Soulflow with Evelyn

Soulflow with Evelyn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soulflow with Evelyn, Yoga studio, Singapore.

Women’s Wellness Through YOGA ✨

International Certified Yoga Instructor🧘‍♀️

Your Burmese Yoga Sister In Singapore🇸🇬

80 Hrs Advanced Yoga Teacher & 200 Hr YTTC🧘‍♀️✨

အမျိုးသမီးတွေက သူများအတွက် အချိန်ပေးဖို့ အရမ်းကျွမ်းကျင်ကြတယ်ဟုတ် ….ကိုယ့်အတွက် အချိန်ပေးဖို့ပဲ တစ်ခါတလေ မေ့နေတတ်ကြတယ်။🫧...
05/09/2026

အမျိုးသမီးတွေက သူများအတွက် အချိန်ပေးဖို့ အရမ်းကျွမ်းကျင်ကြတယ်ဟုတ် ….

ကိုယ့်အတွက် အချိန်ပေးဖို့ပဲ တစ်ခါတလေ မေ့နေတတ်ကြတယ်။🫧

ကျွန်မတို့ အမျိုးသမီးတော်တော်များများက ကိုယ့်ခန္ဓာကိုယ်အပေါ်မှာ အရမ်းတောင်းဆိုတတ်ကြတယ်။

“ဒီလောက်တော့ ရသင့်နေပြီ…”
“သူကရတယ်၊ ငါကဘာလို့ မရတာလဲ…”
“နည်းနည်းထပ်ဖိလိုက်ရင် ရမယ်ထင်တယ်…”

ဒါပေမယ့် Yoga ကို ကိုယ်တိုင်လည်း လေ့ကျင့်လာရင်း ကျွန်မနားလည်လာတာက…

ခန္ဓာကိုယ်ဆိုတာ အတင်းအကျပ်ခိုင်းလို့ ပိုမြန်မြန် opening ဖြစ်လာတာ၊ ပိုပျော့လာတာမဟုတ်ဘူးရယ်။
လုံခြုံတယ် လို့ ခံစားရတဲ့အခါမှ၊ ဘေးကင်းပြီလို့ လျှော့ချလိုက်မှ တဖြည်းဖြည်း ပိုopening ဖြစ်ပေးလာတာပါ။

ယောဂ လေ့ကျင့်တဲ့အချိန်မှာလည်း ဘယ်လောက်ထိ လုပ်ပြသွားနိုင်လဲဆိုတာထက် “ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က ဘာပြောနေလဲ” ဆိုတာကို နားထောင်စေချင်တယ်။

တချို့နေ့တွေမှာ အများကြီးတိုးတက်လာတယ်။
တချို့နေ့တွေမှာ မနေ့ကလောက်တောင် မရောက်ဘူး။
ဒါလည်း ပုံမှန်ပါပဲ။

အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် သူများနဲ့မနှိုင်းဘဲ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင် နားလည်လာဖို့ပါ။ 🤍

Yoga mat ပေါ်မှာ ကိုယ့်အတွက် တစ်နာရီလောက် အချိန်ပေးလိုက်တာ ခန္ဓာကိုယ်ကို ပိုပျော့ပြောင်းလာစေတာထက် ပိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုချစ်တတ်လာတယ်။
ကိုယ့်ခန္ဓာကိုယ်ကို နည်းနည်းပိုယုံလာတယ်။
ပြီးတော့ ကိုယ့်အတွက် အချိန်ပေးတာဟာ မပိုလွန်းဘူးဆိုတာလည်း သိလာတယ်။ 🌸

အမျိုးသမီးတစ်ယောက်အနေနဲ့
သူများအတွက်ပဲ အချိန်ပေးမနေဘဲ
ကိုယ့်အတွက်လည်း အချိန်လေးတစ်ချို့ ချန်ထားပေးပါ။

Yoga က ခန္ဓာကိုယ်ကိုပဲ ပြောင်းလဲပေးတာမဟုတ်ဘူး…
ကိုယ့်ခန္ဓာကိုယ်ကို နားထောင်တတ်ဖို့၊
ကိုယ့်ကိုယ်ကိုယ် နားလည်တတ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုနူးညံ့စွာ ဆက်ဆံတတ်ဖို့ပါ သင်ပေးပါတယ်။ 🧘🏻‍♀️🤍

အမျိူးသမီးတို့ရော “ ယောဂ” ကျင့်ခြင်းက တကယ်ရော ဘာအနှစ်သာရတွေ ထိတွေ့ ခံစားမိကြလဲ ပြောပြပါဦး 🤩

Your Yoga Sister
Soulflow with Evelyn

Savasana ရဲ့ အနှစ်သာရကို တကယ်ရော ခံစားဖူးလား… 🧘🏻‍♀️✨Yoga မှာ အခက်ဆုံး Pose က Savasana ဖြစ်နေနိုင်ပါတယ်။ဘာလို့လဲဆိုတော့…တ...
01/09/2026

Savasana ရဲ့ အနှစ်သာရကို တကယ်ရော ခံစားဖူးလား… 🧘🏻‍♀️✨

Yoga မှာ အခက်ဆုံး Pose က Savasana ဖြစ်နေနိုင်ပါတယ်။

ဘာလို့လဲဆိုတော့…
တခြား ပိုစ့် တွေလို ကိုယ့်ကိုယ်ကို ပိုပြီး ကြိုးစားခိုင်းစရာမလိုဘဲ စိတ်ရော ခန္ဓာကိုယ်ပါ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး နေတတ်ဖို့ သင်ယူရတာမို့ပါ။

Savasana ဆိုတာ Sanskrit စကားလုံးဖြစ်ပြီး
“Shava” က သေဆုံးနေတဲ့ ခန္ဓာကိုယ် (Corpse)၊
“Asana” က ကိုယ်ဟန်အနေအထား (Pose) လို့ အဓိပ္ပါယ်ရပါတယ်။

