Football Club of Mandalay United

Football Club of Mandalay United Mandalay United Football club was founded at 18 May 2009 in Singapore by ex Mandalay residences.

MSL CUPROUND-11, MATCH-2F.C. MANDALAY UNITED  vs MOTHERLAND F.C.West Spring Secondary School13 September 2026 | 5pmမင်္ဂ...
12/09/2026

MSL CUP
ROUND-11, MATCH-2

F.C. MANDALAY UNITED vs MOTHERLAND F.C.
West Spring Secondary School
13 September 2026 | 5pm

မင်္ဂလာပါ F.C. Mandalay United ပရိသတ်ကြီးနှင့် ကစားသမား ညီအစ်ကိုများခင်မျာ... ဒီတပတ်မှာ MSL Season-2 Round 11 Match 2 ပွဲကို Motherland FC အသင်းနှင့် ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ အနိုင် ၃မှတ်က အသင်းရဲ့ အမှတ်ပေးဇယားအထက်ကို တက်လှမ်းဖို့ အရေးပေါ်လိုအပ်နေပြီဖြစ်လို့ အနိုင်ရရှိအောင် အစွမ်းကုန်ကြိုးစားကစားသွားမယ့် ဒီပွဲစဥ်ကို Lovely Supporter တို့အနေဖြင့် လာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်...။















MYANMAR SOCCER LEAGUE SEASON-2 ROUND-10 MATCH-3F.C. Mandalay United vs Golden Myanmar F.C. 10 mins  Extended Highlight 6...
12/09/2026

MYANMAR SOCCER LEAGUE SEASON-2
ROUND-10 MATCH-3

F.C. Mandalay United vs Golden Myanmar F.C. 10 mins Extended Highlight 6-Sept-2026 HD 4K

(Link ကနေ open app ကိုနိုပ်ပြီး youtube app ထဲသို့ရောက်ရင် Quality ကို HD 4K ဖြင့်ကြည့်နိုင်ပါသည်)

https://youtu.be/fYc1V_FJGBQ














F.C. Mandalay United vs Golden Myanmar F.C. Extended Highlight 6-Se...

MSL Season-2Round 10, Match 3F.C Mandalay United 3-5 Golden Myanmar F.Cရာသီဥတုကတော့ တိမ်မရှိဘဲ ၃ နာရီနေက ပူသလို မြက်ပါးက...
10/09/2026

MSL Season-2
Round 10, Match 3

F.C Mandalay United 3-5 Golden Myanmar F.C

ရာသီဥတုကတော့ တိမ်မရှိဘဲ ၃ နာရီနေက ပူသလို မြက်ပါးကော်စေ့များတဲ့ May Flower ကွင်းက ပူတာထက်ပိုပူနေခဲ့ပါတယ်။ နည်းပြကြီးကိုကျာ်ရဲ့ ဒီနေ့ပွဲမှာ ပွဲထွက်ကစားသမားများကတော့

ဂိုး- ဝင်းဇော်ထွေး
နောက်တန်း- ဇွဲစည်သူ၊ ဘိုချစ်[C}၊ သက်နိုင်၊ ဇော်သီ
အလယ်တန်း- ဖြိုးဝေအောင်၊ ဇင်မင်းထက်၊ သျှိုင်းကို
ရှေ့တန်း- နိုင်နိုင်၊ မောင်ခန့်၊ ဇေယျာဖြိုး

