05/05/2026
တိုင်ရာဘက်ကနေ ခန့်မှန်းထားတဲ့ ဖိုက်တာကြီးများ
-------------
"ကျနော့်ဝိတ်တန်းက ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ မကြာခင် လာတော့ပါမယ်။ ဂျော့ရှူအာဗန် နဲ့ တိုင်ရာတို့ ထိုးကြပါမယ်။
ဒီပွဲက ဂျော့ရှူအာဗန် အနေနဲ့ ချန်ပီယံဖြစ်ဖို့ ထိုက်တန်ခြင်း ရှိ/မရှိ သက်သေထူမယ်ထင်ပါတယ်။ ကျနော်ကတော့ တိုင်ရာဘက်မှာ အားသာချက်နည်းနည်းလေး ပိုရှိတယ်လို့ ယုံကြည်ပါတယ် ဘာလို့လဲ ဆိုတော့ သူ့ရဲ့ Grappling ကစားပုံက တကယ်ကောင်းတာလေ။
မိုရီနိုလို ချန်ပီယံဟောင်းမျိုးကိုတောင် TKO နဲ့ ပွဲသိမ်းပြခဲ့သူပါ။
ဒီပွဲက အကြိတ်နယ်တော့ရှိပါလိမ့်မယ် ၊ ကျနော်က တိုင်ရာဘက်မှာပဲ အလေးပေး ခန့်မှန်းချင်ပါတယ်။
ဘယ်သူ ချန်ပီယံခါးပတ် ကိုင်မြှောက်မလဲ စောင့်ကြည့်ကြတာပေါ့ ၊ ကျနော်လဲ ပြန်ပြီး အောင်ပွဲခံဦးမှာပါ"
#ပန်တိုဂျာ
------------
"ကစားသမားတစ်ယောက်အနေနဲ့ ဒီချာတိတ်လေးကို သဘောကျပါတယ်။ မိုရီနို က ကျနော် သဘောကျတဲ့ ဖိုက်တာတွေထဲကတစ်ယောက်ဆိုပြီး အမြဲတမ်းပြောခဲ့ပါတယ်။ အဲဒီလို ဖိုက်တာမျိုးကိုတောင် သူက အသာစီးကစားပြီး အနိုင်ယူပြခဲ့တာပါ။
ဒီပွဲမှာ သူ ချန်ပီယံသစ်ဖြစ်လာမယ်ဆိုတာ သံသယဖြစ်နေစရာ မလိုပါဘူး။ သူ့ဘက်ကနေ ပုံအောပြီး လောင်းကြေးတွေလဲ အများကြီးထပ်သွားမှာပါ"
#ဂျပ်စတင်ဂေဂျီ