ဒါကြောင့် Savasana ကို “Corpse Pose” ( အလောင်းကောင်ပိုစ့်) လို့ ခေါ်ကြတာပါ။

ဒါပေမဲ့ Savasana ရဲ့ အဓိပ္ပါယ်က သေဆုံးနေသလို လှဲနေရုံလေး မဟုတ်ပါဘူး။

ယောဂ လေ့ကျင့်မှူ တစ်ခုလုံးမှာ အသုံးပြုခဲ့တဲ့ ခန္ဓာကိုယ်ကို အနားပေးပြီး စိတ်ထဲမှာ တစ်ချိန်လုံး လှုပ်ရှားနေတဲ့ အတွေးတွေကိုလည်း ခဏလောက် ငြိမ်သက်ခွင့်ပေးလိုက်တာပါ။

Backbend, Inversion, Arm Balance တွေကိုတော့ “ရအောင်လုပ်မယ်” ဆိုတဲ့စိတ်နဲ့ ကြိုးစား တတ်ကြတယ်။

Strength တိုးလာအောင် လေ့ကျင့်တယ်။
Flexibility ပိုကောင်းလာအောင် stretch လုပ်တယ်။
Balance ပိုကောင်းလာအောင် ထပ်ခါထပ်ခါ လေ့ကျင့်တယ်။

ဒါပေမဲ့ Practice အဆုံးမှာ
ဘာမှမလုပ်ဘဲ လှဲနေရတဲ့ Savasana ရောက်လာတဲ့အခါ…

“အချိန်မရှိတော့ဘူး”
“ဒီနေ့ မလုပ်လည်း ရပါတယ်”

ဆိုပြီး ကျော်သွားမိတတ်ကြတယ် မဟုတ်လား။ 🤍

တကယ်တော့ Savasana က yoga class ပြီးခါနီးမှာ ထည့်ပေးထားတဲ့ Pose တစ်ခုထက် ပိုပါတယ်။

တစ်နာရီလောက် အလုပ်လုပ်ခဲ့တဲ့ ခန္ဓာကိုယ်ကို
“အခုတော့ နားလို့ရပြီ” လို့ ပြောပေးတဲ့အချိန်ပါ။

ပခုံးတွေကို လျှော့လိုက်ပါ။
မေးရိုးကို ဖြေလျှော့လိုက်ပါ။
လက်တွေ၊ ခြေထောက်တွေကို အနားပေးလိုက်ပါ။
အသက်ရှူတာကိုတောင် အတင်းထိန်းချုပ်နေစရာ မလိုတော့ပါဘူး။

ဒီအချိန်မှာ
ဘာ Pose ကိုမှ ရအောင်လုပ်စရာ မလိုတော့ဘူး။
ဘာကိုမှ သက်သေပြစရာလည်း မလိုတော့ဘူး။

“ဒီနေ့ ယောဂလေ့ကျင့်မှူ ကောင်းရဲ့လား…”
“ဒီ Pose ရသွားပြီလား…”
“Flexibility တိုးလာရဲ့လား…”

အဲ့ဒီအတွေးတွေကိုလည်း ခဏလောက် ဘေးဖယ်ထားလိုက်ပါ။ 🤍

ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က
ကိုယ်ခိုင်းသမျှကို လိုက်လုပ်ပေးခဲ့တယ်။

တစ်ခါတလေ တင်းခံထားမိခဲ့တယ်။
တစ်ခါတလေ အပြည့်အဝ အကြောလျှော့ပေးခဲ့တယ်။
တစ်ခါတလေ မရသေးတဲ့ Pose တွေကိုတောင်
ထပ်ခါထပ်ခါ ကြိုးစားပေးခဲ့တယ်။

ဒါကြောင့် အဆုံးမှာတော့
ကိုယ့်ခန္ဓာကိုယ်ကို အနားပေးဖို့လည်း ထိုက်တန်ပါတယ်။ 🌿

Yoga မှာ တိုးတက်လာတယ်ဆိုတာ
ပိုနက်ရှိုင်းစွာ ကွေးနိုင်လာတာ၊
ပိုခက်တဲ့ Pose တွေ ရလာတာတစ်ခုတည်း မဟုတ်ပါဘူး။

ဘယ်အချိန်မှာ ကြိုးစားရမလဲ သိလာသလို
ဘယ်အချိန်မှာ လွှတ်ချပြီး အနားယူရမလဲ သိလာတာလည်း Yoga ရဲ့ တိုးတက်မှုတစ်ခုပါ။ 🌙

တစ်ခါတလေ
ကိုယ့်ကိုယ်ကို ထပ်ပြီး push လုပ်ဖို့ထက်
ဘာမှမလုပ်ဘဲ အနားပေးလိုက်တာက
ပိုပြီး လိုအပ်နေတတ်ပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ် Mat ပေါ်ရောက်တဲ့အခါ Savasana ကို “နောက်ဆုံးမှာ လှဲနေရုံပဲ” လို့ မမြင်ဘဲ…

ဒီနေ့ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်အတွက်
ပြန်ပေးတဲ့ အနားယူချိန်လေး လို့ ခံစားကြည့်ပါ။ 🧘🏻‍♀️🤍

Yoga Practice ဆိုတာ Pose တစ်ခုနဲ့ မပြီးဆုံးပါဘူး။

တစ်နာရီလုံး လှုပ်ရှားခဲ့တဲ့ ခန္ဓာကိုယ်၊
ကြိုးစားခဲ့တဲ့ စိတ်တို့
နောက်ဆုံးမှာ ငြိမ်သက်သွားတဲ့အချိန်…

အဲ့ဒီအချိန်မှာမှ
Practice တစ်ခုက ပြည့်စုံသွားတာပါ။ ✨

ဒါနဲ့ တို့ရဲ့ Yogis လေးတွေရော……. 🤍

Savasana ရောက်ရင် ဘာလုပ်လေ့ရှိလဲ?

🧘🏻‍♀️ “Savasana မပါရင် Yoga Class မပြီးသေးဘူး” ဆိုတဲ့သူလား?
😴 “ရောက်တာနဲ့ အိပ်ပျော်သွားတတ်တယ်” ဆိုတဲ့သူလား?
“အချိန်မရှိရင် အမြဲကျော်မိတယ်” ဆိုတဲ့သူလား?
🧘‍♀️တီချယ်တွေရဲ့ savasana ချိန်ကို အမြဲ မျှော်လင့်နေမိတဲ့သူလေးလား?