တို့ပွဲထွက်ခဲ့ကြပါတယ်။ ကစားအားကောင်း လျှင်မြန်တဲ့ Golden Myanmar FC အသင်းက ပွဲစတာနဲ့ တိုက်ရိုက်ကန်တင်ဘောတွေနဲ့ ကျွန်တော်တို့အသင်းရဲ့ နောက်ခံသူတွေကြားထဲရိုက်တင်ပေးပြီး ဖောက်ထွက်မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့တာက အောင်မြင်ခဲ့ပြီး ၂ ဂိုးဆက်တိုက်သွင်းယူသွားနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာ သျှိုင်းကိုကန်တင်ပေးတာကို နိုင်နိုင်ထိမ်းပြီး မောင်ခန့်ကိုအပေး တဖက်နောက်ခံလူတွေရှင်းထုတ်ရင်း မောင်ခန့်ပြန်လုယူသွားနိုင်ပြီး ဂိုးသွင်းနိုင်ခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် Golden Myanmar တို့က နောက်ထပ် ၁ဂိုးထပ်မံသွင်းယူသွားပြီး ပထမပိုင်းအပြီးမှာ ၁-၃ ဖြင့်ကျွန်တော်တို့ ရှုံးနေခဲ့ပါတယ်။ လူစားလဲမှုတွေကတော့ ဝင်းဇော်၊ တေဇ၊ စည်သူ၊ ဉာဏ်ဉာဏ်၊ ချမ်းမြေ့၊ အောင်ဝင်း တို့ဝင်ရောက်ကစားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကျွန်တော်တို့ ချေပဂိုးများရဖို့ ကြိုးစားခဲ့ပေမယ့် Golden Myanmar တို့ဂိုးထပ်မံရသွားခဲ့ပါတယ်။ အဲ့နောက် မောင်ခန့်နဲ့အပေးအယူလုပ်ရင်း ဖြိုးဝေအောင်က ၁၈ ကိုက်စည်းအပြင်ကနေ ကန်သွင်းယူခဲ့တာကြောင့် ကျွန်တော်တို့အားတက်ခဲ့ကြပါတယ်။ ဒါပေမယ့် Golden Myanmar တို့ရဲ့ သွင်းဂိုးတွေကရပ်တန့်မသွားဘဲ ထပ်သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ထပ်ချေပဂိုးကို တေဇက ဝင်းဇော်ထွေးကန်တင်ပေးရာကနေ သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ၃-၅ ဂိုးဖြင့်ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲပြီးအချုပ်အရ အားလုံးအများကြီး ကြိုးစားမှသာ နောက်ထပ်အမှတ်များ စုဆောင်းနိုင်မှာသာဖြစ်ပါတယ်။

✨Thanks to Golden Myanmar FC team for a beautiful game and excellent sportsmanship!
🤝Thanks to our sponsor, Matrix Ark















Time for Another Battle….MSL CUPROUND-10, MATCH-3F.C. MANDALAY UNITED  vs GOLDEN MYANMAR F.C.May Flower Secondary School...
04/09/2026

Time for Another Battle….

MSL CUP
ROUND-10, MATCH-3

F.C. MANDALAY UNITED vs GOLDEN MYANMAR F.C.
May Flower Secondary School
6 September 2025 | 3pm

မင်္ဂလာပါ F.C. Mandalay United ပရိသတ်ကြီးနှင့် ကစားသမား ညီအစ်ကိုများခင်မျာ... ဒီတပတ်မှာ MSL Season-2 Round 10 Match 3 ပွဲကို Golden Myanmar FC အသင်းနှင့် ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ အနိုင် ၃မှတ်က ဂုဏ်သိက္ခာအတွက် မဖြစ်မနေလိုအပ်နေပြီဖြစ်လို့ အနိုင်ရရှိအောင် အစွမ်းကုန်ကြိုးစားကစားသွားမယ့် ဒီပွဲစဥ်ကို Lovely Supporter တို့အနေဖြင့် လာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်...။















MSL Season-2Round 9, Match 4F.C Mandalay United 0-1 Pyay United F.Cရာသီဥတုကတော့ ကြည်လင်ပြီး West Spring ကွင်းက ၅ နာရီမှာ...
25/08/2026

