29/08/2026
Here we go ပါ... အဲဗာရက်တော့ မဟုတ်ပါဘူး...
အာဆင်နယ်ဟာ ခဗာရက်စကယ်လီရာ အသေးစားလို့ နာမည်ထွက်နေတဲ့ ဂျော်ဂျီယာ ကွင်းလယ်လူ အန်ဒရီယာ ဘာတီရှဗီလီ (Andria Bartishvili) ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ ဆေးစစ်မှု ခံယူရန် လန်ဒန်သို့ လာရောက်မှာ ဖြစ်ပါတယ်။ ဂျော်ဂျီယာ ကွင်းလယ်လူအတွက် ၅ နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၄.၅ သန်းနဲ့ သဘောတူညီမှုရသွားတာ ဖြစ်ပါတယ်။ အသင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘဲ မိခင်အသင်းမှာ တရာသီ အငှားပြန်ချမှာဖြစ်ပြီး ၂၀၂၇ မှသာ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်...