ကိုယ် စိတ်ထဲက အရှိအတိုင်း Savasana experience လေးကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 🤍

Your Yoga Sister
Soulflow with Evelyn

အမျိုးသမီးတွေအတွက် Yoga ဆိုတာခန္ဓာကိုယ်ကို ပိုလှလာစေဖို့သက်သက် မဟုတ်ပါဘူး။ 🩷လေ့ကျင့်ရင်းနဲ့ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်...
29/08/2026

အမျိုးသမီးတွေအတွက် Yoga ဆိုတာ
ခန္ဓာကိုယ်ကို ပိုလှလာစေဖို့သက်သက် မဟုတ်ပါဘူး။ 🩷

လေ့ကျင့်ရင်းနဲ့
ကိုယ့်ခန္ဓာကိုယ်ကို ပိုနားလည်လာတယ်။
ကိုယ့်အားကို ကိုယ်သိလာတယ်။
မရသေးတာတွေကိုလည်း အလျင်မလိုဘဲ စိတ်ရှည်တတ်လာတယ်။

တစ်နေ့မှာ မလုပ်နိုင်ဘူးထင်ခဲ့တဲ့ pose တစ်ခုကို လုပ်နိုင်လာတဲ့အခါ

“ငါထင်ထားတာထက် ငါပိုသန်မာပါလား…” 🤍

အဲ့ဒီခွန်အားက Yoga mat ပေါ်မှာပဲ မကျန်ခဲ့ဘူး။
နေ့စဉ်ဘဝထဲမှာပါ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာတယ်။

တို့ Yogini လေးရဲ့ Yoga practice ၂ လမြောက်ကို ပြန်ကြည့်ရင်း Pose တွေ ပိုလှလာတာထက် ကိုယ့်ကိုယ်ကို ယုံကြည်လာတဲ့ ပုံလေးက ပိုလှပါတယ်။ 🌷

ပိုသန်မာလာတယ်။
ပိုတည်ငြိမ်လာတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကို ပိုတန်ဖိုးထားတတ်လာတယ်။ 🩷

အမြဲ ယုံကြည်ပေးကြရင်း ချစ်ခင်လေးစားရင်း ဖြတ်သန်းနေကြရတဲ့ Yoga Journey လေးနဲ့ ဒီ community လေးကို ကျေးဇူးတင်ရသလို ပိုတန်ဖိုးထားရပါတယ်ရှင်။

Your Yoga Sister
Soulflow with Evelyn

Ready to let go 🩷နေ့ရက်တိုင်းက လွယ်ကူမနေခဲ့သလိုနေ့ရက်တိုင်းကလည်း ခက်ခဲမနေခဲ့ပါဘူး။တချို့နေ့တွေမှာ ကိုယ်မျှော်လင့်ထားသလို...
28/08/2026

Ready to let go 🩷

နေ့ရက်တိုင်းက လွယ်ကူမနေခဲ့သလို
နေ့ရက်တိုင်းကလည်း ခက်ခဲမနေခဲ့ပါဘူး။

တချို့နေ့တွေမှာ ကိုယ်မျှော်လင့်ထားသလို ဖြစ်ခဲ့တယ်။
တချို့နေ့တွေမှာတော့ မဖြစ်ခဲ့တဲ့အရာတွေကို လက်ခံရင်း ကိုယ့်ကိုယ်ကိုယ် ပြန်သင်ယူခဲ့ရတယ်။

မဖြစ်သေးတဲ့အရာတွေကို အတင်းဆုပ်ကိုင်ထားတာထက် ဖြစ်ပြီးသားအရာတွေကို လက်ခံပြီး
မလိုအပ်တော့တဲ့ အရာတွေကို တဖြည်းဖြည်း လွှတ်ချတတ်ဖို့လည်း ဘဝက သင်ပေးခဲ့တယ်။

တချို့အရာတွေက ကိုယ့်ဘဝထဲမှာ ဆက်ရှိဖို့ မဟုတ်ဘဲ
ကိုယ့်ကို တစ်ခုခုသင်ပေးဖို့ ရောက်လာခဲ့တာ ဖြစ်နိုင်တယ်။

ဒါကြောင့် ဒီနေ့မှာတော့
မဖြစ်ခဲ့တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တော့ဘူး။
မရခဲ့တာတွေအတွက်လည်း နောင်တမရတော့ဘူး။

What’s meant for me will find me.
And what’s not, I’m ready to let go. 🩷

တစ်ချို့အရာတွေကို လွှတ်ချလိုက်တာက အရှုံးပေးတာမဟုတ်ဘူး။
ကိုယ့်စိတ်အေးချမ်းမှုကို ပြန်ရွေးချယ်လိုက်တာပါပဲ။ 🌷

Soulflow with Evelyn

ခြေထောက်တွေ အပေါ်ရောက်သွားတဲ့အခါ…ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ ယုံကြည်ပြီး ထိန်းထားနေနိုင်လဲ။ 🤍မနေ့က In-person Yoga ချိန်လေး...
24/08/2026

ခြေထောက်တွေ အပေါ်ရောက်သွားတဲ့အခါ…
ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ ယုံကြည်ပြီး ထိန်းထားနေနိုင်လဲ။ 🤍

မနေ့က In-person Yoga ချိန်လေး မှာ Shoulder Stand (Sarvangasana) ကို အခြေခံပြီး သူ့ရဲ့ variations လေးတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

Shoulder Stand ကို အပြင်ကကြည့်ရင်
“ခြေထောက်ကို အပေါ်မြှောက်ထားတဲ့ pose တစ်ခု” လို့ပဲ မြင်ရနိုင်ပေမယ့်၊ ကျွန်မအတွက်တော့ ဒီ ပိုစ့် က ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ယုံကြည်ပြီး ထိန်းချုပ်တတ်ဖို့ သင်ပေးတဲ့ ပိုစ့် တစ်ခုပါ။

ကိုယ်အလေးချိန်ကို ပုံမှန်လို မထားတော့ဘဲ upside down ဖြစ်သွားတဲ့အခါ…..
shoulder နဲ့ upper back က foundation ဖြစ်လာတယ်။ Core က ခန္ဓာကိုယ်ကို ထိန်းပေးတယ်၊ ခြေထောက်တွေက တက်ကြွစွာ lengthen လုပ်ထားရတယ်။
ပြီးတော့ အဲ့ဒီအရာတွေအားလုံးကြားမှာ အသက်ရှူတာကို မမေ့ရဘူး။

