Myanmar Cityzens

Myanmar Cityzens မြန်မာနိုင်ငံမှ စီတီဇင်အားလုံးအတွက်

နောက်ဆို ဟာလန်းကိုလည်း ဖန်တီးပေးပါ့မယ်ဗျာ ..🤣❝ အန်ဇို(မာရက်စ်ကာ) ကျနော့်ကို လူစားလဲဖို့ လုပ်နေတာတွေ့တော့ ကျနော် သဘောမကျဘ...
28/08/2026

နောက်ဆို ဟာလန်းကိုလည်း ဖန်တီးပေးပါ့မယ်ဗျာ ..🤣

❝ အန်ဇို(မာရက်စ်ကာ) ကျနော့်ကို လူစားလဲဖို့ လုပ်နေတာတွေ့တော့ ကျနော် သဘောမကျဘူးဗျာ။ ကျနော်ကစားချင်သေးတယ်‌လေ၊ ဂိုးတွေ သွင်းချင်သေးတယ်၊ ဟာလန်းကိုလည်း ဖန်တီးပေးချင်သေးတယ်လေဗျာ။ ဒီနေ့ပွဲမှာတော့ ကျနော်ဟာလန်းကို ဘောလုံးသိပ်မပေးဖြစ်လိုက်ဘူး။ နောက်ဆိုရင်တော့ ကျနော်သူ့ကို များများပေးပါ့မယ်ဗျာ နော့.. ❞

ရိုင်ယန်ချာကီ

(ဆရာသမားက စကားတစ်ခွန်းတည်းနဲ့ မာရက်စ်ကာကိုရော ဟာလန်းကိုပါ ပတ်ချုပ်နေပြီ၊ သွားကောင်းနေရော 🤣)



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ပွဲဦးထွက်မှာ လုပ်ခဲ့မိတဲ့ အလွဲတချို့ကို မာရက်စ်ကာက ဒုတိယပွဲမှာ ပြန်ပြီး ပြင်ဆင်လာနိုင်ခဲ့တယ်။ မက်ဂွေဟီကို ခံစစ်တန်းဆီ ပြ...
28/08/2026

ပွဲဦးထွက်မှာ လုပ်ခဲ့မိတဲ့ အလွဲတချို့ကို မာရက်စ်ကာက ဒုတိယပွဲမှာ ပြန်ပြီး ပြင်ဆင်လာနိုင်ခဲ့တယ်။ မက်ဂွေဟီကို ခံစစ်တန်းဆီ ပြန်ပို့တယ်။ ချာကီကို Freedom ပေးထားတယ်။ အန်ဒါဆန်နဲ့ အိုရိုင်လ်လေက ကွင်းလယ်အထိုင် ဖြစ်လာတယ်။ ပထမပွဲထက်စာရင် အတော်လေးတော့ တည်ငြိမ်မှုရှိလာတယ်။ ဒါကိုမှ ချာကီရဲ့ Magic Show နဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့ ဂိုးပြတ်နိုင်ပွဲရဖို့ စီးတီးအတွက် သိပ်မခက်နေတော့ဘူး။

စီးတီးရဲ့ ကွင်းလယ်နဲ့ ခံစစ်က ပဲလေ့စ်နဲ့ကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ များလွန်းတယ်။ Duels တွေ အကြိမ်ကြိမ်မြင်ရတယ်။ ပွဲကို ကောင်းကောင်း ထိန်းချုပ်မထားနိုင်လို့ ဖြစ်လာတဲ့ Confrontation တွေလို့ ယူဆမိတာပါပဲ။ ဒါမှမဟုတ် မာရက်စ်ကာကကို တမင် အဲ့ဒီလိုဖြစ်စေချင်တာလားတော့ မသေချာသေးဘူး။ အဲ့ဒီလို Moment တွေကနေ စီးတီးက အပိုင်အခွင့်အရေးတွေ အများကြီး ရသလို မနည်းမနောလည်း ပြန်ခွင့်ပြုပေးလိုက်ရတာမို့ ဒီလို တွေးမိတာဖြစ်ပါတယ်။ လေးငါးပွဲလောက်ဆိုရင်တော့ ပိုပြီး ရုပ်လုံးပေါ်လာလိမ့်မယ်ထင်တာပါပဲ။

