ဆရာဉာဏ်လင်းအောင်