ဒါကြောင့် Shoulder Stand က strength တစ်ခုတည်းကို လေ့ကျင့်တာမဟုတ်ဘဲ balance, body awareness, concentration နဲ့ breath control တွေကိုပါ တစ်ပြိုင်နက်တည်း လေ့ကျင့်ပေးတဲ့ inversion တစ်ခုပါ။

ယောဂတန်းတွေ ထဲမှာ single-leg variation တွေ၊ ခြေထောက် position ပြောင်းတဲ့ variation တွေနဲ့ Halasana (Plow Pose) ကိုပါ ဆက်လေ့ကျင့်ပေးဖြစ်တာကလည်း pose ပိုလှအောင်လုပ်ဖို့ မဟုတ်ပါဘူး။

“ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်သိလဲ”
“ဘယ်လောက်ထိန်းနိုင်လဲ”
“ဘယ်အချိန်မှာ ရပ်သင့်လဲ”
ဆိုတာတွေကို ပိုသိလာစေဖို့ပါ။

🌿 ဒါဆို Shoulder Stand ကို ဘာကြောင့် လေ့ကျင့်သင့်လဲ?

📌 Inversion practice တစ်ခုအနေနဲ့ body awareness နဲ့ balance ကို ပိုကောင်းလာစေပြီး shoulder, upper back နဲ့ core strength ကို အသုံးပြုရစေပါတယ်။

📌 Pose ထဲမှာ အသက်ရှူမှုနဲ့ concentration ကို သတိထားရတာကြောင့် စိတ်ကိုလည်း အတွင်းဘက်ပြန်ဆွဲခေါ်ပေးနိုင်ပါတယ်။

📌 အမျိုးသမီးတွေအတွက်လည်း Yoga practice တစ်ခုလုံးက stress လျော့စေဖို့၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုယ်ပိုရင်းနှီးလာဖို့နဲ့ menstrual discomfort တချို့ကို သက်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

ဒါပေမယ့် Shoulder Stand တစ်ခုတည်းက hormone balance, thyroid သို့ reproductive health ကို တိုက်ရိုက်ကုသပေးတယ် ဆိုတဲ့အထိတော့ ကျွန်မ မပြောချင်ပါဘူး။

Yoga ကို ပိုလှပတဲ့ claim တွေနဲ့ ပြောတာထက်
မှန်မှန်ကန်ကန် နားလည်ပြီး လုံခြုံစွာ လေ့ကျင့်စေချင်တာ က ကျွန်မအတွက် ပိုအရေးကြီးပါတယ်။

⚠️ ဒီ ယောဂပိုစ့် မှာ သတိထားရမယ့်အရာတွေ….

Shoulder Stand က လည်ပင်းနဲ့ ပခုံးပေါ်မှာ load ရှိတဲ့ inversion ဖြစ်လို့ “တက်နိုင်တာ” ထက် “မှန်ကန်စွာ support လုပ်နိုင်တာ” က ပိုအရေးကြီးပါတယ်။

‼️လည်ပင်းကို အတင်းဖိမထားပါနဲ့။
Pose ထဲရောက်နေချိန် ခေါင်းကို ဘယ်ညာမလှည့်ပါနဲ့။
ကိုယ့် flexibility မရသေးဘဲ ခြေထောက်ကို အတင်းဆွဲမတင်ပါနဲ့။

လည်ပင်း၊ ပခုံး၊ ကျောရိုးပြဿနာရှိသူတွေ၊ glaucoma၊ သွေးတိုးစတဲ့ အခြေအနေတွေရှိသူတွေက full Shoulder Stand မလုပ်ခင် ဆရာဝန် သို့မဟုတ် qualified yoga teacher နဲ့ တိုင်ပင်သင့်ပါတယ်။

ပိုစ့် ထဲမှာ နာကျင်တာ၊ ထုံကျင်တာ၊ မူးဝေတာ၊ အသက်ရှူမအီမသာဖြစ်တာ တစ်ခုခုရှိလာရင် “နည်းနည်းတော့ အနာခံမယ်” ဆိုပြီး ဆက်မလုပ်ပါနဲ့နော်။
ယောဂပိုစ့်ထဲကနေ ထွက်လာဖို့လည်း သိရပါမယ်။

ဘာလို့လဲဆိုတော့ Yoga မှာ…
ကိုယ့်ခန္ဓာကိုယ်ကို ကျော်လွန်ပြီး လုပ်နိုင်တာက progress မဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်က ပြောတဲ့စကားကို နားထောင်တတ်လာတာက progress ပါ။ 🤍

ကျွန်မအတွက် Shoulder Stand ရဲ့ အလှက
ခြေထောက်တွေ ဘယ်လောက်ဖြောင့်သွားလဲ၊
ဘယ်လောက်အမြင့်ထိ တက်နိုင်လဲဆိုတာထက်…

ကိုယ့်ကိုယ်ကို မယုံကြည်နိုင်သေးတဲ့နေရာကနေ
တဖြည်းဖြည်း ယုံကြည်လာတာ၊ လှုပ်ရှားနေတဲ့စိတ်ကို ငြိမ်အောင်ထားတတ်လာတာ၊ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ကို အတင်းအကျပ်မလုပ်တော့ဘဲ
သူ့ရဲ့အကန့်အသတ်ကို နားလည်တတ်လာတာပါ။

တစ်ခါတလေ Yoga က
ကိုယ်ခန္ဓာကို ပြောင်းလဲပေးတာထက်
ကိုယ့်ကိုယ်ကို ကြည့်တဲ့ပုံစံကို ပြောင်းလဲပေးတာ ပိုများပါတယ်။ 🌿

ယောဂပိုစ့် တစ်ခုရဖို့ လေ့ကျင့်တာကနေ
ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့ လေ့ကျင့်ခြင်းဆီ…
ဒါက ကျွန်မအတွက် Yoga ပါ။ 🤍🧘🏻‍♀️

