ကိုနိုင် -မှန်လိုလူ

ကိုနိုင် -မှန်လိုလူ ဘော်လီဘောဝါသနာရှင်းများဆုံစည်းရာ

တနင်္ဂနွေနေ့ ပွဲစဉ်လေး
09/10/2025

တနင်္ဂနွေနေ့ ပွဲစဉ်လေး

03/10/2025

အုန်းဆံခွံနဲ့ ကုသနိုင်တဲ့ ရောဂါအမျိုး(၂၀)
၁။ သွားကိုက်ခြင်း – အုန်းခွံကို မီးရှို့ပြီး ရလာတဲ့ ပြာကို သွားတိုက်ဆေးအဖြစ် အသုံးပြုပါ။
၂။ ဝမ်းလျှောခြင်း – အုန်းခွံကို ပြုတ်ပြီး ရလာတဲ့ အရည်ကို သောက်ပါ။
၃။ အရေပြားပိုးဝင်ခြင်း – အုန်းခွံပြာကို အုန်းဆီနဲ့ ရောပြီး ပိုးဝင်တဲ့နေရာမှာ လိမ်းပါ။
၄။ လည်ချောင်းနာခြင်း – အုန်းခွံပြုတ်ရည် နွေးနွေးနဲ့ ပလုတ်ကျင်းပါ။
၅။ အနာပုပ်ခြင်း – အုန်းခွံအမှုန့်ကို အနာပေါ် တိုက်ရိုက်လိမ်းပါ။
၆။ ဗောက်ထခြင်း – အုန်းခွံစိမ်ထားတဲ့ရေနဲ့ ခေါင်းလျှော်ပါ။
၇။ အစာအိမ်အနာ – အုန်းခွံပြုတ်ရည်ကို သောက်ပါ။ 💛💛

၈။ အဖျားကြီးခြင်း – အုန်းခွံပြုတ်ရည် လက်ဖက်ရည်က ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။
၉။ သွားဖုံးခိုင်မာခြင်း – အခြောက်ခံထားတဲ့ အုန်းခွံအပိုင်းအစလေးတွေကို ဝါးပေးပါ။
၁၀။ အော့အန်ခြင်း – အုန်းခွံပြုတ်ရည်ကို နည်းနည်းစီ သောက်ပါ။💛💛

၁၁။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း – အုန်းခွံလက်ဖက်ရည်ကို တစ်နေ့ နှစ်ကြိမ်သောက်ပါ။
၁၂။ ချောင်းဆိုးခြင်း – မီးရှို့ထားတဲ့ အုန်းခွံက ထွက်လာတဲ့ မီးခိုးငွေ့ကို သတိထား ရှူရှိုက်ပါ။
၁၃။ အစာအိမ်သန့်ရှင်းရေး – ဗိုက်ဗလာနဲ့ အုန်းခွံလက်ဖက်ရည်ကို သောက်ပါ။
၁၄။ အရေပြားမှိုစွဲခြင်း – အုန်းခွံပြာကို အနာပေါ် လိမ်းပါ။💛💛

၁၅။ ကိုယ်နံ့ပျောက်ခြင်း – အုန်းခွံစိမ်ထားတဲ့ရေနဲ့ ရေချိုးပါ။
၁၆။ သွားပိုးစားခြင်းကို ကာကွယ်ခြင်း – အုန်းခွံပြာနဲ့ ပုံမှန်သွားတိုက်ပေးတာဟာ သွားတွေကို ခိုင်မာစေပါတယ်။
၁၇။ အင်းဆက်ပိုးကိုက်ခြင်း – အုန်းခွံမှုန့်ပြာကို ကိုက်ခံရတဲ့ အနာပေါ် လိမ်းပါ။
၁၈။ ဗိုက်နာခြင်း – ဗိုက်နာတဲ့အခါ အုန်းခွံလက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ပါ။
၁၉။ ဆံပင်ရှည်မြန်ခြင်း – တစ်ပတ်ကို တစ်ကြိမ် အုန်းခွံရေနဲ့ ဆံပင်ကို လျှော်ပါ။💛💛