MSL Season-2
Round 9, Match 4

F.C Mandalay United 0-1 Pyay United F.C

ရာသီဥတုကတော့ ကြည်လင်ပြီး West Spring ကွင်းက ၅ နာရီမှာနေကျနေပါပြီ။ နည်းပြကြီးကိုကျော်နဲ့ ကိုချစ်တို့ ပူးတွဲတာဝန်ယူတဲ့ ဒီနေ့ပွဲမှာ ပွဲထွက်ကစားသမားများကတော့

ဂိုး- ဝင်းဇော်ထွေး
နောက်တန်း- ဇွဲစည်သူ၊ ထွန်းလင်းကျော်၊ သက်နိုင်၊ ဆော်လမွန်
အလယ်တန်း- မြင်သူ(C)၊ ဝင်းဇော်၊ ကျော်လေး
ရှေ့တန်း- ဖြိုးဝေ၊ မောင်ခန့်၊ မင်းချစ်ဦး

တို့ပွဲထွက်ခဲ့ကြပါတယ်။ အဆင့် ၃က ပြည်အသင်းက ပွဲစတာနဲ့ယုံကြည်ချက်ရှိရှိ တိုက်စစ်ကိုဖွင့်ကစားခဲ့ပါတယ်။ ဂိုးစောစောရပြီး ပွဲကို အမြန်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့အသင်းကို စိတ်တိုင်းကျမကစားနိုင်ဘဲ ဂိုးရဖို့ခက်နေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်တာများကိုတခါတရံ ကြိုးစားရှင်းထုတ်ခဲ့ရပါတယ်။ ပွဲရဲ့အလှည့်အပြောင်းက ပထမပိုင်းမပြီးခင်မှာ ဖြတ်ထုတ်မှုကြမ်းတဲ့အတွက် မင်းချစ်ဦး တိုက်ရိုက်အနီပြခံခဲ့ရပြီး ကျွန်တော်တို့ ၁ ယောက်လျော့ဖြင့်ကစားခဲ့ရပါတယ်။ လူစားလဲမှုတွေကိုဆက််တိုက်လုပ်ခဲ့ပြီး ပေးဂိုးမပေးရဖို့ ကျွန်တော်တို့ကြိုးစားခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ လူစားလဲမှုတချို့ပြုလုပ်ခဲ့ပြီး ဆက်တိုက်ဖိထားတဲ့ Pyay United အသင်းရဲ့တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ၁၈ ကိုက်စည်းအတွင်းမှာ Pyay United အသင်းက ထင်တိုင်းလုပ်ခွင့်မရ ဖြစ်နေချိန် ကြုံသလိုကန်သွင်းပြီး တည်ကန်ဘောတွေကပါ ချိန်းခြောက်လာခဲ့တာကြောင့် ကျွန်တော်တို့ ပုိအာရုံစိုက်ခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန် တဝက်လောက်မှာ ၁၈ ကိုက်စည်းအပြင်က Pyay United တိုက်စစ်မှုးရဲ့ ကန်ချက်ကကောင်းမွန်ခဲ့ပြီး တစ်ပွဲလုံးလက်စွမ်းပြနေတဲ့ ကျွန်တော်တို့ ဂိုးသမား ဝင်းဇော်ထွေးပုတ်ထုတ်သည့်ကြားထဲက ဂိုးဝင်ခဲ့ပြီး Pyay United အသင်းက စတင်ဦးဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ချေပဖို့ကြိုးစားခဲ့ပေမယ့် နောက်ထပ်ဂိုးများထပ်မသွင်းနိုင်ကြပဲ ပွဲအပြီးမှာ ၀-၁ ရလဒ်ဖြင့်ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲပြီးအချုပ်အရ လက်ကျန်လိဂ်ပွဲတွေကို အမှတ်တွေရမှ အမှတ်ပေးဇယား အထက်ကိုတက်နိုင်မှာဖြစ်ပါတယ်။ ကစားသမားတွေ ဒီပွဲမှာ ပိုအားထုတ်ခဲ့ရတဲ့အတွက် ပြန်လည်အားမွေးပြီး နောက်ပွဲတွေအတွက် လေ့ကျင့်မှုများမပြတ်ကြဖို့ အကြံပြုပါတယ်ခင်မျာ။