Your Yoga Sister
Soulflow with Evelyn

တိရိစ္ဆာန်လေးတွေရဲ့ နာမည်ပါတဲ့ ယောဂပိုစ့်များနဲ့ အကျိုးကျေးဇူးများ 🐾 (Part - 3)Yoga လေ့ကျင့်တဲ့အခါ ကိုယ်လုပ်နေတဲ့ Pose လ...
20/08/2026

တိရိစ္ဆာန်လေးတွေရဲ့ နာမည်ပါတဲ့ ယောဂပိုစ့်များနဲ့ အကျိုးကျေးဇူးများ 🐾 (Part - 3)

Yoga လေ့ကျင့်တဲ့အခါ ကိုယ်လုပ်နေတဲ့ Pose လေးတွေရဲ့ နာမည်တွေကို သေချာသိထားဖူးလားရှင်? 🧘🏻‍♀️

နေ့တိုင်းတွေ့နေရတဲ့ Yoga Poses လေးတွေထဲမှာတောင် တိရိစ္ဆာန်လေးတွေရဲ့ ပုံသဏ္ဌာန်၊ လှုပ်ရှားပုံနဲ့ သဘာဝအရည်အသွေးလေးတွေကို အစွဲပြုပြီး နာမည်ပေးထားတဲ့ Pose လေးတွေ အများကြီးရှိပါတယ်။ 🐾🌿

Part 1 နဲ့ Part 2 မှာလည်း တိရိစ္ဆာန်နာမည်လေးတွေပါတဲ့ ယောဂပိုစ့် လေးတွေကို မျှဝေပေးခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက် Part 3 မှာလည်း မတူတဲ့ Pose လေးတွေကို ထပ်ပြီး စုစည်းပေးထားပါတယ်နော်။ 💛

ဒီနေ့ ပိုစ့်တွေ ထဲမှာတော့

🐦 Crow Pose (Bakasana)
🐒 Monkey Pose (Hanumanasana)
🐢 Turtle Pose (Kurmasana)
🐟 Fish Pose (Matsyasana)
🕊️ Pigeon Pose (Kapotasana)
🪰 Firefly Pose (Tittibhasana)

ဆိုတဲ့ ယောဂပိုစ့် လေး (၆) မျိုး ပါဝင်ပါတယ်။

Pose တစ်ခုချင်းစီမှာလည်း ကိုယ့်ခန္ဓာကိုယ်အတွက် မတူညီတဲ့ အကျိုးကျေးဇူးလေးတွေ ရှိပါတယ်ရှင်။ ✨

▪️ တချို့ Pose တွေက Strength ကို တည်ဆောက်ပေးတယ်။
▪️ တချို့က Flexibility နဲ့ Mobility ကို တိုးတက်စေတယ်။
▪️ တချို့က Balance နဲ့ Body Awareness ကို ပိုကောင်းလာစေတယ်။

ဒါကြောင့် Yoga ဆိုတာ Pose တစ်ခုကို လှလှပပရအောင် လေ့ကျင့်တာထက် ကိုယ့်ခန္ဓာကိုယ်က ဘာလိုအပ်နေတယ်၊ ဘယ်နေရာကို ပိုအားကောင်းဖို့လိုတယ်၊ ဘယ်နေရာကို ပိုပြီး နူးညံ့စွာ လှုပ်ရှားပေးဖို့လိုတယ်ဆိုတာ နားလည်လာအောင် လေ့ကျင့်ပေးတဲ့ practice တစ်ခု လို့ ကျွန်မက ပိုပြီး ယုံကြည်ပါတယ်။ 🤍

ဒီထဲမှာ Pose တစ်ခုချင်းစီရဲ့ အကျိုးကျေးဇူးလေးတွေနဲ့ လေ့ကျင့်တဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေကိုလည်း ထည့်ပေးထားပါတယ်နော်။

Yoga Sisters တို့လည်း ကိုယ်လေ့ကျင့်နေတဲ့ Pose လေးတွေကို နာမည်သိရုံတင်မကဘဲ “ဒီ Pose လေးက ငါ့ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိလဲ?” ဆိုတာလေးပါ သိထားပြီး လေ့ကျင့်ကြည့်ကြရအောင်နော်။ 🧘🏻‍♀️💛

ပြီးတော့ ဒီထဲမှာပါတဲ့ Pose (၆) ခုထဲက
Yoga Sisters တို့ ဘယ် Pose လေးကို အရင်ဆုံး လေ့ကျင့်ဖူးလဲ?
ဒါမှမဟုတ် ဘယ် Pose လေးကို အခုထိ ကြိုးစားနေတုန်းလဲ? Comment မှာ ပြောပြခဲ့ပေးဦးနော်။

ကိုယ်တိုင် လေ့ကျင့်ဖူးတဲ့ experience လေးတွေကိုလည်း အတူတူမျှဝေလို့ရပါတယ်ရှင်။ 💛

📌 Save လေးလုပ်ထားပြီး Yoga လေ့ကျင့်တဲ့အချိန် ပြန်ကြည့်လို့ရအောင် သိမ်းထားပါနော်။
သူငယ်ချင်းတွေထဲမှာ Yoga လေ့ကျင့်နေသူရှိရင်လည်း Share လေးလုပ်ပေးလိုက်ပါဦး 🌿

တိရိစ္ဆာန်နာမည်လေးတွေနဲ့ ယောဂပိုစ့် တွေကို စိတ်ဝင်စားရင်
📌 Part 1 • Part 2 • Part 3 အားလုံးကို ပြန်ရှာဖတ်ကြည့်လို့ရပါတယ်နော်။ 🐾✨

Yours Yoga Sister,
Soulflow with Evelyn

18/08/2026

🧘🏻‍♀️ Deep Backbend Yoga ကို ခါးမနာအောင် ဘယ်လိုလေ့ကျင့်ကြမလဲ?