ပွဲပြီးခါနီးမှာ ဘူအာဒီရဲ့ Cameo ကိုလည်း ရှု့စားလိုက်ရပြီး သိပ်တော့မဆိုးလှဘူး။ သူ့ရဲ့ Back Foot နဲ့ ဘောလုံးလက်ခံတဲ့ပုံစံ၊ သူပြန်ထုတ်ပေးတဲ့ ပုံစံတွေက သက်သောင့်သက်သာရှ်ိတာကို ခံစားမိတယ်။ ပဲလေစ့်ဘက်က ဘောလုံးပေးပို့မှုတွေကို ဝင်တားဆီးတဲ့အခါ ဟန့်တားရုံသက်သက်မဟုတ်ဘဲ အသင်းဖော်ခြေထဲကို တခါတည်း တန်းထည့်ပေးတာမျိုးက အထင်ကြီးချင်စရာပါပဲ။

မက်ကာဒူ ဒါမှမဟုတ် ဟာလန်းဂိုးရသွားရင် ဒီပွဲက ပိုပြီးပြည့်စုံသွားမယ်လို့ တွေးနေချိန် တကယ်ရသွားတာကတော့ ကျနော့်အတွက် တကိုယ်ရည်စာစိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

စီးတီးမှာ ဘယ်အပိုင်းတွေ တိုးတက်လာဖို့ လိုနေသေးတယ်လို့ မြင်မိကြလဲ။ ဒီပွဲအပေါ် ကိုယ့်ရဲ့အမြင်တွေကိုလည်း ဝေဖန်ဆွေးနွေးပေးခဲ့ကြပါဦး စီတီဇင်တို့..။



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

စီးတီးရဲ့ ကစားပုံက စိတ်လှုပ်ရှားစရာနဲ့အတူ စိတ်ပျက်စရာတွေပါ အရောရောအထွေးထွေးဖြစ်နေတယ်။ တိုက်စစ်က အလုပ်ဖြစ်နေချိန်မှာ တွဲလ...
28/08/2026

စီးတီးရဲ့ ကစားပုံက စိတ်လှုပ်ရှားစရာနဲ့အတူ စိတ်ပျက်စရာတွေပါ အရောရောအထွေးထွေးဖြစ်နေတယ်။ တိုက်စစ်က အလုပ်ဖြစ်နေချိန်မှာ တွဲလုံးတွေက အတော်လေး ကြောက်ဖို့ ကောင်းပြီး ထိရောက်တယ်၊ ဂိုးပေါက်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တယ်။ ဒါက စီးတီးရဲ့ စိတ်လှုပ်ရှားစရာ အပိုင်းအခြားပါ။

ဒါပေမဲ့ ဘောလုံးဆုံးရှုံးချိန်တွေမှာ စီးတီးရဲ့ စုဖွဲ့လှုပ်ရှားပုံက စိတ်ပျက်စရာပဲ။ ပဲလေစ့်ရဲ့ တိုက်စစ်ဆင်မှုတိုင်းလိုလိုက စီးတီးခံစစ်ကို အလွယ်တကူ ‌ဖြတ်ကျော်ပြနေတယ်။

ပိုပြီး စိတ်ပျက်စရာကောင်းတာက ဘောလုံးကိုင်ထားချိန်မှာလည်း စီးတီးက ပွဲကို မထိန်းချုပ်ထားနိုင်ပါဘူး။ ဒါမှမဟုတ် မထိန်းချုပ်ထားချင်ဘဲ တိုက်စစ်ကို တိုက်ရိုက်သွားချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Competitive Match က အခုမှ တစ်ပွဲသာသာပဲ ရှိသေးတော့ တချို့အရာတွေကို ကောက်ချက်ချဖို့တော့ ခက်နေပါသေးတယ်။

တောင်ပံတွေကတော့ ဘယ်ခြမ်းမှာ ဆယ်မန်ညိုက မဆိုးပေမဲ့ ဖီးလ်ကတော့ ရုန်းကန်နေရဆဲပါပဲ။ ဆံပင်တွေ တိုသွားပေမဲ့ ဟာလန်းကတော့ ခေါင်းတိုက်ကောင်းနေဆဲပါ။



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

မာရက်စ်ကာက ချာကီကို Line Up ပြန်ပေးလာခဲ့ပြီး မှန်ကန်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ အိုရိုင်လ်လေကို ဘယ်‌နောက်ခံလူနေရာ ပြန်ဆွဲ...
28/08/2026