၂၀။ ကိုယ်ခံအားမြှင့်တင်ခြင်း – အုန်းခွံလက်ဖက်ရည်ကို ပုံမှန်သောက်သုံးတာဟာ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေပါတယ်။

"မင်္ဂလာ"

ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ အမြဲတင်ပေးတဲ့Page လေးဖြစ်ပါတယ်Pageကိုlike&followers လုပ်ထားဖို့ မမေ့နဲ့နော်

#စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ

Big shout out to my newest top fans! 💎Kha Kha Lay, Daw Cherry, Daw Aye San, Daw Khin Saw Mu, KaLyar Soe Naung, ပန်း ချယ...
02/10/2025


Kha Kha Lay, Daw Cherry, Daw Aye San, Daw Khin Saw Mu, KaLyar Soe Naung, ပန်း ချယ်လီ


08/08/2025

မိသားစုမှာ အငယ်ဆုံးဆိုတဲ့သူတွေ အရွယ်ရောက်လာကြတဲ့အခါ

သူတို့လေးတွေမှာ မျက်လုံးမှိုတ်လိုက်တိုင်း ဝင်လာတဲ့အတွေးတစ်ခုရှိတယ်။

ပထမ လောကကြီးအကြောင်းကို သိပ်မသိသေးတဲ့အရွယ်မှာတော့ ဘာအပူပင်အခက်တွေမှမရှိခဲ့ကြဘူး။

အဲ့အချိန်မှာဆို အထက်ကအကြီးတွေဟာ အကိုကြီးရင် အဖအရာ ၊ အမကြီးရင် အမိအရာ ဆိုတဲ့အတိုင်း

မိသားစုတစ်ခုလုံး ဝမ်းရေးအတွက် သူတို့ရဲ့ရည်မှန်းချက်တွေကိုနောက်မှာထားပြီး အောက်က လူတွေထမင်းမငတ်ဖို့ကို ကြိုးစားပေးခဲ့ကြတယ်။

အဲ့အချိန်မှာတော့ အငယ်ဆုံးလေးတွေကတော့ ဘဝမှာ ပေါ့ပေါ့ပါးပါး ပျော်လို့ကောင်းတုန်း ရင်ခုန်လို့ကောင်းတုန်းပေါ့။

နောက်ဆုံး အကြီးဆုံးတွေဟာ သီးချိန် ပွင့်ချိန်တန်ပြီး အိမ်ထောင်တွေကျသွားကြတဲ့အခါမှာတော့

မိသားစုတာဝန်တစ်ခုလုံးဟာ အငယ်ဆုံးတွေရဲ့ပခုံးပေါ်ရောက်လာကြပါတော့တယ်။

အဲ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ Challenge
( စိန်ခေါ်မှု ) ကြီးကြီးမားမားတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။

အထက်က အကြီးဆုံးတွေကတော့ ဝမ်းရေးအတွက် တာဝန်ကျေပေးခဲ့ကြပြီးတော့

အငယ်ဆုံးတွေရဲ့တာဝန်ကတော့ မိသားစုတစ်ခုလုံးကို ပြောင်းလဲပေးဖို့တာဝန်ဖြစ်လာခဲ့ပါတယ်။ အဲ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ မျက်လုံးမှိုတ်လိုက်ချိန်တိုင်းမှာ ဝင်လာတဲ့အတွေးတစ်ခုက

ဒီမိသားစုကို ဒီလိုဘဝကနေ ငါကိုယ်တိုင် ပြောင်းလဲပေးနိုင်ရမယ်ဆိုတာပါ

ငါမပြောင်းလဲပေးနိုင်ရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ လာပြီးပြောင်းလဲပေးဖို့ရန်မရှိတော့ဘူး ဆိုတဲ့အတွေးတစ်ခု ဟာ