Deep Backbend တစ်ခုကို ကြည့်လိုက်ရင် “ဘယ်လောက်နက်နက် ကွေးနိုင်လဲ” ဆိုတာကိုပဲ အရင်ဆုံး မြင်မိတတ်ကြပါတယ်။

ဒါပေမယ့် Deep Backbend က ခါးကို အများဆုံးကွေးနိုင်ဖို့ ကြိုးစားရတဲ့ practice တစ်ခု မဟုတ်ပါဘူး။

ခန္ဓာကိုယ်ရဲ့ mobility, strength နဲ့ control တွေကို အတူတူအသုံးချပြီး Spine တစ်ခုလုံးကို သင့်တော်တဲ့ range အတွင်း လှုပ်ရှားနိုင်အောင် လေ့ကျင့်ရတာပါ။ 🪷

အထူးသဖြင့် Backbend လုပ်တဲ့အခါ ခါးတစ်နေရာတည်းက အရမ်းကွေးနေပြီး ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မပါဝင်နိုင်ဘူးဆိုရင် ခါးမှာ မလိုအပ်တဲ့ ဖိအားတွေ ပိုများလာနိုင်ပါတယ်။

ဒါကြောင့် Deep Backbend မလေ့ကျင့်ခင် ဒီအချက်တွေကို သေချာပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

📌① Shoulder & Chest Mobility

Backbend မှာ လက်တွေကို နောက်ဘက်အထိ ရွှေ့နိုင်ဖို့ Shoulder နဲ့ Chest ရဲ့ mobility က အရေးကြီးပါတယ်။

ဒီနေရာတွေ တင်းနေရင် ခန္ဓာကိုယ်အပေါ်ပိုင်းက လိုအပ်တဲ့ movement ကို မပေးနိုင်တော့ဘဲ Spine ရဲ့ တချို့နေရာတွေက ပိုပြီး compensate လုပ်ရနိုင်ပါတယ်။

ဒါကြောင့် Backbend မလုပ်ခင် Shoulder နဲ့ Chest ကို ဖြည်းဖြည်းချင်း open လုပ်ပေးပါ။

📌② Hip Mobility

Deep Backbend မှာ Spine တစ်ခုတည်းက အလုပ်လုပ်တာမဟုတ်ပါဘူး။

Pelvis နဲ့ Hip တွေရဲ့ movement လည်း ပါဝင်ပါတယ်။

အထူးသဖြင့် Hip flexors တွေ တင်းနေမယ်ဆိုရင် Pelvis ရဲ့ movement ကို ကန့်သတ်နိုင်တာကြောင့် Backbend လုပ်တဲ့အခါ ခါးဘက်ကို ဖိအားပိုရောက်လာနိုင်ပါတယ်။

ဒါကြောင့် Hip ကိုလည်း လုံလောက်အောင် warm up နဲ့ mobility work လုပ်ပေးဖို့ လိုပါတယ်။

📌③ Core & Back Strength

Backbend မှာ flexibility ရှိတာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

ကိုယ်ရထားတဲ့ range ကို ထိန်းချုပ်နိုင်ဖို့ strength လည်း လိုအပ်ပါတယ်။

Core နဲ့ Back muscles တွေက ခန္ဓာကိုယ်ကို support ပေးနိုင်မှ ကိုယ့်ရဲ့ flexibility ကို ပိုပြီး control ရှိရှိ အသုံးချနိုင်မှာပါ။

📌④ Mobility ရှိတာနဲ့ Control ရှိတာ မတူပါဘူး

ဒီအချက်ကိုလည်း မကြာခဏ မေ့သွားတတ်ကြပါတယ်။

ကိုယ်က တစ်နေရာထိ ရောက်နိုင်တာနဲ့
အဲ့ဒီ range ကို ကိုယ်တိုင်ထိန်းချုပ်ပြီး ပြန်ထွက်နိုင်တာ က မတူပါဘူး။

ဒါကြောင့် Deep Backbend ကို လေ့ကျင့်တဲ့အခါ flexibility ကိုပဲ လိုက်မတိုးဘဲ strength နဲ့ control ကိုပါ တဖြည်းဖြည်း တည်ဆောက်ပေးဖို့ လိုပါတယ်။

📌⑤ Breath & Body Awareness

Pose ထဲကို ပိုနက်အောင်ဝင်ဖို့ပဲ အာရုံစိုက်မနေဘဲ ကိုယ့်ခန္ဓာကိုယ်ရဲ့ response ကိုလည်း နားထောင်ပေးပါ။

အသက်ရှူနိုင်သေးလား?
ခန္ဓာကိုယ်ကို control လုပ်နိုင်သေးလား?
တစ်နေရာတည်းမှာ tension အရမ်းများနေပြီလား? ဒါတွေကို သတိထားပေးပါ။

ပုံမှန် stretch ခံစားချက်နဲ့ မတူတဲ့ စူးရှတဲ့နာကျင်မှု၊ အဆစ်အတွင်း နာကျင်မှု၊ ဒါမှမဟုတ် ပိုနက်အောင်ဝင်လေလေ နာကျင်မှုတိုးလာတာ ရှိရင် အတင်းဆက်မလုပ်ဘဲ ရပ်ပြီး ကိုယ့် range ကို ပြန်သုံးသပ်သင့်ပါတယ်။

🌿 ဒါကြောင့် Deep Backbend ကို လေ့ကျင့်တဲ့အခါ…

ခါးကိုပဲ အားကိုးပြီး “ပိုနက်ရှိုင်းအောင် ကွေးနိုင်ဖို့” ဦးစားမပေးပါနဲ့။

Shoulder + Chest
Hip + Pelvis
Spine
Core + Back
Breath + Control

ဒီအရာတွေ အားလုံးကို တဖြည်းဖြည်း တည်ဆောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူးပေါင်းအလုပ်လုပ်နိုင်အောင် လေ့ကျင့်ပါ။

Deep Backbend ရဲ့ အဓိကက
“ဘယ်လောက် အနက်ရှိုင်းဆုံး ကွေးနိုင်လဲ” မဟုတ်ပါဘူး။

“ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်နားလည်ပြီး
ရထားတဲ့ range ကို ဘယ်လောက်ထိန်းချုပ်နိုင်လဲ” ဆိုတာပါ။ 🪷

