Hein Ko Hlaing Table Tennis Coach

Hein Ko Hlaing Table Tennis Coach Table Tennis Training

ဒီနေ့တော့သင်တန်းမသွားနိူင်ဘူး programs ပေးထားပြီး CCTV ကဘဲသင်🏓
06/01/2026

ဒီနေ့တော့သင်တန်းမသွားနိူင်ဘူး programs ပေးထားပြီး CCTV ကဘဲသင်🏓

30/12/2025

How to loop forehand topspin?
Forehand topspin ကို နားလည်ရ လွယ်ကူအောင် လိုတိုရှင်းလေးဘဲရှင်းပြထားပါတယ်
မိအိအတွက်အကျိုးရှိတယ်ဆို တစ်ခြားသူတွေအတွက် မြင်ရအောင် video ကိုshareပေးပါအုံး
ကျွန်တော်ကိုအားပေးတဲ့သူတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

ကျွန်တော်တို့လိုအရူးတွေဘယ်နှစ်ယောက်ရှိလဲ?🤔……ကျွန်တော်က အရူးပါ။လူတွေက“အားကစားလုပ်ရင် အနာဂတ်မရှိဘူး”“ဗိုက်မပြည့်ရင် အိမ်မက...
28/12/2025

ကျွန်တော်တို့လိုအရူးတွေဘယ်နှစ်ယောက်ရှိလဲ?🤔

……

ကျွန်တော်က အရူးပါ။
လူတွေက
“အားကစားလုပ်ရင် အနာဂတ်မရှိဘူး”
“ဗိုက်မပြည့်ရင် အိမ်မက်ဆိုတာ မရှိနိုင်ဘူး”
လို့ သေသေချာချာပြောထားရဲ့သားနဲ့
ကျွန်တော်တို့
အိမ်မက်ကို ခေါင်းထဲ ထည့်ထားပြီး
ဗိုက်ဗလာနဲ့
နေ့တိုင်း အားကစား လေ့ကျင့်နေတဲ့
အရူးတစ်ယောက်ပါ။

တစ်ခြားနိုင်ငံတွေမှာ
အားကစားသမားဆိုတာ
လစာရှိတယ်
ဆရာနည်းပြကောင်းတွေက
လက်တွဲထောက်ခံပေးတယ်
စက်ပစ္စည်း၊ ပတ်ဝန်းကျင်၊ အခွင့်အရေး
အားလုံး ပြည့်စုံတယ်။
ရှုံးရင်တောင်
“နောက်တစ်ခါ
တို့တွေ ဘယ်လို ပိုကောင်းအောင်
ဆက်လုပ်ကြမလဲ”
လို့ ပြောပေးမယ့် အသံတွေရှိတယ်။

အဘက်ဘက်ပြည့်စုံမှုမရှိတဲ့ ကျွန်တော်တို့ဆီမှာ
ကိုယ့်အနာဂတ်ကိုယ်ထု
ကိုယ့်အိမ်မက်ကိုယ်ထမ်း
ကိုယ့်ဒူးကိုချွန်
လမ်းမမြင်
လမ်းမရှိ
အဆူးပြည့် လမ်းကြမ်းပေါ်မှာ
တစ်ယောက်ထဲ
နောက်ပြန်မကြည့်ဘဲ ပြေးနေတဲ့
အရူးပါ။

ပြိုင်ပွဲမှာ ရှုံးတဲ့အခါ
“မင်းတို့ဘာမှ မတတ်ဘူး”
“နိုင်ငံသိက္ခာကျတယ်”
ဆိုတဲ့ စကားတွေက
အားပေးစကားမဟုတ်ဘဲ
ဒဏ်ခတ်သလို ရင်ထဲလာထိတယ်။
အဲ့ဒီလိုစကားတွေကိုသာ
နေ့တိုင်းကြုံနေရလို့
အရှက်ဆိုတာက
ဘယ်နားမှာလဲဆိုတာတောင်
မသိတော့တဲ့
အရူးတွေဖြစ်လာတယ်။

ဘယ်သူတွေ ဘာပြောပြော
ကျွန်တော်တို့က
ခံစားချက်ကို အတွင်းမှာ မြိုသိပ်ပြီး
အပြုံးကို အပြင်မှာ ထုတ်တယ်။
မညံ့ဘူးဆိုတာကို
စကားနဲ့မဟုတ်
လေ့ကျင့်မှုနဲ့ သက်သေပြဖို့
ခေါင်းမာစွာနဲ့
နောက်တစ်ကြိမ်အတွက်
နောက်တစ်နေ့အတွက်
ပြန်ပြီး လေ့ကျင့်ပြင်ဆင်နေတဲ့
အရူးတွေပါ။