မာရက်စ်ကာက ချာကီကို Line Up ပြန်ပေးလာခဲ့ပြီး မှန်ကန်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ အိုရိုင်လ်လေကို ဘယ်‌နောက်ခံလူနေရာ ပြန်ဆွဲချထားတာလား၊ ဂွေဟီ ကွင်းလယ်ပဲလားတော့ မရှင်းလင်းသေးပါဘူး။

ဒါပေမဲ့ ဂွေဟီကို ခံစစ်အတွင်းလူအဖြစ် ပြန်ဆွဲချပြီး အိုရိုင်လ်လေနဲ့ အန်ဒါဆန် ကွင်းလယ်မှာ တွဲဖက်ထားတာက ပိုပြီး အလုပ်ဖြစ်လောက်ပါတယ်။ နယူးကာဆယ်နဲ့ ကာရာဘောင်နှစ်ပွဲမှာ အိုရိုင်လ်လေက ဘာနဒိုလ်နဲ့အတူ အဲ့လိုတွဲဆော့ဖူးပြီး အလုပ်လည်းဖြစ်ခဲ့ဖူးတာမို့ပါ။ ဘူအာဒီလည်း အရံလူစာရင်းမှာ ပါလာခဲ့ပါပြီ။

ဒီလူစာရင်းကို ဘယ်လိုမြင်ကြလဲဗျို့။

မင်းတို့က မဟုတ်တော့ဘူးကွ :3
27/08/2026

မင်းတို့က မဟုတ်တော့ဘူးကွ :3

စီးတီးကို ဆာဗင်ညို စပြောင်းလာစဉ်ကတည်းက ဟာလန်းနဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့ဖူးကြပါတယ်ထရိန်နင်ကွင်းမှာ ဘယ်သူ ဂိုးပိုသွင်းနိ...
25/08/2026

စီးတီးကို ဆာဗင်ညို စပြောင်းလာစဉ်ကတည်းက ဟာလန်းနဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့ဖူးကြပါတယ်

ထရိန်နင်ကွင်းမှာ ဘယ်သူ ဂိုးပိုသွင်းနိုင်မလဲဆိုတာပါပဲ..။

သူတို့ရဲ့ လောင်းကြေးက ရှုံးတဲ့သူဟာ နောက်တစ်ယောက်ကို ပြန်အနိုင်မရမချင်း ဆံပင်အရှည်ထားကြေးပဲ ဖြစ်ပါတယ်။

ဆာဗင်ညိုအသင်းက ထွက်တော့မှာမို့သာ ဟာလန်းတစ်ယောက် အခုလို ဆံပင်အတိုညှပ်ခွင့်ရသွားခဲ့တာပါ 🤷🏽‍♂️



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ဗာဒီရောလ်ရဲ့ သေသပ်တဲ့အဆုံးသတ်ကန်ချက်က မာရက်စ်ကာခေါင်းပေါ်က ပိဿာတုံးကြီးကို ပစ်ချပေးလိုက်တာပါပဲ။ မာရက်စ်ကာတစ်ယောက် ဖိအားတ...
23/08/2026

ဗာဒီရောလ်ရဲ့ သေသပ်တဲ့အဆုံးသတ်ကန်ချက်က မာရက်စ်ကာခေါင်းပေါ်က ပိဿာတုံးကြီးကို ပစ်ချပေးလိုက်တာပါပဲ။ မာရက်စ်ကာတစ်ယောက် ဖိအားတွေအောက်က လွတ်မြောက်သွားတဲ့ ပုံစံကို အတိုင်းသား မြင်ရတယ်။ တကယ်တော့ ဒီဖိအားတွေကို သူကိုယ်တိုင်ပဲ ဝယ်ယူခဲ့တာပါပဲ။

ရှာကီရဲ့ အရည်အသွေးကို ဘေးဖယ်ထုတ်ထားခဲ့တယ်။ နူနက်စ်ကို ကျော်ပြီး ရီကိုကို နေရာပေးခဲ့တယ်။ နည်းပြသစ်တစ်ယောက်အနေနဲ့ မကြိုက်တဲ့ ကစားသမားတွေကို ခေါက်ထားပိုင်ခွင့်၊ ကြိုက်တဲ့ ကစားသမားတွေကို ဦးစားပေးပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ သူယုံကြည်စွာနဲ့ ကွင်းထဲထည့်ပေးလိုက်တဲ့ ကစားသမားတွေက တကယ် အလုပ်ဖြစ်ဖို့ လိုပါတယ်။ ပွဲစဉ်(၁)မှာတင် မာရက်စ်ကာတစ်ယောက် သင်ခန်းစာယူနိုင်ဖို့ မျှော်လင့်မိတာပါပဲ။



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

Back Line ကို သေချာကာကွယ်ချင်လို့ မာရက်စ်ကာက ဂွေဟီကို ကွင်းလယ်မှာ သုံးတာလဲ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ သူ့ဆီကလည်း လိုအပ်...
23/08/2026

Back Line ကို သေချာကာကွယ်ချင်လို့ မာရက်စ်ကာက ဂွေဟီကို ကွင်းလယ်မှာ သုံးတာလဲ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ သူ့ဆီကလည်း လိုအပ်တဲ့ Defensive Contribution တွေကို ရနေတယ်။ ဒါပေမဲ့ စီးတီးရဲ့ ခံစစ်ကတော့ အကာအကွယ်မဲ့သလို ခံစားနေရတုန်းပဲ။ မာရက်စ်ကာ ဆက်ပြီး အဖြေရှာရဦးမယ့် ပုစ္ဆာပါပဲ။

အန်ဒါဆန်က Duels တွေမှာ အတော်လေး အားကိုးရတယ်။ နီကိုအိုရိုင်လ်လေကတော့ ပွဲအစမှာ ခံစစ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးတဲ့ Connector ပုံစံကစားခဲ့ပြီး တော်တော်လေးတော့ အလုပ်ဖြစ်ခဲ့သေးတယ်။

ရီကိုလူးဝစ်က Build Up Play က လာတဲ့ ဘောလုံးတွေကို ဖိုဒန်မတိုင်ခင် တဆင့်ကြိုပြီး လက်ခံထားတယ်၊ ပြီးမှ ဖိုဒန်ဆီ ပြန်လွှတ်ပေးတာကို မြင်ရတယ်။ ဒီနည်းလမ်းက ဖိုဒန်ဆီ Marking တွေ စုပြုံမသွားစေလို့ အလုပ်တော့ ဖြစ်တယ်။ ဒါပေမဲ့ ရီကိုရဲ့ ဒီအလုပ်လောက်ကတော့ နူးနက်စ်ဆို ပိုပြီးတောင် ကောင်းအောင် လုပ်နိုင်မယ့်အပြင် တခြားနေရာတွေမှာပါ အားကိုးရဦးမယ်။ ခုတော့ ရီကိုလူးဝစ်က လူကောင်ညှက်လွန်းလို့ ပြိုင်ဘက်ခံစစ် Bully လုပ်သမျှ လှိမ့်ခံနေရတယ်။

တိုက်စစ်က ဂိုးကံခေနေလို့သာ အဖွင့်ဂိုးမရသေးတာပါ။ အရမ်းအကောင်းကြီး မဟုတ်ရင်တောင် ဒီနေ့ကစားဟန်က လက်ခံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။



Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

မာရက်စ်ကာရဲ့ ပထမဆုံးသော Official Match ရဲ့ Line Up ထွက်ပါပြီ။ ဖိုဒန်က ညာတောင်ပံရောက်ပြီး နီကိုအိုရိုင်လ်လေကို 8/10 Role ...
23/08/2026

မာရက်စ်ကာရဲ့ ပထမဆုံးသော Official Match ရဲ့ Line Up ထွက်ပါပြီ။ ဖိုဒန်က ညာတောင်ပံရောက်ပြီး နီကိုအိုရိုင်လ်လေကို 8/10 Role ပို့ထားတယ်လို့ ယူဆရပါတယ်။ ပွဲကစားချိန် ဘယ်လိုလာမယ် မသိသေးပေမဲ့ ကွင်းလယ်မှာ ရီကိုလူးဝစ်ကြီး ပါလာတာကတော့ မျက်ခုံးခပ်လှုပ်လှုပ်ပါပဲ။

နည်းပြသစ်နဲ့အတူ ပုံစံကောင်းပြန်ရလာဦးမလားပဲ မျှော်လင့်ရပါမယ်။

တစ်ပွဲလောက် ကစားပုံမကောင်းတိုင်း Pep Out ဆိုတဲ့ ဆရာ့ဆရာကြီးတွေ ရှိသေးလားဟေ့ 😎
16/08/2026

တစ်ပွဲလောက် ကစားပုံမကောင်းတိုင်း Pep Out ဆိုတဲ့ ဆရာ့ဆရာကြီးတွေ ရှိသေးလားဟေ့ 😎

Address

Singapore

Alerts

Be the first to know and let us send you an email when Myanmar Cityzens posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category