Yoga မှာ Advanced Pose တစ်ခုကို ရလာတာက တိုးတက်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ limit ကို သိလာတာ၊ ခန္ဓာကိုယ်ရဲ့ signal ကို နားထောင်တတ်လာတာ၊ အတင်းမလုပ်ဘဲ တဖြည်းဖြည်းတိုးတက်လာတာ က ပိုတန်ဖိုးရှိတဲ့ practice တစ်ခုလို့ ကျွန်မယုံကြည်ပါတယ်။ 🤍

အနက်ရှိုင်းဆုံး ကွေးနိုင်တာထက်
ကိုယ့်ခန္ဓာကိုယ်ကို နားလည်ပြီး
သတိရှိရှိ၊ control ရှိရှိ လှုပ်ရှားနိုင်တာက
Yoga practice ရဲ့ တကယ့်အလှပါ။ 🪷

Your Yoga Sister
Soulflow with Evelyn


အမြဲ ဇက်ကြောတက် ၊ လည်ပင်းနဲ့ ပခုံးတွေ တောင့်တင်းနေတတ်သူလေးတွေ အတွက် ယောဂပိုစ့်များ 🍀တစ်နေ့လုံး အလုပ်မှာထိုင်ပြီးတဲ့အခါလည...
17/08/2026

အမြဲ ဇက်ကြောတက် ၊ လည်ပင်းနဲ့ ပခုံးတွေ တောင့်တင်းနေတတ်သူလေးတွေ အတွက် ယောဂပိုစ့်များ 🍀

တစ်နေ့လုံး အလုပ်မှာထိုင်ပြီးတဲ့အခါ
လည်ပင်းနဲ့ ပခုံးတွေ တင်းလာတာ…
ဇက်ကြောတွေ တက်လာတာ…
ကိုယ်တိုင်လည်း ခဏခဏကြုံဖူးတယ်မလား? 🧘🏻‍♀️

Computer ရှေ့မှာ အချိန်ကြာကြာထိုင်တာ၊
ဖုန်းကို အောက်ငုံ့ကြည့်တာ၊
အလုပ်လုပ်ရင်း ပခုံးတွေကို မသိမသာ တင်းထားမိတာတွေက…..
တစ်နေ့တာကုန်တဲ့အခါ လည်ပင်း၊ ပခုံးနဲ့ အပေါ်ကျောတစ်ဝိုက်မှာ တင်းကျပ်မှုတွေ စုလာစေတတ်ပါတယ်။

အဲ့ဒီလိုအချိန်မှာ
လည်ပင်းကိုပဲ အတင်း stretch လုပ်ဖို့ မလိုပါဘူး။

လည်ပင်းနဲ့ ပခုံးတစ်ဝိုက်ကိုသာမက အပေါ်ကျောနဲ့ ပခုံးတွေကိုပါ နူးညံ့စွာ လှုပ်ရှားပြီး ဖြေလျှော့ပေးဖို့ လိုပါတယ်။ 🌿

ဒါကြောင့် ဒီနေ့မှာ
လည်ပင်း၊ ပခုံးနဲ့ အပေါ်ကျောတစ်ဝိုက် တင်းကျပ်နေတဲ့သူတွေအတွက် ကျွန်မကိုယ်တိုင်လည်း ယောဂကျင့်ချိန် ထဲမှာ ထည့်လေ့ရှိတဲ့ Yoga Poses လေးတွေကို
တစ်ခုချင်းစီရဲ့ အကျိုးကျေးဇူးနဲ့ သတိထားရမယ့်အချက် တွေပါ ထည့်ပြီး မျှဝေပေးထားပါတယ်။

တစ်ခါတည်း အကုန်လုပ်စရာမလိုပါဘူးနော်။
ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေတဲ့ Pose လေးတွေကို ရွေးပြီး တစ်နေ့ 5–10 မိနစ်လောက်ပဲဖြစ်ဖြစ် ကိုယ့်အတွက် ပြန်ပေးကြည့်ပါ။ 🤍

Yoga မှာ…..
ပိုနာလေလေ ပိုကောင်းလေလေ မဟုတ်ပါဘူး။

‼️Stretch ကို နူးနူးညံ့ညံ့ခံစားရင်း အသက်ရှူဖို့နေရာပေးပါ။
📌 ကိုယ့်ခန္ဓာကိုယ်က ဒီနေ့ ဘယ်လောက်အထိ လက်ခံနိုင်လဲဆိုတာ နားထောင်ပေးပါ။ 🧘🏻‍♀️

ဒီ Post လေးကို Save ထားပြီး
ဒီနေ့အလုပ်ပြီးတဲ့အချိန်မှာ ပြန်လေ့ကျင့်ကြည့်ပါနော်။ 🤍

တစ်နေ့လုံး Computer ရှေ့မှာထိုင် အလုပ်လုပ်ရတဲ့သူ၊ လည်ပင်းနဲ့ပခုံး အမြဲတင်းနေတဲ့သူ၊ ဇက်ကြော အမြဲတက်နေတဲ့သူ တစ်ယောက်ရှိရင် ဒီ Post လေးကို Share ပေးလိုက်ပါဦး။ 🌿

Your Yoga Sister 🤍
Soulflow with Evelyn

Yoga စလေ့ကျင့်ပြီး တစ်ကိုယ်လုံးကိုက်ခဲနေရင်…ဘာကြောင့်လဲ? ဆက်လုပ်သင့်သေးလား?Yoga စလုပ်ပြီးနောက်နေ့ တစ်ကိုယ်လုံး ကိုက်ခဲနေ...
13/08/2026

Yoga စလေ့ကျင့်ပြီး တစ်ကိုယ်လုံးကိုက်ခဲနေရင်…
ဘာကြောင့်လဲ? ဆက်လုပ်သင့်သေးလား?