အမြဲတမ်း ညသခေါင်ယံကျော်လာကြပါတယ်။

ဒါကြောင့် အငယ်ဆုံးတွေဟာ အရွယ်ရောက်လာကြတဲ့အခါ သူများတွေထက်ပိုပြီး ရင့်ကျက်လာတက်ကြတယ် တစ်ချို့ဆိုရင် လုံးဝတိတ်ဆိတ်သွားတက်ကြတယ်။

"မိသားစုတစ်ခုမှာ အဲ့ဒီမိသားစုကိုပြောင်းလဲပေးမယ့်သူ တစ်ယောက်တော့ပါတယ်" ဆိုတဲ့စကားဟာ.... အငယ်ဆုံးတွေကို ရည်ရွယ်ပြီး ပြောခဲ့ကြတယ်ထင်ပါရဲ့....

အငယ်ဆုံးဆိုတဲ့ဂုဏ်ဟာ အကြီးမားဆုံးတာဝန်တစ်ခုကို ဖန်တီးရန်အတွက်ဖြစ်တည်လာတယ်ဆိုတာ နားလည်လာတဲ့ အချိန်ဟာ အငယ်တွေဟာ ရုတ်တရက်အကြီးဖြစ်ကြတဲ့အချိန်ပါပဲ။

အစကတည်းက ပြီးပြည့်စုံနေကြတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းနေလို့မရဘူးဆိုတာသိလာကြတယ်။

ဒါကြောင့် သူများတွေ သုံးနိုင်ဖြုန်းနိုင်တာကို အားမကျပဲ "ဘဝ"မှာ ဘယ်လိုအောင်မြင်အောင်လုပ်ရမ လဲဆိုတာပဲ စဥ်းစားလာတက်ကြတယ်။

တစ်ကယ်ပါ မိသားစုတစ်ခုလုံး ပြောင်းလဲသွားဖို့ဆိုတာ အငယ်ဆုံးတွေနဲ့ပဲဆိုင်ပါတယ် အကြီးဆုံးတွေရဲ့တာဝန် အကြီးတွေရဲ့တာဝန်က အငယ်တွေကို အစပျိုးပေးဖို့ရယ်ပါ။

ဒါဟာ ဂိမ်းတစ်ခုလိုပါပဲ နောက်ဆုံး Game over အဆင့်ကိုရောက်ဖို့အတွက် Support : ပထမဆုံးအခန်းတွေက အတွေ့အကြုံနဲ့ Suppo တယ်။

နောက်ဆုံးတိုက်ရတဲ့အခန်းက ကတော့ တစ်ကယ့်ကို ပြင်းပြင်းထန်ထန်ပါပဲ။ Game over ဖြစ်နိုင်မဖြစ်နိုင် နောက်ဆုံးအခန်းအပေါ်မှာပဲ မူတည်ပါတယ်။

ဒါကြောင့် အငယ်ဆုံးဖြစ်နေရင် ဂုဏ်ယူလိုက်ပါ....

ဒီစာကိုဖတ်နေတဲ့ သူတွေ့မှာလည်း အငယ်ဆုံးတွေ ပါနေခဲ့ကြရင် သဘောပေါက်ဖို့မျှော်လင့်ပါတယ်။

အငယ်ဆုံးတွေဆိုရင်

မိသားစုကိုပြောင်းလဲပေးနိုင်သူဖြစ်ရမယ်။ ဒါ ဘယ်ဥပဒေကမှ ပြဋ္ဌာန်းမထားတဲ့ အငယ်ဆုံးတွေရဲ့မူဝါဒ ပဲ။

ဝင်းမြတ်ဟန် -Dexar

Big shout out to my newest top fans! 💎Daw Aye San, Kha Kha Lay, Daw CherryDrop a comment to welcome them to our communit...
21/03/2025

Big shout out to my newest top fans! 💎

Daw Aye San, Kha Kha Lay, Daw Cherry

Drop a comment to welcome them to our community,

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကိုနိုင် -မှန်လိုလူผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท