25/04/2026
Gym မှာလူအများစု မေးတတ်ကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်။
ဆရာ ကျွန်တော်တို့ supplements တွေကိုဘယ်ချိန်တွေမှာ သုံးသင့်လဲ ဆိုတာဘဲဖြစ်ပါတယ်။
အဓိက အများစုသုံးကြတဲ့ Protein, Creatine နဲ့ Pre workout စတာတွေကို ဘယ်ချိန်မှာသုံးရမလဲဆိုတာကို အဓိက ပြောကြရအောင်။
📌🍗No.1 Protein
Protein ကိုတော့ အဓိကအားဖြင့် Muscle recovery နဲ့ Muscle Growth အတွက်အဓိက အသုံးပြုကြပါတယ်။
ဘယ်အချိန်မှာသုံးရမလဲ ?
Workout ပြီးပြီးချင် ဒါမှမဟုတ် 20mins-30mins အတွင်းသောက်လို့ရပါတယ်။
ဒါ့အပြင်မနက်ပိုင်းမနက်စာမစားရသေးခင်လဲသောက်လို့ရပါတယ်။
📌💪No.2 Creatine (strength and size Booster)
Creatine ကတော့ သဘာ၀PED လို့တောင်သုံးနှုံးရမလိုပါဘဲ အရမ်းကောင်းတဲ့ Supplements တစ်မျိုးပါ။ကျွန်တော့်အကြိုက်ဆုံးထဲက တစ်ခုပေါ့။
ဆိုတော့ဘယ်ချိန်မှာသုံးရမလဲ ?
အဖြေကရှင်းပါတယ် ကြိုက်တဲ့ချိန်သုံးလို့ပါတယ်။အဓိက က consistent ရှိရှိသောက်ရမှာပါ။5g သောက်ပေးရင်လုံလောက်ပါပြီ။
တစ်ချို့ကျတော့လဲ workout ပြီးတဲ့အချိန် Protein နဲ့ရောသောက်လေ့ရှိပါတယ်။
အကျိုးကျေးဇူးတွေကတော့ Muscle Size ကြီးလာမယ်၊Strengthတိုးလာမယ်၊ဦးနှောက်အတွက်လဲအထောက်ကူပြုပါတယ်။
📌🏋️No.3 Pre-workout
Gymမဆော့ခင် 20mins-30minsအတွင်းသောက်ရမှာဖြစ်ပါတယ်။အကျိုးကျေးဇူးတွေကတော့ ရိုးရိုးလေးပါ ကစားအားကောင်းမယ် အလေးတွေရှယ်ဖြုတ်မယ် ဝူးရှူးဝါးရှား လုပ်နိုင်မှာဘဲဖြစ်ပါတယ်။
အားလုံးဘဲ မင်္ဂလာညချမ်းလေးပါခင်ဗျာ။