✨Thanks to Pyay United FC team for a beautiful game and excellent sportsmanship!
🤝Thanks to our sponsor, Matrix Ark














“ညီအစ်ကိုတွေ ပြန်ဆုံတဲ့ ပွဲ “ဒါပေမယ့် …ဘောလုံးမှာ ညီအကိုတွေ သားအဖ တွေ အထာမထားဘူး Time for Another Battle….MSL CUPROUND-9...
22/08/2026

“ညီအစ်ကိုတွေ ပြန်ဆုံတဲ့ ပွဲ “

ဒါပေမယ့် …
ဘောလုံးမှာ ညီအကိုတွေ သားအဖ တွေ အထာမထားဘူး

Time for Another Battle….

MSL CUP
ROUND-9, MATCH-4

F.C. MANDALAY UNITED vs PYAY UNITED F.C.
West Spring Secondary School
23 August 2026 | 3pm

မင်္ဂလာပါ F.C. Mandalay United ပရိသတ်ကြီးနှင့် ကစားသမား ညီအစ်ကိုများခင်မျာ... ဒီတပတ်မှာ MSL Season-2 Round 9 Match 4 ပွဲကို Pyay United FC အသင်းနှင့် ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ Pyay FC နဲ့ FC Mandalay ဆိုတာ ညီရင်းအစ်ကိုတွေလို ချစ်ခင်ကြတဲ့ အသင်းတွေပါ။
အမှတ်ပေးဇယားအဆင့်သုံးအသင်းဆီက ရမှတ်ရအောင် အကောင်းဆုံးကြိုးစားကစားသွားမှာဖြစ်လို့ Lovely Supporter တို့အနေဖြင့် လာရောက်ချီးမြင့်ကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်...။















F.C. Mandalay United vs Glorious Brothers F.C. 13 mins  Extended Highlight 16-August-2026 HD 4K(Link ကနေ open app ကိုနို...
22/08/2026

F.C. Mandalay United vs Glorious Brothers F.C. 13 mins Extended Highlight 16-August-2026 HD 4K

(Link ကနေ open app ကိုနိုပ်ပြီး youtube app ထဲသို့ရောက်ရင် Quality ကို HD 4K ဖြင့်ကြည့်နိုင်ပါသည်)

https://youtu.be/M6kAohhqsJs?si=ASdeRx3xEfNWixsA












page : Football Club of Mandalay United #...

“ Friendly Match မှတဆင့် ယုံကြည်မှုများ တည်ဆောက်ကာ ဆက်လက်ချီတက်နေတဲ့ FCMU “ F.C Mandalay United 6-4 Glorious Brother F.C...
22/08/2026

“ Friendly Match မှတဆင့် ယုံကြည်မှုများ တည်ဆောက်ကာ ဆက်လက်ချီတက်နေတဲ့ FCMU “

F.C Mandalay United 6-4 Glorious Brother F.C

Deyi ကွင်းမှာက ၅ နာရီပွဲဆို နေကမပူတော့ပါဘူး။ ကွင်းကကျဥ်းပေမယ့် Friendly ပွဲစဥ်အတွက် အဆင်ပြေပါတယ်။ ဒီတစ်ပွဲမှာတော့ ကစားသမားစုံလင်လှပြီး ၃ နာရီလောက်ထဲကရောက်နေကြပါပြီ။ နည်းပြကြီး ကိုကျော်ရဲ့ပွဲထွက်လူစာရင်းကတော့

ဂိုး- ဝင်းဇော်ထွေး
နောက်တန်း- ဇင်မျိုးထက်၊ ဇော်သီဟ၊ သန့်ဇော်လင်း၊ ဖြိုးကို
အလယ်တန်း- ဟိန်း၊ ကျော်သူရ၊ ကျော်လေး
ရှေ့တန်း- စည်သူ၊ နိုင်နိုင်၊ ဝင်းဇော်