Yoga စလုပ်ပြီးနောက်နေ့ တစ်ကိုယ်လုံး ကိုက်ခဲနေလို့…
“ငါ Yoga ဆက်လုပ်သင့်သေးလား?” လို့ စိတ်ထဲမှာ မေးနေတဲ့ Beginner လေးတွေရှိလား? 🧘🏻‍♀️

Yoga စလုပ်ခါစမှာ အများဆုံးကြုံရတာက
pose မရသေးတာထက်… တစ်ကိုယ်လုံးကိုက်ခဲလာတာပါ။

Yoga လုပ်တဲ့နေ့မှာ မသိသာပေမယ့်
နောက်နေ့မနက် အိပ်ရာထလိုက်တာနဲ့…

“ဟယ်… ခြေထောက်တွေ ဘာဖြစ်နေတာလဲ?”
“ပခုံးတွေ ဘာလို့ ဒီလောက်တင်းနေတာလဲ?” 😂

ဆိုပြီး ဖြစ်ဖူးကြမယ်ထင်ပါတယ်။

အဲ့ဒီအချိန်မှာ Beginner တော်တော်များများက
“Yoga က ငါ့အတွက် မကိုက်ဘူးထင်တယ်…” လို့ စိတ်ပျက်သွားတတ်ကြပါတယ်။

ဒါပေမယ့်…

Yoga စလုပ်ပြီး ကိုက်ခဲတာရှိတာနဲ့ Yoga မသင့်တော်ဘူးလို့ မဆိုလိုပါဘူး။ 🤍

တစ်ဖက်မှာလည်း “Happy Pains” လေးတွေ ..
“ကိုက်လေ ကောင်းလေ” ဆိုပြီး အတင်း push လုပ်တာမျိုးလည်း မလုပ်ပါနဲ့နော်။

ဒါကြောင့် Beginner တစ်ယောက်အနေနဲ့
ကိုက်တာက ပုံမှန်လား၊ နာတာက ဘာလဲ၊ ဘယ်အချိန်မှာ ဆက်လုပ်လို့ရလဲ၊ ဘယ်အချိန်မှာ ရပ်သင့်လဲ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။

ဒီနေ့ မှာတော့
Yoga စလုပ်ခါစမှာ ကိုက်ခဲရတဲ့အကြောင်းရင်းတွေကနေ….
ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုနားထောင်ပြီး ဆက်လေ့ကျင့်သင့်လဲအထိ….
Beginner တွေအတွက် တစ်ချက်ချင်း ရှင်းပြပေးထားပါတယ် 🌿

Yoga ကို အခုမှ စလုပ်နေတဲ့သူဆိုရင်
ဒီ post ကို တစ်ပုံချင်းစီ အဆုံးထိ ဖတ်ပေးပါနော် 🤍

ဒီ Post လေးက အသုံးဝင်မယ်ထင်ရင် Save ထားပေးပါ။
Yoga စလုပ်မယ့်သူတွေကိုလည်း Share လုပ်ပေးလို့ရပါတယ် 🫶🏻

ပြီးတော့ Yoga စလုပ်ပြီး ကိုက်ခဲဖူးတဲ့သူတွေရှိရင် ကိုယ့်အတွေ့အကြုံလေးကို Comment မှာ ပြောပြခဲ့ပါဦးနော် 🤍

Your Yoga Sister
Soulflow with Evelyn

Backbend တွေကို ကျမ တကယ်ချစ်တယ် 🤎Backbend လေ့ကျင့်လာရင်း ပိုပို လက်ခံလာတာတစ်ခုက Backbend ဆိုတာ ခါးပျော့ရုံနဲ့ မရဘူး ဆိုတ...
10/08/2026

Backbend တွေကို ကျမ တကယ်ချစ်တယ် 🤎

Backbend လေ့ကျင့်လာရင်း ပိုပို လက်ခံလာတာတစ်ခုက Backbend ဆိုတာ ခါးပျော့ရုံနဲ့ မရဘူး ဆိုတာပါပဲ။

ခန္ဓာကိုယ်က အနောက်ကို ကွေးသွားနိုင်ရုံနဲ့ ပိုစ့် တစ်ခု က ပြည့်စုံသွားတာမဟုတ်ဘဲ…..

ဘယ်နေရာက mobility ပေးနေလဲ…..
ဘယ်နေရာက strength နဲ့ support ပေးနေလဲ..
ကိုယ့်ရဲ့ core၊ legs၊ hips၊ shoulders တွေက ဘယ်လိုအလုပ်လုပ်ပေးနေလဲဆိုတာ အားလုံးက ဆက်စပ်နေတယ်။

ကျမကိုယ်တိုင် Backbend တွေ ကျင့်တိုင်း
“ဒီ pose ကို ရောက်ပြီလား” ထက်
“အခုလုပ်နေတာမှာ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုအလုပ်လုပ်နေလဲ” ဆိုတာကို ပိုသတိထားဖြစ်တယ်။

တစ်ခါတလေ flexibility ပိုရှိလာတာနဲ့ ပိုနက်နက်ဝင်နိုင်ပေမယ့်၊ control နဲ့ engagement မပါရင် ကိုယ်လိုချင်တဲ့ Backbend quality မရသေးဘူးလို့ ခံစားရတယ်။

ဒါကြောင့် ကျမအတွက် Backbend practice ဆိုတာ ပိုနက်ရှိုင်းအောင် ကွေးနိုင်ဖို့သက်သက်မဟုတ်ဘဲ၊ ခန္ဓာကိုယ်တစ်ခုလုံးကို အတူတူအလုပ်လုပ်တတ်လာအောင် လေ့ကျင့်နေတာ ပါ။

အဲ့ဒီလို awareness လေးနဲ့ လေ့ကျင့်ရင်း
နေ့တိုင်း ကိုယ့်ခန္ဓာကိုယ် အကြောင်း အသစ်အသစ် တွေ သိလာရတာကိုတော့ သဘောကျတယ်။ 🤎🧘🏻‍♀️

Yogis တို့ရော Backbend တွေ ကျင့်ရတာ ကြိုက်ကြလား? 🤎

Backbend လေ့ကျင့်တဲ့အခါ ကိုယ့်အတွက် ခက်ခဲတဲ့အပိုင်းတွေ၊ အထူးသဖြင့် ခါးမှာ တင်းတာ၊ မသက်မသာဖြစ်တာမျိုး ကြုံဖူးကြလားနော်?

ကိုယ့်အတွေ့အကြုံလေးတွေ Comment မှာ မျှဝေပေးခဲ့ကြပါဦး 🧘🏻‍♀️🤎

Your Yoga Sister
Soulflow with Evelyn

Address

Singapore

Alerts

Be the first to know and let us send you an email when Soulflow with Evelyn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soulflow with Evelyn:

Shortcuts

Share

Category