ကျွန်တော်တို့သိပါတယ်—
ကျွန်တော်တို့ဆီမှာ
မပြည့်စုံဘူးဆိုတာ
အားကစားကို
မပံ့ပိုးနိုင်ဘူးဆိုတာ
အနိုင်ရဖို့ အခွင့်အရေးတွေ
မညီမျှဘူးဆိုတာ။
ဒါပေမယ်
သိသိကြီးနဲ့ပဲ
အိမ်မက်ကို လုံးဝမစွန့်လွှတ်တဲ့
အရူးတွေဖြစ်နေတာပါ။

လူတွေက ပြောကြတယ်—
“အားကစားလုပ်ရင် ခွေးဖြစ်မယ်”
အို… ဟုတ်ပါတယ်။
ကျွန်တော်တို့က
ကိုယ့်အိမ်မက်ကို မစွန့်ပစ်တဲ့
ခွေးလို သစ္စာရှိတဲ့
အရူးတွေပါ။
“ရူး”မှ “ထူး”မယ်ဆိုတဲ့ စကားအတိုင်း “ထူး”ချင်တဲ့သူများ ဆက် ရူးလိုက်ကြအုံး
#ဟိန်းကိုလိူင်

အခုတော့ ကျွန်တော်က ရာထူးတိုးလို့ အရူး နည်းပြဖြစ်သွားပါပြီ 😁
အရူးတွေက သူတို့ ရူး ဖို့အတွက် ပိုက်ဆံသုံးကြတယ် ဒါကြောင့် အရူးနည်းပြလုပ်လိုက်တာ🤣

စတာပါ ကျွန်တော်ကတော့ ပိုက်ဆံမယူတဲ့ စေတနာ အရူး နည်းပြပါ🏓❤️
#အရူးနည်းပြဟိန်းကိုလိူင်

ဒါဘယ်မြို့လို့ထင်လဲ? မှန်းကြည့်ညနေ ၄နာရီခွဲ၅နာရီလောက်ဆို training စတယ် ညဘက်၈နာရီလောက်ဆို training ပြီးတယ် ယခုလိုtraining...
24/12/2025

ဒါဘယ်မြို့လို့ထင်လဲ? မှန်းကြည့်
ညနေ ၄နာရီခွဲ၅နာရီလောက်ဆို training စတယ် ညဘက်၈နာရီလောက်ဆို training ပြီးတယ် ယခုလိုtraining ဆင်းနေတာ ၃နှစ်ကျော်၄နှစ်ရှိပြီ ကျွန်တော်တို့ဒီလိုကြိုးစားနေတာကို လူတွေ သိပ်မသိဘူး ဒါပေမယ့်ကျွန်တော်တို့ကြိုးစားနေတယ်


29/07/2025

စားပွဲတင်တင်းနစ်မှာ အခြေခံအကျဆုံးဖြစ်တဲ့ Serves receive ဖမ်းနည်းကို အခုမှပင်ပေါင်ကိုလေ့လာနေတဲ့သူတွေအတွက်ရယ် ကလေးတွေကိုသင်ပေးနေတဲ့ နယ်ကမိဘတွေအတွက်ရယ် ရည်ရွယ်ပြီး ဒီ videoလေးတင်ပေးလိုက်ပါတယ် မိမိအတွက်အကျိုးရှိရင် တစ်ခြားသူတွေအတွက်ပါအကျိုးရှိအောင် shareပေးပါအုံး အားလုံးကိုကျေးဇူးပါခင်ဗျာ🙏

12/07/2025

သူတို့တွေကံကောင်းပါတယ်🏓

07/07/2025

အကျိုးရှိတဲ့videos တွေပြန်တင်ပေးပါမယ် အားပေးကျမှာလား🏓❤️

14/05/2025

ယွန်းပန်းချီ(ဒိုက်ဦး) Vs အိမ့်သဇင်ဖူး (မန္တလေး)

13/05/2025

ယွန်းပန်းချီ(ဒိုက်ဦး) vs ပလဲနှစ်(ရွှေဘို)

13/05/2025

ယွန်းပန်းချီ(ဒိုက်ဦး) vs ဟိန်းသံစဉ်(တောင်ကြီး)

11/05/2025

ယွန်းပန်းချီ vs အေးသက်ထားဦး

23/03/2025

တာဝေးအပြေးသမားတစ်ယောက်ဟာ ပန်းတိုင်ကိုရောက်အောင်မြန်မြန်ပြေးနိူင်စရာမလိုဘူး ပုံမှန်နှုန်းနဲ့အချိန်ကြာကြာပိုပြေးနိူင်ဖို့ဘဲလိုတာပါ အဲ့လိုဘဲ ကျွန်တော်တို့ဘဝမှာအောင်မြင်ချင်ရင် ဘယ်အရာမဆို ဇွဲရှိရှိနဲ့မပျင်းမရိဘဲပုံမှန်ကြိုးစားလိုက်ပါ

Address

Sengkang
Singapore
541122

Website

Alerts

Be the first to know and let us send you an email when Hein Ko Hlaing Table Tennis Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein Ko Hlaing Table Tennis Coach:

Share

Category