တို့ပွဲထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ၂ သင်းက ဒီနှစ်ထဲ ၂ ကြိမ်တွေ့ဆုံထားတဲ့အသင်းများပီပီ တစ်သင်းအထာတစ်သင်းသိကြတဲ့အတူတူ ပွဲကိုတိုက်စစ်ပြိုင်ဖွင့်ပြီး စတင်လိုက်ပါတယ်။ ပွဲစပြီး ၃ မိနစ်လောက်မှာပဲ တဖက်အသင်းတိုက်စစ်ကိုတားရင်း ပင်နယ်တီပြစ်ဒဏ်ပေးလိုက်ရသလို ဦးဆောင်ဂိုးခွင့်ပြုလိိုက်ရပါတယ်။ အဲ့နောက်မှာတော့ ဒူးဒဏ်ရာကြောင့်နားနေတဲ့ ကျော်သူရက ဒီပွဲမှာပြန်ပါဝင်လာခဲ့ပြီး သေသပ်တဲ့ အဝေးဘောခင်းပေးလိုက်တာကို နိုင်နိုင်ကဆွဲထုတ်ကာ ဂိုးသမားကိုလိမ်ပြီး ချေပဂိုးသွင်းပေးလိုက်ပါတယ်။ သရေကျသွားချိန်မှာ ၁၈ကိုက်စည်းထဲ လက်ထိဘောကြောင့် နောက်ထပ်ပင်နယ်တီထပ်မံပေးလိုက်ရတာကြောင့် Glorious Brothers တို့ ပြန်ပြီးဦးဆောင်သွားနိုင်ခဲ့ပြန်ပါတယ်။ လူစားလဲမှုတွေပြုလုပ်ခဲ့ပါတယ် ဒါပေမယ့်နောက်ထပ်ဂိုးများထပ်မရခဲ့တာကြောင့် ပထမပိုင်းကို ၁-၂ ဖြင့်ကျွန်တော်တို့ ရှုံးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူစားလဲလှယ်မှုများထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်​ဂိုးစရသွားတာက GB တို့ဖြစ်ခဲ့ပြီး ထောင့်ကန်ဘောကို အပေးအယူလုပ်ပြီး ကန်တင်ပေးလိုက်တာကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ကျွန်တော်တို့ ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး သက်နိုင်ရဲ့ ကိုက် ၂၀ လောက်အကွာက ကန်သွင်းချက်ကပြင်းလွန်းတာကြောင့် ဂိုးသမားမဖမ်းနိုင်ဘဲ ချေပဂိုးရခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို မောင်ခန့် ဉာဏ်ဉာဏ်တွဲလုံးကနေ ဉာဏ်ဉာဏ်သွင်းပြီး ၃-၃ ဖြစ်စေခဲ့ပါတယ်။ အဲ့နောက်မှာ အောင်ဝင်းကို ပြစ်ဒဏ်ကျူးလွန်တာကြောင့်ရတဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင်မြင့်သူက အမှားအယွင်းမရှိ သွင်းယူပေးကာ ဦးဆောင်ဂိုးစရခဲ့ပါတယ်။ အဲ့နောက်မှာလည်း ဂိုးသမား ဝင်းဇော်ထွေးကန်တင်ပေးတာကို တဖက်ဂိုးသမားထွက်အဖမ်း လက်ကပြန်ထွက်လာတာကို ဇေယျာဖြိုးဝင်လုပြီး လျှံကျလာတဲ့ဘောလုံးကို ကျော်ဆန်းဦးကဝင်ပိတ်ပြီး ၅-၃ ဖြစ်ခဲ့ပါတယ်။ ၆ ဂိုးမြောက်ကို မင်းချစ်ဦးက တိုက်ရိုက်ပြစ်ဒဏ်ဘောကနေ ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာတော့ ပြန်တင်ဆော့လာတဲ့ Glorious Brothers ရဲ့တိုက်စစ်ကိုတားရင် ကိုယ့်ဂိုးကိုယ်သွင်းမိပြီး တစ်ဂိုးပြန်ပေးလိုက်ရတာကြောင့် ပွဲအပြီးမှာ ၆-၄ ဖြင်ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။

ပွဲပြီးအချုပ်အရ နိုင်ပွဲဆက်ရလဒ်တွေကြောင့် စိတ်အားတက်နေသည်ကို ဆက်လက်မွေးမြူထားဖို့နဲ့ နောက်တပတ်ပွဲအတွက် ကြံ့ခိုင်မှုကောင်းအောင် အနားယူကြဖို့ တိုက်တွန်းလိုပါတယ်။

✨Thanks to Glorious Brothers FC team for a beautiful game and excellent sportsmanship!
🤝Thanks to our sponsor, Matrix Ark












FCMU’s Man Of The Match 👏🏻👏🏻👏🏻 F.C. Mandalay United 6-4 Glorious Brothers F.C.37.Nyan Nyanကျွန်တော်တို့ F.C. Mandalay Un...
19/08/2026

FCMU’s Man Of The Match 👏🏻👏🏻👏🏻
F.C. Mandalay United 6-4 Glorious Brothers F.C.

37.Nyan Nyan

ကျွန်တော်တို့ F.C. Mandalay United အသင်းရဲ့ ကွင်းလယ်ကစားသမား ကျောနံပတ် 37.Nyan Nyan သည် Friendly ပွဲစဥ်ဖြစ်သည့် Glorious Brothers FC နှင့် ကစားခဲ့သည့်ပွဲမှာ အသင်းအတွက် အဖိုးတန် သရေကျစေမည့်ဂိုးကို သွင်းပေးနိုင်ခဲ့သလို ကစားချိန်မိနစ်တိုင်း မဆုတ်မနစ် ကြိုးစားပြီး အကွက်မြင်မြင် ပေးပို့မှုတွေကို အကောင်းဆုံးပြုလုပ်နိုင်ခဲ့တဲ့ ခြေစွမ်းကြောင့် FCMU - Man of the match အဖြစ် အသင်းဖော်များက အများဆုံးရွေးချယ်ပေးခြင်း ခံခဲ့ရသည်ကို ဂုဏ်ယူစွာဖြင့် ကြေငြာလိုက်ပါတယ် ခင်ဗျား…။

Man Of The Match ရွေးချယ်ခံရတဲ့အပေါ် Nyan Nyan ရဲ့ ရင်ထဲကစကားကတော့ ” အသင်နိုင်လို့ပိုပျော်ပါတယ်...အသင်းကအကိုတွေနဲ့အတူ အသင်းပွဲတွေနိင်အောင် အများကြီးကြိုးစားကူညီပေးချင်ပါသေးတယ်....” လို့ရင်ထဲကဝမ်းသာစကား ဆိုခဲ့ပါတယ်။











MYANMAR SOCCER LEAGUE SEASON-2 ROUND-8 MATCH-5F.C. Mandalay United vs Triple Alliance F.C. 13 mins  Extended Highlight 9...
19/08/2026

MYANMAR SOCCER LEAGUE SEASON-2
ROUND-8 MATCH-5

F.C. Mandalay United vs Triple Alliance F.C. 13 mins Extended Highlight 9-August-2026 HD 4K

(Link ကနေ open app ကိုနိုပ်ပြီး youtube app ထဲသို့ရောက်ရင် Quality ကို HD 4K ဖြင့်ကြည့်နိုင်ပါသည်)

https://youtu.be/oWYZhbYMqzY













F.C. Mandalay United vs Triple Alliance F.C. Extended Highlight 9-A...

Address

Singapore

Alerts

Be the first to know and let us send you an email when Football Club of Mandalay United posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share